၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား
၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းတွင် ကျင်းပခဲ့သည်။
အချိန် | ညနေ၆:၀၀~၉:၃၀ |
---|---|
နေ့ရက် | ၂၂ ဒီဇင်ဘာ ၂၀၁၃ |
တည်နေရာ | ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊နေပြည်တော် |
ဧည့်သည်တော်များ
ပြည်တွင်း
- နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း
- ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုန်
- ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်
- ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး ဒေါ်ခင်လေးသက်
- အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဇနီး ဒေါ်ခင်ပြုံး
- တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ
- ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများ
- ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ
ပွဲအတွင်းပါဝင်သူများ
အခမ်းအနားမှူး
- ကိုဇော်မျိုးဦး
- မချောစုစုကြည်
- မအိမ့်ဖူးဖူးအောင်
- မအေးအေးမြတ်
အစီအစဉ်တင်ဆက်သူ
- ကိုဆွေဟိန်း
- မစုယမင်း
အနုပညာရှင်များ
- စိုင်းစိုင်းခမ်းလှိုင်
- ဖြိုးကြီး
- ထူးအယ်လင်း
- ဟဲလေး
- ဒီယံ
- ဝေလျှံ
- ဘန်နီဖြိုး
- မေဆွိ
- မေခလာ
- ဆုန်သင်းပါရ်
- ယုဇန
- နီနီခင်ဇော်
- ခေမီကို
- မေသက်ထားဆွေ
- အန်နီရှိုင်း
- အက်စတာဒွေး
- မင်းချစ်သက်
အခမ်းအနားအစီအစဉ်များ
အခမ်းအနားကို အစီအစဉ် (၁၄)ခုဖြင့် တင်ဆက်ခဲ့သည်။
ပထမပိုင်း
- မီးပွင့်များဖြင့် အခမ်းအနားစတင်ခြင်း
- ဖျော်ဖြေရေးအစီအစဉ်များ တင်ဆက်ခြင်း
ဒုတိယပိုင်း
- အားကစားသမားများ နေရာယူခြင်း
- အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီမှ အထိမ်းအမှတ်လက်ဆောင် ပေးအပ်ခြင်း
- အားကစားဝန်ကြီးမှ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပခဲ့ခြင်းဆိုင်ရာများများ ရှင်းလင်းတင်ပြခြင်း
- ဒုတိယသမ္မတမှ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ပိတ်သိမ်းခြင်း
- ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ-မြန်မာအလံနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံများကို ဦးစွာလျှောချပြီး စင်ကာပူသမ္မတနိုင်ငံ နိုင်ငံတော်အလံကိုလွှင့်တင်ခြင်း
- အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံလွှဲပြောင်းပေးအပ်ခြင်း
- အားကစားသမားများ ပြန်လည်ထွက်ခွာခြင်း
- စင်ကာပူသမ္မတနိုင်ငံမှ ဖျော်ဖြေတင်ဆက်ခြင်း
- ပြန်ဆုံမယ် အစီအစဉ်ဖြင့်တင်ဆက်ခြင်း
- သမ္မတကြီးနှင့်ဇနီးတို့ ပြန်လည်ထွက်ခွာခြင်း
- တေးသံသာအစီအစဉ်ဖြင့် တင်ဆက်ခြင်း
- ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား ပြီးမြောက်ကြောင်း ကြေညာခြင်း
ပိတ်ပွဲအခမ်းအနား
၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားမစတင်မီ ညနေ၅နာရီအချိန်ခန့်က အစီအစဉ်တင်ဆက်သူများဖြစ်ကြသည့် ကိုဆွေဟိန်းနှင့် မစုယမင်းတို့က ပဋိသန္တာရစကားဖြင့် ဧည့်ခံဖျော်ဖြေကြသည်။ ထို့နောက်အနုပညာရှင်များ၏ တေးသံသာအစီအစဉ်ဖြင့် တင်ဆက်ခဲ့သည်။
