စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ်
စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (အင်္ဂလိပ်: Unity and Democracy Party of Kachin State; အတိုကောက် UDPKS သို့မဟုတ် စဒက) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ပါတီကို ၂၀၁၀ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။[2] ပါတီဝင်အရေအတွက် ၃၀,၀၀၀ ခန့်ရှိပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝိုင်းမော်၊ မိုးမောက်၊ ဗန်းမော်၊ ဖားကန့် စသည့် ကချင်ပြည်နယ်ရှိ မြို့ရှစ်မြို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[1]
စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် | |
---|---|
အင်္ဂလိပ် အမည် | Unity and Democracy Party of Kachin State |
နာယက | ဦးခက်ထိန်နန် |
တည်ထောင်ခြင်း | ၂ ဩဂုတ် ၂၀၁၀ |
ဖျက်သိမ်းခြင်း | ၇ ဇွန် ၂၀၁၉ |
ဆက်ခံ | ကချင်ပြည်နယ်ပြည်သူ့ပါတီ |
ဌာနချုပ် | မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် |
အဖွဲ့ဝင် | ၃၀,၀၀၀[1] |
နိုင်ငံရေး သဘောတရား | ကချင်လူမျိုး အခွင့်အရေး ဖက်ဒရယ်ပြည်ထောင်စုစနစ် |
အရောင် | အစိမ်း |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၀ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၀ / ၄၄၀
|
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ | ၁ / ၈၈၀
|
ပါတီအလံ | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
ဖျက်သိမ်းခြင်း
၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီကို စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ်၊ ကချင်ဒီမိုကရက်တစ်ပါတီနှင့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းခဲ့သည့်အတွက် စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီကို ပါတီမှတ်ပုံတင် ဖျက်သိမ်းခဲ့သည်။[3]
ကိုးကား
- စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)။ Vote4Myanmar။ 18 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- Myanmar Times > Elections 2015 > Parties > UDPKS။ 17 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2015 တွင် ပြန်စစ်ပြီး။
- နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (၁၀ ဇွန် ၂၀၁၉)။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.