ဦးသိန်းစိန် အစိုးရ
ဦးသိန်းစိန် အစိုးရသည် စစ်အာဏာသိမ်း အစိုးရနောက်ပိုင်း တက်လာသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် ပထမဆုံး ရွေးကောက်ခံအစိုးရ ဖြစ်သည်။ ၎င်း အစိုးရအဖွဲ့သည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ တာဝန်ယူခဲ့သည်။
ဦးသိန်းစိန် အစိုးရ | |
---|---|
ပြည်ထောင်စု အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ | |
အစိုးရအဖွဲ့ ခေါင်းဆောင်များ | |
ဖွဲ့စည်းရက်စွဲ | ၃၀ မတ် ၂၀၁၁ |
ဖျက်သိမ်းရက်စွဲ | ၃၀ မတ် ၂၀၁၆ |
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ | |
နိုင်ငံတော်ခေါင်းဆောင် | ဦးသိန်းစိန် |
အစိုးရခေါင်းဆောင် | ဦးသိန်းစိန် |
ဒုတိယ ခေါင်းဆောင် |
|
အဖွဲ့ဝင် ပါတီ | USDP–စစ်တပ် |
အတိုက်အခံ ပါတီ | NLD |
အတိုက်အခံ ခေါင်းဆောင် | အောင်ဆန်းစုကြည် |
သမိုင်း | |
ရွေးကောက်ပွဲ | မြန်မာနိုင်ငံ၂၀၁၀ ရွေးကောက်ပွဲ |
ပြီးခဲ့သော ရွေးကောက်ပွဲ | အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅ |
ယခင် | စစ် အစိုးရ |
ဆက်ခံ | ဦးထင်ကျော်အစိုးရ |
ခြုံငုံသုံးသပ်ချက်
ယခင်တပ်မတော်အစိုးရ၏ဝန်ကြီးချုပ်ဖြစ်သော ဦးသိန်းစိန်သမ္မတဖြစ်လာကာ ဒုသမ္မတ၂ဦး ဝန်ကြီး၃၀ဦး ဝန်ကြီးဌာန ၃၅ခုဖြင့်အစိုးရဖွဲ့စည်းခဲ့သည်။[1]အများစုမှာတပ်မတော်မှ ယခင်ခေါင်းဆောင်များဖြစ်သည်။ ကဏ္ဍများစွာတွင်သိသာစွာပြောင်းလဲလာခဲ့ပြီး မြန်မာပြည်၏ ဒီမိုကရေစီအစပင်ဖြစ်သည်။ စစ်အစိုးရနောက်ပိုင်း သိသာစွာနိုင်ငံတကာနှင့် ပြန်လည်နီးစပ်ခဲ့သည်။၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင်ရှုံးနိမ့်သွားသည့်အတွက် ဒီမိုကရေစီနောက်ကြောင်းပြန်လှည့်မည်ကိုပြည်သူများစိုးရိမ်ကြသော်လည်း အနိုင်ရပါတီကို ငြိမ်းချမ်းစွာ အာဏာလွှဲခဲ့သည်။
ခေါင်းဆောင်များ
အစိုးရအဖွဲ့
ဦးသိန်းစိန် | သမ္မတ |
သီဟသူရဦးတင်အောင်မြင့်ဦး | ဒုတိယသမ္မတ ၁ |
ဒေါက်တာစိုင်းမောက်ခမ်း | ဒုတိယသမ္မတ ၂နှင့် ၁ |
ဦးဉာဏ်ထွန်း | ဒုတိယသမ္မတ ၂ |
အခြားသော ဗဟိုရုံးများ
မူလ အစိုးရအဖွဲ့ (၂၀၁၁ မတ်လ)
၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ဦးသိန်းစိန် ခန့်အပ်သောအစိုးရအဖွဲ့ ပြည်ထောင်စုလွှတ်တော်၌ ကျမ်းသစ္စာ ဆိုခဲ့သည်။[2] ဝန်ကြီးဌာန ၄ ခုဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေးနှင့် နယ်စပ်ရေးရာတို့ကို တပ်ချုပ်ကြီး သန်းရွှေ၊ (ဗိုလ်ချုပ်မှူးကြီး)မှ ခန့်အပ်ခဲ့သည်။[3] သမ္မတရုံးနှင့် စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ကို ဖေဖော်ဝါရီ ၉ ရက်၌ဖွဲ့စည်းခဲ့သည်။[3]
