၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအား မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုတစ်ချိန်တည်းမှာပဲ ရန်ကုန်မန္တလေးနှင့် ငွေဆောင်ကမ်းခြေတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာအိုလံပစ် ကော်မတီအား ၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲတော်အား လက်ခံကျင်းပပြုလုပ်ရန်အတွက် အာဆီယံ ဆီးဂိမ်းအဖွဲ့ချုပ်မှ ၃၁ မေလ ၂၀၁၀ ပြည့်နှစ်က ဂျာကာတာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအား ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပွဲတော်အားလက်ခံ ကျင်းပခွင့်ခြင်းကို အာရှအိုလံပစ် ကောင်စီ ၏ တရားဝင်စာမျက်နှာ တွင် ဇွန်လ ၇ ရက် ၂၀၁၀ တွင်ကြေညာခဲ့သည့်။ မြန်မာနိုင်ငံသည် အာဆီယံဆီးဂိမ်းအား ကစားပွဲတော်အား ၁၉၆၁ နှင့် ၁၉၆၉ တို့တွင် ရန်ကုန်မြို့တော်တွင် လက်ခံကျင်းပခဲ့ပြီး ယခုအကြိမ်သည့် တတိယကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်သည် ။ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပွဲတော်အား မူလက စင်ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်ရန် ဖြစ်သော်လည်း အားကစားကွင်းများ တည်ဆောက်မှုများ မပြီးစီးသေးသည့် အတွက် မြန်မာနိုင်ငံအား လွဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
ဆောင်ပုဒ်Green, Clean and Friendship
မြန်မာ: စိမ်းလန်းသန့်စင်တို့ချစ်ခင်
ပါဝင်သော နိုင်ငံများ၁၁
ပါဝင်ဆင်နွဲသော အားကစားသမားများ၄၇၃၀
ကစားပွဲအမျိုးအစားအားကစား ၃၇ မျိုးတွင် ပြိုင်ပွဲ ၄၆၀ ပွဲ
ဖွင့်ပွဲအခမ်းအနား၁၁ ဒီဇင်ဘာ ၂၀၁၃
ပိတ်ပွဲအခမ်းအနား၂၂ ဒီဇင်ဘာ ၂၀၁၃
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဦးဉာဏ်ထွန်း
မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ
တရားဝင်ပိတ်သိမ်းပေးခဲ့သူဦးဉာဏ်ထွန်း
မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ
Athlete's Oathစန္ဒီဦး
Torch Lighterဝေလင်းထွန်း
အခမ်းအနားကျင်းပရာ အားကစားကွင်းဝဏ္ဏသိဒ္ဓိ အားကစားကွင်း
ဝက်ဘ်ဆိုဒ်27th Southeast Asian Games
27th Southeast Asian Games
<  ၂၀၁၁ ၂၀၁၅  >

လက်ခံကျင်းပခြင်း

မြန်မာနိုင်ငံသည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲတော်အား ကျင်းပခွင့်ရရန် ဗီယက်နမ်ဖိလစ်ပိုင်ထိုင်းနိုင်ငံတို့ နှင့်အတူ ကျင်းပပြုလုပ်ခွင့်အား ယှဉ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံသည့် ဒုတိယအကြိမ်မြောက် အားကစားပွဲ ကျင်းပပြုလုပ်ခဲ့ပြီးသည့်အချိန်မှစ၍ ၄၄ နှစ်ကြာမှ နောက်ထပ် ထပ်မံ၍ လက်ခံကျင်းပခွင့်ရခဲ့သည်။

ကျင်းပရာမြို့

နေပြည်တော်တွင် အားကစားနည်းအများစုကျင်းပခဲ့ပြီး ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တွင်လည်း ကျင်းပခဲ့သည်။

ရန်ကုန်
မန္တလေး
နေပြည်တော်
ငွေဆောင်
ကျင်းပရာမြို့များ
နေပြည်တော်
ဝဏ္ဏသိဒ္ဓိအားကစားရုံ