ရောင်စုံဥယျာဉ် |
|
ရင်းနှီးချစ်ကြည် နှုတ်ဆက်သည် | ယုဇန |
အာရှမြန်မာ |
|
တို့ရဲ့ဆီးဂိမ်း |
|
We can do it |
|
သွေးကပြောသောသစ္စာ |
|
ငြိမ်းချမ်းပါစေ |
|
ထို့နောက် ညနေ၆နာရီခန့်အချိန်တွင် ပဏာမအစီအစဉ်ပြီးဆုံး၍ ပထမပိုင်းအစီအစဉ်ကို အခမ်းအနားမှူးများအဖြစ် ကိုဇော်မျိုးဦးနှင့် မချောစုစုကြည်တို့က ဆောင်ရွက်ခဲ့သည်။ ညနေ၆နာရီတွင် သမ္မတကြီးဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် စည်တော်ကြီးနှင့်အတူ မီးရှုးမီးပန်းများဖြင့် ပစ်ဖောက်ကြိုဆိုခဲ့သည်။ ထို့နောက်အခမ်းအနားအစီအစဉ်များကို ကြေညာခဲ့သည်။
ထို့နောက် ပထမဆုံးအစီအစဉ်အဖြစ် ပိတ်ပွဲအခမ်းအနားကို ကျောင်းသား ၁၅၀၀၏ မီးပွင့်များဖြင့် "We Can Do"ဟူသော စာတမ်းကိုပုံဖော်ခြင်းဖြင့်စတင်ခဲ့သည်။မြန်မာနိုင်ငံအနေဖြင့် ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အောင်မြင်စွာလက်ခံကျင်းပနိုင်ခဲ့ပြီဖြစ်၍ "ငါတို့လုပ်နိုင်တယ်"ဟူသော အဓိပ္ပါယ်ဖြင့် တင်ဆက်ခဲ့ခြင်းဖြစ်သည်။ထိုစဉ် ကွင်းအပေါ်မှ မီးရှုးမီးပန်းများ ပစ်ဖောက်ခဲ့သည်။
အစီအစဉ် ၂ တွင် ဖျော်ဖြေရေးအစီအစဉ် (၅) ခုဖြင့် တင်ဆက်ခဲ့သည်။
- ပထမဆုံး "အားမာန်ဝင့်ချီရှေ့သို့ဆီ" အစီစဉ်ဖြင့်တင်ဆက်ခဲ့သည်။မြန်မာနိုင်ငံ၏ အနာဂတ်ကိုဆက်လက်တာဝန်ယူကြမည့် မျိုးဆက်သစ်များအနေဖြင့် ဖျတ်လတ်တက်ကြွမှု၊အားမာန်ပြည့်ဝမှု၊စည်းလုံးညီညွတ်မှုနှင့် ကာယ၊ဉာဏစွမ်းအင်များပိုင်ဆိုင်ထားကြသည်။ခေတ်စနစ်တိုင်းတွင် လူငယ်များကိုပြုစုပျိုးထောင်ခြင်းသည် သမိုင်းပေးတာဝန်ကိုထမ်းဆောင်ခြင်းဖြစ်သည်။ရိုးသားတက်ကြွပြီး ဖျတ်လတ်တက်ကြွသော လူငယ်တို့၏အားမာန်ကို ဂုဏ်ပြုတင်ဆက်ထားသော အစီအစဉ်ဖြစ်သည်။ဤအစီအစဉ်တွင် မန္တလေးမြို့မှ အ.ထ.က (၁၆)နှင့် အ.ထ.က (၈)တို့မှ ကျောင်းသား၊ကျောင်းသူလေးများ၏ ဘင်ခရာတပ်ဖွဲ့များနှင့်ဆင်ဆက်ခဲ့သည်။
- ဒုတိယမြောက်အဖြစ် "တို့မြန်မာ့ခြင်းလုံး" အစီအစဉ်ဖြစ်သည်။မြန်မာ့ခြင်းလုံးအားကစားနည်းမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ခန့်ကအခြေပြုခဲ့ပြီး မြန်မာ့ရိုးရာအားကစားနည်းဖြစ်သည်။၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပထမဆုံးအနေဖြင့် ထည့်သွင်းကျင်းပခဲ့သည်။အားကစားသမားအချင်းချင်း ချစ်ခင်ညီညွတ်စွာပူးပေါင်းဆောင်ရွက်စေတတ်သော အလေ့အကျင့်ကောင်းများရရှိစေသည့် ခြင်းလုံးအားကစားနည်းကို ဂုဏ်ယူစွာတင်ဆက်ထားခြင်းဖြစ်သည်။ဤအစီအစဉ်တွင် မြန်မာ့ဂုဏ်ဆောင်ရွှေတံဆိပ်ဆုရှင်များ၏ ဖျော်ဖြေမှုနှင့်အတူ ကလေးငယ်များ၊လူငယ်များ၏ခြင်းလုံးကစားမှုများ တင်ဆက်ထားသည်။
- ဆက်လက်ပြီး "ဆင်ရတနာအက" ကိုတင်ဆက်ခဲ့သည်။မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ဆင်ရတနာအကကို ယခုထက်တိုင်မြတ်နိုးစွာတင်ဆက်နေကြသည်။ထူးခြားလှသော လက်မှုပညာ အရုပ်ကြီးများနှင့် ရိုးရာအကတို့ကို တန်ဖိုးထားတတ်ကြစေရန်တင်ဆက်ခဲ့သည်။