အဓိက ဝန်ကြီးများမှာ ကြံ့ခိုင်ရေးနှင့် ယခင် နအဖ အစိုးရမှ ဗိုလ်ချုပ်များဖြစ်ကာ ၄ ဦးမှာ အရပ်သားဖြစ်သည်။[4] ၁၂ ယောက်မှာ ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ (နအဖ) ဝန်ကြီးများဖြစ်ကာ၇ယောက်မှာ ဒုဝန်ကြီးများဖြစ်သည်။ ၃ ယောက်မှာ တပ်မတော် ခေါင်းဆောင်များဖြစ်သည်။ [5]
စဉ် | ဝန်ကြီးဌာန | အမည် |
---|---|---|
၁ | ကာကွယ်ရေးဝန်ကြီးဌာန | ဗိုလ်ချုပ်ကျော်ညွန့် |
၂ | ဗိုလ်မှူးကြီးအောင်သော် | |
၃ | ပြည်ထဲရေးဝန်ကြီးဌာန | ဗိုလ်မှူးချုပ်ကျော်ဇံမြင့် |
၄ | နယ်စပ်ရေးရာဝန်ကြီးဌာန | ဗိုလ်ချုပ်ဇော်ဝင်း |
၅ | နိုင်ငံခြားရေးဝန်ကြီးဌာန | ဦးမောင်မြင့် |
၆ | ဒေါက်တာမျိုးမြင့် | |
၇ | ပြန်ကြားရေးဝန်ကြီးဌာန | ဦးစိုးဝင်း |
၈ | လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန | ဦးအုန်းသန်း |
၉ | ဦးခင်ဇော် | |
၁၀ | ဘဏ္ဍရေးနှင့်အခွန်ဝန်ကြီးဌာန | ဦးဝင်းသန်း |
၁၁ | ဆောက်လုပ်ရေးဝန်ကြီးဌာန | ဦးစိုးတင့် |
၁၂ | ဦးကျော်လွင် | |
၁၃ | အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန | ဒေါက်တာကံဇော် |
၁၄ | စီးပွားစယရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန | ဒေါက်တာပွင့်ဆန်း |
၁၅ | ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန | ဦးတင့်လွင် |
၁၆ | လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | ဦးဘုန်းဆွေ |
၁၇ | သမဝါယမဝန်ကြီးဌာန | ဦးသန်းထွန်း |
၁၈ | အလုပ်သမားဝန်ကြီးဌာန | ဦးမြင့်သိန်း |
၁၉ | ပို့ဆောင်ရေးဝန်ကြီးဌာန | ဦးဝင်းရှိန် |
၂၀ | ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန | ဦးဌေးအောင် |
၂၁ | အမှတ်(၁)စက်မှုဝန်ကြီးဌာန | ဦးသိန်းအောင် |
၂၂ | အမှတ်(၂)စက်မှုဝန်ကြီးဌာန | ဦးမျိုးအောင် |
၂၃ | ရထားပို့ဆောင်ရေးဝန်ကြီးဌာန | သူရဦးသောင်းလွင် |
၂၄ | ဦးသန့်ရှင်း | |
၂၅ | စွမ်းအင်ဝန်ကြီးဌာန | ဦးစိုူအောင် |
၂၆ | အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန | ဦးမြင့်ဇော် |
၂၇ | အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန | ဦးအောင်သန်းဦး |
၂၈ | ပညာရေးဝန်ကြီးဌာန | ဦးအေးကြူ |
၂၉ | ဦးဘရွှေ | |
၃၀ | ကျန်းမာရေးဝန်ကြီးဌာန | ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် |
၃၁ | ဒေါက်တာဝင်းမြင့် | |
၃၂ | ယဉ်ကျေးမှုဝန်ကြီးဌာန | ဒေါ်စန္ဒာခင် |
၃၃ | သာသနာရေးဝန်ကြီးဌာန | ဒေါက်တာမောင်မောင်ဌေး |
၃၄ | သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန | ဒေါက်တာကိုကိုဦး |
၃၅ | လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန | ဦးကျော်ကျော်ဝင်း |
