ပြည်ထောင်စုရှေ့နေချုပ်
ပြည်ထောင်စုရှေ့နေချုပ်မှာ မြန်မာနိုင်ငံတော်အစိုးရ၏ ပြစ်မှုဆိုင်ရာမှုခင်းများတွင် နိုင်ငံတော်ကိုယ်စား ဆောင်ရွက်ရန် ထားရှိသော ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြီးအကဲ ဖြစ်သည်။ နိုင်ငံတော်ရှေ့နေချုပ်ရုံးကို ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၉၄၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၁၉၇၄ မှ ၁၉၈၈ အထိ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့ကြသည်။ ၂၀၀၃ မှ ၂၀၁၁ အထိ ရှေ့နေချုပ်အဖြစ် ခန့်အပ်သည်။ ၂၀၁၁ တွင် ၂၀၁၀ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဥပဒေအရ ပြည်ထောင်စုရှေ့နေချုပ်ကို နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ်သည်။ ပြည်ထောင်စုရှေ့နေချုပ်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဖြစ်သည်။
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ် ဒေါ်သီတာဦး ၂ ဖေဖော်ဝါရီ ၂၀၂၁ မှစ၍ | |
ပြည်ထောင်စုရှေ့နေချုပ်ရုံး | |
အဆိုပြုသူ | မြန်မာနိုင်ငံ၏ သမ္မတ |
---|---|
စတင်ထမ်းဆောင်သူ | ဦးချန်ထွန်း |
ဖွဲ့စည်းခြင်း | ၄ ဇန်နဝါရီ ၁၉၄၈ |
လက်ထောက် | ပြည်ထောင်စုဒုတိယရှေ့နေချုပ် |
ဝက်ဘ်ဆိုဒ် | oag.gov.mm |
တာဝန်ထမ်းဆောင်ခဲ့သူများ
မြန်မာနိုင်ငံလွတ်လပ်ရေးရသော ၁၉၄၈ မှ ယနေ့ခေတ်ကာလ ၂၀၂၀ အထိ ရှေ့နေချုပ်အဖြစ် တာဝန်ယူခဲ့သူများမှာ[1] :
အမှတ်စဉ် | အမည် | စတင်ရက် | ပြီးဆုံးရက် | |
---|---|---|---|---|
၁ | ဦးချန်ထွန်း | ၄ ဇန်နဝါရီ ၁၉၄၈ | ၃၀ ဇွန် ၁၉၅၃ | နိုင်ငံတော်ရှေ့နေချုပ် |
၂ | ဦးချွန်ဖောင်း (ခ) ဦးအုန်းခင် | ၁ ဇူလိုင် ၁၉၅၃ | ၃၁ အောက်တိုဘာ ၁၉၅၃ | |
၃ | ဦးချန်ထွန်းအောင် | ၁ နိုဝင်ဘာ ၁၉၅၃ | ၃၁ ဒီဇင်ဘာ ၁၉၅၃ | |
၄ | ဦးချန်ထွန်း | ၁ ဇန်နဝါရီ ၁၉၅၄ | ၁ အောက်တိုဘာ ၁၉၅၄ | |
၅ | ဦးချန်ထွန်းအောင် | ၂ အောက်တိုဘာ ၁၉၅၄ | ၁၆ မတ် ၁၉၅၅ | |
၆ | ဦးချွန်ဖောင်း (ခ) ဦးအုန်းခင် | ၁၇ မတ် ၁၉၅၅ | ၂၈ ဖေဖော်ဝါရီ ၁၉၅၇ | |
၇ | ဒေါက်တာဘဟန် | ၁ မတ် ၁၉၅၇ | ၂၈ အောက်တိုဘာ ၁၉၅၈ | |
၈ | ဦးဘစိန် | ၂၉ အောက်တိုဘာ ၁၉၅၈ | ၄ ဧပြီ ၁၉၆၀ | |
၉ | ဦးရန်အောင် | ၅ ဧပြီ ၁၉၆၀ | ၂၁ မတ် ၁၉၆၁ | |
၁၀ | ဦးဘဆွေ | ၁ ဧပြီ ၁၉၆၁ | ၇ မတ် ၁၉၆၂ | |
၁၁ | ဦးဘစိန် | ၈ မတ် ၁၉၆၂ | ၂၅ စက်တင်ဘာ ၁၉၇၁ | |
၁၂ | ပါမောက္ခ ဦးလှအောင် | ၂၅ စက်တင်ဘာ ၁၉၇၁ | ၄ မတ် ၁၉၇၄ | |
၁၃ | ဦးမောင်မောင်ကျော်ဝင်း | ၄ မတ် ၁၉၇၄ | ၈ နိုဝင်ဘာ ၁၉၈၁ | ပြည်သူ့အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ |
၁၄ | ဦးမြင့်မောင် | ၉ နိုဝင်ဘာ ၁၉၈၁ | ၂၆ ဇူလိုင် ၁၉၈၈ | |
၁၅ | ဒေါက်တာမောင်မောင် | ၂၇ ဇူလိုင် ၁၉၈၈ | ၁၉ ဩဂုတ် ၁၉၈၈ | |
၁၆ | ဦးသောင်းတင် | ၁၉ ဩဂုတ် ၁၉၈၈ | ၁၈ စက်တင်ဘာ ၁၉၈၈ | |
၁၇ | ဦးသာထွန်း | ၂၇ စက်တင်ဘာ ၁၉၈၈ | ၉ မေ ၂၀၀၃ | ရှေ့နေချုပ် |
၁၈ | ဦးအေးမောင် | ၂၂ ဇူလိုင် ၂၀၀၃ | ၃၀ မတ် ၂၀၁၁ | |
၁၉ | ဒေါက်တာထွန်းရှင် | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ပြည်ထောင်စုရှေ့နေချုပ် |
၂၀ | ဦးထွန်းထွန်းဦး | ၅ ဧပြီ ၂၀၁၆ | ၂ ဖေဖော်ဝါရီ ၂၀၂၁ | |
၂၁ | ဒေါက်တာ ဒေါ်သီတာဦး | ၂ ဖေဖော်ဝါရီ ၂၀၂၁ | လက်ရှိ |
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.