အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ

အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် အာဆီယံနိုင်ငံများအကြား ၂ နှစ်တစ်ကြိမ် ကျင်းပသည့် အားကစားပွဲတော် ဖြစ်သည်။ ပြိုင်ပွဲဝင် မသန်စွမ်းသူများတွင် သွက်ချာပါဒ၊ လေဖြန်း၊ခြေ၊ လက်မသန်စွမ်း၊ အမြင်၊ အကြားချို့တဲ့ခြင်း စသည့် မသန်စွမ်းမှုအမျိုးမျိုး ခံစားနေရသူများ ပါဝင်သည်။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်း အားကစားအဖွဲ့ချုပ်၊ အာရှ မသန်စွမ်းအားကစားအဖွဲ့ချုပ်များ၏ ကြီးကြပ်မှုအောက်တွင် အရှေ့တောင်အာရှ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည်။

ASEAN Para Games
ASEAN Para Games Logo

ပထမအကြိမ်ကွာလာလမ်ပူ၊ မလေးရှားနိုင်ငံ on 26–29 October 2001
Occur every2 years
နောက်ဆုံးတစ်ခေါက်
ကျင်းပခဲ့သည့် ပြိုင်ပွဲ
ကွာလာလမ်ပူမြို့၊ မလေးရှားနိုင်ငံ on 17–23 September 2017
ရည်မှန်းချက်Multi sport event for disabled people of the nations on the Southeast Asian sub-continent
ဌာနချုပ်Kuala Lumpur, Malaysia
PresidentOsoth Bhavilai
ဝက်ဘ်ဆိုက်aseanparasports.org

သမိုင်းကြောင်း

၂၀၀၀ ခုနှစ် မေလတွင် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ကျင်းပသော မလေးရှားနိုင်ငံလုံးဆိုင်ရာ မသန်စွမ်း အားကစားပြိုင်ပွဲသို့ ကြွရောက်လာသော အာဆီယံနိုင်ငံများမှ ဧည့်သည့်တော်များသည် အာဆီယံမသန်စွမ်းအားကစားပွဲနှင့် ပတ်သက်၍ အစည်းအဝေးလုပ်ကြသည်။ မလေးရှား မသန်စွမ်းအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌမှ အားကစားပွဲတော်ကျင်းပရန် ရည်ရွယ်ချက်များကို တင်ပြခဲ့သည်။ မသန်စွမ်းအားကစားပွဲတော်ကို အရှေ့တောင်အာရှ အားကစားပွဲတော်ပြီးတိုင်း ကျင်းပမည်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအကြား ချစ်ကြည်မှု ပိုမိုတိုးမြှင့်ရန်နှင့် မသန်သော်လည်းစွမ်းသောသူတို့၏ အရည်အသွေးကို မြှင့်တင်ပေးရန်ဖြစ်သည်။

အာဆီယံ ၁၀ နိုင်ငံမှာ မူလအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည်။၂၀၀၁ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင် အားလုံးသဘောတူညီခဲ့ပြီး အောက်တိုဘာ ၂၃ တွင် အရှေ့တောင်အာရှ မသန်စွမ်း အားကစားအဖွဲ့ချုပ် စတင်ပေါ်ပေါက်လာသည်။ ထိုအဖွဲ့အမည်ရွေးချယ်သည့် ထိုင်း မသန်စွမ်းအားကစား ကော်မတီ ဥက္ကဋ္ဌမှာ အဖွဲ့၏ပထမဆုံး ဥက္ကဋ္ဌဖြစ်လာသည်။

ပထမဆုံးအားကစားပွဲတော်ကို ၂၀၀၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည်။ အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ အားကစားသမား ၇၀၀ မှ အားကစားနည်း ၂ မျိုးတွင် ယှဉ်ပြိုင်ခဲ့ကြသည်။

