မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများ စာရင်း

ဤဆောင်းပါးတွင် သမိုင်းစဉ်တစ်လျှောက် မြန်မာ့ နိုင်ငံရေးပါတီများကို ကဏ္ဍအလိုက် စာရင်းပြုစု ဖော်ပြထားပါသည်။

ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်

ကိုလိုနီခေတ် (၁၈၈၆-၁၉၄၈)


ပါလီမန်ဒီမိုကရေစီခေတ် (၁၉၄၈-၁၉၆၂)


ဆိုရှယ်လစ်ခေတ် (၁၉၆၂-၁၉၈၈)

ဆိုရှယ်လစ်ခေတ်တွင် တရားဝင်ရပ်တည်သောပါတီမှာ တစ်ခုတည်းသာ ဖြစ်သည်။

  1. မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (Burma Socialist Programme Party - BSPP)

စစ်အစိုးရခေတ် (၁၉၈၈-၂၀၁၀)

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စနစ်ကြီးသည်လည်း ချုပ်ငြိမ်းခဲ့ရပြီး ၁၉၈၈-ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူခဲ့ရာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကို ဖွဲ့စည်း၍ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။ ထိုစဉ်က နဝတ အစိုးရအဖွဲ့မှ တာဝန်ယူပြီးသည်နှင့်တပြိုင်နက် ၎င်းတို့၏ တာဝန်ကြီး (၄)ရပ်ကို ကမ္ဘာသိ ကြေငြာခဲ့ရာတွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပါဝင်ခဲ့ပါသည်။ တစ်ဆက်တည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ၁၉၈၈-ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။

ထိုသို့ ပြဋ္ဌာန်းပြီးသည့်နောက် ပထမဦးဆုံးအနေဖြင့် ဦးသုဝေ၏ ဒီမိုကရေစီပါတီက ဦးစွာ မှတ်ပုံတင်ခဲ့ပြီး၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရတင်ဦး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည် တို့ ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ၁၉၈၈-ခု စက်တင်ဘာလ (၂၈)ရက်နေ့တွင် အမှတ်စဉ် (၂) နေရာ၌ တရားဝင် မှတ်ပုံတင်ခဲ့ပါသည်။ ထိုစဉ်က နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခဲ့ကြသော နိုင်ငံရေးပါတီပေါင်းမှာ (၂၃၆)ပါတီထိ ရှိခဲ့ပါသည်။ တပ်မတော်အစိုးရက ၁၉၉၀-ပြည့်နှစ် မေလ(၂၇)ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို မြန်မာနိုင်ငံတဝှမ်းလုံးတွင် မဲရုံပေါင်း (၁၈၁၈၉) ဖွင့်လှစ်ကာ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ သို့သော်လည်း ၁၉၉၀-ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီ အရေအတွက်မှာ (၉၃)ပါတီသာ ရှိခဲ့ပါသည်။

၁၉၉၀ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရန်အတွက် နိုင်ငံရေးပါတီများကို တရားဝင် မှတ်ပုံတင်ပေးခဲ့ရာ ပါတီစုစုပေါင်း (၂၃၇) ခု အထိ ရောက်ရှိခဲ့သည်။ သို့ရာတွင် ရွေးကောက်ပွဲ ကာလနှင့် ရွေးကောက်ပွဲပြီးကာလအတွင်း ပါတီမြောက်မြားစွာ ဖျက်သိမ်းခဲ့သည်။ နောက်ဆုံး ကျန်ရှိနေခဲ့သော ပါတီအရေအတွက်မှာ (၁၀) ခုသာ ရှိသည်။

