မြန်မာနိုင်ငံ ရွေးကောက်ပွဲများ
မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲများသည် နိုင်ငံ၊ ပြည်နယ် သို့မဟုတ် ဒေသ ဟု အဆင့်များ သတ်မှတ်ကာ ကျင်းပကြသည်။ ခေါင်းဆောင်တင်မြှောက်သည့် ကိုယ်စားလှယ်အဖွဲ့က နိုင်ငံအဆင့်တွင် နိုင်ငံတော်၏ အကြီးအကဲ၊ သမ္မတတို့ကို ရွေးချယ်ကြသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုလွှတ်တော်၊ သမ္မတ၊ အစိုးရအဖွဲ့တို့၏ သက်တမ်းသည် ၅ နှစ် ဖြစ်သည်။[1] မြန်မာနိုင်ငံသည် ၁၉၂၂ ခုနှစ်ကတည်းက အထွေထွေရွေးကောက်ပွဲပေါင်း ၁၆ ခု ကျင်းပခဲ့ပြီး ဖြစ်သည်။ နောက်ဆုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည်။ နောက်လာမည့် ရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်တွင် ကျင်းပမည် ဖြစ်သည်။ ရွေးကောက်ပွဲအားလုံးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူကျင်းပသည်။
ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တစိတ်တဒေသ ဖြစ်သည် |
|
|
မကြာမီက ရွေးကောက်ပွဲများ |
အခြားအကြောင်းအရာများ |
သမိုင်း
နေဝင်း၏ တစ်ပါတီလမ်းစဉ်စနစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (BSPP) သည် ၁၉၈၈ ခုနှစ်တွင် ကျဆုံးခဲ့သည်။ ရှစ်လေးလုံးအရေးအခင်း ဖြစ်ပွားပြီး နောက်ပိုင်း ဖြစ်သည်။ ပထမဆုံးရွေးကောက်ပွဲများကို ၁၉၉၀ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သည်။
အဓိကအတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အနိုင်ရခဲ့သည်။ အဓိကနေရာ ၄၉၂ နေရာတွင် ၃၉၂ နေရာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ တစ်ပါတီစနစ်အောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အစိုးရသစ်တစ်ခုကို ဖွဲ့စည်းရမည် ဖြစ်သည်။ သို့သော် SLORC သည် ရွေးကောက်ပွဲ၏ ရလဒ်ကို ငြင်းဆိုခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲ
အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော် နေရာ ၂၂၄ နေရာတွင် ၁၆၈ နေရာအတွက် အရွေးခံခဲ့ကြသည်။ ကျန် ၅၈ နေရာ (၂၅%) သည် အရွေးခံသည့် အထဲတွင် မပါပေ။ ထို ၂၅ % သည် တပ်မတော် ကိုယ်စားလှယ်များအတွက် ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများ တစ်ခုစီတွင် အဖွဲ့ဝင် ၁၂ ယောက် ရွေးချယ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုစီမှ အဖွဲ့ဝင် တစ်ဦးစီလည်း ပါဝင်သည်။
ပါတီ | ဆန္ဒမဲ | % | အမတ်နေရာ | % | +/–[မှတ်စု 1] | |
---|---|---|---|---|---|---|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | 135 | 60.3 | 135 | |||
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | 11 | 4.9 | 118 | |||
ရခိုင်အမျိုးသားပါတီ | 10 | 4.5 | 3 | |||
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် | 3 | 1.3 | 3 | |||
တအာင်း(ပလောင်)အမျိုးသားပါတီ | 2 | 0.9 | 1 | |||
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် | 2 | 0.9 | 2 | |||
မွန်အမျိုးသားပါတီ | 1 | 0.4 | 1 | |||
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ | 1 | 0.4 | 4 | |||
ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် | 1 | 0.4 | ||||
တစ်သီးပုဂ္ဂလ | 2 | 0.9 | 1 | |||
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ | 0 | 0.0 | 4 | |||
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ | 0 | 0.0 | 3 | |||
အခြား | 0 | 0.0 | 18 | |||
စစ်ဖက် ကိုယ်စားလှယ် | – | – | 56 | 25.0 | ||
စုစုပေါင်း | ၁၀၀ | 224 | ၁၀၀ | – | ||
ရင်းမြစ်: Myanmar Times,[2] UEC[3] |
ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်တွင် နေရာ ၄၄၀ တွင် ၃၃၀ သည် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ရှမ်းပြည်နယ်ရှိ (၇) နေရာသည် မငြိမ်မသက်ဆူပူမှုများ ဖြစ်နေသည့်အတွက် နောက်မှ ရွေးချယ်မည် ဖြစ်ပြီး ၃၂၃ နေရာအတွက်သာ ရွေးချယ်ခဲ့သည်။[4] ကျန်သော နေရာ ၁၁၀ (၂၅%) သည် တပ်မတော်ကိုယ်စားလှယ်များအတွက် ဖြစ်သည်။ မြို့နယ်နှင့် လူဦးရေပေါ်မူတည်ကာ မဲဆန္ဒနယ်များမှ အဖွဲ့ဝင်များကို ရွေးချယ်ခဲ့သည်။
ပါတီ | ဆန္ဒမဲ | % | အမတ်နေရာ | % | +/–[မှတ်စု 1] | |
---|---|---|---|---|---|---|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | 12,473,406 | 56.82 | 255 | 58.0 | 255 | |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | 6,180,040 | 28.15 | 30 | 6.8 | 229 | |
မွန်အမျိုးသားပါတီ | 12 | 2.7 | 3 | |||
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် | 12 | 2.7 | 12 | |||
ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် | 3 | 0.7 | ||||
တအာင်း(ပလောင်)အမျိုးသားပါတီ | 3 | 0.7 | 2 | |||
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ | 2 | 0.5 | 2 | |||
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် | 2 | 0.5 | 2 | |||
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ | 1 | 0.2 | 1 | |||
ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ | 1 | 0.2 | 1 | |||
ဝ ဒီမိုကရက်တစ်ပါတီ | 1 | 0.2 | 1 | |||
တစ်သီးပုဂ္ဂလ | 1 | 0.2 | 1 | |||
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ | 0 | 0.0 | 18 | |||
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ | 0 | 0.0 | 12 | |||
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ | 0 | 0.0 | 3 | |||
ဒေသမတည်ငြိမ်မှုကြောင့် ဖျက်သိမ်း | 7 | 1.6 | 2 | |||
စစ်ဖက် ကိုယ်စားလှယ် | – | – | 110 | 25.0 | ||
စုစုပေါင်း | 21,951,803 | ၁၀၀ | 440 | ၁၀၀ | – | |
ရင်းမြစ်: UEC[5] |
မှတ်စုများ
- Net Gain/Loss numbers shown are compared with the results of the previous general election, not with the results of the by-elections in 2012.
ကိုးကား
- Constitution of the Republic of the Union of Myanmar (2008) (English). Sections 61, 119, 151, 168, 235.
- The Myanmar Times Election Live။ Myanmar Times။ 20 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- Announcement 93/2015။ 20 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 November 2015 တွင် ပြန်စစ်ပြီး။
- Oliver Holmes (11 November 2015)။ Myanmar election: Aung San Suu Kyi calls for reconciliation talks with military။ The Guardian။ 11 November 2015 တွင် ပြန်စစ်ပြီး။
- Announcement 92/2015။ 20 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 November 2015 တွင် ပြန်စစ်ပြီး။