ဝဏ္ဏသိဒ္ဓိအားကစားရုံ

  • ဝဏ္ဏသိဒ္ဓိအားကစားကွင်း (ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ပြေးခုန်ပစ်)
  • အားကစားရုံ (ကြက်တောင်၊ ခြင်းလုံး၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ ဝူရှုး၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်)
  • ဖူဆယ်ကွင်း (ဖူဆယ်)
  • လက်ဝှေ့ရုံ (လက်ဝှေ့၊ မွေထိုင်း)
  • ဘီလီယက်နှင့်စနူကာရုံ(ဘီလီယက်နှင့်စနူကာ)
  • Aquatic Centre (ဒိုင်ဗင်၊ ရေကူး)
  • Equestrian Field (မြင်းစီး)
  • Games village (Petanque)
  • Archery field (မြားပစ်)
ဇေယျာသီရိအားကစားကွင်း

ဇေယျာသီရိ အားကစားရုံ

  • ဇေယျာသီရိ အားကစားကွင်း (ဘောလုံး(ကျား))
  • အားကစားရုံ (ဘော်လီဘော၊ ဂျူဒို၊ ဗိုဗွီနမ်၊ ပန်ကြတ်ဆီလတ်၊ ဘတ်စကတ်)
  • Swimming Pool (ဝါတာပိုလို)

အခြားကွင်းများ

  • Mount Pleasant (Cycling BMX,cross country, downhill)
  • ငလိုက်ဆည် (ကနူးလှေ၊ လှေလှော်၊ ရိုးရာလှေ)
  • လယ်ဝေး၊ပျဉ်းမနား၊တပ်ကုန်းလမ်း(စက်ဘီး)
  • Royal Myanmar Golf Course (ဂေါ့ဖ်)
  • Zabuthiri Hotel (စစ်တုရင်)
ရန်ကုန်
သုဝဏ္ဏအားကစားကွင်း
  • သုဝဏ္ဏကွင်း (ဘောလုံး(ကျား))
  • သုဝဏ္ဏအားကစားရုံ (နပန်း၊ကန်ပို)
  • သိမ်ဖြူကွင်း (အလေးမ)
  • Hockey Field (ဟော်ကီ)
  • North Dagon Shooting Range (သေနတ်ပစ်)
  • Myanmar Convention Center (Bodybuilding)
မန္တလေး
မန္တလာသီရိအားကစားကွင်း
ငွေဆောင်
  • ငွေဆောင်ကမ်းခြေ(ရွက်လှေ)

မီးရှုးတိုင်

မီးရှုးတိုင်ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံရှေ့မှ စတင်ထွန်းညှိခဲ့ပြီး ဖွင့်ပွဲကျင်းပရာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ပင်မမီးရှုးတိုင် အထိ ကီလိုမီတာ ၃၂၀ သယ်ဆောင်ခဲ့သည်။[1]

ပြိုင်ပွဲအထိမ်းအမှတ်များ

တံဆိပ်နှင့် အမှတ်အသား

မြန်မာပြည်၏မြေပုံသည် ၂၇ ဆီးဂိမ်း အားကစားပြိုင်ပွဲ၏ တံဆိပ်အမှတ်သား ဖြစ်သည့် အဝိုင်းငယ် ၁၁ ခုဖြင့် ပေါင်းစပ်ထားသော ဘောလုံးပုံသည် ပြိုင်ပွဲဝင် ရှေ့တောင်အာရှ နိုင်ငံ ၁၁ နိုင်ငံအားကိုယ်စားပြုပြီး အဝါ၊ အစိမ်း နှင့်အနီရောင်တို့သည် မြန်မာနိုင်ငံ၏ အလံမှ အမျိုးသားအရောင်များအား ကိုယ်စားပြု ထားသည်။ အဝါရောင်စက်ဝန်းသည် တူညီခြင်းနှင့် ညီအစ်ကို အရင်းအခြာဖြစ်ခြင်းကို ရည်ညွန်းသည်။ အစိမ်းရောင်မှာ သဘာဝအလှတရားများကို မြတ်နိုးခြင်းနှင့် စိမ်းလန်းစီးပွားစနစ်တို့ကို ကိုယ်စားပြုသည်။ အနီရောင်မှာ မြန်မာတို့၏ ရဲရင့်ခြင်းနှင့် ကြိုးစားခြင်းတို့ကို ကိုယ်စားပြုသည်။

