အ.ထ.က(၁)လသာ
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ လသာမြို့နယ် သည် အမှတ်(၂၇၀)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်ရွှေတိဂုံဘုရားလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင်တည်ရှိသော အစိုးရအထက်တန်းကျောင်းဖြစ်သည်။ ၁၈၇၁ခုနှစ်က အင်္ဂလိပ်အစိုးရတို့တည်ထောင်ပေးခဲ့သောအစိုးရကျောင်း(၆)ကျောင်းအနက် အထက်တန်းအဆင့်ပြည့်မှီသည့် တစ်ခုတည်းသောကျောင်းဖြစ်သည်။
- ရန်ကုန်ဟိုက်စကူးကျောင်း (Rangoon High School) ဟူ၍၎င်း၊
- ရန်ကုန်အစိုးရအထက်တန်းကျောင်း (Rangoon Government High School) ဟူ၍၎င်း၊
- စင်ထရယ်အထက်တန်းကျောင်း (Central High School) ဟူ၍၎င်း၊
- ဗဟိုစံပြအထက်တန်းကျောင် း(Central State Model High School) ဟူ၍၎င်း၊
- ယခု အ.ထ.က(၁)လသာ (Basic Education High School No.(1) LATHA) ဟူ၍၎င်း အမည်(၅)မျိုးခေါ်တွင်ခဲ့သည်။
အ.ထ.က (၁) လသာ | |||||
---|---|---|---|---|---|
အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၊ လသာမြို့နယ် | |||||
လိပ်စာ | |||||
အမှတ်(၂၇၀) ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့် ၊ လသာမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး | |||||
သတင်းအချက်အလက် | |||||
အမျိုးအစား | အစိုးရအထက်တန်းကျောင်း | ||||
ဆောင်ပုဒ် | သီလ သမာဓိ ပညာ | ||||
တည်ထောင် | ၁၈၇၁ ခုနှစ် ၊ မတ်လ ၃ ရက် | ||||
ကျောင်းအမှတ် | (၁) | ||||
ကျောင်းအုပ်ကြီး | ဦးမျိုးမင်းဦး(ယာယီ ကျောင်းအုပ်) | ||||
အတန်းများ | သူငယ်တန်း မှ ဒသမတန်း အထိ | ||||
ကျောင်းသား/သူဦးရေ | ၂၀၀၀ ခန့် | ||||
|
သမိုင်းကြောင်း
အ.ထ.က ၁ လသာ ကျောင်းသည် အင်္ဂလိပ်အစိုးရတို့ အောက်မြန်မာပြည်ကိုသိမ်းပိုက်ပြီးချိန်တွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးတည်ထောင်ဖွင့်လှစ်ပေးသော အစိုးရအထက်တန်းအဆင့်မီကျောင်းတစ်ေကျာင်းဖြစ်သည်။ ၁၈၇၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ဤကျောင်းကို ရန်ကုန်အစိုးရအထက်တန်းကျောင်း (Yangon Government High School) အမည်ဖြင့် စတင်တည်ထောင်ခဲ့သည်။ ၁၈၇၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်သည်။ စတင်ဖွင့်လှစ်ချိန်တွင် ကျောင်းအုပ်ကြီးအဖြစ် ပထမဦးဆုံးဆောင်ရွက်ခဲ့သည့်ပုဂ္ဂိုလ်မှာ Mr.ဂီလ်ဘတ်(Mr.Gilbert) ဖြစ်သည်။ ထို့ပြင် ရန်ကုန်ကောလိပ်ကို ၁၉၀၀ပြည့်နှစ်၌ အထက ၁ လသာတွင် ဦးစွာဖွင့်လှစ်ခဲ့သည်။ ကျောင်းစတင်ဖွင့်လှစ်ချိန်မှစ၍အချိန်အတော်အကြာထိအမျိုးသားသီးသန့်ကျောင်းဖြစ်ခဲ့သည်။ များမကြာမီကာလမှသာကျောင်းသူများပါပညာသင်ကြားခွင့်ရရှိခြင်းဖြစ်သည်။
ကျောင်းဆောင်များ
အရှေ့ဆောင်ပုံသဏ္ဌာန်မှာ အင်္ဂလိပ်အက္ခရာ အီး(E) ပုံဖြစ်သည်။ ကျောင်း၏ အနောက်ဆောင်ပုံသဏ္ဌာန်မှာ မြန်မာအက္ခရာ ဂငယ်(ဂ)ပုံဖြစ်သည်။ သူငယ်တန်း(KG) မှ ဒသမတန်း(G-11) အထိ ပညာသင်ကြားနိုင်သည်။ ကျောင်းသား၊ ကျောင်းသူပေါင်းနှစ်ထောင်(၂,၀၀၀)ခန့် နှင့် ဆရာ၊ ဆရာမပေါင်းခြောက်ဆယ်(၆၀)ခန့် ရှိသည်။
ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ များလိမ္္မာယဉ်ကျေးပြီး ဘာသာတရားကိုင်းရှိုင်းတတ်စေရန်အလို့ဌာ ကျောင်းဝန်းအတွင်း၌ပင် ကျောင်းသားဟောင်းများ၊ စေတနာရှင်အလှူရှင်များ၊ ဆရာ၊ ဆရာမများမှ စုပေါင်းကာတည်ဆောက်ခဲ့သော ဗဟိုစံပြဓမ္မာရုံအား ၂၀၁၃ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည်။
အထက ၁ လသာ ၏ မျက်နှာစာရှိ ပင်မနှစ်ထပ်ကျောင်းဆောင်ကြီးအား ကျောင်းသားဟောင်းဖြစ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်တပ်မတော်မိသားစုဝင်များ၊ ကျောင်းသားဟောင်းများ၊အလှူရှင်များ မှစုပေါင်းမတည်ကာ ငွေကျပ်သိန်းလေးထောင်ခန့် အကြီးစားပြုပြင်မွမ်းမံခဲ့ပြီး ၂၀၁၅ ခုနှစ် ၊ စက်တင်ဘာလ ၄ ရက်နေ့တွင် ကျောင်းအုပ်ဆရာကြီးထံသို့ အောင်မြင်စွာလွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့ပြင် အထက ၁ လသာ တည်ထောင်စဉ်က ဆောက်လုပ်ခဲ့ပြီး ၁၉၆၃ခုနှစ်တွင်မီးလောင်၍ပျက်စီးသွားသော နဂိုမူလကျောင်းဆောင်နေရာ၌ ကျောင်းသားဟောင်းဖြစ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှ မတည်ကာ စေတနာရှင်အလှူရှင်များ၊ ကျောင်းသားဟောင်းများမှစုပေါင်း၍ ငွေကျပ်သိန်းပေါင်းတစ်သောင်းခန့်လှူဒါန်းကာ လေးထပ်ကျောင်းဆောင်သစ်ကြီးအားဆောက်လုပ်ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တနင်္လာနေ့တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
၁၉၆၅-၁၉၈၅ ခုနှစ် ပညာသင်နှစ် နှင့် ၁၉၈၆ခုနှစ်နောက်ပိုင်းပညာသင်နှစ် တွင်ပညာသင်ကြားခဲ့ကြသော ကျောင်းသားဟောင်းကြီးများအဖွဲ့သည် ကျောင်းတော်ကြီးအား ယခုလက်ရှိတိုင် လိုအပ်သည်များကိုပြုပြင်မွမ်းမံပေးလျက်ရှိသည်။
ကျောင်းအုပ်ကြီးများ
- မစ္စတာ ဂီလ်ဘတ် (၁၈၇၁)
- စည်သူ ဦးချို (၁၉၃၀- ၁၉၃၅)
- ပညာမင်းကြီး စည်သူဦးကောင်း (၁၉၃၅- ၁၉၄၀)
- သင်္ချာပါရဂူ ဝဏ္ဏကျော်ထင် ဦးဘသန်းတင်
- ဒေါ်လှနု (၁၉၆၇- ၁၉၇၃)
- ဦးဘသောင်းတင် (၁၉၇၃- ၁၉၈၁)
- ဦးအေးသိန်း (၁၉၈၁- ၁၉၈၈)
- ဦးတင်ရွှေ (၁၉၈၈- ၁၉၈၉)
- ဦးတိုးမောင် (၁၉၈၉- ၁၉၉၀)
- ဦးတင်ထွန်း (၁၉၉၂- ၂၀၀၀)
- ဦးအုန်းမြင့် (၂၀၀၀- ၂၀၀၃)
- ဦးစိုးမြင့် (၂၀၀၅- ၂၀၁၀)
- ဦးစိုးမင်း (၂၀၁၀- ၂၀၁၇)
- ဦးတင်မောင်အေး (၂၀၁၇- ၂၀၂၁)
- ဦးမျိုးမင်းဦး (ယာယီ ကျောင်းအုပ်)
ထင်ရှားသော ကျောင်းသားဟောင်းများ
- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
- ဒေါက်တာဘဦး - နိုင်ငံတော်သမ္မတ(ငြိမ်း)
- ဦးမောင်မောင်ကြီး - ပြည်ထောင်စုမြန်မာနိုင်ငံရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ(ငြိမ်း)
- ဗိုလ်ချုပ်သန်းဖေ(ငြိမ်း)
- ဦးအောင်ချိန် - ရဲမင်းကြီး
- သတိုးမဟာသရေစည်သူ ဒေါက်တာဦးသိမ်းမောင်
- ဦးရန်အောင် - နိုင်ငံတော်ရှေ့နေချုပ်
- ဦးမောင်မောင်ခ - နိုင်ငံတော်ဝန်ကြီးချုပ်
- ဗိုလ်ချုပ်ကြီးစိုးဝင်း - နိုင်ငံတော်ဝန်ကြီးချုပ်
- ဦးမင်းနောင်
- ဓနုဖြူစိုးသိန်း
- စန္ဒရားလှထွဋ်
- ကာတွန်းဦးစိန်ကြီး
- ကိုဖုန်းမော် - ၈၈၈၈ အရေးခင်း ဆန္ဒပြပွဲတွင် ကျဆုံးခဲ့သောသူ
- အေးသာအောင်၊ ဦး
- မောင်မောင်သိုက်
ကိုးကား
- အ.ထ.က ၁ လသာ ကျောင်းသားဟောင်းများ၏ အမှတ်တရမဂ္ဂဇင်း ၊
- အ.ထ.က ၁ လသာ ကျောင်းသမိုင်း