မွန်အမျိုးသားပါတီ

မွန်အမျိုးသားပါတီ (အင်္ဂလိပ်: Mon National Party; အတိုကောက် MNP; မွန်: ဗော် ကောန်ဂကူ မန်) သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် Mon National Party- MNPဟု လူသိများသည်။ မွန် ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ပါတီနှစ်ခုကို ပူးပေါင်း၍ ၂၀၁၄ ဇန်နဝါရီ ၂၆ ရက်တွင် မွန်အမျိုးသား ပါတီ အဖြစ် ပူးပေါင်းဖွဲ့စည်းသည်။[3] ပါတီ၏ နိုင်ငံရေး သဘောတရားမှာ မွန်လူမျိုး အခွင့်အရေး နှင့်  ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်သည်။

မွန်အမျိုးသားပါတီ
ဗော် ကောန်ဂကူ မန်
အင်္ဂလိပ် အမည်Mon National Partyv
နာယကဦးနိုင်ငွေသိန်း
အထွေထွေ အတွင်းရေးမှူးဒေါက်တာမင်းစိုးလင်း
တည်ထောင်ခြင်း၁၉၉၀ (၁၉၉၀)
၂၆ ဧပြီ ၂၀၁၂ (၂၀၁၂-၀၄-၂၆)[1](ပြန်လည် မှတ်ပုံတင်)
ဖျက်သိမ်းခြင်း၁၁ ဇူလိုင် ၂၀၁၉
ဆက်ခံမွန်ညီညွတ်ရေးပါတီ
ဌာနချုပ်မြိုင်သာယာရပ်ကွက်၊ မော်လမြိုင်မြို့မွန်ပြည်နယ်
အဖွဲ့ဝင်၅၀,၀၀၀+[2]
နိုင်ငံရေး သဘောတရားမွန်လူမျိုး အခွင့်အရေး
ဖက်ဒရယ်ပြည်ထောင်စုစနစ်
အရောင်အနီ
အမျိုးသားလွှတ်တော် အမတ်နေရာ
၁ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
မွန်ပြည်နယ် လွှတ်တော် အမတ်နေရာ
၂ / ၃၁
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

သမိုင်းကြောင်း

၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (Mon National Democratic Front) ကို စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အား နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါရှိသည့် ပြဋ္ဌာန်းချက်အချို့ကို မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ သဘောမတူသည့်အတွက် မှတ်ပုံတင်ပြန်လည်ပြုလုပ်ခြင်းမရှိခဲ့ပေ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ် ဧပြီ ၂၆ ရက်နေ့တွင် မွန်ဒီမိုကရေစီပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး[1] ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခြင်း မရှိခဲ့ပေ။

၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာပါတီနှစ်ခုကို ပူးပေါင်း၍ မွန်အမျိုးသားပါတီ အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။[2] ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီ MNP အဖြစ်သို့ ပါတီနာမည်ပြောင်းလဲခဲ့ရာတွင် နိုင်သက်လွင် သည် ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။

မွန်အမျိုးသားပါတီအနေဖြင့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိဘဲ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလွှတ်တော်တစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာသာ အနိုင်ရရှိခဲ့သည်။[4]

ဖျက်သိမ်းခြင်း

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် မွန်ညီညွတ်ရေးပါတီကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းခဲ့သည့်အတွက် မွန်အမျိုးသားပါတီကို ပါတီမှတ်ပုံတင် ဖျက်သိမ်းခဲ့သည်။[5]

ပါတီမူဝါဒ

  • အမျိုးသား တန်းတူညီမျှမှုနှင့် တိုင်းရင်သားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး၊
  • စစ်မှန်သည့် ဒီမိုကရက်တစ် ပြည်ထာင်စု ထူထောင်ရေး၊
  • ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေး။

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. Mon National Party ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၂၁ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. မွန်အမျိုးသားပါတီ ၇ ရက်သတင်းဂျာနယ် (၂၉ ဩဂုတ် ၂၀၁၅)။ ၂၁ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  3. https://www.bbc.com/burmese/burma/2015/10/151014_2015_election_party_49
  4. https://elevenmyanmar.com/news/30193
  5. နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (၁၂ ဇူလိုင် ၂၀၂၀)။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.