အထိမ်းအမှတ်အရုပ်

၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ တရားဝင် အထိမ်းအမှတ်ရုပ်မှာ မြန်မာတို့၏ ရိုးရာ ကံကောင်းခြင်း နိမိတ်ဆောင်သော ဇီးကွက်ဖိုနှင့် ဇီးကွက်မ တစ်စုံဖြစ်သည်။ ဇီးကွက် ရုပ်၏ အဓိပ္ပါယ်မှာ အသိဉာဏ်ကြီးခြင်း ၊ တည်ငြိမ်ခြင်းနှင့် မျှတခြင်း ဂုဏ်အင်္ဂါရပ်နှင့် လျှော်ညီသည်ဟု ကမ္ဘာမှ ယူဆထားသကဲ့သို့ မြန်မာမှလည်း မင်္ဂလာရှိခြင်းနှင့် ကံကောင်းခြင်းများကို ယူဆောင်လာသည်ဟု ယူဆကြသည်။

သီချင်း

၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏အဓိက သီချင်းမှာ ရောင်စုံဥယျာဉ် ဖြစ်သည်။ တေးသံရှင် ထူးအယ်လ်လင်းနှင့် ဆုန်သင်းပါရ်တို့မှ သီဆိုထားသည်။

ပွဲများနှင့်အားကစား

ဖွင့်ပွဲအခမ်းအနား

ဖွင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ဒီဇင်ဘာလ ၁၁ ရက်နေ့ညနေ ၅ နာရီမှစ၍ ကျင်းပပြုလုပ်ခဲ့ပြီး တေးသံရှင်များမှ အကြိုဖျော်ဖြေခဲ့ကြသည်။ ညနေ ၆ နာရီ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့ ရောက်ရှိလာချိန်တွင် စည်တော်ကြီးနှင့်အတူ မီးရှုးမီးပန်းများဖြင့် ကြိုဆိုခဲ့သည်။ ထို့နောက် ကျောင်းသား ၁၅၀၀ ၏ သရုပ်ဖော်မှုဖြင့် အမှတ်စဉ်ရေတွက်ကာ ဖွင့်ပွဲကို စတင်ခဲ့သည်။ ထို့နောက် မြန်မာ့ဆိုင်းဝိုင်း၊ ပတ္တလား၊ စောင်းတို့ဖြင့် တီးခတ်ဖျော်ဖြေပြီးသည်နှင့် အားကစားသမားများ ချီတက်လာကြသည်။ ထို့နောက် အားကစားဝန်ကြီး ဦးတင့်ဆန်း အမှာစကားပြောကြားပြီး၂၇ ကြိမ်မြောက် ဆီးဂိမ်းဖွင့်လှစ်ကြောင်းကို ဆီးဂိမ်းကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ထွန်းမှ ရောင်စုံမီးရူးမီးပန်းများ ဖောက်ကာ ဖွင့်လှစ်ကြောင်း ကြေငြာခဲ့သည်။ အားကစားနှင့်ဒိုင်လူကြီး အဓိဌာန်တို့ ရွတ်ဆိုပြီးနောက် ဆီးဂိမ်းမီးရူးတိုင် ထွန်းညှိခြင်းကို နိုင်ငံဂုဏ်ကို ဆောင်ခဲ့သော အားကစားသမားဟောင်း ၆ ဦး၊ ယဉ်ကျေးမှုဝန်ကြီးနှင့် မြားပစ်အားကစားသမားတို့မှ ထွန်းညှိခဲ့သည်။ ထို့​နောက် အားကစားသမားများ ပြန်လည်ထွက်ခွာခဲ့သည်။ ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များ အဖြစ် အမျိုးသားယဉ်ကျေးမှုအမွေအနှစ် မဟာပုဂံပွဲဦးအလင်္ကာရွှေနိုင်ငံက ကြိုနေမယ်အနာဂတ်ကမ္ဘာ​မြေမျိုးဆက်သစ်တို့အားမာန်နှင့် သွေးချင်းတို့ဌာနေ မြန်မာပြည် တို့ဖြင့် ဖျော်ဖြေခဲ့ကြသည်။နိုင်ငံ​တော်သမ္မတနှင့်ဇနီးတို့ပြန်လည်ထွက်ခွာပြီး​နောက် အနုပညာရှင်များကဆက်လက်​ဖျော်​ဖြေခဲ့သည်။ ကြီးမားလှသော LED စတိတ်၊ Carpet စတိတ်(ကွင်းအလယ်ရှိပိတ်သားအဖြူကို ပရိုဂျက်တာနှင့်ထိုး၍ပုံဖော်ခြင်း)၊ မီးစလိုက်များနှင့် မီးရှုးပန်းများ၊ များပြားလှသော လူဦးရေများဖြင့် တင်ဆက်မှု၊ မြန်မာပြည်မြေပုံတင်ဆက်မှုများသည် မြန်မာပြည်သမိုင်း၌ အကြီးကျယ်ဆုံးသော ဖျော်ဖြေပွဲဖြစ်လာစေသည်။ ထို့အပြင် ၁၉၆၉ ခုနှစ်မှ စတင်ပြီး ကျင်းပခဲ့သော အခမ်းအနားများအနက် အကြီးအကျယ် အခမ်းနားဆုံး ပွဲတော်တစ်ခုအဖြစ် သတ်မှတ်စံချိန်တင်နိုင်ခဲ့သည်။[2]

