ဘရူနိုင်းနိုင်ငံ

ဘရူနိုင်းနိုင်ငံ (/brˈn/ ( ) BROO-ny) တရားဝင်အမည်အားဖြင့် ဘရူနိုင်းနိုင်ငံ၊ ငြိမ်ချမ်းရေး၏စံအိမ်တော် [1] သည် အရှေ့တောင်အာရှ အတွင်း ဘော်နီယိုကျွန်း ၏ မြောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တောင်တရုတ်ပင်လယ်နှင့် ထိစပ်နေသော ကမ်းရိုးတန်းမှ အပ ဘရူနိုင်းနိုင်ငံသည် မလေးရှားနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော ဆာရာဝပ်ပြည်နယ် က ဝန်းရံထားသည်။ ဆာရာဝပ်၏ ခရိုင်တစ်ခုဖြစ်သော လင်ဘန်းခရိုင်က နိုင်ငံကို နှစ်ပိုင်းပိုင်းခြားထားသည်။ ဘရူနိုင်းသည် ဘော်နီကျွန်းပေါ်တွင် တစ်နိုင်ငံလုံး ရှိသော တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး ကျန်ရှိသော ကျွန်း၏နယ်မြေများကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ပိုင်ဆိုင်သည်။ ဘရူနိုင်းနိုင်ငံ၏ လူဦးရေမှာ ၂၀၁၆ တွင် ၄၂၃,၁၉၆ဦးဖြစ်သည်။ [2]

ဘရူနိုင်းနိုင်ငံ
State of Brunei, Abode of Peace

بروني دارالسلام
Negara Brunei Darussalam
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: "Always in service with God's guidance"
နိုင်ငံတော် သီချင်း: Allah Peliharakan Sultan
မြို့တော်ဘန်ဒါဆရီဘဂါဝမ်မြို့
အကြီးဆုံးမြို့ဘန်ဒါဆရီဘဂါဝမ်မြို့
ရုံးသုံး ဘာသာစကားများမလေးဘာသာ
လူမျိုးစုမလေး (၆၆.၃%)တရုတ် (၁၁.၂%), တိုင်းရင်းသား (၃.၄%), အခြားလူမျိုးများ (၁၉.၁%)
ကိုးကွယ်မှုအစ္စလာမ် (၆၇%), ဗုဒ္ဓ (၁၃%), ခရစ်ယာန် (၁၀%), အခြား (၁၀%)
အမျိုးအစားAbsolute Islamic Sultanate
အစိုးရ
 ရှင်ဘုရင်
ဝါဒိုလာ မူအစ်ဇာဒင်
တည်ထောင်
 လွတ်လပ်ရေး (ဂရိတ်ဗြိတိန်)
၁ ဇန်နဝါရီ ၁၉၈၄
ဧရိယာ
 စုစုပေါင်း
၅,၇၆၅ km² (၂,၂၂၆ sq mi) (အဆင့်: ၁၇၂)
 ရေထု (%)
၈.၆
လူဦးရေ
 ခန့်မှန်း
၃၈၁,၃၇၁ (အဆင့် - ၁၁၇)
 သိပ်သည်းမှု
၆၆/km² (၁၆၈/sq mi) (အဆင့် - 134)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
US $၁၀.၁၉၉ သိန်းကုဋေ (အဆင့် - ၁၃၈)
 Per capita
US $၂၄,၈၂၆ (အဆင့် - ၂၆)
HDI၀.၈၉၄
အလွန်မြင့် · ၂၅
ငွေကြေးဘရူနိုင်းဒေါ်လာ (BND "$")
အချိန်ဇုန်+၈.၁
တယ်လီဖုန်းကုဒ်+၆၇၃
Internet TLD.bn

ဘရူနိုင်းအင်ပိုင်ယာ၏ အထွဋ်အထိပ် ရောက်ခဲ့ချိန်က စူလတန် ဘိုလ်ကျား (၁၄၈၅-၁၅၂၈ အုပ်ချုပ်)သည် ဘော်နီရို၏ ဒေသအများအပြားကို ထိန်းချုပ်အုပ်စိုးနိုင်ခဲ့ပြီး ယနေ့ခေတ် ဆာရာဝပ် နှင့် ဆာဘား အပါအဝင် ဖြစ်သလို ဘော်နီယိုကျွန်း၏ အရှေ့မြောက်အစွန်းမှ ပင်လယ်တွင်းရှိသော ဆူလူးကျွန်းစုများ၊ ဆီလူဒေါင်း (ယနေ့ခေတ် မနီလာ) နှင့် ဘော်နီယိုကျွန်း၏ အနောက်မြောက်အစွန်း ပင်လယ်တွင်း ရှိသော ကျွန်းများ အပါအဝင်ဖြစ်သည်။ ထိုပင်လယ်ကမ်းရိုးတန်း နိုင်ငံအား စပိန်မှ မဂျဲလင် မှ ၁၅၂၁ တွင် လာရောက်လည်ပတ်ခဲ့ပြီး စပိန်တို့အား ၁၅၇၈ ကက်စတီးလီးယန်း စစ်ပွဲတွင် တိုက်ခိုက်ခဲ့သည်။

၁၉ ရာစုအတွင်းတွင် ဘရူနိုင်းအင်ပိုင်ယာ စတင် ယုတ်လျော့လာခဲ့သည်။ စူလတန်မှ ဆာရာဝပ် ကူချင်းအား ဂျိမ်းဘရွတ်ခ် သို့ပေးအပ်ခဲ့ပြီး ၎င်းအား ရာဂျာဖြူ အဖြစ် ခန့်အပ်ခဲ့သည်။ ထို့အတူ ဆာဘားအားလည်း ဗြိတိသျှတို့၏ မြောက်ဘော်နီယို ချာတာကုမ္ပဏီသို့ ပေးအပ်ခဲ့သည်။ ၁၈၈၈ တွင် ဘရူနိုင်းသည် ဗြိတိသျှတို့၏ အစောင့်အရှောက်ခံနိုင်ငံ ဖြစ်လာခဲ့ပြီး ဗြိတိသျှလူမျိုး အား ကိုလိုနီမန်နေဂျာ အဖြစ် ၁၉၀၆ ခုနှစ်တွင် ခန့်အပ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့သိမ်းပိုက်ပြီးနောက် ၁၉၅၉ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ကို ရေးဆွဲခဲ့သည်။ ၁၉၆၂ တွင် အရွယ်အစားမကြီးသော ဘုရင်အား လက်နက်ကိုင် ပုန်ကန်ခြင်းကို ဗြိတိသျှတို့၏ အကူအညီဖြင့် နှိမ်နင်းနိုင်ခဲ့သည်။[3]

ဘရူနိုင်းသည် ယူနိုက်တက်ကင်းဒမ်းမှ လွတ်လပ်ရေးကို ၁၉၈၄ ခုနှစ် ဇန်နဝါရီ ၁ရက်တွင် ရရှိခဲ့သည်။ ၁၉၉၀ ခုနှစ်များနှင့် ၂၀၀၀ ခုနှစ်များအတွင်း စီးပွားရေးတိုးတက်မှု ဖြစ်ပေါ်ခဲ့ပြီး ဂျီဒီပီမှာ ၁၉၉၉ မှ ၂၀၀၈ အတွင်း ၅၆% တိုးတက်ခဲ့ပြီး ဘရူနိုင်းအား စက်မှုဖွံ့ဖြိုးသောနိုင်ငံ အဖြစ် ရောက်ရှိလာစေခဲ့သည်။ ဘရူနိုင်းသည် များပြားလှစွာသော ရေနံတွင်းနှင့် သဘာဝဓာတ်ငွေ့တွင်းများမှ ချမ်းသာကြွယ်ဝမှု ဖြစ်ပေါ်စေခဲ့သည်။ ဘရူနိုင်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် စင်ကာပူနိုင်ငံ ပြီးလျှင် ဒုတိယမြောက် လူထုဖွံ့ဖြိုးမှုညွှန်းကိန်း အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံအဖြစ် သတ်မှတ်ကြသည်။ [4] အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အဆိုအရ ဘရူနိုင်းသည် ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း နှင့် တွက်လျှင် လူတစ်ဦးချင်း စုစုပေါင်း ပြည်တွင်းထုတ်ကုန်အရ ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်ပြီး နိုင်ငံ ၁၈၂ နိုင်ငံတွင် ဘရူနိုင်းအား ပဉ္စမမြောက် အချမ်းသာဆုံးနိုင်ငံ အဖြစ် သတ်မှတ်ခဲ့ပြီး ရေနံတွင်းနှင့် သဘာဝဓာတ်ငွေ့တွင်းများကြောင့် ဖြစ်သည်။ [5]

အမည်ရင်းမြစ်

ဒေသတွင်း သမိုင်းလေ့လာရေးသမားများ၏ အဆိုအရ ဘရူနိုင်းသည် အေဒီ ၁၄၀၀ ခန့်တွင် အုပ်စိုးခဲ့သော စူလတန်မိုဟာမက် ရှား ဖြစ်လာမည့် အာဝမ် အာလက် ဘီတာတာ မှ တည်ထောင်ခဲ့သည်။ သူသည် တန်ဘူရောင်းပြည်နယ် ရှိ ဂါရန်းအရပ်မှ [6] ဘရူနိုင်းမြစ်ဝသို့ ရောက်ရှိလာခဲ့ပြီး ဘရူနိုင်းကို ရှာဖွေ တွေ့ရှိခဲ့သည်။ ဒဏ္ဍာရီများအရ ထိုနေရာသို့ ရောက်သော အခါတွင် "ဘာရူနား" (ဒီနေရာပဲ ဟု ဘာသာပြန်နိုင်သည်) ဟု ဟစ်ကြွေးသဖြင့် ၎င်းမှ ဘရူနိုင်းဆိုသော အမည်သို့ ပြောင်းလဲလာခဲ့သည်။ [7] သူသည် ဘရူနိုင်း၏ ပထမဆုံး မွတ်စလင် ဘုရင် ဖြစ်သည်။ [8] မွတ်စလင် ဘိုလ်ကျားမင်းဆက် အောက်တွင် ဘရူနိုင်းအင်ပိုင်ယာ မထွန်းကားလာမီ အချိန်က ဘရူနိုင်းသည် ဗုဒ္ဓဘာသာဘုရင်များ အုပ်ချုပ်မှုအောက်တွင် ရှိသည်ဟု ယုံကြည်ရသည်။ [9]

၎င်းအား ၁၄ ရာစုတွင် "ဘာရူနိုင်း" ဟု အမည်ပြောင်းလဲခဲ့ပြီး သင်္သကရိုက်ဘာသာ စကားလုံး "varuṇ" (वरुण) မှ "ပင်လယ်ရေကြောင်းသွားသူ" ဟု အမည်ရသော စကားလုံးကို ယူထားခြင်း ဖြစ်နိုင်သည်။ [10] ဘော်နီယိုဆိုသော စကားလုံး၏ ရင်းမြစ်သည်လည်း အတူတူ ဖြစ်သည်။ နိုင်ငံ၏ အမည်အပြည့်အစုံဖြစ်သော "နီဂါရာ ဘရူနိုင်း ဒါရူစလမ်" ဆိုသော အမည်တွင် ဒါရူစလမ် ဆိုသည်မှာ ငြိမ်းချမ်းရေး၏ စံအိမ်တော် ဟု အဓိပ္ပာယ်ရပြီး နီဂါရာ ဆိုသည်မှာ မလေးဘာသာစကားဖြင့် နိုင်ငံ ဖြစ်သည်။

အနောက်တိုင်းမှ ဘရူနိုင်းနှင့် ပတ်သက်သော အစောဆုံး မှတ်တမ်းမှာ အီတလီလူမျိုးဖြစ်သော လူဒိုဗီဆို ဗာသယ်မာ ၏ မှတ်တမ်းဖြစ်ပြီး ၎င်းမှ "ဘရူနိုင်းပြည်သားတို့သည် မာလူကူးကျွန်းများတွင် တွေ့ခဲ့ရသော သူများထက် ပို၍ အသားလတ်သည်" ဟု ရေးသားထားသည်။ သူ၏ ၁၅၅၀ ခုနှစ်မှ မှတ်တမ်းတွင်

ကျွန်ုပ်တို့ ဘော်နေးကျွန်း (ဘရူနိုင်းသို့ ဘော်နီယို) သို့ ရောက်ခဲ့ပြီး ထိုနေရာမှာ "မာလုရှ်" မှ မိုင် ၂၀၀ ခန့်အကွာတွင် ရှိသည်။ ထိုနေရာသည် မာလုရှ်ထက် ပို၍ ကြီးပြီး အောက်ပိုင်းတွင် ရှိသည်။ ထိုနေရာရှိလူများမှာ ဘာသာမဲ့များ ဖြစ်ပြီး သဘောကောင်းသူများ ဖြစ်သည်။ အသားအရောင်မှာ အခြားသူများထက် ပိုဖြူပြီး နိုင်ငံအတွင်း တရားမျှတမှုကို ကောင်းစွာ စောင့်ထိန်းထားသည်။  ...[11]