၃၆ | အားကစားဝန်ကြီးဌာန | ဦးအေးမြင့်ကြူ |
၃၇ | မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန | ဦးဟန်စိန် |
၃၈ | ဦးချန်မောင် | |
၃၉ | မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန | ဦးခင်မောင်အေး |
အစိုးရအဖွဲ့ ပြောင်းလဲခြင်းများ
၂၀၁၁ခုနှစ်
၂၀၁၁ခုနှစ် ဩဂုတ်လ၁၀ရက်နေ့တွင် အမှတ် (၁)စက်မှုဝန်ကြီး ဦးကျော်စွာခိုင်ကို သမ္မတရုံးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့ကာ အမှတ်(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား အမှတ်(၁) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ တာဝန်ကိုပါ ပူးတွဲတာဝန်ထမ်းဆောင်စေခဲ့သည်။[8][9]ဒီဇင်ဘာ ၂ရက်နေ့တွင် အမှတ် (၁)နှင့် (၂) စက်မှုဝန်ကြီးဌာနတို့ကို စက်မှုဝန်ကြီးဌာနအဖြစ်ဖွဲ့စည်းကာ ဦးစိုးသိန်းမှာ ဝန်ကြီးဖြစ်လာသည်။[10]ထို့အပြင် ဦးတင်နိုင်သိန်း၏ မွေးမြူရေး၊ရေးလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဦးအုန်းမြင့်မှ ပူးတွဲတာဝန်ယူခဲ့ကာ သမဝါယမဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနဝန်ကြီးဖြစ်လာသည်။[11]
အစိုးရအဖွဲ့ အပြောင်းအလဲ (၂၀၁၂–၂၀၁၃)
၂၀၁၂ ခုနှစ် စက်တင်ဘာ ၄ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က သမ္မတရုံးဝန်ကြီးဌာန ၆ နေရာအပါအဝင် ဝန်ကြီးဌာန ၃၆ ခုထိခွင့်ပြုခဲ့သည်။ လျှပ်စစ် ၁ ဝန်ကြီး ဦးဇော်မြင့်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်တို့ကို နုတ်ထွက်ခွင့်ပေးခဲ့သည်။ ဩဂုတ် ၂၈ တွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်ကိုပါ နုတ်ထွက်ခွင့်ပေးခဲ့သည်။သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက်ကို ပြည်ထောင်စု စာရင်းစစ်ချုပ် ခန့်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဝေလွင်မှာ ကာကွယ်ရေးဝန်ကြီး ဖြစ်လာသည်။ ဦးအောင်ကြည်မှာ ပြန်ကြားရေးဝန်ကြီးဖြစ်လာပြီး ဦးကျော်ဆန်းမှာ သမဝါယမ ဝန်ကြီးဖြစ်လာသည်။ လျှပ်စစ် ၁ နှင့် ၂ ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းကာ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ကို ဖျက်သိမ်းခဲ့သည်။ဦးအောင်ကြည်၏ နေရာများအတွက် အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးတွင် ဦးမောင်မြင့်နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအတွက် ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်တို့ကိုခန့်အပ်ခဲ့သည်။ဒေါ်မြတ်မြတ်အုန်းခင်မှာ ပထမဆုံးအမျိုးသမီးဝန်ကြီးဖြစ်လာသည်။ဟိုတယ်/ခရီးဒုဝန်ကြီးဖြစ်သော ဦးအေးမြင့်ကြူက ယဉ်ကျေးမှုဝန်ကြီးဖြစ်လာသည်။ [12][13]
၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၆ တွင် ဆက်သွယ်ရေးဝန်ကြီးနှင့် သာသနာရေးဝန်ကြီးတို့ကို နုတ်ထွက်ခွင့်ပေးခဲ့သည်။ ဆက်သွယ်ရေးဝန်ကြီးဦးသိန်းထွန်း မှာ အစိုးရသစ်လက်ထက် အကျင့်ပျက်ခြစားမှုကြောင့် စစ်ဆေးခံရသော ပထမဆုံးဝန်ကြီးဖြစ်လာသည်။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်မှာ သာသနာရေးဝန်ကြီးဖြစ်လာသည်။ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ် မြတ်ဟိန်းမှာ ဆက်သွယ်ရေးဝန်ကြီးဖြစ်လာသည်။[14]
အစိုးရပြန်လည်ဖွဲ့စည်းခြင်း(၂၀၁၄)
၂၀၁၄ ခုနှစ် ဇွန်လ ၁၉ တွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်မှာ ရာထူးမှ ရပ်နားခံခဲ့ရပြီး တရားစွဲဆိုခံခဲ့ရသည်။ ဒုတိယဝန်ကြီး ဦးစိုးဝင်းမှာ ဝန်ကြီးဖြစ်လာသည်။[16] ၂၀၁၄ ခုနှစ် ဇူလိုင် ၂၉ တွင် ပြန်ကြားရေးဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးတို့မှာလည်း ရာထူးမှ ရပ်နားခံခဲ့ရသည်။[17] ထို့နောက် ဒုဝန်ကြီးများဖြစ်သောဦးရဲထွဋ် နှင့်ဒေါက်တာ သန်းအောင် တို့မှာ ဝန်ကြီးဖြစ်လာသည်။ပညာရေးဝန်ကြီး ဒေါက်တာမြအေး ဆုံးပါးပြီးနောက် ဒေါက်တာခင်စန်းရီမှာ ဝန်ကြီးဖြစ်လာသည်။ထို့နောက် သိပ္ပံနည်းပညာဝန်ကြီး ဒေါက်တာကိုကိုဦးပါဆုံးပါးသွား၍ ဝန်ကြီးဌာန၂ခုကို ပူးတွဲကိုင်ခဲ့ရသည်။[18]
ခေါင်းဆောင်များနှင့် ဝန်ကြီးများ
|
ထင်ရှားသော လုပ်ဆောင်ချက်များ
၂၀၁၁
- စက်တင်ဘာ ၃၀(မြစ်ဆုံဆည်)– စက်တင်ဘာ ၃၀ တွင် နိုင်ငံတော် သမ္မတ က ၎င်းတို့အစိုးရလက်ထက်တွင် မြစ်ဆုံ စီမံကိန်းအား ရပ်နားထားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာ ပို့ခဲ့သည်။[19]
- အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် လာရောက်ခြင်း (ဒီဇင်ဘာ ၁) – အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်သည် နေပြည်တော်သို့ လာရောက်ကာ အစိုးရအဖွဲ့ခေါင်းဆောင် ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။ နှစ် ၅၀ အတွင်း မြန်မာပြည်သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တစ်ဦး ပထမဆုံးလာရောက်ခြင်းဖြစ်သည်။
၂၀၁၂
- မြန်မာနိုင်ငံ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ (ဧပြီ ၁) – ရွေးကောက်ပွဲကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲကိုကျင်းပခဲ့ပြီး အတိုက်အခံခေါင်းဆောင် အောင်ဆန်းစုကြည် နှင့် သူ၏ပါတီအား လွှတ်တော် အတွင်းဝင်ရောက်စေနိုင်ခဲ့သည်။
- ကုလ ညီလာခံ၌ မိန့်ခွန်းပြောခြင်း (၂၇ စက်တင်ဘာ)- ဦးသိန်းစိန်သည် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောခဲ့သည်။ [20]