ဖွင့်ပွဲအခမ်းအနား

ပိတ်ပွဲအခမ်းအနား

၂၇ ကြိမ်မြာက် ဆီးဂိမ်းပိတ်ပွဲ အခမ်းအနားကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၅ နာရီမှစ၍ ကျင်းပပြုလုပ်ခဲ့ပြီး တေးသံရှင်များမှ အကြိုဖျော်ဖြေခဲ့ကြသည်။ ညနေ ၆ နာရီ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့ ရောက်ရှိလာချိန်တွင် စည်တော်ကြီးနှင့်အတူ မီးရှုးမီးပန်းများဖြင့် ကြိုဆိုခဲ့သည်။ ထို့နောက် ကျောင်းသား ၁၅၀၀ ၏ သရုပ်ဖော်မှုဖြင့် "We Can Do"စာသားကို ပုံဖော်ကာ ပိတ်ပွဲကို စတင်ခဲ့သည်။ ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် အားမာန်ဝင့်ချီရှေ့သို့ချီ၊ တို့မြန်မာခြင်းလုံး၊ ဆင်ရတနာအက၊ ရောင်စုံပန်းများ၏မြစ်ကြေးမှုံ၊ ထာဝရမြန်မာတို့နှင့် စတင်ခဲ့သည်။ ထို့နောက် အားကစားနည်းတစ်မျိုးစီလိုက် အားကစားကွင်းသို့ ဝင်ရောက်လာကာ အားကစားဝန်ကြီး ဦးတင့်ဆန်းမှ ပြိုင်ပွဲဆိုင်ရာများ ရှင်းလင်းတင်ပြပြီး၂၇ ကြိမ်မြောက် ဆီးဂိမ်းပိတ်သိမ်းကြောင်းကို ဆီးဂိမ်းကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ထွန်းမှ ရောင်စုံမီးရူးမီးပန်းများ ဖောက်ကာ ပိတ်သိမ်းကြောင်း ကြေငြာခဲ့သည်။ ထို့နောက် ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံကို အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်အလံကို လွှဲပြောင်းပေးခဲ့ပြီး စင်ကာပူနိုင်ငံမှ ဖျော်ဖြေတင်ဆက်ခဲ့သည်။ ထို့နောက် ပြန်ဆုံမယ် အစီအစဉ်ဖြင့် ပိတ်ပွဲအခမ်းအနားပြီးဆုံးခဲ့သည်။

