ကချင်ပြည်နယ်ဒီမိုကရေစီပါတီ
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (အင်္ဂလိပ်: Kachin State Democracy Party; အတိုကောက် KSDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ မန်နမ်တူဂျာ က တည်ထောင်ခဲ့ခြင်းဖြစ်သည်။[1]
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ | |
---|---|
အင်္ဂလိပ် အမည် | Kachin State Democracy Party |
နာယက | Dr. Manam Tu Ja |
တည်ထောင်ခြင်း | ၂၀၁၃ |
ဖျက်သိမ်းခြင်း | ၇ ဇွန် ၂၀၁၉ |
ဆက်ခံ | ကချင်ပြည်နယ်ပြည်သူ့ပါတီ |
ဌာနချုပ် | အမှတ် ၃၈၆၊ ယုဇနရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် |
အဖွဲ့ဝင် | ၁၅,၀၀၀[1] |
နိုင်ငံရေး သဘောတရား | ကချင်လူမျိုး အခွင့်အရေး |
အရောင် | အနီရောင် |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၀ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၁ / ၄၄၀
|
ကချင်ပြည်နယ် လွှတ်တော် အမတ်နေရာ | ၃ / ၅၃
|
ပါတီအလံ | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
ဖျက်သိမ်းခြင်း
၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီကို စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ်၊ ကချင်ဒီမိုကရက်တစ်ပါတီနှင့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းခဲ့သည့်အတွက် ကချင်ပြည်နယ်ဒီမိုကရေစီပါတီကို ပါတီမှတ်ပုံတင် ဖျက်သိမ်းခဲ့သည်။[2]
ကိုးကား
- Myanmar Now - Resources: Kachin State Democracy Party။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 November 2015 တွင် ပြန်စစ်ပြီး။
- နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (၁၀ ဇွန် ၂၀၁၉)။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.