ပြည်သူ့ဒီမိုကရေစီပါတီ
ပြည်သူ့ဒီမိုကရေစီပါတီ (အင်္ဂလိပ်: People Democracy Party; အတိုကောက် PDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[4]
ပြည်ထောင်စု ဒီမိုကရေစီပါတီ နှင့် မရောထွေးပါနှင့်။
ပြည်သူ့ဒီမိုကရေစီပါတီ | |
---|---|
အင်္ဂလိပ် အမည် | People Democracy Party |
ဥက္ကဋ္ဌ | ဦးအောင်မြင့် |
ဆောင်ပုဒ် | ပြည်သူ့အသံ တို့အသံ။ ပြည်သူ့ဆန္ဒ တို့ဆန္ဒ။ ပြည်သူ့အရေး တို့အရေး။ |
တည်ထောင်ခြင်း | ၂၃ စက်တင်ဘာ ၂၀၁၁ |
ဖျက်သိမ်းခြင်း | ၂၃ ဇူလိုင် ၂၀၂၀[1][2] |
ဌာနချုပ် | ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး |
အဖွဲ့ဝင် | ၂၀,၀၀၀ ခန့်[3] |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၀ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၀ / ၄၄၀
|
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ | ၀ / ၈၈၀
|
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
သမိုင်းကြောင်း
၂၀၁၁ စက်တင်ဘာ ၂၃ ရက်တွင် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ရခဲ့သည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အနည်းငယ်သာ အနိုင်ရရှိခဲ့သည်။[3]
ပါတီခေါင်းဆောင် ပြဿနာများကြောင့် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက်နေ့အထိ ပါတီကို ယာယီရပ်ဆိုင်းခံထားခဲ့ရပြီး ၃ နှစ်အတွင်း ပါတီတွင်းကိစ္စရပ်များ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားခဲ့သော်လည်း ဖြေရှင်းနိုင်ခဲ့ခြင်း မရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခဲ့သည်။[1][2]
ကိုးကား
- နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (၃၀ ဇူလိုင် ၂၀၂၀)။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ပြည်သူ့ဒီမိုကရေစီပါတီ ဖျက်သိမ်းခံရ။ The Voice (၁ ဩဂုတ် ၂၀၂၀)။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
- "ပြည်သူ့ဒီမိုကရေစီပါတီ" (၈ ဩဂုတ် ၂၀၁၅). ၇ ရက်သတင်းဂျာနယ် (၈၁၉). Retrieved on ၂၁ မတ် ၂၀၁၇.
- ပြည်သူ့ဒီမိုကရေစီပါတီ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ 18 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.