ပါဝင်သည့်နိုင်ငံများ

အားကစားနည်းများ

မြန်မာဆီးဂိမ်းတွင် အားကစားနည်းပေါင်း ၃၄ မျိုး ထည့်သွင်းကျင်းပခဲ့သည်။

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ဒိုင်ဗင်
    • ​ရေကူး
    • ဝါတာပိုလို
  • မြားပစ်
  • ​ပြေးခုန်ပစ်
  • ကြက်​တောင်ရိုက်
  • ဘက်စကတ်​ဘော
  • ဘီလိယက်နှင့် စနူကာ¹
  • ကိုယ်ကာယအလှပြʰ
  • လက်​ဝှေ့
  • ကနူး​လှေ
  • စစ်တုရင်¹
  • ခြင်းလုံး³
  • စက်ဘီးစီး
  • မြင်းစီး
  • ​ဘောလုံး
    • ဖူဆယ်​ဘောလုံး
  • ​ဂေါက်သီးရိုက်
  • ​ဟော်ကီ
  • ဂျူဒို
  • ကရာ​တေး¹
  • ကမ်ပို²
  • ​မွေထိုင်းʰ
  • ပန်ကြပ်ဆီလပ်²
  • ပီတန်း²
  • ​လှေ​လှော်
  • ရွက်​လှေ
  • ပိုက်​ကျော်ခြင်း
  • ​သေနတ်ပစ်
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • ရိုးရာ​လှေ¹
  • ​ဘော်လီ​ဘော
    • ရုံတွင်း
  • ဗိုဗီနမ်²
  • အ​လေးမ
  • နပန်း
  • ဝူရှုး¹

¹ – not an official Olympic Sport.
² – sport played only in the SEAG.
³ – not a traditional Olympic nor SEAG Sport and introduced only by the host country.
° – a former official Olympic Sport, not applied in previous host countries and was introduced only by the host country.
ʰ- sport not played in the previous edition and was reintroduced by the host country.

ပြက္ခဒိန်

OCဖွင့်ပွဲအခမ်းအနား ပြိုင်ပွဲရက်များ 1ရွှေတံဆိပ် ချီးမြှင့်ပွဲများ CCပိတ်ပွဲအခမ်းအနား
ဒီဇင်ဘာ
ဗုဒ္ဓဟူး

ကြာ/တေး

သောကြာ

စနေ

တနင်္ဂနွေ

တနင်္လာ
၁၀
အင်္ဂါ
၁၁
ဗုဒ္ဓဟူး
၁၂
ကြာ/တေး
၁၃
သောကြာ
၁၄
စနေ
၁၅
တနင်္ဂနွေ
၁၆
တနင်္လာ
၁၇
အင်္ဂါ
၁၈
ဗုဒ္ဓဟူး
၁၉
ကြာ/တေး
၂၀
သောကြာ
၂၁
စနေ
၂၂
တနင်္ဂနွေ
ရွှေတံဆိပ်
CeremoniesOCCCN/A
ရေပိုင်းဆိုင်ရာအားကစားနည်း-ဒိုင်ဗင်
ရေပိုင်းဆိုင်ရာအားကစားနည်း - ရေကူး ၃၂
ရေပိုင်းဆိုင်ရာအားကစားနည်း - ဝါတာပိုလို 1
မြားပစ် ၁၀
ပြေးခုန်ပစ် ၁၂ ၄၆
ကြက်တောင်
ဘတ်စကက်ဘော 2
ဘိလိယက်နှင့်စနူကာ ၁၂
ကိုယ်ကာယအလှပြ 5
လက်ဝှေ့ ၁၄ ၁၄
ကနူးလှေ ၁၆
စစ်တုရင် ၁၈
ခြင်းလုံး
စက်ဘီးစီး ၁၃
မြင်းစီး
ဘောလုံး
ဂေါက်သီးရိုက်
ဟော်ကီ
ဂျူဒို ၁၈
ကရာတေး ၁၇
ကမ်ပို ၁၈
မွေထိုင်း ၁၄ ၁၄
ပန်ကြပ်ဆီလပ် ၁၀ ၁၅
ပီတန်း ၁၁
လှေလှော်
ရွက်လှေ ၁၂ ၁၃
ပိုက်ကျော်ခြင်း ၁၀
သေနတ်ပစ် ၁၂
စားပွဲတင်တင်းနစ်
တိုက်ကွမ်ဒို ၂၁
ရိုးရာလှေ ၁၇
ဘော်လီဘော
ဗိုဗီနမ် ၁၈
အလေးမ ၁၁
နပန်း ၂၁
ဝူရှူး ၂၃
နေ့စဉ်ချီးမြှင့်သောရွှေတံဆိပ်ဆု၁၆၁၉၂၁၄၂၄၉၄၃၃၆၂၉၄၂၄၄၄၆၅၃၄၆၀
ထပ်တိုး
ဒီဇင်ဘာ
ဗုဒ္ဓဟူး