- ဘာရက် အိုဘားမား လာရောက်ခြင်း(နိုဝင်ဘာ ၁၉)– အမေရိကန်နိုင်ငံ သမ္မတ ဘာရက်အိုဘားမားသည် ရန်ကုန်သို့ တစ်ရက်ကြာလာရောက်ခဲ့ပြီး ဦးသိန်းစိန်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ တွေ့ဆုံခဲ့သည်။ သူသည် မြန်မာနိုင်ငံသို့ လာရောက်သော ပထမ ဆုံး အမေရိကန်သမ္မတ ဖြစ်လာသည်။
၂၀၁၃
- ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ – အစိုးရအဖွဲ့ သည် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ခမ်းနားစွာကျင်းပခဲ့သည်။ ၎င်းပွဲသည် ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲ အပြီး ၄၄ နှစ်အကြာမှ ပြန်လည်ကျင်းပခြင်းဖြစ်သည်။နေပြည်တော်၊ရန်ကုန်၊မန္တလေးနှင့် ငွေဆောင်၌ကျင်းပခဲ့သည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ဖွင့်ပွဲအခမ်းအနားနှင့် ၂၂ ရက်နေ့၌ ပိတ်ပွဲအခမ်းအနား တို့ကို လှပသော မီးပန်းများ၊ အဆင့်မြင့် နည်းပညာများ၊ သုံးဖက်မြင် စတိတ်စင်၊ များပြားလှသော လုပ်အားပေးမောင်မယ်တို့၏ ပုံဖော်မှုများဖြင့် ကြီးကျယ်ခမ်းနားလှပစွာ ကျင်းပခဲ့သည်။ ၎င်းပွဲများသည် မြန်မာ့သမိုင်း၌ အကြီးကျယ်ဆုံးသောပွဲများ ဖြစ်သည်။
၂၀၁၄
- ၇ ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ– ၂၀၁၄ခုနှစ် အာဆီယံ ပါရာဂိမ်းစ်ကို ၂၇ ကြိမ်မြောက်ဆီးဂိမ်းစ် အပြီး ဇန်နဝါရီလ ၁၄ ရက်မှ ၂၀ ရက်အထိကျင်းပခဲ့သည်။
- ၉ ကြိမ်မြောက် အရှေ့အာရှနိုင်ငံများ အစည်းအဝေး (၉~၁၃ နိုဝင်ဘာ) – အစိုးရအဖွဲ့သည် ၉ကြိမ်မြောက် အရှေ့အာရှနိုင်ငံများ အစည်းအဝေးကို လက်ခံကျင်းပခဲ့သည်။
- အာဆီယံဥက္ကဋ္ဌနှင့် အစည်းအဝေးများ – အစိုးရအဖွဲ့ခေါင်းဆောင် ဦးသိန်းစိန်သည် ၂၄ ကြိမ်(၄~၅ မေ)နှင့် ၂၅ ကြိမ်မြောက် (၁၂~၁၃ နိုဝင်ဘာ) အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို ဥက္ကဋ္ဌအဖြစ် လက်ခံကျင်းပခဲ့သည်။ အာဆီယံခေါင်းဆောင်များသည် အာဆီယံ အသိုက်အဝန်း(၂၀၁၅) အကြို နေပြည်တော်ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြသည်။
၂၀၁၅
- ဗိုလ်ရှုသဘင် (ဇန်နဝါရီ ၄ရက်)- နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သမ္မတ တစ်ဦး၏ သက်တမ်း၌ တစ်ကြိမ်သာ ကျင်းပသည့် ဗိုလ်ရှုသဘင်အခမ်းအနားကို ပြန်လည်ကျင်းပခဲ့သည်။
- တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(အောက်တိုဘာ၁၅ရက်)- မြန်မာ့ငြိမ်းချမ်းရေး၏မှတ်ကျောက်တစ်ခုဖြစ်သောတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ဆက်စပ်ကြည့်ရန်
ကိုးကား
- "ပြည်ထောင်စုဝန်ကြီးများခန့်အပ်တာဝန်ပေးခြင်း (အမိန့်အမှတ် ၄/၂ဝ၁၁)(၃၀-၃-၂၀၁၁)"၊ နိုင်ငံတော်သမ္မတရုံး၊ ၃၀ မတ် ၂၀၁၁။