ဟု ရေးသားထားခဲ့သည်။

သမိုင်း

အစောပိုင်းသမိုင်း

တရုတ်နိုင်ငံ ချင်းစုပြည်နယ် နန်ကျင်းမြို့ရှိ ဘုရင်ပိုနီ၏ ဂူသင်္ချိုင်း

ဗုဒ္ဓဘာသာ သီရိဝိဇယအင်ပိုင်ယာ၏ ကိုလိုနီဖြစ်သော ဝိဇယပူရ အမည်ရှိသော နေရာ တစ်ခုသည် ဘော်နီယိုကျွန်း၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး ၇ရာစု အတွင်းက တိုးတက်ထွန်းကားခဲ့သည်။ [12] အိန္ဒိယ ချိုလာ တို့က သီရိဝိဇယပြည်အား ကျူးကျော် သိမ်းပိုက်ခဲ့ပြီးနောက် ဒါတု တစ်ဦးဖြစ်သူ ပူတီ သည် ဆူမတြာကျွန်းနှင့် ဘော်နီယိုကျွန်းတို့မှ တော်လှန်သူ ဒါတုများကို ဦးဆောင်၍ ချိုလာတို့ခန့်အပ်ထားသော ဒေသခံရာဂျာဖြစ်သည့် ရာဂျာ မာကာတူနောင်း အား ပုန်ကန်ခြားနား ကြသည်။ တော်လှန်သူများနှင့် ၎င်းတို့၏ နောက်လိုက်နောက်ပါများသည် ဗီဆာယားကျွန်းများ (သီရိဝိဇယ၏ အမည်ကို မှည့်ခေါ်ထားသော ကျွန်းများ)တွင် မတ်ဒ်ဂျာ-အက်စ် ဟု အမည်ရသော တိုင်းပြည်တစ်ခုကို တည်ထောင်၍ သီရိဝိဇယ ကို ပြန်လည် ထူထောင်ရန် ကြိုးစားကြသည်။ အစောဆုံး တရုတ်တို့၏ မှတ်တမ်းမှာ ၉၇၇ အေဒီတွင် ဘော်နီယိုရှိ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံမှ ပိုနီ၏ ဘုရင်မှ တရုတ်ဧကရာဇ်သို့ ပေးသော စာလွှာပေးပို့ခဲ့ခြင်း ဖြစ်ပြီး ၎င်းအား ပညာရှင်တို့မှ ဘော်နီယိုကို ရည်ညွှန်းခြင်း ဖြစ်မည်ဟု ယုံကြည်ကြသည်။[13] ၁၂၂၅ တွင် တရုတ်အရာရှိ ချော ဂျူကွား (ချောင်ယူဂွါး) မှ ပိုနီတွင် ၎င်း၏ ကုန်သွယ်ရေးကို ကာကွယ်ရန် စစ်သင်္ဘော အစင်း ၁၀၀ မျှ ရှိသည် ဟု အစီရင်ခံတင်ပြထားပြီး ထိုတိုင်းပြည်မှာ အလွန်ချမ်းသာကြွယ်ဝသည် ဟု ဆိုသည်။[14]

၁၄ ရာစုအတွင်း ၁၃၆၅ ၌ ပရာပန်ကာ ရေးသားသော နာဂါရာကရီတာဂါမာ ဆိုသော ဂျာဗားဘာသာ လက်ရေးမူတွင် "ဘာရူနီ" အား ဟိန္ဒူ မာဂျာပါဟစ် ဧကရာဇ်နိုင်ငံတော်၏ လက်အောက်ခံနိုင်ငံ အဖြစ် ဖော်ပြခဲ့ပြီး [15] ၎င်းမှ တစ်နှစ်လျှင် ၄၀ ကာတီ (တစ်ကာတီလျှင် ၆၀၄.၈ ဂရမ်ခန့်) ရှိသော ပရုတ်ကို ပဏ္ဍာဆက်ရသည်ဟု ရေးသားထားသည်။ ၁၃၆၉ တွင် ယခင်က မာဂျာပါဟစ်၏ အစိတ်အပိုင်းဖြစ်သော ဆူလူးတို့သည် အောင်မြင်စွာ ပုန်ကန်ခဲ့ကြကာ ပိုနီကို တိုက်ခိုက်ပြီး ၎င်း၏ ဘဏ္ဍာများနှင့် ရွှေများကို လုယူတိုက်ခိုက်ခဲ့ကြသည်။ မာဂျာပါဟစ်မှ သင်္ဘောအုပ်စုက ဆူလူးတို့ကို မောင်းထုတ်နိုင်ခဲ့သော်လည်း ပိုနီတို့ အနေဖြင့် ထိုတိုက်ခိုက်မှု အပြီးတွင် အင်အားယုတ်လျော့သွားခဲ့သည်။ [16] တရုတ်တို့၏ ၁၃၇၁ ခုနှစ် အစီရင်ခံစာအရ ပိုနီတို့အား ဆင်းရဲပြီး မာဂျာပါဟစ်တို့မှ လုံးဝထိန်းချုပ်ထားသည်ဟု ဖော်ပြထားသည်။[17]

၁၅ ရာစုအတွင်း ပိုနီတို့သည် မာဂျာပါဟစ်မှ ခွဲထွက်ခဲ့ပြီး အစ္စလာမ်ဘာသာသို့ ပြောင်းလဲခဲ့သည်။ ထို့အတွက် လွတ်လပ်သော ဘရူနိုင်းစူလတန်ပြည် အဖြစ် ပြောင်းလဲလာခဲ့သည်။ ဘရူနိုင်းသည် ဟာရှီမိုက်တိုင်းပြည် ဖြစ်လာခဲ့ပြီး မက္ကာမှ အာရပ် အီမာစော်ဘွားဖြစ်သူ ရှာရစ်ဖ် အလီအား ၎င်း၏ တတိယမြောက် စူလတန် အဖြစ် အုပ်စိုးစေခဲ့သည်။ ပညာရှင်များ၏ အဆိုအရ ဘရူနိုင်းစူလတန်ပြည်သည် ၁၅ ရာစု မှ ၁၇ ရာစုများ အတွင်း အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ၎င်း၏ အာဏာစက်သည် မြောက်ဘော်နီယိုမှ ဖိလစ်ပိုင်တောင်ပိုင်း (စူလူး) အထိ ဖြန့်ကျက်နိုင်ခဲ့ပြီး ဖိလစ်ပိုင်မြောက်ပိုင်း (မနီလာ) တွင်ပင် ဘရူနိုင်းတို့သည် တော်ဝင်မိသားစုချင်း လက်ဆက်ထိမ်းမြားခြင်းဖြင့် နယ်မြေများကို ရယူနိုင်ခဲ့သည်။ [18] စူလတန် ဘိုလ်ကယား သည် မနီလာနှင့် ဆူလူးကို အောင်မြင်နိုင်ခြင်းဖြင့် ဘရူနိုင်း၏ အာဏာကို အမြင့်ဆုံးအထိ ဖြန့်ကျက်နိုင်ခဲ့သော်လည်း ဗီဆာယားကျွန်းများကိုမူ မအောင်မြင်နိုင်ခဲ့ပေ။ စူလတန် ဘိုလ်ကယားသည် ဗီဆာယန်းလူမျိုး မိခင်မှ မွေးဖွားပြီး ဗီဆာယန်းသွေး တစ်ဝက်ပါသူ ဖြစ်ပြီး သူ့အား စူလတန်ရာဂမ် "သီချင်းဆိုသော သင်္ဘောကပ္ပတိန်" ဟူ၍ ကျော်ကြားသည်။ သူ၏ ဩဇာကောင်းသော သီချင်းဆိုသည့် အသံသည် ဗီဆာယန်း မျိုးရိုးမှ အမွေရခဲ့သော အရာဖြစ်ပြီး ဗီဆာယန်းတို့သည် ယဉ်ကျေးမှုအရ သီချင်းဆိုချင်းကို ဝါသနာထုံကြကာ ဗီဆာယန်း အဆိုတော်ကောင်းများသည် စစ်သူရဲမျိုးနွယ်များတွင် များစွာ ပါဝင်ကြသည်။[19] သို့သော်လည်း အစ္စလာမ် ဘရူနိုင်းတို့၏ အာဏာသည် ဘော်နီယိုတွင် ပြိုင်ဖက်မရှိသည်တော့ မဟုတ်ပေ။ ဟိန္ဒူအိန္ဒိယလူမျိုးတို့ တည်ထောင်ထားသော ကူတိုင်းဟု အမည်ရသော တိုင်းပြည်တစ်ခု ရှိပြီး ၎င်းတို့အား အနိုင်ရခဲ့သော်လည်း မဖျက်စီးပစ်ခဲ့ပေ။ ဖိလစ်ပိုင်တွင် ဘရူနိုင်းတို့၏ လွှမ်းမိုးမှုအား စိန်ခေါ်နေသော အိန္ဒိယ ယဉ်ကျေးမှု ရှိသည့် တိုင်းပြည်နှစ်ခု ရှိပြီး ၎င်းတို့မှာ စီဘူး ရာဂျာပြည်နှင့် ဘူတွမ် ရာဂျာပြည်တို့ ဖြစ်ကြသည်။ ထိုတိုင်းပြည် နှစ်ခုမှာ ကူတိုင်းနှင့် မဟာမိတ်ဖြစ်ကြပြီး ဘရူနိုင်း၏ လက်အောက်ခံပြည်များ ဖြစ်ကြသော ဆူလူး နှင့် မနီလာတို့နှင့် စစ်ဖြစ်နေသည့် အပြင် ၎င်းတို့နှစ်ခုနှင့် မဟာမိတ်များ ဖြစ်ကြသော မာဂွင်ဒါနောင်း စူလတန်ပြည် နှင့်လည်း စစ်ဖြစ်လျှက် ရှိသည်။ မတ်ဂျာ-အက်စ် နှင့် ဒါပီတန် အစရှိသော ကီဒါတွမ်တိုင်းပြည်များမှာလည်း ဘရူနိုင်း နှင့် မတည့်ကြပေ။ အကြောင်းမှာ ၎င်းတိုင်းပြည်များအားလည်း မာဂွင်ဒါနောင်း နှင့် အိုရှန်းနီးယားရှိ ပါပူအာ စကားပြောပြီး ဟင်းခတ်အမွှေးအကြိုင် ထုတ်လုပ်ခြင်းကို လက်ဝါးကြီးအုပ်၍ ကြွယ်ဝချမ်းသာလာသော တာနိတ် စူလတန်ပြည်တို့မှ မွတ်စလင်တို့ကို အစဉ်တစိုက် တိုက်ခိုက်နေ၍ ဖြစ်သည်။ သို့သော်လည်း ၁၆ ရာစု၌ ဘရူနိုင်းတွင် အစ္စလာမ်ဘာသာသည် မြဲမြံစွာ အမြစ်တွယ်နေပြီ ဖြစ်ပြီး ဘရူနိုင်းသည် အကြီးဆုံးသော ဗလီတစ်ခုကို တည်ဆောက်ခဲ့သည်။ ၁၅၇၈ တွင် စပိန်ခရီးသွား အာလွန်ဆို ဘယ်ထရန်မှ ထိုဗလီအား ငါးထပ်မျှ မြင့်ပြီး ရေပေါ်တွင် တည်ဆောက်ထားသည်ဟု ဖော်ပြထားခဲ့သည်။ [20]

စပိန်နှင့် စစ်ဖြစ်ခြင်း နှင့် ဩဇာကျဆင်းလာခြင်း

၁၄၀၀ မှ ၁၈၉၀ အတွင်း ဘရူနိုင်းတို့ နယ်မြေ ဆုံးရှုံးလာပုံ

ပေါ်တူဂီတို့ မလက်ကာ အား သိမ်းပိုက်သဖြင့် ကြွယ်ဝ၍ ဩဇာရှိသော်လည်း နေရာပျောက်နေသော မွတ်စလင်ဒုက္ခသည်များသည် အနီးအနားရှိ အာချေး စူလတန်ပြည် နှင့် ဘရူနိုင်း စူလတန်ပြည်တို့သို့ ပြောင်းရွှေ့ကြသဖြင့် ဘရူနိုင်းသည် အရှေ့တောင်အာရှတွင် ထိပ်သီးနိုင်ငံအဖြစ် ခဏတာမျှ နေရာယူနိုင်ခဲ့သည်။ သို့သော်လည်း ဥရောပသားတို့၏ လွှမ်းမိုးမှုများကြောင့် ဒေသတွင်း အင်အားကြီးနိုင်ငံများကို နိဂုံးကမ္ပတ် အဆုံးသတ်စေခဲ့သည်။ ဘရူနိုင်းသည် ကျဆင်းသော အချိန်ကာလသို့ ရောက်ရှိလာပြီး ထီးနန်းဆက်ခံရေးနှင့်ပတ်သက်သော အတွင်းရေး ပဋိပက္ခများကလည်း အကြောင်းအဖြစ် ပါဝင်ခဲ့သည်။ ဥရောပ ခရစ်ယာန် အင်အားကြီးနိုင်ငံတို့၏ ကျူးကျော်မှု ဖြစ်ပွားလာနိုင်သည့် အခြေအနေတွင် အော့တမန် အင်ပိုင်ယာ မှ အခက်အခဲနှင့် ရင်ဆိုင်နေရသော အရှေ့တောင်အာရှ စူလတန်ပြည်များကို ကူညီရန် အာချေးအား အစောင့်အရှောက်ခံ တိုင်းပြည် အဖြစ်သတ်မှတ်ပေးခဲ့ပြီး ဒေသတွင်း မူဂျာဟစ်များကို လေ့ကျင့်သင်ကြား လက်နက်တပ်ဆင်ပေးရန် တပ်များ စေလွှတ်ပေးခဲ့သည်။[21] စပိန်တို့မှ ၁၅၇၈တွင် စစ်ကြေငြာခဲ့ပြီး ထိုစဉ်က ဘရူနိုင်း၏ မြို့တော်ဖြစ်သော ကိုတာဘာတူးအား တိုက်ခိုက်သိမ်းပိုက်ရန် ကြံစည်ခဲ့သည်။ ထိုအကြံအစည် ဘရူနိုင်း သူကောင်းမျိုးနွယ်ဝင်ဖြစ်သော ပန်ဂီရန် ဆယ်ရီ လီလာ နှင့် ပန်ဂီရန် ဆယ်ရီ ရတ်တနာ တို့၏ အကူအညီဖြင့် ဖြစ်သည်။ ပန်ဂီရန် ဆယ်ရီ လီလာသည် ထိုအချိန်က စပိန်ကိုလိုနီ၏ ဗဟိုချက်ဖြစ်သော မနီလာသို့ သွားရောက်ခဲ့သည်။ မနီလာသည်လည်း ဘရူနိုင်းတို့ထံမှ သိမ်းပိုက်၍ ခရစ်ယာန်ဘာသာသို့ သွတ်သွင်းပြီး မက္ကဆီကိုမြို့တော်တွင် အခြေစိုက်သော စပိန်ပြည်သစ်၏ နယ်မြေအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ ပန်ဂီရန် ဆယ်ရီ လီလာမှ ဘရူနိုင်းအား စပိန်လက်အောက်ခံ တိုင်းပြည်အဖြစ် နေထိုင်ရန် ကမ်းလှမ်းခဲ့ပြီး သူ၏ ညီအစ်ကို တော်စပ်သူ ဆိုင်ဖူး ရီဂျယ်ထံမှ ထီးနန်းကို ပြန်လည်ရယူရန် အတွက် ဖြစ်သည်။[22] စပိန်တို့မှ သူတို့ အနေနှင့် ဘရူနိုင်းကို အနိုင်ရခဲ့ပါက ပန်ဂီရန် ဆယ်ရီ လီလာအား စူလတန်အဖြစ် ခန့်ထားရန်နှင့် ပန်ဂီရန် ဆယ်ရီ ရတ်တနာ အား ဘန်ဒါဟာရာဟု ခေါ်သည့် အတိုင်ပင်ခံ ရာထူးဖြင့် ခန့်ထားရန် သဘောတူခဲ့သည်။