ကြာ/တေး

သောကြာ

စနေ

တနင်္ဂနွေ

တနင်္လာ
၁၀
အင်္ဂါ
၁၁
ဗုဒ္ဓဟူး
၁၂
ကြာ/တေး
၁၃
သောကြာ
၁၄
စနေ
၁၅
တနင်္ဂနွေ
၁၆
တနင်္လာ
၁၇
အင်္ဂါ
၁၈
ဗုဒ္ဓဟူး
၁၉
ကြာ/တေး
၂၀
သောကြာ
၂၁
စနေ
၂၂
တနင်္ဂနွေ
စုစုပေါင်း

ဆုတံဆိပ်ဇယား

၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွေတံဆိပ် ၄၆၀ခု၊ ငွေတံဆိပ် ၄၆၀ခု၊ ကြေးတံဆိပ် ၆၁၁ခု စုစုပေါင်းဆုတံဆိပ် ၁၅၃၁ ခုချီးမြှင့်ခဲ့သည်။[3][4][5]

Key

  *   Host nation (Myanmar)

2013 Southeast Asian Games medal table
 အဆင့်  NOC ရွှေ ငွေ ကြေးညို စုစုပေါင်း
1 ထိုင်း1089482284
2 မြန်မာ*846384231
3 ဗီယက်နမ်748586245
4 အင်ဒိုနီးရှား6484110258
5 မလေးရှား433879160
6 စင်ကာပူ352845108
7 ဖိလစ်ပိုင်293537101
8 လာအို13174979
9 ကမ္ဘောဒီးယား8112847
10 အရှေ့တီမော23510
11 ဘရူနိုင်း1168
Total (11 NOCs)4614596111531
Source: Source
ဆုတံဆိပ်ပြောင်းလဲခြင်း

မြန်မာရွေတံဆိပ်ဆုရှင် စောမာလာနွယ်(ပြေးခုန်ပစ်)၊ မင်းဇော်ဦး(ကာယဗလ)၊ အင်ဒိုနီးရှား ရေကူး ရွှေနှင့် ငွေတံဆိပ်ဆုရှင် တို့သည် တားမြစ်ဆေးကြောင့် ဆုတံဆိပ်ရုပ်သိမ်းခံရသည်။[6][7][8][9]

Ruling date Sport Event Nation Gold Silver Bronze Total
2013 Athletics Women's 20 kilometres walk  မြန်မာ –1 +1 –1 –1
 ဗီယက်နမ် +1 −1 0
 ထိုင်း +1 +1
2013 Bodybuilding 80 kg  မြန်မာ –1 –1
 ထိုင်း +1 −1 0
 အင်ဒိုနီးရှား +1 −1 0
 မလေးရှား +1 +1
2014 Swimming Men's 100 metre breaststroke  အင်ဒိုနီးရှား −1 –1
 ဖိလစ်ပိုင် +1 −1 0
 ထိုင်း +1 +1
2014 Swimming Men's 4 × 100 metre medley relay  အင်ဒိုနီးရှား –1 –1
 စင်ကာပူ +1 −1 0
 ထိုင်း +1 −1 0
 မလေးရှား +1 +1

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

  1. The 27th SEA Games to open in Myanmar | Shanghai Daily
  2. 27th SEA Games - Myanmar 2013
  3. OCA
  4. In Athletics Men's 1500m FINAL has 2 Golds Medal.
  5. No Silver Medal in Athletics : Men's 1500m.
  6. hafiy found guilty doping by Asia sports medical body
  7. Schooling gets his 6th gold for 2013 SEA Games
  8. SEA Games: Three guilty of doping at Myanmar Games 6 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 April 2018 တွင် ပြန်စစ်ပြီး။
  9. FINA Announces Two Indonesian Swimmers Banned for Two Years for Doping
ယခင်က
၂၀၁၁
ဂျာကာတာ
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၂၀၁၃
​နေပြည်​တော်
ဆက်ခံသူ
၂၀၁၅
စင်ကာပူ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.