၂၀၀၃ ဗီယက်နမ်ပွဲတော်တွင် အရှေ့တီမောကို အရံနိုင်ငံအဖြစ် ထည့်သွင်းခဲ့သည်။

အထိမ်းအမှတ်တံဆိပ်

အထိမ်းအမှတ်တံဆိပ်မှာ အာဆီယံအလံ၏ အမှတ်အသားကိုယူထားသည်။ ထိပ်တွင် ၁၉၉၄ မှ ၂၀၀၄ အထိ မသန်စွမ်းအမှတ်တံဆိပ်ဖြစ်သော အမှတ်အသား ၃ ခုပါသည်။ အာဆီယံအမှတ်တံဆိပ်ကို အောင်မြင်မှုပန်း ၂ ခက် (ပုန်းညှက်ပန်း) မှ ဝန်းရံထားသည်။ ထိုတံဆိပ်ကို ၂၀၀၈ မှစ၍သုံးခဲ့သည်။ ယခင်တံဆိပ်မှာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံကို အနီရောင်ဖြင့် ရေးဆွဲထားပြီး ပါဝင်သော ၁၁ နိုင်ငံကို ကိုယ်စားပြုသော ကွင်း ၁၁ ကွင်း ဖြစ်သည်။

ယခင်အလံ

ပါဝင်သောနိုင်ငံများ

အမျိုးသားအိုလံပစ်ကော်မတီ အမည်များတရားဝင်အမည်များစတင်ဝင်ရောက် ယှဉ်ပြိုင်သည့်နှစ်IOC ကုဒ်အခြားကုဒ်များ
ဘရူနိုင်းဒါရုစလမ် အမျိုးသား အိုလံပစ်ကောင်စီနေဂါရာဘရုနိုင်းဒါရုစလမ်
၂၀၀၁
BRU
BRN (ISO)
ကမ္ဘောဒီးယားအမျိုးသား အိုလံပစ်ကော်မတီကမ္ဘောဒီးယား ဘုရင့်နိုင်ငံ
၂၀၀၁
CAM
KHM (၁၉၇၂–၁၉၇၆, ISO)
အင်ဒိုနီးရှား အိုလံပစ်ကော်မတီအင်ဒိုနီးရှား သမ္မတနိုင်ငံ
၂၀၀၁
INA
IHO (၁၉၅၂), IDN (FIFA, ISO)
လာအိုနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီလာအိုပြည်သူ့ဒီမိုကရတစ်သမ္မတနိုင်ငံတော်
၂၀၀၁
LAO
မလေးရှား အိုလံပစ်ကောင်စီမလေးရှားဖက်ဒရယ်နိုင်ငံ
၂၀၀၁
MAS
MAL (၁၉၅၂ − ၁၉၈၈), MYS (ISO)
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ
၂၀၀၁
MYA
BIR (၁၉၄၈ – ၁၉၈၈), MMR (ISO)
ဖိလစ်ပိုင် အိုလံပစ်ကော်မတီဖိလစ်ပိုင်သမ္မတနိုင်ငံ
၂၀၀၁
PHI'
PHL (ISO)
စင်ကာပူ အမျိုးသား အိုလံပစ်ကောင်စီစင်ကာပူသမ္မတနိုင်ငံ
၂၀၀၁
SGP
SIN (၁၉၅၉ – ၂၀၁၆)
ထိုင်းနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီထိုင်းဘုရင့်နိုင်ငံ
၂၀၀၁
THA
အရှေ့တီမောနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီအရှေ့တီမောဒီမိုကရက်တစ်သမ္မတနိုင်ငံ
၂၀၀၃
TLS
IOA (၂၀၀၀)
ဗီယက်နမ်နိုင်ငံ အိုလံပစ်ကော်မတီဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ
၂၀၀၁
VIE
VET (၁၉၆၄), VNM (၁၉၆၈–၁၉၇၆, ISO)

ပွဲတော်များ

၂၀၀၁ ခုနှစ်မှ၂၀၁၉ ခုနှစ်အထိ နိုင်ငံ ၈ နိုင်ငံမှ ၁၀ ကြိမ် လက်ခံကျင်းပပြီး ဖြစ်သည်။ ၂၀၀၉ ပွဲတော်ကို လာအိုတွင် ကျင်းပရန်ရှိသော်လည်း ဘဏ္ဍာရေးအခြေအနေအရ မလေးရှားမှ လက်ခံကျင်းပခဲ့သည်။