- Wai Moe။ "Thein Sein and Cabinet Scheduled to be Sworn in on Wednesday"၊ The Irrawaddy၊ 29 March 2011။ 19 August 2011 တွင် ပြန်စစ်ပြီး။
- Ahunt Phone Myat။ "Major government overhaul underway"၊ Democratic Voice of Burma၊ 9 February 2011။ 19 August 2011 တွင် ပြန်စစ်ပြီး။
- "Correction: Myanmar President Forms 30-member Cabinet"၊ RTT News၊ 9 February 2011။ 19 August 2011 တွင် ပြန်စစ်ပြီး။
- Thein Sein။ "Union Minister Reshuffled"၊ New Light of Myanmar၊ 10 August 2011။ 21 August 2011 တွင် ပြန်စစ်ပြီး။
- ပြည်ထောင်စုအစိုးရအဖွဲ့ဖွဲ့စည်းခြင်း (ကြေညာချက်အမှတ် ၁/၂ဝ၁၁)။ နိုင်ငံတော်သမ္မတရုံး (၃၀ မတ် ၂၀၁၀)။
- ဒုတိယဝန်ကြီးများခန့်အပ်တာဝန်ပေးခြင်း(အမိန့်အမှတ် ၁၃/၂ဝ၁၁)(၃၀-၃-၂၀၁၁))။ နိုင်ငံတော်သမ္မတရုံး (၃၀ မတ် ၂၀၁၀)။
- "ဝန်ကြီးဌာနတာဝန်ပူးတွဲထမ်းဆောင်စေခြင်း (အမိန့်အမှတ်၊၄၆/၂ဝ၁၁)(၁၀-၈-၂၀၁၁)"၊ နိုင်ငံတော်သမ္မတရုံး၊ ၁၀ ဩဂုတ် ၂၀၁၁။
- "ပြည်ထောင်စုဝန်ကြီးပြောင်းလဲတာဝန်ပေးခြင်း (အမိန့်အမှတ်၊၄၅/၂ဝ၁၁)(၁၀-၈-၂၀၁၁)"၊ နိုင်ငံတော်သမ္မတရုံး၊ ၁၀ ဩဂုတ် ၂၀၁၁။
- "ပြည်ထောင်စုဝန်ကြီးပြောင်းလဲတာဝန်ပေးခြင်း (အမိန့်အမှတ်၊၅ဝ/၂ဝ၁၁) (၂-၁၂-၂၀၁၁)"၊ နိုင်ငံတော်သမ္မတရုံး၊ ၂ ဒီဇင်ဘာ ၂၀၁၁။
- "ပြည်ထောင်စုဝန်ကြီးများပြောင်းလဲတာဝန်ပေးခြင်း (အမိန့်အမှတ်၊၅၁/၂ဝ၁၁) (၂-၁၂-၂၀၁၁)"၊ နိုင်ငံတော်သမ္မတရုံး၊ ၂ ဒီဇင်ဘာ ၂၀၁၁။
- BBC News – Burma president announces cabinet reshuffle။ Bbc.co.uk (27 August 2012)။ 13 February 2014 တွင် ပြန်စစ်ပြီး။
- You must specify title = and url = when using {{cite web}}.။ 6 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 September 2012 တွင် ပြန်စစ်ပြီး။
- Latt၊ Win Ko Ko။ "Air Force boss to take over telecoms"၊ The Myanmar Times၊ 11 February 2013။ 13 February 2013 တွင် ပြန်စစ်ပြီး။
- You must specify title = and url = when using {{cite web}}.။ 13 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 February 2013 တွင် ပြန်စစ်ပြီး။
- MPs agree on religious affairs minister replacement။ Ei Ei Toe Lwin။ 4 July 2014 တွင် ပြန်စစ်ပြီး။
- Myanmar information and health ministers step down | Mail Online။ Dailymail.co.uk။ 29 July 2014 တွင် ပြန်စစ်ပြီး။
- Who is Ye Htut?။ The Nation (31 July 2014)။ 1 August 2014 တွင် ပြန်စစ်ပြီး။
- Burma Dam။
- Thein Sein at UN General Assembly။