- စတုတ္ထမြောက်အဖြစ် "ရောင်စုံပန်းများ၏မြစ်ကြေးမုံ" အစီအစဉ်ဖြင့်တင်ဆက်ခဲ့သည်။မြန်မာနိုင်ငံ မြောက်ဖျားပိုင်းရှိမြင့်မားလှသော ရေခဲတောင်ကြီးများနှင့် မြန်မာနိုင်ငံတောင်ဖျားပိုင်းရှိ ကျယ်ပြောလှသောပင်လယ်ပြာကြီးများကို မြစ်ကြီးများဖြင့်ဆက်သွယ်ထားသည်။တိုင်းရင်းသားများအားလုံး၏ ဖြစ်တည်မှု၊ယဉ်ကျေးမှု၊စည်းလုံးညီညွတ်မှု၊စုစည်းနေထိုင်မှုများကို မြစ်ကြီးများက ပုံပြင်တစ်ပုဒ်သဖွယ်ပြောပြနေပုံကို တင်ဆက်ထားသည်။
- နောက်ဆုံးအနေဖြင့် "ထာဝရမြန်မာ"ကိုတင်ဆက်ခဲ့သည်။တိုင်းရင်းသားလူမျိုးများနှင့်ဖွဲ့စည်းတည်ထောင်ထားသည့် မြန်မာနိုင်ငံကြီးအတွင်းတွင် တစ်မြေတည်းနေတစ်ရေတည်းသောက် အတူတကွလက်တွဲနေထိုင်ခဲ့ကြသောတိုင်းရင်းသားတို့၏ ချစ်ကြည်သွေးစည်းမှုကို ဂုဏ်ပြုတင်ဆက်ထားသည်။ဤအစီအစဉ်တွင် အမျိုးသားတေးသံရှင်တစ်ဦးနှင့်အတူ တေးသံရှင်နီနီခင်ဇော်မှ တင်ဆက်ခဲ့သည်။
ထို့နောက်ပထမပိုင်းအစီအစဉ် ပြီးဆုံးခဲ့သည်။ဒုတိယပိုင်း အစီအစဉ်များအတွက် အခမ်းအနားမှူးများအဖြစ် မအေးအေးမြတ်နှင့် မအိမ့်ဖူးဖူးအောင်တို့က ဆောင်ရွက်ခဲ့သည်။
အစီအစဉ်၃အရ အားကစားသမားများဝင်ရောက်လာကြသည်။အလံကိုင်တပ်ဖွဲ့မှပထမဆုံးဝင်ရောက်လာအပြီး နိုင်ငံတော်ဘင်ခရာတပ်ဖွဲ့၏ဦးဆောင်ချီးတက်မှုနှင့်အတူ အားကစားအဖွဲ့ချုပ်အသီးသီးမှ အားကစားသမားများဝင်ရောက်လာကြသည်။၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်းပေါင်း၃၃မျိုးကိုကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံအသီးသီးမှအားကစားသမားပေါင်း ၄၆၄၂ဦးပါဝင်ယှဉ်ပြိုင်ခဲ့သည်။ရေကူးအားကစားမှစ၍ ဝူရှုးအားကစားအထိ အားကစားနည်းတစ်မျိုးစီလိုက်ဝင်ရောက်လာခဲ့ကြသည်။နောက်ဆုံးတွင် မြန်မာနိုင်ငံ၏ ဂုဏ်ကိုမြှင့်တင်ပေးခဲ့ကြသော မြန်မာ့အားကစားသမားရွှေတံဆိပ်ဆုရှင် ၈၅ဦးမှဦးစွာဝင်ရောက်လာကြသည်။ထို့နောက် ငွေတံဆိပ်ဆုရှင် ၆၂ဦး၊ကြေးတံဆိပ်ဆုရှင် ၈၅ဦးတို့ အသီးသီးဝင်ရောက်လာကြသည်။ထိုအချိန်တွင် သမ္မတကြီး၊ဇနီးနှင့်တကွ ပရိသတ်များအားလုံးက တခဲနက်ကြိုဆိုအားပေးခဲ့ကြသည်။နောက်ဆုံးတွင် အာဆီယံနိုင်ငံများကို ကိုယ်စားပြုသော လာဘ်ကောင်အသီးသီးတို့ဝင်ရောက်လာသည်။
အစီအစဉ်၄အရ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် မစ္စတာအွန်ဆမ်းမြိုင်မှ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားဝန်ကြီးဦးတင့်ဆန်းထံသို့ ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အထိမ်းအမှတ်လက်ဆောင်ပေးအပ်ခဲ့သည်။
အစီအစဉ်၅အရ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းမှ ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲဆိုင်ရာများကိုရှင်းလင်းတင်ပြခဲ့သည်။ဝန်ကြီးက ယခုအချိန်မှာ ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်၍ ယခုအချိန်တွင် ပိတ်ပွဲကိုကျင်းပနေကြောင်း၊ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့်ဂုဏ်သိက္ခါအပြည့်နှင့်ယှဉ်ပြိုင်ခဲ့ကြောင်း၊ပြိုက်ပွဲဝင်အသင်းများသည် ဘာသာစကား၊ရိုးရာဓလေ့များမတူသော်လည်း ချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးစွာပါဝင်ယှဉ်ပြိုင်ခဲ့၍ အာဆီယံနိုင်ငံများ၏စည်းလုံးမှုကိုတွေ့နိုင်ကြောင်း၊ဒိုင်၊ဂျူရီများ အားကစားသမားများ၊ကူညီပေးခဲ့ကြသော မိတ်ဆွေနိုင်ငံများကို ဦးစီးကော်မတီကိုယ်စားကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ထို့နောက် ဆက်လက်၍ အားကစားပြိုင်ပွဲတစ်လျောက်လုံး ကဏ္ဍအသီးသီးတွင် ပါဝင်ကူညီခဲ့ကြသော လုပ်အားပေးမောင်မယ်များကိုကျေးဇူးတင်ရှိကြောင်းပြောကြားရာ လက်ခုပ်သံများနှင့်ဆူညံသွားသည်။ပြိုင်ပွဲဝင်အားကစားသမားများကို ကိုယ်တိုင်ကိုယ်ကျသော်လည်းကောင်း၊ရုပ်မြင်သံကြားနှင့်ledဘုတ်များမှလည်းကောင်း မျိုးချစ်စိတ်နှင့်အားပေးခဲ့ကြသော ပြည်သူပြည်သားများကိုလည်းကျေးဇူးတင်ကြောင်း၊နိုင်ငံတော်၏ဂုဏ်သိက္ခါအတွက် ဆုတံဆိပ်များဆွတ်ခူးခဲ့သော အားကစားသမားများကိုလည်း ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။
အစီအစဉ် ၆ အရ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကိုယ်စား ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းမှ ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ပိတ်သိမ်းပေးရာတွင် ပြိုင်ပွဲကျင်းပရေးကော်မတီအသီးသီးမှ ပုဂ္ဂိုလ်များ၊လက်ရွေစင်အားကစားမောင်မယ်များ၊တပ်မတော်နှင့်ရဲတပ်ဖွဲ့မှ အရာရှိစစ်သည်များ၊နိုင်ငံဝန်ထမ်းများ၊အနုပညာရှင်၊အတတ်ပညာရှင်များ၊လှူရှင်များ၊ဆက်ဆံရေး လုပ်အားပေးလူငယ်များ၊ကျောင်းသား၊ကျောင်းသူ လူငယ်များ၏အင်အားဖြင့် ရာစုဝက်နီးပါးကြာမှ လက်ခံကျင်းပခွင့်ရသည့် ဤအားကစားပြိုင်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊အမိနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများကို ထင်ဟပ်စေသော ဖျော်ဖြေမှုများမှတစ်ဆင့် မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာသို့ပြသနိုင်ခဲ့ကြောင်း၊မြန်မာ့မြေပေါ်တွင် ရက်သတ္တပတ် ၂ပတ်ကျော်အတူတကွရှိခဲ့ရာမှ မကြာမီနှုတ်ဆက်ရတော့မည်ဖြစ်ကြောင်း၊တစ်ဆက်တည်း ၂၀၁၄နှစ်ဦးတွင် ကျင်းပမည့် ၇ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားမောင်မယ်များကိုလည်း အောင်မြင်ပါစေကြောင်း၊နိုင်ငံအသီးသီးမှ ဧည့်သည်တော်များ၊နည်းစနစ်ဒါရိုက်တာများနှင့် ဒိုင်၊ဂျူရီများ၊ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် ကူညီခဲ့ကြသော ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များ၊မျှတသန့်ရှင်းစွာ ယှဉ်ပြိုင်ခဲ့သည့်အားကစားသမားများနှင့် တစ်ခဲနက်အားပေးခဲ့ကြသော မိဘပြည်သူများကို ကျေးဇူးတင်ဂုဏ်ပြပါကြောင်းပြောကြားရင်း "ကျင်းပလျက်ရှိတဲ့ ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ယခုအချိန်မှစ၍ ပိတ်သိမ်းကြောင်းကြေညာလိုက်သည်။" ဟုပြောကြားကာ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို တရားဝင်ပိတ်သိမ်းပေးခဲ့သည်။ ထိုအချိန်တွင် မီးရှုးမီးပန်းများဖြင့် ပစ်ဖောက်ခဲ့ပြီး မီးရှုးတိုင်ကို တဖြည်းဖြည်းလျှော့ချခဲ့သည်။
