ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ

ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (အင်္ဂလိပ်: Shan-ni Solidarity Party; အတိုကောက် SSP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[4] ပါတီ၏ နိုင်ငံရေးသဘောတရားမှာ ရှမ်းနီလူမျိုးများ၏ အခွင့်အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ပါသည်။ ပါတီမူဝါဒမှာ ဒီမိုကရေစီနည်းအရ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ တိုင်းရင်းသားမျိုးနွယ်စုများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်စေရေး တို့ဖြစ်ပါသည်။ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီသည် ၂၀၂၀အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ်နှင့် ကချင်ပြည်နယ်တွင် မိုးညှင်းမြို့နယ်တို့မှ စုစုပေါင်း ကိုယ်စားလှယ်(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[5]

ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ
အင်္ဂလိပ် အမည်Shan-ni Solidarity Party
ဥက္ကဋ္ဌဦးအောင်ခင်း[1]
အတွင်းရေးမှူးဦးစိုင်းနိုင်နိုင်ကျော်[2]
တည်ထောင်ခြင်း၂၀ မေ ၂၀၁၅ (၂၀၁၅-၀၅-၂၀)
ဌာနချုပ်အမှတ်(ဓ-၁/၇၀-ခ)၊ ကံကော်လမ်း၊ ၄၀×၄၁နှင့် ၆၇×၆၈လမ်းကြား၊ မဟာမြိုင်(၁)ရပ်ကွက်၊မဟာအောင်မြေမြို့နယ်မန္တလေးတိုင်းဒေသကြီး
အဖွဲ့ဝင်၃,၅၀၀ ကျော်[3]
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၀ / ၈၈၀
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

သမိုင်းကြောင်း

၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့သည့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် သဘောထားကွဲလွဲမှုများရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ အမည်ဖြင့် ပါတီအသစ်တည်ထောင်ရန် ပြန်လည်လျှောက်ထားခဲ့ပြီး ၂၀၁၅ ခုနှစ် မေလတွင် ပါတီအသစ်မှတ်ပုံတင် ရရှိခဲ့သည်။[3]

၂၀၁၉ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ အဖြစ် အမည်ပြောင်းလဲခဲ့သည်။[6]

ကိုးကား

  1. "ပါတီမိတ်ဆက် (ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ-S.S.P)" (25 စက်တင်ဘာ ၂၀၂၀). Voice of Myanmar.
  2. "ရှမ်းနီ (တိုင်လျန်) သွေးစည်းညီညွတ်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တို့ကို ဟောပြောတင်ပြ" (7 အောက်တိုဘာ ၂၀၂၀). Myanmar Digital News.
  3. "ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ" (၁၈ ဇူလိုင် ၂၀၁၅). ၇ ရက်သတင်းဂျာနယ် (၇၉၈). Retrieved on ၃၀ မတ် ၂၀၁၇.
  4. ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် 17 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၀ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
  5. ရှမ်းနီ (တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (ကျားမင်းပါတီ) ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ BNI Media Group ၂၅ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  6. ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီကို ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ [Shan-ni Solidarity Party(SSP) အမည်သို့ ပြောင်းလဲခွင့်ပြုခြင်း]။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (၂၇ မေ ၂၀၁၉)။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။


ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.