မလေးရှားမှ ၃ ကြိမ် (၂၀၀၁၊ ၂၀၀၉၊ ၂၀၁၇)၊ ဖိလစ်ပိုင်မှ ၁ ကြိမ် (၂၀၀၅)၊ ဗီယက်နမ်မှ ၁ ကြိမ် (၂၀၀၃)၊ ထိုင်းမှ ၁ ကြိမ် (၂၀၀၈)၊ အင်ဒိုနီးရှားမှ ၁ ကြိမ် (၂၀၁၁)၊ မြန်မာမှ ၁ ကြိမ် (၂၀၁၄)၊ စင်ကာပူမှ ၁ ကြိမ် (၂၀၁၅) တို့ ဖြစ်သည်။

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပသည့်မြို့များ
ပွဲလာဘ်ကောင်ကျင်းပရာမြို့မှတ်ချက်
၂၀၀၁
သမင်ကြွက်
ကွာလာလမ်ပူ
၂၀၀၃
ရွှေဆိတ်
ဟနွိုင်း
၂၀၀၅
ဝေလငါးမန်း
မနီလာ
၂၀၀၈
ချိုးငှက်
နခွန်ရက်ချာစီမာ
၂၀၀၉
သမင်ကြွက်
ကွာလာလမ်ပူ
၂၀၀၉ခုနှစ်ပွဲတော်ကို လာအိုနိုင်ငံအားကျင်းပခွင့် ပေးခဲ့သော်လည်း ဘဏ္ဍာရေးအခြေအနေကြောင့် မလေးရှားနိုင်ငံကို လွှဲပြောင်းပေးခဲ့သည်။
၂၀၁၁
ကွန်မန်ဒိုနဂါး(ဖွတ်)
စူရက်ခါတာ
၂၀၁၄
ဇီးကွက်
နေပြည်တော်
၂၀၁၅
ခြင်္သေ့
စင်ကာပူ
၂၀၁၇
မလေးရှားကျား
ကွာလာလမ်ပူ
၂၀၂၀
ဖျက်သိမ်း
၂၀၂၁
~
 ဗီယက်နမ်
၂၀၂၃
~
 ကမ္ဘောဒီးယား
၂၀၂၅
~
 ထိုင်း

အားကစားနည်းများ

ထည့်သွင်းကျင်းပခဲ့သည့် အားကစားနည်းပေါင်း ၁၉ မျိုးရှိသည်။

ဆုတံဆိပ်ဇယား

၂၀၁၇ ခုနှစ် မလေးရှားပွဲတော်အထိ စုစုပေါင်း ဆုတံဆိပ် ၈၄၂၉ ခု ချီးမြှင့်နိုင်ခဲ့သည်။

 အဆင့်  NPC ရွှေ ငွေ ကြေးညို စုစုပေါင်း
 ထိုင်း၁၁၅၈၇၀၁၅၃၇၂၃၉၆
 မလေးရှား၆၉၁၅၉၉၄၈၇၁၇၇၇
 အင်ဒိုနီးရှား၅၂၇၄၁၈၃၃၃၁၂၇၈
 ဗီယက်နမ်၅၀၃၄၇၂၄၅၆၁၄၃၁
 မြန်မာ၁၈၁၁၃၂၁၄၄၄၅၇
 ဖိလစ်ပိုင်၁၄၆၁၈၄၂၁၂၅၄၂
 စင်ကာပူ၁၁၁၉၄၉၅၃၀၀
 ဘရူနိုင်း၃၇၄၃၆၂၁၄၂
 ကမ္ဘောဒီးယား၂၈၂၅၆၀
၁၀ အရှေ့တီမော၁၂
၁၁ လာအို၁၇၁၇၃၄
Total (11 NPCs)၃၃၆၃၂၆၉၀၂၃၇၆၈၄၂၉

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.