၁၈၉၀မှ စတင်သော ဘရူနိုင်းနိုင်ငံ၏ နယ်နိမိတ်

၁၅၇၈ ခုနှစ် မတ်လတွင် မက္ကဆီကိုမှ စပိန်တို့၏ သင်္ဘောအုပ်စု အသစ်များ ရောက်ရှိလာပြီး ဖိလစ်ပိုင်တွင် တပ်စွဲထားခဲ့သည်။ ထိုသင်္ဘောအုပ်စုကို ဦးဆောင်သူမှာ ရေယာဉ်မှူးချုပ် ဖြစ်သော ဒီ စန်ဒီ ဖြစ်ပြီး သူသည် မနီလာမှ ဘရူနိုင်းသို့ ဦးဆောင်စစ်ချီခဲ့သည်။ ထိုသို့ ချီတက်ခဲ့ရာတွင် စပိန် နှင့် မက္ကဆီကန်လူမျိုး ၄၀၀၊ ဖိလစ်ပိုင်လူမျိုး ၄၀၀ နှင့် ဘော်နီယိုကျွန်းသား ၃၀၀ တို့ ပါဝင်သည်။[23] ထိုသို့ စစ်ချီရာတွင် ပစ်မှတ်မှာ တစ်ခု မကဘဲ မင်ဒါနောင်းနှင့် ဆူလူးကျွန်းတို့လည်း ပါဝင်သည်။ [24][25] ခရစ်ယာန်တို့ဘက်တွင် ပါဝင်သော လူမျိုးစုများမှာ လူမျိုးပေါင်းစုံပါဝင်ပြီး စပိန်-အမေရိကန် ကပြားများ၊ လူဖြူ-လူမည်းကပြားများ နှင့် အမေရိကန် လူနီအင်ဒီးယန်းများ (အက်ဇ်တက်၊ မာယာ နှင့် အင်ကာလူမျိုးများ) တို့ပါဝင်ကာ ထိုသူများကို မက္ကဆီကိုတွင် စုဆောင်းပြီး စပိန်အရာရှိများက ဦးဆောင်ကာ ဒေသခံ ဖိလစ်ပိုင်လူမျိုးတို့နှင့် ပူးပေါင်း၍ အရှေ့တောင်အာရှတစ်ယောက် စစ်ပွဲများ ဆင်နွှဲကြခြင်း ဖြစ်သည်။[26] မွတ်စလင်များဘက်တွင်လည်း လူမျိုးပေါင်းစုံ​ပါဝင်သည်။ ဒေသခံ မလေး စစ်သူရဲတို့အပြင် အော့တမန် အင်ပိုင်ယာမှလည်း စစ်တပ်များကို အနီးအနားရှိ အာချေးသို့ ဆက်တိုက် ပို့လွှတ်ခဲ့သည်။ ထိုစစ်တပ်များတွင် တာ့ခ်လူမျိုးများ၊ အီဂျစ်၊ ဆွာဟီလီ၊ ဆိုမာလီ၊ဆင်ဒီ၊​ ဂူဂျာရတီ နှင့် မလာဘာလူမျိုးများ ပါဝင်သည်။[27] ထိုစစ်တပ်များသည် အနီးအနားရှိ ဘရူနိုင်း အစရှိသော စူလတန်ပြည်များသို့ သွားရောက်၍ တိုက်ခိုက်ရေး နည်းလမ်းသစ်များ နှင့် အမြောက်သွန်းလုပ်နည်း အစရှိသော နည်းလမ်းများကို သင်ကြားပေးခဲ့ကြသည်။[28]

နောက်ဆုံး ၁၅၇၈ ဧပြီလ ၁၆ ရက်တွင် စပိန်တို့သည် ပန်ဂီရန် ဆယ်ရီ လီလာ နှင့် ပန်ဂီရန် ဆယ်ရီ ရတ်တနာတို့၏ အကူအညီဖြင့် မြို့တော်ကို ကျူးကျော်ဝင်ရောက်နိုင်ခဲ့သည်။ စူလတန် ဆိုင်ဖူး ရိုင်ဂျယ် နှင့် ပန်ဒူကာ ဆယ်ရီ ဘဂါဝမ် ဆူလတန် အဘဒူ ကာဟာတို့သည် မီရာဂန်း မှတဆင့် ဂျေရူဒေါင်း အထိ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ဂျေရူဒေါင်းတွင် သူတို့သည် အနိုင်ရသော စစ်တပ်အား ဘရူနိုင်းမှ ပြန်လည်တိုက်ထုတ်ရန် စီစဉ်ခဲ့ကြသည်။ ကာလဝမ်းရောဂါနှင့် သွေးဝမ်းရောဂါ ပြန့်ပွားမှုကြောင့် သေကြေပျက်စီးမှုများပြား၍[29][30] စပိန်တို့သည် ၇၂ ရက်အကြာ ၁၅၇၈ ဇွန်လ ၂၆ ရက်တွင် ဘရူနိုင်းကို စွန့်ခွာပြီး မနီလာသို့ ပြန်ရန် ၁၅၇၈ ခုနှစ် ဇွန်လ ၂၆ ရက်တွင် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့ ပြန်လည် မဆုတ်ခွာမီတွင် အထပ်ငါးဆင့်ရှိသော ဗလီ အား မီးရှို့ဖျက်ဆီးပစ်ခဲ့ကြသည်။[31]


ပန်ဂီရန် ဆယ်ရီ လီလာသည် ၁၅၇၈ ခုနှစ် ဩဂုတ် သို့မဟုတ် စက်တင်ဘာလတွင် သေဆုံးခဲ့ပြီး သူ၏ စပိန်မဟာမိတ်များတွင် ဖြစ်ပွားခဲ့သော ရောဂါကြောင့် ဖြစ်နိုင်သည်။ တရားဝင် စူလတန်ဖြစ်သော သူ့အား ယခင်စူလတန်မှ အဆိပ်ခတ်ခြင်းလည်း ဖြစ်နိုင်ကြောင်း သံသယ ရှိကြသည်။ ဆယ်ရီ လီလာ၏ သမီးဖြစ်သော ဘရူနိုင်း မင်းသမီး ပူထရီသည် စပိန်တို့နှင့် အတူ လိုက်ပါသွားခဲ့ပြီး သူမသည် ထီးနန်းမွေကို စွန့်လွှတ်ခဲ့သည့် အပြင် ကိုရ်အမ်ကျမ်း အရ မွတ်စလင် မဟုတ်သူနှင့် လက်ထပ်သည့် အမျိုးသမီးအား ကျောက်ခဲနှင့် ထုသတ်ရမည် ဆိုသည့် အပြစ်ပေးခြင်းကို မထေမဲ့မြင် ပြုကာ ဖိလစ်ပိုင် တာဂါးလော့ လူမျိုး ခရစ်ယာန် ဘာသာဝင် အဂူစတင် ဒီ လီဂက်ဇ်ပီ ဒီ တွန်ဒို နှင့် လက်ထပ်ခဲ့သည်။[32]

ဒေသခံ ဘရူနိုင်းတို့ မှတ်တမ်းတင်ထားသော ကက်စတီလန် စစ်ပွဲ အဖြစ်အပျက်မှာ အမျာစုလက်ခံကြသော အဖြစ်မှ ကွဲပြားနေသည်။ ဘရူနိုင်းတို့ဘက်တွင် ကက်စတီလန် စစ်ပွဲမှာ သူရဲကောင်းပုံပြင် ဖြစ်ပြီး စပိန်တို့အား အုပ်ချုပ်သူ စူလတန်နှင့် ညီအစ်ကို တော်စပ်သူ ဘန်ဒါဟာရာ ဆာကန် မှ ထောင်ဂဏန်းမျှသော ဒေသခံ စစ်သူရဲများနှင့် အတူ စပိန်တို့အား တိုက်ထုတ်ခဲ့သည်ဟု ဖော်ပြထားသည်။ သမိုင်းပညာရှင် အများစုမှ ထိုဇာတ်လမ်းအား ရိုးရာသူရဲကောင်းပုံပြင် အဖြစ်သာ ရှုမြင်ကြပြီး ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်ကြာမှသာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။[33]

ဘရူနိုင်းနိုင်ငံသည် နောက်ဆုံးတွင် မင်းမဲ့တိုင်းပြည် အဖြစ်သို့ ရောက်ရှိခဲ့သည်။ ဘရူနိုင်းသည် ၁၆၆၀ မှ ၁၆၇၃ အထိ ပြည်တွင်းစစ်ဒဏ်ကို ခံခဲ့ရသည်။

ဗြိတိသျှတို့ ဝင်ရောက်စွက်ဖက်ခြင်း

ဗြိတိသျှ စွန့်စားရှာဖွေသူ ဂျိမ်းစ် ဘရွတ်ခ် သည် ဘရူနိုင်စူလတန် နှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ရလဒ်မှာ ၁၈၄၆ ခုနှစ် လာဘွမ်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဗြိတိသျှတို့သည် ဘရူနိုင်းနိုင်ငံ၏ ပြည်တွင်းရေးကို အကြိမ်ကြိမ် ဝင်ရောက်စွက်ဖက်ခဲ့ကြသည်။ ၁၈၄၆ ဇူလိုင်လတွင် ဘရူနိုင်းပြည်အတွင်း မည်သူက စူလတန်ဖြစ်သင့်သည်ကို အငြင်းပွားရာတွင် ဗြိတိသျှတို့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။[34]

၁၈၈၀ ခုနှစ်များတွင် ဘရူနိုင်းအင်ပိုင်ယာသည် ပိုမို ယုတ်လျော့လာခဲ့သည်။ စူလတန်မှ ယခု ဆာရာဝပ်ဖြစ်လာမည့် နေရာအား ဂျိမ်းစ် ဘရွတ်ခ်သို့ ပေးအပ်ခဲ့ပြီး ဂျိမ်းစ်ဘရွတ်ခ်မှ စူလတန်အားကူညီ၍ သူပုန်များကို နှိမ်နင်းပေးခဲ့ကာ စူလတန်မှ ဆာရာဝပ်ပြည်ကို ထူထောင်ခွင့် ပေးခဲ့သည်။ အချိန်ကြာလာသည်နှင့် အမျှ ဘရွတ်ခ် နှင့် ၎င်းကို ဆက်ခံသော သူ၏ တူတော်မောင်တို့သည် မြေများကို ထပ်မံ ငှားရမ်း၍ ၎င်းတို့နိုင်ငံအတွင်း ထပ်ပေါင်းထည့်ခဲ့သည်။ ဘရူနိုင်းတို့သည် အဖြူရောင်ရာဂျာများ ဟု ခေါ်ဆိုကြသော ဘရွတ်ခ်၏ မိသားစုသို့ နယ်မြေ အမြောက်အများ လက်လွတ်ဆုံးရှုံးခဲ့ရသည်။

စူလတန် ဟာရှင် ဂျလီလူး အလမ် အက်ကွာမက်ဒင်မှ ဗြိတိသျှတို့အား ဘရွတ်ခ်၏ နယ်မြေထပ်မံချဲ့ထွင်မှုကို ရပ်တန့်ရန် မေတ္တာရပ်ခံခဲ့သည်။[35] အကာအကွယ်ပေးရေး စာချုပ် ကို ဆာ ဟျုလိုးမှ ညှိနှိုင်းပေးခဲ့ပြီး ၁၈၈၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ စာချုပ်တွင် ဘရူနိုင်းစူလတန် အနေနှင့် ဗြိတိသျှတို့၏ ခွင့်ပြုချက်မရပဲ သူပိုင်ဆိုင်သော မည်သည့်နယ်မြေကိုမှ နိုင်ငံခြား အင်အားကြီးတိုင်းပြည်များသို့ ပေးအပ်ခွင့် သို့မဟုတ် ငှားရမ်းခွင့် မရှိကြောင်း ပါဝင်သည်။ ထို့အတွက်ကြောင့် ဗြိတိသျှတို့ အနေနှင့် ဘရူနိုင်းနိုင်ငံ၏ ပြင်ပနိုင်ငံများနှင့် ဆက်စပ်သော ကိစ္စရပ်များကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး ဗြိတိသျှတို့၏ အစောင့်အရှောက်ခံနိုင်ငံ အဖြစ် တည်ရှိစေခဲ့သည်မှာ ၁၉၈၄ ခုနှစ် အထိပင် ဖြစ်သည်။ ၁၈၉၀တွင် ဆာရာဝပ်ပြည်မှ ဘရူနိုင်း၏ ပန်ဒါရွမ် ပြည်နယ်ကို ၎င်းတို့ နယ်နိမိတ်အတွင်း ထည့်သွင်းရာတွင် ဗြိတိသျှတို့က မည်သို့မျှ အရေးမယူခဲ့ပေ။ သူတို့က စာချုပ်အရ ဘရူနိုင်း နှင့် ဆာရာဝပ်ပြည်ကို နိုင်ငံခြား တိုင်းပြည်ဟု အသိအမှတ် မပြုခဲ့ပေ။ နောက်ဆုံးတွင် ဆာရာဝပ်အား ဘရူနိုင်းနယ်နိမိတ်မှ ခွဲထုတ်လိုက်ခြင်းကြောင့် ဘရူနိုင်းအနေနှင့် အခုတည်ရှိသော ကုန်းမြေအသေးလေးသာ ကျန်ရှိခဲ့ပြီး နှစ်ခြမ်းကွဲသွားခဲ့သည်။[36]

