ကချင်ဒီမိုကရက်တစ်ပါတီ

ကချင်ဒီမိုကရက်တစ်ပါတီ (မြန်မာ: Kachin Democratic Party; အတိုကောက် KDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ၂၀၁၃ တွင် ပါတီမှတ်ပုံတင်ခဲ့ပြီး ၂၀၁၄ ဇန်နဝါရီ၌ ပါတီတည်ထောင်ခွင့်မှတ်ပုံတင်ရရှိသည်။[1] ပါတီဝင်အရေအတွက်မှာ ၁,၀၀၀ ခန့်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် မြစ်ကြီးနားဗန်းမော်ဆွမ်ပရာဘွမ်ပူတာအိုဝိုင်းမော် စသည့် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၃ မြို့နယ် မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။[2]

ကချင်ဒီမိုကရက်တစ်ပါတီ
အင်္ဂလိပ် အမည်Kachin Democratic Party
နာယကဦးဂွမ်ဂေါင်အောင်ခမ်း
ဆောင်ပုဒ်လွတ်လပ်မှုရရှိစေဖို့ KDP ကို မဲပေးစို့
တည်ထောင်ခြင်းဇန်နဝါရီ ၁၃၊ ၂၀၁၄ (၂၀၁၄-၀၁-၁၃)[1]
ဖျက်သိမ်းခြင်း၇ ဇွန် ၂၀၁၉
ဆက်ခံကချင်ပြည်နယ်ပြည်သူ့ပါတီ
ဌာနချုပ်မြေနီကုန်း (မြောက်) ရပ်ကွက်၊ စမ်းချောင်းမြို့နယ်ရန်ကုန်မြို့
အဖွဲ့ဝင်၁,၀၀၀[1]
နိုင်ငံရေး သဘောတရားဖက်ဒရယ်ပြည်ထောင်စုစနစ်
အရောင်အပြာ၊ အစိမ်း၊ အနီ
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ဖျက်သိမ်းခြင်း

၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီကို စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ်၊ ကချင်ဒီမိုကရက်တစ်ပါတီနှင့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းခဲ့သည့်အတွက် ကချင်ဒီမိုကရက်တစ်ပါတီကို ပါတီမှတ်ပုံတင် ဖျက်သိမ်းခဲ့သည်။[3]

ကိုးကား

  1. ကချင်ဒီမိုကရက်တစ်ပါတီ Vote4Myanmar။ 18 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၃ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. ကချင်ဒီမိုကရက်တစ်ပါတီ ၇ ရက်သတင်းဂျာနယ် (၂၉ ဩဂုတ် ၂၀၁၅)။ ၁၃ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (၁၀ ဇွန် ၂၀၁၉)။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.