မှတ်ပုံတင်သောပါတီပေါင်း (၂၃၇)ခု

ပါတီအမည် မဲအရေအတွက် % လွှတ်တော်ကိုယ်စားလှည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၇,၉၃၀,၈၄၁၅၉.၉၃၉၂
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၃,၃၁၂,၁၂၂၂၁.၂၁၀
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၂၂၀,၈၃၅၁.၇၂၃
United Nationals Democracy Party182,7521.51
Rakhine Democratic League157,2551.211
Mon National Democratic Front135,8741.15
National Democratic Party for Human Rights128,1291.04
Democracy Party63,3870.51
Party for National Democracy61,7910.53
Chin National League for Democracy51,2770.43
Union Paoh National Organisation43,2140.33
Arkan People's Democratic Front31,6200.30
Union Danu League for Democracy Party23,1450.21
Ta-ang National League for Democracy22,2230.22
Democratic Organisation for Kayah National Unity16,5800.12
Lahu National Development Party15,7940.11
Kachin State National Congress for Democracy13,9940.13
Mro (Khami) National Solidarity Organisation12,5780.11
Zomi National Congress12,3720.12
Kaya State Nationalities League for Democracy11,6640.12
Naga Hills Regional Progressive Party10,6120.12
Kaman National League for Democracy10,5960.11
Graduates and Old Students Democratic Association10,5080.11
United Nationalities League for Democracy8,9290.11
Shan State Kokango Democratic Party7,3920.11
Karen State National Organisation6,4010.11
Mara People's Party592,9584.51
Patriotic Old Comrades' League1
61 other parties0
Independents151,7631.16
Vacant--7
Invalid/blank votes1,865,918--
Total15,112,524100492
Source: Nohlen et al.

မျက်မှောက်ခေတ် (၂၀၁၀- )

၂၀၁၀ခုနှစ်တွင် အသစ် ပြဋ္ဌာန်းလိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အရ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် အနည်းဆုံး ပါတီဝင် ၁၀၀၀ အထက်ရှိရမည်ဖြစ်ပြီး ၂၀၁၀ ခုနှစ် ဇွန်လ ၆ ရက်မတိုင်မှီ မှတ်ပုံတင်ထားသည့် ပါတီများ ဖြစ်ရန်လိုသည်။ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ ခွင့်ပြုထားပြီးသော နိုင်ငံရေးပါတီ ၄၀ ကျော် ရှိသည်။ [1] အချို့ပါတီများမှာ တိုင်းရင်းသား လူမျိုးစုများပါဝင်သည့် ပါတီများဖြစ်ကြသည်။ [2]

၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာအများစုကို အနိုင်ရခဲ့သော်လည်း အာဏာလွှဲအပ်ခြင်း မခံခဲ့ရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာမူ ရွေးကောက်ပွဲတွင် မပါဝင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သို့သော်လည်း ဝါရင့်ပါတီဝင် အချို့က ရွေးကောက်ပွဲကို သပိတ်မှောက်ပါက အစိုးရ ဆင်ထားတဲ့ အကွက်ထဲ ရောက်သွားမည်ဟုဆိုကာ ရွေးကောက်ပွဲဝင်ရန် အမျိုးသား ဒီမိုကရေစီ အင်အားစုကို ဖွဲ့စည်းခဲ့သည်။ [2]

အစိုးရက အဖွဲ့ဝင်ဦးရေမှာ လူဦးရေ စုစုပေါင်း၏ ထက်ဝက်ခန့်ရှိသည်ဟု ဆိုသည့် နိုင်တဝန်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟု နိုင်ငံရေး ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်သည်။ [2]