ဗြိတိသျှ အမြဲတမ်းနေထိုင်သူ စနစ်အား ၁၉၀၆ တွင် အစောင့်အရှောက်ခံ နိုင်ငံ​စာချုပ်၏ နောက်ဆက်တွဲ အနေဖြင့် စတင် ကျင့်သုံးခဲ့သည်။[37] ထိုသူများသည် စူလတန်အား အုပ်ချုပ်ရေး ကိစ္စအဝဝကို အကြံပေးကြသည်။ အချိန်ကြာလာသည်နှင့် အမျှ ဗြိတိသျှ နေထိုင်သူများသည် စူလတန်ထက်ပို၍ အုပ်ချုပ်ရေး အာဏာ ပိုယူလာခဲ့သည်။ အမြဲတမ်းနေထိုင်သူ စနစ်အား ၁၉၅၉ ခုနှစ်တွင် ရပ်တန့်ခဲ့သည်။[38]

ရေနံတွေ့ရှိခြင်း

အရာမထင်သော ကြိုးစားမှု အချို့ ပြီးနောက် ၁၉၂၉ ခုနှစ်တွင် ရေနံအား ရှာဖွေ တွေ့ရှိခဲ့သည်။[39] အက်ဖ် အက်ဖ် မာရီးယော့ နှင့် တီ ဂျီ ကော့ကရိန်းတို့နှစ်ဦးသည် ၁၉၂၆ ခုနှစ် နှောင်းပိုင်းတွင် ဆီရီယာမြစ်အနီးတွင် ရေနံ၏ သဲလွန်စကို ရှာဖွေတွေရှိခဲ့သည်။ [40] သူတို့နှစ်ဦးမှ ဘူမိရူပဗေဒပညာရှင်များအား အကြောင်းကြားခဲ့ပြီး ပညာရှင်များမှ ကွင်းဆင်းလေ့လာမှုများ ပြုခဲ့သည်။ ၁၉၂၇တွင် ထိုဒေသအတွင်း သဘာဝဓာတ်ငွေ့ စိမ့်ထွက်နေကြောင်း သတင်းရခဲ့သည်။ ဆီရီယာတွင်းအမှတ်(၁) (အက်စ်-၁) ကို ၁၉၂၈ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် စတင် တူးဖော်ခဲ့သည်။ ရေနံကို ၂၉၇ မီတာ (၉၇၄ ပေ) တွင် ၁၉၂၉ ဧပြီလ ၅ ရက်၌ စတင် တွေ့ရှိခဲ့သည်။ ၁၉၂၉ ဩဂုတ် ၁၉ ရက်တွင် ဆီရီယာ တွင်း ၂ ကို တူးဖော်ခဲ့ပြီး ၂၀၀၉ ခုနှစ်အထိ ရေနံထွက်ရှိဆဲ ဖြစ်သည်။ [41] ၁၉၃၀ ခုနှစ်များတွင် ရေနံတွင်းများ ထပ်မံတူးဖော်၍ ရေနံထုတ်လုပ်မှု သိသာစွာ မြင့်တက်လာခဲ့သည်။​ ၁၉၄၀ ခုနှစ်တွင် ရေနံစည် ၆ သန်း အထိ ထုတ်လုပ်နိုင်ခဲ့သည်။[41] ဗြိတိသျှ မလာယန် ရေနံကုမ္ပဏီ (ယခု ဘရူနိုင်း ရှဲလ် ရေနံကုမ္ပဏီ) အား ၁၉၂၂ ခုနှစ် ဇူလိုင် ၂၂ တွင် တည်ထောင်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ပထမဆုံး ကမ်းလွန် ရေနံတွင်းကို စတင် တူးဖော်ခဲ့သည်။[42] ရေနံနှင့် သဘာဝ ဓာတ်ငွေ့တို့သည် ၂၀ ရာစုနှောင်းပိုင်းတွင် ဘရူနိုင်းနိုင်ငံ ဖွံဖြိုးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုတို့အတွက် အခြေခံ ဖြစ်ခဲ့သည်။

ဂျပန်တို့ သိမ်းပိုက်ခြင်း

ဂျပန်တို့ ဘရူနိုင်းနိုင်ငံသို့ ကျူးကျော်ဝင်ရောက်ခြင်း မပြုမီ ၈ လခန့်အလို ၁၉၄၁ ခုနှစ် ဧပြီလတွင် ဘရူနိုင်းနိုင်ငံ၏ ၂၇ ယောက်မြောက် စူလတန်ဘုရင် အာမက် တာဂျတ်ဒင်း အား တွေ့ရပုံ

ဂျပန်တို့သည် ပုလဲဆိပ်ကမ်းအား ဗုံးကြဲပြီး၍ အမေရိကန် ရေတပ်အား တိုက်ခိုက်အပြီး ရှစ်ရက်အကြာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဘရူနိုင်းနိုင်ငံသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။ ဗီယက်နမ်နိုင်ငံ ကမ်းရန်ပင်လယ်အော်ရှိ ကာဝါဂူချီ၏ တပ်မဟာ မှ တပ်သား ၁၀,၀၀၀ သည် ဘရူနိုင်းနိုင်ငံ ကွာလာဘီလိတ် သို့ ကမ်းတက်ခဲ့ကြခြင်းဖြစ်သည်။​၆ ရက် အကြာတိုက်ခိုက်ပြီးနောက် တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့သည်။ ထိုဒေသရှိ တစ်ခုတည်းသော မဟာမိတ်တပ်မှာ ဆာရာဝပ်ပြည်နယ်၊​ကူချင်းတွင် အခြေစိုက်သော ပန်ဂျပ်ရယ်ဂျီမင့် တပ်မ ၁၅ ၏ တပ်ရင်း အမှတ် ၂ သာ ဖြစ်သည်။ [43]

ဂျပန်တို့သည် ဘရူနိုင်းကို သိမ်းပိုက်ပြီးနောက် ဘရူနိုင်း စူလတန်ဘုရင် အာမက် တာဂျတ်ဒင်း နှင့် နိုင်ငံကို အုပ်ချုပ်ရန် သဘောတူညီချက် ရယူခဲ့သည်။ အင့်ချ်အီဘရာဟင် (နောက်တွင် ပီဟင် ဒါတု ပါဒါနာ မန်တာရီ ဒါတို လိုင်လာ အူတားမား အာဝမ် ဟာဂျီ အီဘရာဟင် ဟု ခေါ်ကြသည်)သည် ဗြိတိသျှ အုပ်ချုပ်ရေးအရာရှိဖြစ်သော အားနပ်စ် အက်ဂါ ပန်ဂေးလီ ၏ အတွင်းရေးမှူး ဖြစ်ခဲ့ပြီး ဂျပန်ဘုရင်ခံချုပ်က အုပ်ချုပ်ရေးအရာရှိချုပ် အဖြစ် ခန့်အပ်ခဲ့သည်။ ဂျပန်တို့သည် ပန်ဂေးလီ အား ၎င်းတို့၏ အုပ်ချုပ်ရေးတွင် ရာထူးကို ဆက်လက် ရယူရန် ကမ်းလှမ်းသော်လည်း သူက ငြင်းဆိုခဲ့သည်။​ သူနှင့် အခြားသော ဗြိတိသျှနိုင်ငံသားတို့က ဂျပန်တို့က ဆာရာဝပ်ရှိ ဘာတူး လင်တန် အကျဉ်းစခန်းတွင် ချုပ်နှောင် ထားခဲ့သည်။​ ဗြိတိသျှ အရာရှိတို့အား ဂျပန်တို့၏ စောင့်ကြပ်ကြည့်ရှုခြင်း ခံနေရသော်လည်း အီဘရာဟင်မှ တစ်ဦးချင်းကို လက်ဆွဲနှုတ်ဆက်၍ သာစေမာစေကြောင်း ဆုတောင်းခဲ့သည်။[44]

စူလတန်မှ ဂျပန်တို့လက်အောက်တွင် ထီးနန်းကို ဆက်လက် ဆက်ခံနေခဲ့ပြီး ဂျပန်တို့က ပင်စင်လစာပေး၍ လေးစားသမှု ပြခဲ့သည်။ ဂျပန်တို့ အုပ်ချုပ်ရေး နှောင်းပိုင်းတွင် သူသည် လင်ဘန်းရှိ တန်တူယာတွင် နေထိုင်ခဲ့ပြီး ဂျပန်တို့နှင့် အနည်းငယ်သာ အဆက်အဆံ ရှိခဲ့သည်။​မလေး အစိုးရ အရာရှိ အများစုအား ဂျပန်တို့က ဖမ်းဆီးခဲ့သည်။ ဘရူနိုင်း၏ အုပ်ချုပ်ရေးအား ဗြိတိသျှ ဘော်နီယို အပါအဝင် ဒေသ ၅ ခု အဖြစ် ပြန်လည်ဖွဲ့စည်းခဲသည်။ ထိုဒေသ ၅ ခုတွင် ဘာရမ်၊​လာဘွမ်၊​လာဝပ်စ် နှင့် လင်ဘန်းတို့ ပါဝင်သည်။ ဂျပန်တို့ သိမ်းပိုက်စဉ်ကာလ အတွင် အီဘရာဟင်သည် အရေးကြီးသော အစိုး စာရွက်စာတမ်းအမျိုးမျိုးကို ဖွက်ထားခဲ့သည်။ ပန်ဂီယမ် ယူစွတ် (နောက်တွင် ဝိုင်အေအမ် ဆယ်တီယာ နီဂါရာ ပန်ဂီယမ်) အား အခြားသော ဘရူနိုင်း လူမျိုးတို့နှင့် အတူ ဂျပန်သို့ သင်တန်းတက်ရန် စေလွှတ်ခဲ့သည်။ ဟီရိုရှီးမား ဗုံးကြဲခံရစဉ် အချိန်က ယူစွပ်သည် ထိုဒေသတွင် ရှိခဲ့သော်လည်း အသက်မသေဘဲ​ရှင်ကျန်ရစ်သည်။

ဗြိတိသျှတို့သည် ဂျပန်တို့ ဝင်ရောက်တိုက်ခိုက်မည်ကို မျှော်လင့်ထားသော်လည်း ဥရောပတွင် စစ်ဆင်နွှဲနေခြင်းကြောင့် ထိုဒေသကို ကာကွယ်ရန် အင်အား မရှိခဲ့ပေ။ ပန်ဂျပ် ရယ်ဂျီမင့်၏ တပ်ရင်းများသည် ဆယ်ရီယာ ရေနံမြေရှိ ရေနံတွင်းများကို ၁၉၄၁ စက်တင်ဘာတွင် ကွန်ကရစ်လောင်းချ ပိတ်ဆို့ခဲ့ပြီး ဂျပန်တို့ အသုံးမပြုနိုင်ရန် ပြုလုပ်ခဲ့သည်။ ဂျပန်တို့ မလာယာသို့ ကျူးကျော်ဝင်ရောက်သည့် အခါတွင် ကျန်ရှိနေသော စက်ပစ္စည်းများနှင့် တပ်ဆင်ထားသည်များကို ဖျက်ဆီးပစ်ခဲ့သည်။ စစ်ပြီးနောက်တွင် မီရီ နှင့် ဆယ်ရီယာရှိ ရေနံတွင်း ၁၆တွင်းကို ပြန်လည်စတင်ခဲ့ပြီး ထုတ်လုပ်မှုမှာ စစ်မဖြစ်ခင် အချိန်က ထွက်နှုန်း၏ တစ်ဝက် အထိ ရောက်ရှိခဲ့သည်။ မွာရာတွင် ကျောက်မီးသွေးထုတ်လုပ်ရန် လုပ်ဆောင်ခဲ့သော်လည်း ထင်သလောက် မအောင်မြင်ခဲ့ပေ။

ဂျပန် စစ်သင်္ဘောများအား ၁၉၄၄ အောက်တိုဘာတွင် ဘရူနိုင်း၌ တွေ့ရစဉ်

ဂျပန်တို့ သိမ်းပိုက်ထားစဉ် ကာလအတွင်း ဂျပန်တို့သည် ၎င်းတို့၏ ဘာသာစကားကို ကျောင်းများတွင် သင်ကြားခဲ့ပြီး အစိုးရ အရာရှိများကိုလည်း ဂျပန်စာ သင်ခိုင်းခဲ့သည်။ နိုင်ငံသုံး ငွေကြေးအား ဒူရစ် ပီဆန် (ငှက်ပျောသီး ပိုက်ဆံ) စု ခေါ်ကြသော ဂျပန်ပိုက်ဆံဖြင့် အစားထိုးခဲ့သည်။​၁၉၄၃ ခုနှစ်မှစ၍ ငွေကြေးဖောင်းပွမှု မတန်တဆ မြင့်တက်ခြင်းကြောင့် ငွေကြေးတန်ဖိုးကို ပျက်စီးစေခဲ့ပြီး စစ်ပြီးသော အခါတွင် ထိုပိုက်ဆံမှာ တန်ဖိုး မရှိတော့ပေ။ သင်္ဘောဖြင့် ကုန်သွယ်ခြင်းကို မဟာမိတ်တပ်များက တိုက်ခိုက်ခဲ့သဖြင့် ကုန်သွယ်မှု နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။ အစားအစာနှင့် ဆေးဝါး ရှားပါးသွားခဲ့ပြီး ပြည်သူများမှာ ငတ်မွတ်မှု နှင့် ရောဂါဘယများကို ကြုံတွေ့ခဲ့ရသည်။

ဘရူနိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ပြေးလမ်းများကို ဂျပန်တို့ သိမ်းပိုက်ထားစဉ်ကာလအတွင်း ဂျပန်တို့မှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၂တွင် ဂျပန် ရေတပ်စခန်းများသည် ဘရူနိုင်း ပင်လယ်အော် နှင့် လာဘွမ်းတွင် အခြေစိုက်ခဲ့ကြသည်။ ရေတပ်အခြေစိုက်စခန်းများမှာ မဟာမိတ်တို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သော်လည်း လေဆိပ်ပြေးလမ်းမှာ မပျက်စီးဘဲ ကျန်ရှိသည်။ ထိုနေရာအား အများပြည်သူသုံး လေယာဉ်ကွင်းအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့သည်။ ၁၉၄၄ တွင် မဟာမိတ်တို့မှ သိမ်းပိုက်ထားသော ဂျပန်များကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့၏ အစိတ်အပိုင်း အတော်များများ နှင့် ကွာလာဘာလိတ်တို့ ပျက်စီးခဲ့ရသော်လည်း ကမ်ပေါင်းအေရာမှာ မပျက်မစီး ကျန်ရှိခဲ့သည်။[45]

