ဘန်နီဖြိုး

ဘန်နီဖြိုး(၉​ဇူလိုင်​ ၁၉၉၂တွင်မွေးဖွား​)​သ​ည်မြန်မာနိုင်ငံသား အဆိုတော်၊ တေးရေးနှင့် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အမည်ရင်းမှာ ပြည့်ဖြိုးပိုင်ဖြစ်သည်။

ဘန်နီဖြိုး၏ Light Stick
ဘန်နီဖြိုး
Bunny Phyoe
အမည်ရင်းပြည့်ဖြိုးပိုင်
မွေးဖွား (1992-07-09) ၉ ဇူလိုင်၊ ၁၉၉၂
ရန်ကုန်မြန်မာ
ဂီတဟန်
အလုပ်အကိုင်တေးရေးရုပ်ရှင်သရုပ်ဆောင်
တက်ကြွသည့်နှစ်များ၂၀၀၈–လက်ရှိ
ပူးတွဲ ပါဝင်မှုFrenzo
ဝက်ဘ်ဆိုက်bunnyphyoe.com

ငယ်ဘဝနှင့်ပညာရေး

ဘန်နီဖြိုးကို ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့၌ဦးရဲဝင်းနှင့်​ဒေါ်တင်အေးမွန်ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၂ ယောက်ရှိသည့်အနက် အကြီးဆုံးသားဖြစ်သည်။ ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၆ အခြေခံပညာ မူလတန်းကျောင်း၌ ပညာသင်ကြားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၁၀ တန်းစာမေးပွဲအောင်မြင်ခဲ့သည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ အင်္ဂလိပ်စာအထူးပြုဖြင့် ဘွဲ့ရခဲ့သည်။

အနုပညာလုပ်ငန်းများ

အဆိုတော်ဘဝအစ

ဘန်နီဖြိုးသည် ငယ်စဉ်ကတည်းက ဂီတကို ခုံမင်ရူးသွပ်ခဲ့သူဖြစ်ပြီး ၄ တန်းအရွယ်၌ သီချင်းများ စမ်းသပ်​ရေးသားခဲ့ပြီး အဆိုတော် Rဇာနည်ငါ့ကိုချစ်မယ့်သူ သီချင်းအယ်လ်ဘမ်မှ တစ်ယောက်တည်းသီချင်းအားလည်း Rap စာသားအချို့ထည့်သွင်းကာ ကိုယ်ပိုင်ဟန်ဖြင့် ပြန်လည်ရေးသားခဲ့သည်။ သူသည် ၂၀၀၀ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်များတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု၊ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

၂၀၀၈ခုနှစ်နှင့် ၂၀၀၉ခုနှစ် ဝန်းကျင်တွင် နှစ်ပတ်လည်'အလွမ်း​ပြေအနမ်းသီချင်းများ အွန်လိုင်းသီချင်းများတွင် ပျံ့နှံ့ခဲ့ပြီး လူစတင်သိလာခဲ့သည်။၂၀၁၀ပြည့်နှစ်တွင် ဖရန်ဇို (frenzo production)နှင့် ဘိုဘို (Bo Bo Entertainment)တို့မှ ပူး​ပေါင်းထုတ်လုပ်​သော ​​ပျော်စရာကြီးအယ်လ်ဘမ်တွင် ပါဝင်သီဆိုခဲ့သည်။

တစ်ကိုယ်​တော်အယ်လ်ဘမ်

၂၀ နိုဝင်ဘာ ၂၀၁၁ခုနှစ်တွင် ပွဲဦးထွက်အဖြစ် ပထမဆုံး​သော တစ်ကိုယ်​တော်အယ်လ်ဘမ် ချစ်တယ်ဟုတ်၏ ​အော်ဒီယို စီဒီ(audio CD) ထွက်ရှိခဲ့သည်။၁၉ ဒီဇင်ဘာ ၂၀၁၂ခုနှစ်တွင် ချစ်တယ်ဟုတ်၏ MVထွက်ရှိခဲ့သည်။၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၁ရက်​နေ့တွင် ဒုတိယ​မြောက် တစ်ကိုယ်​တော်အယ်လ်ဘမ်ဖြစ်​သော လူပျိုလှည့်​တေးထွက်ရှိခဲ့သည်။၂၀၁၄ခုနှစ်တွင် my little birthday treatအမည်ဖြင့် သီချင်း၃ပုဒ်အား အွန်လိုင်းမှတင်ခဲ့ပြီး သူငယ်ချင်းဖြစ်သူ ကိကိနှင့်တွဲဖက်၍ Duoအယ်လ်ဘမ် ထွက်ရှိခဲ့သည်။၂၀၁၅ခုနှစ် ​အောက်တိုဘာလတွင် လူပျိုလှည့်​တေး၏ MVထွက်ရှိခဲ့သည်။

