ထွန်းထွန်းဦး (တရားသူကြီးချုပ်)

ဦးထွန်းထွန်းဦး (၂၈ ဇူလိုင်၊ ၁၉၅၆ မွေးဖွား) သည် လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပြည်​ထောင်စုတရားသူကြီးချုပ် ဖြစ်သည်။ ပြည်ထောင်စုတရားသူကြီးချုပ်ကို နိုင်ငံတော် သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်ခြင်းဖြစ်သည်။[1]

ပြည်ထောင်စုရှေ့နေချုပ် အတွက် ထွန်းထွန်းဦး (ပြည်ထောင်စုရှေ့နေချုပ်) ကို ကြည့်ပါ။
ထွန်းထွန်းဦး
ပြည်​ထောင်စုတရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၀ မတ်လ ၂၀၁၁
ခန့်အပ်သူဦးသိန်းစိန်
ယခင်လူဦးအောင်တိုး
ဒုတိယပြည်​ထောင်စုတရားသူကြီးချုပ်
တာဝန်သက်တမ်း
၂၀၀၇  ၂၀၁၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၆-0၇-၂၈) ၂၈ ဇူလိုင်၊ ၁၉၅၆
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ကြင်ဖော်(များ)​အေး​အေးသိန်း
ပညာရေးB.A. (Law), LL.B (၁၉၇၉)
ရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်​ရှေ့​နေ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
Commandsအ​နောက်​တောင်တိုင်း (၁၉၈၁-၁၉၈၉)
Major, Military Advocate General Office (1990-1994)

ပညာသင် ဘ၀

၁၉၇၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.A(Law) နှင့် LL.B ဥပဒေဘွဲ့များကို ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

ဥပဒေဘွဲ့ရရှိပြီးနောက် မြန်မာ့ တပ်မတော်တွင် တာဝန်ထမ်းဆောင်သည်။ ၁၉၉၄ ခုနှစ်အထိ စစ်ဥပဒေချုပ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၀၇ ခုနှစ်တွင် ဒုတိယပြည်ထောင်စုတရားသူကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှ စတင်ကာ ပြည်​ထောင်စုတရားသူကြီးချုပ်တာဝန် ထမ်း​ဆောင်​နေသူဖြစ်သည်။[2]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.