ဩစတြေးလျ တပ်မ ၉ မှ ဗိုလ်ချုပ် ဝုတန်အား ဂျပန် တပ်မ ၃၇မှ ဗိုလ်မှူးချုပ် မာဆာအို ဘာဘာ (လက်မှတ်ထိုးနေသူ) နှင့် အတူ ၁၉၄၅ ခု စက်တင်ဘာ ၁၀ ရက် လက်နက်ချ အခမ်းအနားတွင် တွေ့ရစဉ်။

၁၉၄၅ ခုနှစ် ဇွန်လ ၁၀ ရက်တွင် ဩစတြေးလျ တပ်မ ၉ သည် အိုဘိုး အမှတ် (၆) စစ်ဆင်ရေးဖြင့် မွာရာသို့ တက်ရောက်ခဲ့ပြီး ဂျပန်တို့ထံမှ ဘော်နီယိုကျွန်းကို ပြန်လည် သိမ်းပိုက်ခဲ့သည်။ ၎င်းတို့အား အမေရိကန်တို့၏ လေတပ် နှင့် ရေတပ်များမှ ကူညီ တိုက်ခိုက်ပေးခဲ့သည်။ ဘရူနိုင်းမြို့အား အပြင်းအထန် ဗုံးကြဲချပြီးနောက် သုံးရက်အကြာ အပြင်းအထန် တိုက်ခိုက်အပြီးတွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ဗလီ အပါအဝင် အဆောက်အဦး အများအပြား ပျက်စီးခဲ့ရသည်။ ဗိုလ်မှူးချုပ် မာဆာအို ဘာဘာ၏ လက်အောက်ရှိ ဘရူနိုင်း၊ ဘော်နီယို နှင့် ဆာရာဝပ်မှ ဂျပန်တပ်များသည် ၁၉၄၅ စက်တင်ဘာလ ၁၀ ရက်တွင် တရားဝင် လက်နက်ချခဲ့သည်။ ဗြိတိသျှ စစ်တပ် အုပ်ချုပ်ရေးအဖွဲ့ သည် ဂျပန်တို့ထံမှ အုပ်ချုပ်ရေးကို လွှဲပြောင်းရယူခဲ့ပြီး ၁၉၄၆ ခုနှစ် ဇူလိုင်လ အထိ ဆက်လက်အုပ်ချုပ်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ပြီး ကာလ

ဒုတိယကမ္ဘာစစ် အပြီးတွင် ဗြိတိသျှ စစ်တပ်အုပ်ချုပ်ရေးအဖွဲ့ (ဘီအမ်အေ) ၏ လက်အောက်တွင် အစိုးရ အသစ်ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် ဩစတြေးလျ အရာရှိများနှင့် စစ်သားများ အဓိက ပါဝင်သည်။ [46] ဘရူနိုင်း၏ အုပ်ချုပ်ရေးအား အရပ်သားအုပ်ချုပ်ရေးသို့ ၁၉၄၅ ခုနှစ် ဇူလိုင် ၆ ရက်တွင် လွှဲပြောင်းပေးခဲ့သည်။ ဘရူနိုင်း နိုင်ငံတော် ကောင်စီသည်လည်း ထိုနှစ်တွင် ပြန်လည် အသက်ဝင်လာခဲ့သည်။ [47] ဘီအမ်အေ၏ အဓိကတာဝန်မှာ ဂျပန်တို့ သိမ်းပိုက်ထားစဉ်ကာလက အကြီးအကျယ် ပျက်စီးသွားခဲ့သော ဘရူနိုင်း၏ စီးပွားရေးကို ပြန်လည် အသက်သွင်းရန် ဖြစ်သည်။ ထို့အပြင် သူတို့သည် ဂျပန်တို့ စစ်မရှုံးမီ မီးရှို့ပစ်ခဲ့သော ဆယ်ရီယာရှိ ရေနံတွင်းများတွင် လောင်ကျွမ်းနေသော မီးကိုလည်း ငြိမ်းသတ်ရသည်။[47]

၁၉၄၁ မတိုင်မီက စင်ကာပူတွင် အခြေစိုက်သော ရေလက်ကြားဒေသ ဘုရင်ခံချုပ်သည် ဘရူနိုင်း၊ ဆာရာဝပ်ပြည် နှင့် မြောက်ဘော်နီယို (ယခု ဆာဘားပြည်နယ်) တို့ရှိ ဗြိတိသျှ မဟာမင်းကြီး၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ [48] ဘရူနိုင်းရှိ ပထမဆုံး ဗြိတိသျှ မဟာမင်းကြီးမှာ ဆာရာဝပ်၏ ဘုရင်ခံချုပ် ဆာ ချားလ် အာဒန် ကလပ်ခ် ဖြစ်သည်။ ဘာရစ်ဆန် ပါမျူဒါ (လူငယ်လှုပ်ရှားမှု) သည် ၁၉၄၆ ဧပြီလ ၁၂ ရက် တွင် ဘရူနိုင်း၌ ပထမဆုံး တည်ထောင်ခဲ့သော ပါတီ ဖြစ်သည်။ ပါတီ၏ ရည်ရွယ်ချက်မှာ "စူလတန်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းရန် နှင့် ဒေသခံ မလေးလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်ရန်" အတွက် ဖြစ်သည်။[49] ပါတီသည် နိုင်ငံတော် သီချင်း ရေးစပ်ရာတွင်လည်း အဓိက ပါဝင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် လှုပ်ရှားမှု မရှိသောကြောင့် ပါတီကို ဖျက်သိမ်းခဲ့သည်။

၁၉၅၉ ခုနှစ်တွင် ဘရူနိုင်းတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ကို ရေးဆွဲခဲ့ပြီး ဘရူနိုင်းကို မိမိဘာသာ အုပ်ချုပ်သော နိုင်ငံအဖြစ် ကြေငြာခဲ့သော်လည်း နိုင်ငံခြား ဆက်ဆံရေး၊ လုံခြုံရေး နှင့် ကာကွယ်ရေး ကိစ္စရပ်များမှာမူ ယူနိုက်တက် ကင်းဒမ်း၏ တာဝန်အဖြစ် ပြဌာန်းခဲ့သည်။ [50]ဘရူနိုင်း အုံကြွမှုဟု ခေါ်သော ပုန်ကန်မှု အသေးစားတစ်ခု ၁၉၆၂ တွင် ပေါ်ပေါက်ခဲ့ပြီး ယူကေ၏ အကူအညီဖြင့် နှိမ်နင်းခဲ့သည်။ ထို့အတွက်ကြောင့် မြောက်ဘော်နီယို ဖက်ဒရေးရှင်း တည်ထောင်ရန် အကြံအစည် ပျက်ပြားခဲ့ရသည်။ ပုန်ကန်မှုသည် မလေးရှား ဖက်ဒရေးရှင်းတွင် ဘရူနိုင်း မပါဝင်ဘဲ ကျန်နေခဲ့သည့် ဆုံးဖြတ်ချက်ကို ဖြစ်စေခဲ့သည်။

ဘရူနိုင်းသည် ၁၉၈၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ယူနိုက်တက်ကင်းဒမ်းမှ လွတ်လပ်ရေး ရခဲ့သည်။ [50] နိုင်ငံ၏ လွတ်လပ်ရေးအတွက် ဆင်နွဲသော တရားဝင်အမျိုးသားနေ့ကို ဖေဖော်ဝါရီ ၂၃ တွင် ကျင်းပလေ့ ရှိသည်။ [51]

အခြေခံဥပဒေ ရေးဆွဲခြင်း

စူလတန် တတိယ အိုမာ အလီ ဆိုင်ဖူးဒီယန်

၁၉၅၃ ခုနှစ် ဇူလိုင်လတွင် စူလတန် တတိယ အိုမာ အလီ ဆိုင်ဖူးဒီယန် သည် "တူဂျာ ဆယ်ရန်ကိုင်း" ဟု ခေါ်သော အဖွဲ့ဝင် ၇ ဦးပါဝင်သည့် ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဘရူနိုင်းအတွက် အခြေခံဥပဒေ ရေးဆွဲရန် ပြည်သူတို့၏ အမြင်ကို သိရှိစေရန်အတွက် ဖြစ်သည်။ ၁၉၅၄ ခုနှစ် မေလတွင် စူလတန်၊ အုပ်ချုပ်ရေး အရာရှိ နှင့် မဟာမင်းကြီးတို့သည် ကော်မတီ၏ လေ့လာတွေ့ရှိချက်များကို ဆွေးနွေးခဲ့ကြသည်။ သူတို့သည် အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရန် အတွက် ခွင့်ပြုရန် သဘောတူညီခဲ့ကြသည်။ ၁၉၅၉ ခုနှစ် မတ်လတွင် စူလတန် တတိယ အိုမာ အလီ ဆိုင်ဖူးဒီယန်သည် လန်ဒန်သို့ သွားရောက်၍ အဆိုပြုထားသော အခြေခံ ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ [52] ဗြိတိသျှတို့၏ ကိုယ်စားလှယ်အဖွဲ့ကို ကိုလိုနီများ၏ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သော ဆာ အလန် လန်နော့-ဘွိုက် မှ ဦးဆောင်ခဲ့သည်။ နောက်တွင် ဗြိတိသျှ အစိုးရမှ အခြေခံ ဥပဒေ မူကြမ်းကို လက်ခံခဲ့သည်။

၁၉၅၉ ခုနှစ် စက်တင်ဘာ ၂၉ တွင် အခြေခံ ဥပဒေ နှင့် ပတ်သက်သော သဘောတူညီချက်ကို ဘရူနိုင်းမြို့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ထိုသဘောတူညီချက်အား စူလတန် တတိယ အိုမာ အလီ ဆိုင်ဖူးဒီယန် နှင့် အရှေ့တောင်အာရှ၏ မဟာမင်းကြီးချုပ် ဆာ ရောဘတ် စကော့တို့မှ လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီချက်တွင် အောက်ပါ အချက်များ ပါဝင်သည်။[37]

  • စူလတန်အား နိုင်ငံတော်၏ ဥသျှောင် အဖြစ် ထားရှိရန်
  • ဘရူနိုင်းသည် နိုင်ငံတွင်း အုပ်ချုပ်ရေး ကိစ္စရပ်များတွင် တာဝန်ယူရန်
  • ဗြိတိသျှ အစိုးရသည် နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ကိစ္စရပ်များ အတွက်သာ တာဝန်ယူရန်
  • အုပ်ချုပ်ရေး အရာရှိ ရာထူးကို ပယ်ဖျက်၍ ဗြိတိသျှ မဟာမင်းကြီး ရာထူးဖြင့် အစားထိုးရန်

အောက်ပါ ကောင်စီ ၅ ခုကို ဖွဲ့စည်းခဲ့သည်။

  • အုပ်ချုပ်ရေး ကောင်စီ
  • ဘရူနိုင်း ဥပဒေ ပြုရေး ကောင်စီ
  • ပရိုင်ဗီ ကောင်စီ
  • အာဏာလွှဲပြောင်း ဆက်ခံရေး ကောင်စီ
  • နိုင်ငံတော် ဘာသာရေးကောင်စီ

နိုင်ငံတော် ဖွံဖြိုးရေး အစီအစဉ်များ

ဘရူနိုင်းနိုင်ငံ၏ ၂၈ ယောက်မြောက် စူလတန်ဖြစ်သော တတိယ အိုမာ အလီ ဆိုင်ဖူးဒီယန်သည် နိုင်ငံတော် ဖွံ့ဖြိုးရေး အစီအစဉ်များကို ဆက်တိုက် စတင်ခဲ့သည်။

၁၉၅၃ ခုနှစ်တွင် ပထမ တစ်ခုကို စတင်ခဲ့သည်။[53] ဘရူနိုင်းနိုင်ငံတော် ကောင်စီမှ ဘရူနိုင်း ဒေါ်လာ သန်း ၁၀၀ ကို ခွင့်ပြုပေးခဲ့ပြီး ဖီဂျီရှိ ကိုလိုနီရုံးမှ အီး အာရ် ဘီဗင်တန် အား အကောင်အထည် ဖော်ရန် တာဝန် ပေးအပ်ခဲ့သည်။[54] ထိုအစီအစဉ်ဖြင့် အမေရိကန် ဒေါ်လာ ၁၄ သန်းတန်သော သဘာဝဓာတ်ငွေ့ စက်ရုံကို တည်ဆောက်ခဲ့သည်။ ၁၉၅၄ တွင် ဘရူနိုင်း ရှဲလ် ရေနံကုမ္ပဏီမှ ကုန်းတွင်း နှင့် ကမ်းလွန် ရေနံမြေများတွင် ကွင်းဆင်းတိုင်းတာခြင်း နှင့် ရှာဖွေခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ထုတ်လုပ်မှုသည် တစ်ရက်လျှင် ရေနံစည် ၁၁၄,၇၀၀ အထိ ရောက်ရှိခဲ့သည်။

ဗြိတိသျှ စစ်သားများသည် ဗြိတိသျှ အစောင့်အရှောက်ခံနိုင်ငံ ဖြစ်သော ဘရူနိုင်းရှိ ဆယ်ရီယာ ရေနံတွင်းများကို စောင့်ကြပ်နေကြစဉ်၊ ၁၉၆၃ ဇန်နဝါရီလ

ထိုအစီအစဉ်သည် အများပြည်သူဆိုင်ရာ ပညာရေးနှင့် ပတ်သက်၍လည်း ဖွံ့ဖြိုးရေး အစီအစဉ်များကို ပံ့ပိုးပေးခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ပညာရေးအတွက် အသုံးစရိတ်မှာ စုစုပေါင်း ၄ သန်း အထိ ရှိလာသည်။[54] လမ်းအသစ်များကို ဖောက်လုပ်ခဲ့ပြီး ဘီရာကက် လေဆိပ်ကို ၁၉၅၄ ခုနှစ်တွင် ပြန်လည် တည်ဆောက် ပြီးစီးခဲ့သဖြင့် ပို့ဆောင်ဆက်သွယ်ရေးမှာ တိုးတက်လာခဲ့သည်။ [55]