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ မှတ်ပုံတင်သော ပါတီများ

  1. မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေးအဖွဲ့The Mro (or) Khami National Solidarity Organization (MKNSO)
  2. တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ National Unity Party (NUP)
  3. လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီThe Lahu National Development Party (LNDP)
  4. ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီKokang Democracy and Unity Party (KDUP)
  5. ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် The Pa-O National Organization (PNO)
  6. ဒီမိုကရက်တစ်ပါတီ (မြန်မာ) The Democratic Party (Myanmar) (DPM)
  7. ကယန်း အမျိုးသားပါတီ The Kayan National Party (KNP)
  8. မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ The Rakhine State National Force of Myanmar (RSNF)
  9. ကရင်ပြည်သူ့ပါတီ The Kayin People’s Party (KPP)
  10. ‘ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီThe “Wa” National Unity Party(WNUP)
  11. ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ် Union Kayin League (UKL) (ဖျက်သိမ်း)
  12. တအောင်း (ပလောင်) အမျိုးသားပါတီ The Taaung (Palaung) National Party (TPNP)
  13. မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ All Mon Region Democracy Party (AMRDP)
  14. ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီThe Democracy and Peace Party (DPP)
  15. ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ The Shan Nationalities Democratic Party (SNDP)
  16. ညီညွတ်သော ဒီမိုကရက်တစ်ပါတီ The United Democratic Party (UDP)
  17. ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)The 88 Generation Student Youths(Union Of Myanmar) (8GSY)
  18. ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် The Union Of Myanmar Fedration of National Politics (UMNPF)
  19. အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် The National Political Alliance League (NPAL)
  20. မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ The Myanmar New Society Democratic Party (MNSDP)
  21. ချင်းအမျိုးသားပါတီ The Chin National Party(CNP)
  22. ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ)The Wunthanu NLD (the Union of Myanmar) (WNLD)
  23. ခေတ်သစ်ပြည်သူ့ပါတီ The Modern People’s Party (MPP)
  24. ပြည်ထောင်စု ဒီမိုကရေစီပါတီ The Union Democracy Party (UnionDP)
  25. မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ The Peace & Diversity Party (PDP)
  26. ချင်းတိုးတက်ရေး ပါတီ The Chin Progressive Party (CPP)
  27. အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ The Inn National Development Party (INPP)
  28. ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ The Rakhine Nationalities Development Party (RNDP)
  29. ‘ဝ’ ဒီမိုကရက်တစ် ပါတီ The Wa Democratic Party (WDP)
  30. ဖလုံ - စဝေါ် ဒီမိုကရက်တစ် ပါတီ The Phalon Sawaw Democratic Party (PSDP)
  31. အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ The National Democratic Party for Development (NDPD)
  32. ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ The Union Solidarity and Development Party (USDP)
  33. တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ The Ethnic National Development Party (ENDP)
  34. မြန်မာဒီမိုကရေစီကွန်ကရက် Myanmar Democracy Congress (MDC) (ဖျက်သိမ်း)
  35. မြို တိုင်းရင်းသားပါတီ Mro National Party (MNP) (ဖျက်သိမ်း)
  36. ကမန် အမျိုးသား တိုးတက်ရေးပါတီ Kaman National Progressive Party (KNPP)
  37. ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ Khami National Development Party (KNDP)
  38. အမျိုးသား ဒီမိုကရေစီ အင်အားစု National Democratic Force (NDF)
  39. စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ(စဒက)
  40. ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ
  41. အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ
  42. Regional Development Party (Pyay) (RDPP) (ဖျက်သိမ်း)
  43. Unity and Democracy Party of Kachin State (UDPKS)
  44. ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဖျက်သိမ်း)


၂၀၁၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း မှတ်ပုံတင်သော ပါတီများ

ပြည်သူ့ပါတီ (People's Party)  


အခြားပါတီများ

ဤကဏ္ဍတွင် မှတ်ပုံတင်ခဲ့ပြီးနောက် အာဏရအစိုးရနှင့် မသင့်မတင့်ဖြစ်၍ တောခိုသွားသောပါတီများ နှင့် စတင်ဖွဲ့စည်းကတည်းက တရားဝင်မှတ်ပုံတင်ခြင်းမဟုတ်ပဲ တောတွင်းတစ်နေရာ (သို့မဟုတ်) ပြည်ပတွင် ဖွဲ့စည်းထားသောပါတီများ ကို စုစည်းဖော်ပြထားပါသည်။

  1. ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)
  2. ကရင်အမျိုးသားအစည်းအရုံး (Karen National Union - KNU)
  3. ?


ကိုးကား

  1. Buncombe၊ Andrew။ "Burma bans marching and chanting during rallies"၊ 23 June 2010။
  2. Suu Kyi party splits, faction to run in Myanmar poll. Reuters. 7 May 2010


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.