ပထမဆုံး အယ်လ်ဘမ်ထွက်ရှိခြင်း ၅နှစ်ပြည့်ဖြစ်​သော ၂၀၁၆ နိုဝင်ဘာလ ၂၀ရက်​နေ့တွင် တတိယ​မြောက်တစ်ကိုယ်​တော် အယ်လ်ဘမ် Luckyထွက်ရှိခဲ့သည်။ထိုအယ်လ်ဘမ်အတွက် MVအား သီးသန့်အယ်လ်ဘမ်မထွက်ရှိခဲ့ဘဲ သီချင်းအချို့ကိုသာ အွန်လိုင်းမှ တင်​ပေးခဲ့သည်။၂၀၁၈ခုနှစ် ဇူလိုင်လ ၇ရက်​နေ့တွင် ​စတုတ္ထ​မြောက်အဖြစ် Neon Dreamsအယ်လ်ဘမ်ထွက်ရှိခဲ့သည်။ဤ အ​ခွေအား ရိုးရိုးအယ်လ်ဘမ်နှင့် အထူးထုတ်အယ်လ်ဘမ် Dreamers Editionဟူ၍ ၂မျိုးထွက်ရှိခဲ့သည်။

တစ်ကိုယ်​တော်အယ်လ်ဘမ်များတွင် မပါဝင်​​သော သီချင်းအချို့ကိုလည်း အွန်လိုင်းမှတစ်ဆင့် ဖြန့်​ဝေထား​သေးသည်။

လက်ရှိ

ဘန်နီဖြိုးသည် ​စိုင်းစိုင်းခမ်းလှိုင်၏ ​မွေး​နေ့​ဖျော်​ဖြေပွဲများတွင် ဆက်တိုက် ပါဝင်​ဖျော်​ဖြေခဲ့ပြီး နောက်ပိုင်းတွင် စိုင်းစိုင်းခမ်းလှိုင်၏ ဖရန်ဇို(frenzo)အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ဖရန်ဇိုအဖွဲ့၏ frenzo toursများတွင် ​ဖျော်​ဖြေ​နေသည်။

တစ်ကိုယ်​တော်​ဖျော်​ဖြေပွဲများ

ဘန်နီဖြိုးသည် သူ၏​တစ်ကိုယ်​တော်​ဖျော်​ဖြေပွဲများကို DREAMWORLDအမည်များဖြင့် ကျင်းပ​လေ့ရှိသည်။ပထမဆုံးတစ်ကိုယ်​တော်​ဖျော်​ဖြေပွဲ Dreamworld (2014)အား ၂၀၁၄ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်မြို့ ​မျှော်စင်ကျွန်းတွင် ကျင်းပခဲ့သည်။ဒုတိယ​မြောက် ​ဖျော်​ဖြေပွဲ Dreamworld (2020)အား ၂၀၂၀ပြည့်နှစ် ​ဖေ​ဖော်ဝါရီ ၁၄ရက်နှင့် ၁၅ရက်​နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အနီးရှိ the Yangon Galleryတွင် ကျင်းပခဲ့သည်။[1]

Dreamworld 2020တွင်​တွေ့ရ​သော ဘန်နီဖြိုး

သရုပ်​ဆောင်

ဘန်နီဖြိုးသည် ​ကျော်ထွဋ်​ဆွေ၊လွှမ်းပိုင်၊Bobby Soxer၊နန်းသူဇာ၊နန်းမြတ်ဖြိုးသင်းတို့နှင့်အတူ Let's Goဟူ​သော ခရီးသွားအစီအစဉ်တွင် ပါဝင်ခဲ့သည်။၂၀၁၆ခုနှစ်တွင် MNTVနှင့် Channel 9ရုပ်သံများမှ ထုတ်လွှင့်သည့် CHARMဇာတ်လမ်းတွဲများတွင် ဇာတ်​ဆောင်​နေရာမှ သရုပ်​ဆောင်ခဲ့သည်။

လူနေမှုဘဝ

ဘန်နီဖြိုးသည် မြန်မာမိတ်ကပ်ပညာရှင် နှင့် မော်ဒယ်သရုပ်ဆောင် ဟန်နာယူရီ နှင့် ၇ နှစ်ခန့် လက်တွဲခဲ့ပြီး သူတို့၏ ဓာတ်ပုံများကို လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်ပေါ်သို့ တင်ခဲ့ခြင်းဖြင့် ပရိသတ်များအား သိစေခဲ့သည်။[2]ဘန်နီဖြိုးသည် ၂၀၁၆ ခုနှစ်တွင် အင်တာဗျူးတစ်ခုတွင် သူနှင့် ဟန်နာယူရီ တို့၏ ရည်းစားဘဝသည် ပြီးဆုံးသွားပြီ​ ဖြစ်ကြောင်း ဖြေကြားခဲ့သည်။[3]

ဘန်နီဖြိုးသည် သူ၏ ၂၄ နှစ်မြောက် မွေး​နေ့တွင် မိဘမဲ့များနှင့် သူ၏ပရိတ်သတ်များကို ရန်ကုန်မြို့ရှိ KFC ကြက်ကြော်ဆိုင်တွင် မွေးနေ့ဒါနအလှူအဖြစ် ကျွေးမွေးခဲ့သည်။[4]

သူ၏ကိုယ်ပိုင်လုပ်ငန်းတစ်ခုအဖြစ် Karrot by Bunny Phyoe အင်္ကျီအမှတ်တံဆိပ်တစ်ခုကို ၂၀၁၅ခုနှစ် ဇူလိုင်၉ရက်​နေ့မှ စတင်လုပ်ကိုင်ခဲ့သည်။​နောက်ပိုင်းတွင် Her Alchemyနှင့်တွဲကာ HAXK အဖြစ် တွဲဖက်လုပ်ကိုင်လာသည်။[5]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.