ဒုတိယမြောက် နိုင်ငံတော် ဖွံ့ဖြိုးရေး အစီအစဉ်ကို ၁၉၆၂ ခုနှစ်တွင် စတင်ခဲ့သည်။ [55] ၁၉၆၃ ခုနှစ်တွင် အဓိကကျသော ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုတွေ့ရှိမှုကြောင့် သဘာဝဓာတ်ငွေ့ရည်မှာ အရေးပါ လာခဲ့သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ထိုစဉ်မှစ၍ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ [56] ထိုအစီအစဉ် အရ နိုင်ငံသားတို့ စားသုံးရန် အသားနှင့် ဥများ ထုတ်လုပ်ရေးကိုလည်း တိုးချဲ့ခဲ့သည်။ ထိုအစီအစဉ် အကောင်အထည်ဖော်နေစဉ်ကာလတွင် ငါးလုပ်ငန်း၏ ထွက်နှုန်းမှာ ၂၅% အထိ မြင့်တက်လာခဲ့သည်။ ထိုအချိန်အတွင်း မွာရာတွင် ရေနက်ဆိပ်ကမ်းကို တည်ဆောက်ခဲ့သည်။ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို အလျဉ်မီအောင် ထုတ်လုပ်နိုင်ခဲ့ပြီး ကျေးလက်ဒေသများတွင်လည်း လျှပ်စစ်မီး ပေးရန် လေ့လာခဲ့သည်။[56] ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ အကူအညီဖြင့် ငှက်ဖျားနှင့် အခြားကူးစက်တတ်သော ရောဂါများကို လျှော့ချ ရှင်းလင်းနိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ငှက်ဖျားရောဂါ တွေ့ရှိမှု ၃၀၀ မှ ၁၉၅၉ ခုနှစ်တွင် ၆၆ ခု အထိ လျှော့ချနိုင်ခဲ့သည်။[57] သေဆုံးမှုအား ၁၉၄၇တွင် လူ ၁,၀၀၀ လျှင် ၂၀ မှ ၁၉၅၃ တွင် လူ ၁,၀၀၀ လျှင် ၁၁.၃ ယောက် အထိ လျှော့ချနိုင်ခဲ့သည်။[57]အများပြည်သူဆိုင်ရာ မိလ္လာစနစ်၊ ရေမြောင်းများကို ကောင်းမွန်အောင် လုပ်ဆောင်ခြင်း နှင့် ပြည်သူများသို့ ရေပိုက်ဖြင့် ရေပေးဝေခြင်း တို့ဖြင့် ကူးစက်ရောဂါများကို တားဆီးနိုင်ခဲ့သည်။ [57]

လွတ်လပ်ရေး ရခြင်း

၁၉၇၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် စူလတန် ဟာဆန်နယ် ဘိုလ်ကယား သည် လန်ဒန်သို့ သွားရောက်ခဲ့ပြီး ၁၉၅၉ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရန် ကိစ္စရပ်များကို သွားရောက်ဆွေးနွေးခဲ့သည်။ ၁၉၇၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် သဘောတူညီချက် အသစ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဗြိတိသျှဘက်မှ အန်သိုနီ ရွိုင်းက ကိုယ်စားလှယ် အဖြစ် လက်မှတ်ရေးထိုးခဲ့သည်။ [58]

ထိုသဘောတူညီချက်အရ အောက်ပါ အချက်များကို သဘောတူညီခဲ့ကြသည်။

  • ဘရူနိုင်းအား ပြည်တွင်း အုပ်ချုပ်ခွင့် အပြည့်အဝ ပေးရန်
  • ယူကေ အနေနှင့် နိုင်ငံခြားရေး ကိစ္စရပ်များနှင့် ကာကွယ်ရေး ကိစ္စများကို ဆက်လက် တာဝန်ယူရန်
  • လုံခြုံရေးနှင့် ကာကွယ်ရေးတို့နှင့် ပတ်သက်၍ ဘရူနိုင်းနှင့် ယူကေတို့ ပူးပေါင်းဆောင်ရွက်ရန် တို့ ဖြစ်ကြသည်။

ထိုသဘောတူညီချက်ကြောင့် ဂေါ်ရခါးတပ်များကို ဘရူနိုင်းတွင် တပ်စွဲစေခဲ့ပြီး ယနေ့တိုင် ရှိနေဆဲ ဖြစ်သည်။

စူလတန် ဟာဆန်နယ် ဘိုလ်ကယား (ညာဘက်) အား ၂၀၀၄ တွင် တွေ့ရစဉ်

၁၉၇၉ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ယူနိုက်တက် ကင်းဒမ်းနှင့် ဘရူနိုင်းတို့ အကြား နောက်ထပ် စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။ လော့ဒ် ဂိုရွန်ဝီ-ရောဘတ်က ယူကေ၏ ကိုယ်စားလှယ် အဖြစ် လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီချက်မှ ဘရူနိုင်းအား နိုင်ငံတကာဆိုင်ရာ တာဝန်များကို လွတ်လပ်သော နိုင်ငံအဖြစ် လွှဲပြောင်းရယူရန် ဖြစ်သည်။ ဗြိတိသျှတို့မှ သံတမန်ရေးရာ ကိစ္စရပ်များတွင် ဘရူနိုင်းအား ကူညီရန် သဘောတူညီခဲ့သည်။[59] ၁၉၈၃ ခုနှစ် မေလတွင် ဘရူနိုင်းအား ၁၉၈၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စ၍ လွတ်လပ်ရေးပေးရန် ယူကေမှ ကြေငြာခဲ့သည်။

၁၉၈၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အဓိက ဗလီများတွင် နိုင်ငံ၏ ပြည်နယ် ၄ ခုစလုံးမှ လူများ စုဝေးခဲ့ကြပြီး ညသန်းခေါင်ယံ ၁၉၈၄ ခုနှစ် ဇန်နဝါရီ ၁ ရက် သို့ ရောက်သောအခါ စူလတန် ဟာဆန်နယ် ဘိုလ်ကယားမှ လွတ်လပ်ရေး ကြေငြာချက်ကို ဖတ်ကြားခဲ့သည်။ စူလတန်မှ ဆက်တိုက်ပင် ယခင်က တော်ဝင်မင်းသား အဖြစ်မှ ဘုရင်ဘွဲ့ကို ခံယူခဲ့သည်။ [60] ဘရူနိုင်းသည် ၁၉၈၄ ခုနှစ် စက်တင်ဘာ ၂၂တွင် ကုလသမဂ္ဂ၏ ၁၅၉ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။[61]

၂၁ရာစုနှစ်

၂၀၁၃ ခုနှစ် အောက်တိုဘာ တွင် စူလတန် ဟာဆန်နယ် ဘိုလ်ကယားသည် ရှာရီယာဥပဒေမှ ရာဇဝတ် ပုဒ်မများကို နိုင်ငံရှိ သုံးပုံ နှစ်ပုံမျှသော မွတ်စလင်ပြည်သူများသို့ သက်ရောက်စေမည်ဟု ကြေငြာခဲ့သည်။ [62] ထိုသို့ ဆောင်ရွက်ခြင်းကို အဆင့် ၃ ဆင့်ဖြင့် ဖော်ဆောင်မည်ဖြစ်ပြီး နောက်ဆုံးအဆင့်ကို ၂၀၁၆ တွင် ဖော်ဆောင်မည်ဟု ကြေငြာခဲ့သဖြင့် ဘရူနိုင်းအား အရှေ့အာရှတွင် ရာဇဝတ်ပုဒ်မများအတွင်းသို့ ရှာရီယာ ဥပဒေ ထည့်သွင်းသော ပထမဆုံး နှင့် တစ်ခုတည်းသော နိုင်ငံ ဖြစ်လာစေခဲ့သည်။[63] ထိုလုပ်ဆောင်ချက်ကြောင့် နိုင်ငံတကာမှ ဝေဖန်ခဲ့ကြပြီး[64] ကုလသမဂ္ဂမှ အလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။[65]

ပထဝီဝင်

ဘရူနိုင်းသည် အရှေ့တောင်အာရှ နိုင်ငံတစ်ခု ဖြစ်ပြီး ဆက်စပ်မနေသော အပိုင်း နှစ်ပိုင်းပါဝင်ကာ စုစုပေါင်း ဧရိယာမှာ ဘော်နီယိုကျွန်းပေါ်တွင် ၅,၇၆၅ စတုရန်း ကီလိုမီတာ (၂,၂၂၆ စတုရန်းမိုင်) မျှ ရှိသည်။ တောင်တရုတ်ပင်လယ်နှင့် ဆက်စပ်နေသာ ကမ်းရိုးတန်းအရှည် ၁၆၁ ကီလိုမီတာ (၁၀၀ မိုင်) မျှ ရှိပြီး မလေးရှားနှင့် ထိစပ်နေသော နယ်နိမိတ် ၃၈၁ km (၂၃၇ mi) မျှ ရှိသည်။ ရေပိုင်နက်မှာ ၅၀၀ စတုရန်း ကီလိုမီတာ (၁၉၃ စတုရန်းမိုင်) ရှိပြီး သီးသန့် စီးပွားရေးဇုန်မှာ ၂၀၀-ရေမိုင် (၃၇၀-ကီလိုမီတာ; ၂၃၀-မိုင်) မျှ ရှိသည်။[18]

၉၇% သော လူဦးရေမှာ ကျယ်ပြန့်သော အနောက်ပိုင်းဒေသများ ဖြစ်ကြသော ဘီလိတ်ပြည်နယ်၊ တူတောင်းပြည်နယ် နှင့် ဘရူနိုင်း-မွာရာ တို့တွင် နေထိုင်ကြပြီး လူဦးရေ ၁၀,၀၀၀ မျှသာ တောင်ထူထပ်သော အရှေ့ပိုင်းဒေသဖြစ်သည့် တမ်ဘူရောင်းပြည်နယ်တွင် နေထိုင်ကြသည်။ ၂၀၁၀ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၏ စုစုပေါင်း လူဦးရေမှာ ၄၀၈,၀၀၀ ခန့် ရှိပြီး ၁၅၀,၀၀၀ ခန့်မှာ မြို့တော်ဖြစ်သော ဘန်ဒါဆရီဘဂါဝမ်မြို့ တွင် နေထိုင်ကြသည်။[66] အခြားမြို့ကြီးများမှာ ဆိပ်ကမ်းမြို့ဖြစ်သော မွာရာမြို့၊ ရေနံထုတ်လုပ်သည့် မြို့ဖြစ်သော ဆယ်ရီယာမြို့နှင့် ၎င်း၏ အိမ်နီးချင်းမြို့ဖြစ်သော ကွာလာဘီလိတ်မြို့တို့ ဖြစ်ကြသည်။ ဘီလိတ်ပြည်နယ်တွင် ပန်နာဂါဒေသသည် ဥရောပမှ ရွှေ့ပြောင်းလုပ်ကိုင်သူများ နေထိုင်ရာဒေသဖြစ်ပြီး တော်ဝင်ဒတ်ချ်ရှဲလ် ကုမ္ပဏီ နှင့် ဗြိတိသျှစစ်တပ် အိမ်ရာများ ရှိသောကြောင့် ဖြစ်သည်။ အချို့သော အပန်းဖြေရာနေရာများမှာ ထိုဒေသတွင် ရှိသည်။[67]

ဘရူနိုင်း၏ အစိတ်အပိုင်း အတော်များများသည် ဘော်နီယို အနိမ့်ပိုင်း မိုးသစ်တော ဇီဝရပ်ဝန်း အတွင်း တည်ရှိပြီး ထိုသစ်တောများမှ ကျွန်း၏ အစိတ်အပိုင်း အတော်များများကို ဖုံးလွှမ်းထားသည်။ တောင်တန်းမိုးသစ်တောများမှာ ကုန်းတွင်းတွင် တည်ရှိသည်။[68]

ဘရူနိုင်းနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သော ဘန်ဒါဆရီဘဂါဝမ်မြို့ ၏ မြင်ကွင်းကျယ်

ရာသီဥတု

ဘရူနိုင်းနိုင်ငံ၏ ရာသီဥတုသည် အပူပိုင်းအီကွေတာ ရာသီဥတုမျိုး ဖြစ်ပြီး အပူပိုင်းမိုးသစ်တော ရာသီဥတု အမျိုးအစား ဖြစ်သည်။ အပူပိုင်းဇုံဒေသကြား အပြောင်းအလဲများ ပေါ်တွင် ပိုမိုမူတည်ပြီး ကုန်သည်လေများပေါ်တွင် မူတည်ခြင်း မရှိပေ။ ဆိုင်ကလုန်းမုန်တိုင်း မရှိသလောက် ရှားသည်။ ဘရူနိုင်းသည် အခြားသော အာဆီယံနိုင်ငံများနည်းတူ ရာသီဥတု အပြောင်းအလဲ သက်ရောက်မှုအပေါ် စိုးရိမ်ရသည့် အနေအထား ရှိသည်။[69]

နိုင်ငံရေးနှင့် အစိုးရ

ဘရူနိုင်းနိုင်ငံ၏ စူလတန် ဟာဆန်နယ် ဘိုလ်ကယား

ဘရူနိုင်းနိုင်ငံ၏ နိုင်ငံရေးကို အခြေခံဥပဒေ နှင့် တိုင်းပြည်၏ ရိုးရာဖြစ်သော မလေးအစ္စလာမ် ဘုရင်စနစ် တို့ဖြင့် အုပ်ချုပ်သည်။ မလေးအစ္စလာမ် ဘုရင်စနစ်တွင် မလေးယဉ်ကျေးမှု၊ အစ္စလာမ်ဘာသာ နှင့် ဘုရင်၏ လက်အောက်မှ နိုင်ငံရေးစနစ်တို့ ပါဝင်သည်။[70] အင်္ဂလိပ် ဓလေ့ထုံးတမ်း ဥပဒေ အပေါ် အခြေခံသည့် ဥပဒေ စနစ် ရှိပြီး အချို့သော ကိစ္စရပ်များတွင် အစ္စလာမ် ဥပဒေ ("ရှာရီယာ") က လွှမ်းမိုးသည်။ လွှတ်တော် ရှိသော်လည်း ရွေးကောက်ပွဲ ကျင်းပခြင်း မရှိပေ။ ဘရူနိုင်းနိုင်ငံ၏ နောက်ဆုံး ရွေးကောက်ပွဲကို ၁၉၆၂ ခုနှစ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ [71]