အစီအစဉ်၇တွင် ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်မြင်စွာကျင်းပပြီးဖြစ်၍ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ-မြန်မာအလံ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံများကို အလံတိုင်ထိပ်မှဦးစွာ လျှောချခဲ့သည်။ထို့နောက် ၂၈ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပမည့် စင်ကာပူသမ္မတနိုင်ငံ၏အလံကို လွှင့်တင်ခဲ့သည်။
အစီအစဉ်၈အရ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံကို ၂၈ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကိုလက်ခံကျင်းပမည့် စင်ကာပူသမ္မတနိုင်ငံမှ ကိုယ်စားလှယ် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး၊စင်ကာပူအမျိုးသားအိုလံပစ်ကောင်စီအဖွဲ့ဝင် မစ္စတာတန်ချင်းကြောင် အားမြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှလွှဲပြောင်းပေးအပ်ခဲ့သည်။
အစီအစဉ်၉တွင် အားကစားသမားများပြန်လည်ထွက်ခွာခဲ့သည်။
အစီအစဉ်၁၀အရ ၂၈ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အိမ်ရှင်နိုင်ငံဖြစ်သော စင်ကာပူသမ္မတနိုင်ငံမှဖျော်ဖြေတငိဆက်ခဲ့သည်။
အစီအစဉ်၁၁အရ "ပြန်ဆုံမယ်"အစီအစဉ်ဖြင့်ဖျော်ဖြေတင်ဆက်ခဲ့သည်။၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကိုလာရောက်ခဲ့ကြသော ဧည့်သည်တော်များအနေဖြင့် မြန်မာနိုင်ငံကိုအမှတ်ရနေစေရန် တင်ဆက်ထားသည်။ဤအစီအစဉ်တွင် တေးသံရှင် ရာဇာငယ်နှင့် နီနီခင်ဇော်တို့မှ သီဆိုခဲ့ကြသည်။နောက်ခံ LEDဘုတ်တွင် ဖွင့်ပွဲအခမ်းအနားနှင့် ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ကျင်းပခဲ့ပုံများကိုတင်ဆက်ထားသည်။ကွင်းအလယ်တွင် ကျောင်းသား၊ကျောင်းသူလေးများက ပုံဖော်ခြင်း၊အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်နိုင်ငံများ၏ အလံများကိုင်မြောက်ခြင်းများဖြင့် တင်ဆက်ခဲ့ပြီးအဆုံးပိုင်းတွင် ဖွင့်ပွဲ၊ပိတ်ပွဲတွင် တင်ဆက်ခဲ့သူများကွင်းအတွင်းဝင်ရောက်လာကြပြီး အရှေ့တောင်အာရှအားကစားပြိုင်ပွဲအမှတ်တံဆိပ်ကို ပုံဖော်ခဲ့ကြသည်။နောက်ဆုံးတွင် နောက်ခံLEDဘုတ်တွင် "See You in Singapore"ဟူသောစာတမ်းနှင့်အတူ မြန်မာနိုင်ငံ၏ ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးဆိုင်ရာများ ပြီးဆုံးခဲ့သည်။
အစီအစဉ် ၁၂ အရ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ ပြန်လည်ထွက်ခွာခဲ့သည်။
အစီအစဉ် ၁၃ တွင် တေးသံသာအစီအစဉ် တင်ဆက်ခဲ့သည်။
Win the Day | နီနီခင်ဇော် |
ခြိမ့်သဲနွှဲပျော် ဆီးဂိမ်းပွဲတော် | ခေမီကို |
မရိုးသောမြနန္ဒါ ချစ်သောလက်တီး | ရာဇာငယ်၊နီနီခင်ဇော်၊ခေမီကို၊မေသက်ထားဆွေ၊အက်စတာဒွေး၊အန်နီရှိုင်း၊မင်းချစ်သက် |
အစီအစဉ် ၁၄ အရ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာခဲ့သည်။[1]
ဆက်စပ်ကြည့်ရှုရန်
ကိုးကား
- Good night and good luck, the flame is extinguished on the 27th Games။ 27seagames2013.com/။ 26 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။