၁၉၅၉ ခုနှစ် ဘရူနိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒအရ ဘုရင် ပါဒူကာ ဆယ်ရီ ဘာဂင်ဒါ စူလတန် ဟာဂျီ ဟာဆန်နယ် ဘိုလ်ကယား မူအီဇက်ဒင် ဝတ်ဒ်ဒေါလာ မှာ နိုင်ငံခေါင်းဆောင်ဖြစ်ပြီး အုပ်ချုပ်ရေး အာဏာ အပြည့်အဝ ရှိသည်။ ၁၉၆၂ ခုနှစ်မှစ၍ အာဏာတွင် အရေးပေါ် အာဏာ ပါရှိပြီး နှစ်နှစ်တစ်ကြိမ် သက်တမ်းတိုးသည်။ ဘရူနိုင်းသည် ၁၉၆၂ ခုနှစ် ဘရူနိုင်း အုံကြွမှု ဖြစ်သည့် အချိန်မှစ၍ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်နေခြင်း ဖြစ်သည်။ [50] ဟာဆန်နယ် ဘိုလ်ကယား ဘုရင်သည် နိုင်ငံတော် ဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး နှင့် ကာကွယ်ရေးဝန်ကြီး နေရများကိုပါ ရယူထားရှိသည်။[72] တော်ဝင်မိသားစုသည် ဘရူနိုင်းတွင် လူအများ လေးစားရသော အနေအထား ရှိသည်။

နိုင်ငံခြားဆက်ဆံရေး

ဘရူနိုင်း စူလတန်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဟာဆန်နယ် ဘိုလ်ကယားသည် အမေရိကန်သမ္မတာ ဘားရက် အိုဘားမား နှင့် တွေ့ဆုံစဉ်။ ၂၀၁၅ နိုဝင်ဘာ ၁၈
စူလတန် ဟာဆန်နယ် ဘိုလ်ကယားအား အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို နှင့်အတူ ၂၀၁၇ အောက်တိုဘာ ၆ ရက်တွင် တွေ့ရစဉ်

၁၉၇၉ ခုနှစ် မတိုင်ခင်အချိန်အထိ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးကို ယူနိုက်တက်ကင်းဒမ်း အစိုးရက စီမံခန့်ခွဲသည်။ ၁၉၇၉ ခုနှစ်မှသာ ဘရူနိုင်း သံတမန်ဆက်ဆံရေး ဌာနက စီမံခန့်ခွဲခြင်း ဖြစ်သည်။ ၁၉၈၄ ခုနှစ်တွင် ဌာန မှ ဝန်ကြီးဌာန အဖြစ် ပြောင်းလဲခဲ့ပြီး ယခုအခါ ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အဖြစ် လူသိများသည်။ [73]

ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒမှာ အောက်ပါအတိုင်း ဖြစ်သည်။[74]

  • အခြားနိုင်ငံများ၏ အချုပ်အခြာအာဏ၊ သမာဓိ နှင့် လွတ်လပ်ရေး တို့ကို အပြန်အလည်လေးစားမှု ရှိသည်။
  • နိုင်ငံများအကြား ရင်းနှီးချစ်ကြည်မှုကို ထိန်သိမ်းသွားမည်။
  • အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွတ်ဖက်ခြင်း မပြု။
  • ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် တည်ငြိမ်ရေး တို့ကို ထိန်းသိမ်းသွားမည်။

ယူနိုက်တက်ကင်းဒမ်းနှင့် မူလအစကတည်းက ဆက်ဆံရေး ရှိသဖြင့် လွတ်လပ်ရေးရပြီးသော ၁၉၈၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်ပင် ဓနသဟာယနိုင်ငံများအဖွဲ့၏ ၄၉ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ [75] ဒေသတွင်း ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေရန် အစကနဦး ခြေလှမ်းအဖြစ် ၁၉၈၄ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် အာဆီယံအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ဆဋ္ဌမမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ အချုပ်အခြာအာဏာ နှင့် လွတ်လပ်ရေးကို နိုင်ငံတကာမှ အသိအမှတ်ပြုစေရန် ထိုနှစ် စက်တင်ဘာ ၂၁ ရက်တွင် ကုလသမဂ္ဂ သို့ ဝင်ရောက်ခဲ့သည်။[76]

အစ္စလာမ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သဖြင့် ၁၉၈၄ ဇန်နဝါရီလတွင် ဘရူနိုင်းသည် အပြည်ပြည်ဆိုင်ရာ အစ္စလာမ် ကွန်ဖရင့် (ယခု အပြည်ပြည်ဆိုင်ရာ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ သို့ အိုအိုင်စီ) သို့ မော်ရိုကိုနိုင်ငံတွင် ကျင်းပေသာ စတုတ္ထမြောက် အစ္စလာမ် ထိပ်သီးအစီးအဝေးတွင် ဝင်ရောက်ခဲ့သည်။[77]


အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (အေးပက်) သို့ ၁၉၈၉ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီးနောက် ဘရူနိုင်းသည် အေးပက် စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးပွဲကို ၂၀၀၀ ခုနှစ်တွင် လည်ကောင်း၊ အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်ကို ၂၀၀၂ ဇူလိုင်လတွင် လည်းကောင်း အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည်။[78]၁၉၉၅ ဇန်နဝါရီ ၁ ရက်တွင် ဘရူနိုင်းသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့တည်ထောင်ရာတွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။[79] BIMP-EAGA ဟု ခေါ်သော ဘရူနိုင်း-အင်ဒိုနီးရှား-မလေးရှား-ဖိလစ်ပိုင် အရှေ့အာဆီယံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဧရိယာ အား ၁၉၉၄ ခုနှစ် မတ်လ ၂၄ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ ဒါဗောင်းမြို့ရှိ ဝန်ကြီးများ အစည်းအဝေးတွင် တည်ထောင်ပြီးနောက် အဓိက လှုပ်ရှားသူ တစ်ဦး ဖြစ်လာခဲ့သည်။[80]

ဘရူနိုင်းနိုင်ငံသည် စင်ကာပူနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့် နီးစပ်သော ဆက်ဆံရေး ရှိသည်။ ၂၀၀၉ ခုနှစ် ဧပြီလတွင် ဘရူနိုင်း နှင့် ဖိလစ်ပိုင်တို့သည် စိုက်ပျိုးမွေးမြူရေး ကဏ္ဍ နှင့် စိုက်ပျိုးရေးနှင့် ဆိုင်သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုကို ခိုင်မာအောင် ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

ဘရူနိုင်းသည် ယခုအခါ အငြင်းပွားနေသော စပရက်ထလီကျွန်းများ ကို ပိုင်ဆိုင်ကြောင်း တောင်းဆိုသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။[81] လင်ဘန်းအား ဆာရာဝပ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်းကို ၁၈၉၀ တွင် ပထမအကြိမ် ဆာရာဝပ်သို့ သွတ်သွင်းစဉ်ကတည်းက အငြင်းပွားခဲ့သည်။ [81] ထိုပြဿနာသည် ၂၀၀၉ တွင် ပြေလည်သွားခဲ့သည် ဟု ဆိုကြပြီး ဘရူနိုင်းက နယ်နိမိတ်ကို လက်ခံခဲ့၍ မလေးရှားက ဘရူနိုင်းရေပိုင်နက်အတွင်းရှိ ရေနံတွင်းများအား တောင်းဆိုမှုကို ရုတ်သိမ်းခဲ့သည်။[82] သို့သော်လည်း ဘရူနိုင်း အစိုးရက ထိုအချက်ကို ငြင်းပယ်ခဲ့ပြီး လင်ဘန်းသည် သူတို့ပိုင်နက် ဖြစ်ကြောင်း တောင်းဆိုမှုကို ဘယ်သောအခါမှ အလျှော့မပေးခဲ့ဟု ဆိုသည်။[83][84]

ဘရူနိုင်းနိုင်ငံသည် ၂၀၁၃ တွင် အာဆီယံ ၏ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ [85] ထိုနှစ်မှာပင် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည်။ [86]

စစ်ရေး

ဘရူနိုင်းနိုင်ငံသည် နိုင်ငံတဝှမ်းတွင် ကြည်းတပ် တပ်မ ၃ ခု ကို ထားရှိသည်။ [50] ဘရူနိုင်းရေတပ်တွင် ဂျာမန်နိုင်ငံမှ ထုတ်လုပ်သော "အစ်ဂျ်တီဟက်ဒ်" အဆင့် ကင်းလှည့်ရေယာဉ် အချို့ ရှိသည်။ ယူနိုက်တက်ကင်းဒမ်းမှလည်း ဘရူနိုင်း ရေနံလုပ်ငန်း၏ ဗဟိုဖြစ်သော ဆယ်ရီယာတွင် အခြေစိုက်စခန်း ထားရှိသည်။ ထိုနေရာတွင် ဂေါ်ရခါး တပ်သား ၁,၅၀၀ ပါဝင်သော တပ်မ တစ်ခု ရှိသည်။ [50] ယူနိုက်တက် ကင်းဒမ်းမှ စစ်သားအချို့သည်လည်း နှစ်နိုင်ငံကြား ကာကွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားမှုကြောင့် ထိုနေရာတွင် အခြေစိုက်ကြသည်။ [50]

လေတပ်မှ သုံးစွဲသော ဘဲလ် ၂၁၂ ရဟတ်ယာဉ် တစ်စင်းသည် ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်က ကွာလာဘီလိတ်တွင် ပျက်ကျခဲ့ပြီး ယာဉ်ပေါ်ပါ ဝန်ထမ်း ၁၄ ဦးမှ ၁၂ ဦး သေဆုံးခဲ့သည်။ ပျက်ကျရသည့် အကြောင်းရင်းကို အတိအကျ မပြောနိုင်ပေ။ [87] ထိုရဟတ်ယာဉ်ပျက်ကျမှုသည် ဘရူနိုင်း လေကြောင်းသွားလာရေးတွင် အဆိုးရွားဆုံး မတော်တဆမှု ဖြစ်သည်။

စစ်တပ်သည် ယခုအခါတွင် လက်နက်ကိရိယာ အသစ်များကို ဝယ်ယူလျှက် ပြီး[88] မောင်းသူမဲ့ လေယာဉ်များနှင့် S70-i ဘလက်ဟော့ခ် ရဟတ်ယာဉ်များ ပါဝင်သည်။[89]

ဘရူနိုင်း ဥပဒေပြုရေးကောင်စီမှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး ဘတ်ဂျက်ကို ၅% တိုးမြှင့်၍ ဘရူနိုင်းဒေါ်လာ ၅၆၄ သန်း (အမေရိကန် ဒေါ်လာ ၄၀၈သန်း) အထိ တိုးမြှင့်ရန် အဆိုပြုထားသည်။ ထိုပမာဏသည် နိုင်ငံတော်၏ တစ်နှစ်တာ အသုံးစရိတ်၏ ဆယ်ရာခိုင်နှုန်းခန့် ရှိပြီး ဂျီဒီပီ၏ ၂.၅ ရာခိုင်နှုန်းမျှ ရှိသည်။ [90]

ပြည်နယ်များ

ဘရူနိုင်းနိုင်ငံအား ပြည်နယ် (ဒယ်ရာ) ၄ ခု [91] နှင့် မြို့နယ် (မူကင်) ၃၈ ခု ဖြင့် ဖွဲ့စည်းထားသည်။[50]

တမ်ဘူရောင်းပြည်နယ်သည် ဘရူနိုင်းနိုင်ငံတခြား အပိုင်းများနှင့် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် ဖြင့် ကြားမှ ခံထားသဖြင့် ဆက်စပ်မနေပေ။


No.Districtမြို့တော်လူဦးရေ(၂၀၁၆ လူဦးရေစာရင်း)[92]ဧရိယာ(စတုရန်းကီလိုမီတာ)
1.ဘီလိတ်ကွာလာဘီလိတ်}၆၉,၀၆၂၂,၇၂၄
2.ဘရူနိုင်း-မွာရာ  ဘန်ဒါဆရီဘဂါဝမ်မြို့၂၈၉,၆၃၀၅၇၁
3.တမ်ဘူရောင်းပီကန်ဘန်ကာ၁၀,၂၅၁၁,၃၀၄
4.တူတောင်းပီကန်းတူတောင်၄၈,၃၁၃၁,၁၆၆
Kuala
Belait
Seria
Liang
Kuala
Balai
Labi
Bukit
Sawat
Sukang
Melilas
Telisai
Ukong
Rambai
Lamunin
Tanjong
Maya
Ki-
udang
Keriam
Pekan Tutong
Seng-
kurong
Pengkalan
Batu
Kilanas
Kianggeh
Lumapas
BPA
Peramu
Saba
Sungai
Kebun
KB
GA
GB
BA
BB
Tamoi
Sungai Kedayan
Mentiri
Serasa
Labu
Bangar
Batu
Apoi
Bokok
Amo
  ဘီလိတ်
  တူတောင်း
  ဘရူနိုင်း-မွာရာ
  တမ်ဘူရောင်း

ဘရူနိုင်း-မွာရာပြည်နယ်တွင် ဘရူနိုင်း၏ မြို့တော်ဖြစ်သော ဘန်ဒါဆရီဘဂါဝမ်မြို့ ပါဝင်ပြီး ၎င်း၏ ဆင်ခြေဖုံးများတွင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၈ ခုမှ ၁၅ ခု ပါဝင်သည်။

ဘရူနိုင်းလူဦးရေ၏ ၉၀%သည် မြို့နယ် ၃၈ ခု အတွင်းမှ ၁၅ ခုတွင် နေထိုင်ကြသည်။

အဆင့် မြို့နယ် (မူကင်) လူဦးရေ မြို့ကြီးများ ပြည်နယ် (ဒယ်ရာ)
ဆင်ကူရောင်း ၆၂,၄၀၀ ဂျယ်ရူဒေါင်း နှင့် ဘန်ဒါဆရီဘဂါဝမ် ဘရူနိုင်း-မွာရာ
ဂဒေါင်း ဘီ ၅၉,၆၁၀ ဘန်ဒါဆရီဘဂါဝမ် ဘရူနိုင်း-မွာရာ
ဘီရာကက်စ် အေ ၅၇,၅၀၀ ဘန်ဒါဆရီဘဂါဝမ် ဘရူနိုင်း-မွာရာ
ကွာလာ ဘီလိတ် ၃၅,၅၀၀ ကွာလာဘီလိတ်မြို့ ဘီလိတ်
ဆယ်ရီယာ ၃၂,၉၀၀ ဆယ်ရီယာမြို့ ဘီလိတ်
ဘီရာကက်စ် ဘီ ၂၃,၄၀၀ ဘန်ဒါဆရီဘဂါဝမ် ဘရူနိုင်း-မွာရာ
ဆူနိုင်းလျန် ၁၈,၁၀၀ ကျေးရွာငယ်များ ဘီလိတ်
ပန်ကလန် ဘာတူး ၁၅,၀၀၀ ကျေးရွာငယ်များ ဘရူနိုင်း-မွာရာ
ကီလာနာ့စ် ၁၄,၀၀၀ ဘန်ဒါဆရီဘဂါဝမ် ဘရူနိုင်း-မွာရာ
၁၀ ကိုတာ ဘာတူး ၁၂,၆၀၀ ဘန်ဒါဆရီဘဂါဝမ် ဘရူနိုင်း-မွာရာ
၁၁ ပီကန်း တူတောင် ၁၂,၁၀၀ တူတောင်မြို့ တူတောင်
၁၂ မန်တီရီ ၁၀,၈၇၂ ကျေးရွာငယ်များ ဘရူနိုင်း-မွာရာ
၁၃ ဆီရာဆာ ၁၀,၀၀၀ မွာရာမြို့ ဘရူနိုင်း-မွာရာ
၁၄ ကရန်ဂဲ ၈,၅၄၀ ဘန်ဒါဆရီဘဂါဝမ် ဘရူနိုင်း-မွာရာ
၁၅ ဘူရောင်း ပင်ဂိုင်းအေရာ ၈,၂၀၀ ဘန်ဒါဆရီဘဂါဝမ် ဘရူနိုင်း-မွာရာ

ဥပဒေစနစ်

ဘရူနိုင်း၏ တရားစီရင်ရေး စနစ်တွင် တရားရုံး အမျိုးမျိုး ရှိသည်။ အမြင့်ဆုံး တရားရုံးမှာ တရားလွှတ်တော်ချုပ်ဖြစ်ပြီး ၎င်းတွင် အယူခံတရားရုံး နှင့် ဗဟိုတရားရုံးတို့ ပါဝင်သည်။ ထိုတရားရုံး နှစ်ခုစလုံးတွင် တရားသူကြီးချုပ် တစ်ဦးစီ နှင့် တရားသူကြီး နှစ်ဦးစီ ရှိသည်။[18]

အမျိုးသမီးနှင့် ကလေးသူငယ်များ

တူဒေါင်း ဟုခေါ်သော ခေါင်းမြီးခြုံ ပုဝါမှာ ဘရူနိုင်းရှိ မွတ်ဆလင် ကျောင်းသူများ အတွက် မဝတ်မနေရ ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနက အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်းသည် ဘရူနိုင်းရှိ ပြဿနာ တစ်ခု ဖြစ်သည်ဟု ဆိုသည်။[93] ဥပဒေ အရ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုများကို တားမြစ်ထားပြီး မည်သူမဆို အဓမ္မ သို့မဟုတ် အားသုံး၍ ကာအိန္ဒြေပျက်ပြားအောင် သို့မဟုတ် ကာအိန္ဒြေပျက်ပြားနိုင်သည့် အနေအထားကို ကျူးလွန်လျှင် ထောင်ဒဏ် ၅ နှစ် အထိ ချမှတ်နိုင်သည့်အပြင် ကြိမ်ဒဏ်လည်း ခံရနိုင်သည်။ ဥပဒေအရ မုဒိမ်းမှုအား ထောင်ဒဏ် နှစ် ၃၀ အထိ ချမှတ်နိုင်ပြီး ကြိမ်ဒဏ် အနည်းဆုံး ၁၂ ချက် ချမှတ်ရမည်ဟု ပြဌာန်းထားသည်။ အိမ်ထောင်ဖက်အချင်းချင်း အဓမ္မမှုကို ရာဇဝတ်မှုဟု မသတ်မှတ်ထားဘဲ ယောက်ျားတစ်ဦးသည် သူ၏ အိမ်ထောင်ဘက်နှင့် လိင်ဆက်ဆံပါက အိမ်ထောင်ဘက်သည် အသက် ၁၃ နှစ်အောက် မဟုတ်ခဲ့လျှင် မုဒိမ်းမှု မဟုတ်ဟု သတ်မှတ်ထားသည်။ သို့သော် ပြုပြင်ပြဌာန်းထားသော ၂၀၁၀ အစ္စလာမ် မိသားစု ဥပဒေ အမိန့် နှင့် ၂၀၁၀ အိမ်ထောင်ရှိ အမျိုးသမီး ဥပဒေတွင် အိမ်ထောင်ဖက်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို ကာကွယ်ပေးထားသည်။ ထိုကာကွယ်ပေးမှုကို ဖောက်ဖျက်ပါက ဘရူနိုင်း ဒေါ်လာ ၂၀၀၀ (အမေရိကန် ဒေါ်လာ ၁,၅၃၈) ထက်မပိုသော ဒဏ်ငွေ နှင့် ၆ လထက် မပိုသော ထောင်ဒဏ် ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

နိုင်ငံသားဖြစ်မှုသည် မိဘအပေါ်တွင် မူတည်ပြီး နိုင်ငံ၏ နယ်နိမိတ်အတွင်း မွေးဖွားသည်နှင့် မဆိုင်ပေ။ နိုင်ငံမဲ့ ဖြစ်နေသော မိဘများ အနေနှင့် နိုင်ငံအတွင်း မွေးဖွားသော ကလေးသူငယ် အတွက် အထူးလက်မှတ်ကို လျှောက်ထားရသည်။ အကယ်၍ ကလေးအား မှတ်ပုံမတင်မိပါက ကျောင်းအပ်ရန် ခက်ခဲသည်။ ဥပဒေအရ အသက် ၁၄ နှစ်အောက် အမျိုးသမီးတစ်ဦး နှင့် လိင်ဆက်ဆံပါက မုဒိမ်းမှုဟု သတ်မှတ်ပြီး ၈ နှစ်ထက် မနည်း၍ နှစ် ၃၀ ထက် မပိုသော ထောင်ဒဏ် နှင့် ၁၂ ချက်ထက် မနည်းသော ကြိမ်ဒဏ်ဖြင့် အပြစ်ပေးခံရနိုင်သည်။ ဥပဒေ၏ ရည်ရွယ်ချက်မှာ အမျိုးသမီးငယ်များအား ပြည့်တန်ဆာ အဖြစ် အမြတ်ထုတ်မှုမှ ကာကွယ်ရန် နှင့် အခြားသော ညစ်ညမ်းဓာတ်ပုံဗွီဒီယို ရိုက်ကူးခြင်း အစရှိသော လူမဆန်သော ရည်ရွယ်ချက်များမှ ကာကွယ်ပေးနိုင်ရန် ဖြစ်သည်။[93]

လိင်တူချစ်သူ အခွင့်အရေး

အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ လိင်တူဆက်ဆံခြင်းသည် ဘရူနိုင်းတွင် တရားမဝင်ပေ။ သို့သော်လည်း ၂၀၁၉ မေလ ၆ ရက်တွင် ဘရူနိုင်း စူလတန်မှ ရာမဒန် ဥပုသ်လအတွက် ထုတ်ပြန်သော အမိန့်တွင် ဘရူနိုင်းအနေနှင့် ရှာရီယာဥပဒေမှ အပြစ်ဒဏ်ကို ကျင့်သုံးမည် မဟုတ်ဟု ကြေငြာခဲ့သည်။[94]

ဘာသာရေးဆိုင်ရာ အခွင့်အရေး

ဘရူနိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် ဗလီ

ဘရူနိုင်းနိုင်ငံ၏ ဥပဒေတွင် ၁၉၅၉ အခြေခံဥပဒေအရ မွတ်စလင် မဟုတ်သော သူများ အနေနှင့် သူတို့၏ သက်ဆိုင်ရာ ဘာသာများကို လိုက်နာ ကိုးကွယ်နိုင်ရန် အာမခံချက် ပေးထားသည်။ သို့သော်လည်း အခမ်းအနား ကျင်းပခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းတို့ကို ဘုရားရှိခိုးရာ နေရာ သို့မဟုတ် ပုဂ္ဂလိက နေအိမ်များတွင်သာ ပြုလုပ်ရမည်ဟု ဆိုသည်။ ရှာရီယာဥပဒေမှ ရာဇဝတ်ပုဒ်မများကို လက်ခံကျင့်သုံးပြီးနောက်တွင် ဘာသာရေးဝန်ကြီးဌာနမှ အများပြည်သူဆိုင်ရာ နေရာများတွင် ခရစ်စမတ် အလှဆင်ခြင်းကို တားမြစ်ခဲ့သော်လည်း ဘုရားရှိခိုးရာ နေရာများနှင့် ပုဂ္ဂလိက နေအိမ်များတွင် ခရစ္စမတ်ပွဲတော်ကျင်းပခြင်းကိုမူ မတားမြစ်ပေ။[95]နိုင်ငံတကာမီဒီယာများမှ တင်ပြခဲ့၍ ၂၀၁၄ တွင် သတင်းပျံ့နှံ့လာသော ခရစ္စမတ်အား ပိတ်ပင်တားမြစ်ခြင်းမှာ ချဲ့ကားပြောခြင်းသာ ဖြစ်ပြီး ဘုရားရှိခိုးကျောင်းများ အတွင်းနှင့် အမျိုးမျိုး ကွဲပြားသော ခရစ်ယာန် လူ့အဖွဲ့အစည်းများအတွင်း ဆက်လက်ကျင်းပခဲ့သည်ကိုမူ ဖော်ပြမထားခဲ့ပေ။

၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၅တွင် ဒေသခံ ကက်သလစ်ဘာသာဝင် ၁၈,၀၀ တွင် ၄,၀၀၀ ခရစ္စမတ်နှင့် ခရစ္စမတ် အကြိုညတွင် ဆုတောင်းပွဲတက်ရောက်ခဲ့သည်ဟု ဆိုသည်။[96] ၂၀၁၅တွင် ဘရူနိုင်းရှိ ကက်သလစ်ဂိုဏ်းချုပ်မှ ဘရူနိုင်းတိုင်းမ် သတင်းစာသို့ ပြောကြာခဲ့သည်မှာ "အရိုးသားဆုံး ပြောရရင် ဒီနှစ် ကျွန်တော်တို့အတွက် ဘာမှ ပြောင်းလဲတာ မရှိဘူး။ ကန့်သတ်ချက် အသစ် ထပ်ထုတ်တယ် ဆိုတာလည်း မရှိဘူး။ ကျွန်တော်တို့ကတော့ လက်ရှိ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝ လေးစားလိုက်နာတယ်။ ပွဲတော်ကျင်းပတာနဲ့ ဝတ်ပြုတာကို ဘုရားကျောင်းဝင်းနဲ့ ပုဂ္ဂလိကအိမ်တွေမှာပဲ လုပ်တယ်။" ဟူ၍ ဖြစ်သည်။[96]

တိရစ္ဆာန် အခွင့်အရေး

ဘရူနိုင်းသည် ငါးမန်းတောင် ခုတ်ဖြတ်ခြင်းကို တစ်နိုင်ငံလုံးတွင် တားမြစ်သည့် ပထမဆုံး အာရှနိုင်ငံ ဖြစ်သည်။[97] ဘရူနိုင်းသည် ဘော်နီယိုကျွန်းပေါ်တွင် အတူရှိနေသော အခြားအိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ၎င်း၏ သစ်တော အများစုကို ထိန်းသိမ်းထားသည်။ ဘရူနိုင်း၏ ခြိမ်းခြောက်ခံနေရသော ရတနာ ဟု သတ်မှတ်သည့် သင်းခွေချပ်ကို ကာကွယ်ထိန်းသိမ်းရန် အများပြည်သူသို့ တိုက်တွန်းနှိုးဆော်သည့် ကမ်ပိန်းလည်း ရှိသည်။[98]

စီးပွားရေး

ဘရူနိုင်း၏ တင်ပို့ကုန်များကို ဖော်ပြထားသော ဂရပ်ဖ်
၂၀၁၃ ဧပြီ ၂၅ တွင် BIMP-EAGA အစည်းအဝေးအား ဘရူနိုင်း ဝန်ကြီးချုပ်ရုံးတွင် ကျင်းပစဉ်။ ဝဲဘက်မှစ၍။ ဘရူနိုင်း စူလတန် ဟာဆန်နယ် ဘိုလ်ကယား၊ အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘမ် ယူဒိုယိုနို၊ မလေးရှား ကိုယ်စားလှယ် နှင့် ဖိလစ်ပိုင် သမ္မတ ဘင်နစ်နို အာကွီနို ၃။ ဘရူနိုင်းသည် အရှေ့တောင်အာရှ ဒေသအချို့အတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကနဦးခြေလှမ်းဖြစ်သော BIMP-EAGA ၏ တစိတ်တဒေသ ဖြစ်သည်။

ဘရူနိုင်း၏ သေးငယ်သော်လည်း ချမ်းသာကြွယ်ဝသည့် စီးပွားရေးတွင် နိုင်ငံခြားနှင့် ပြည်တွင်း စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ အစိုးရ ချမှတ်ထားသော မူဝါဒများ၊ အစိုးရ၏ လူမှုရေး အထောက်အပံ့များ နှင့် ကျေးရွာဓလေ့များ ရောနှောပါဝင်နေသည်။ [99] ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုသည် ဂျီဒီပီ၏ ၉၀% ခန့် ရှိသည်။ [50] တစ်နေ့လျှင် ရေနံစည်ပေါင်း ၁၆၇,၀၀၀ စည်(၂၆,၆၀၀ ကုဗမီတာ) ခန့်မျှ ထုတ်လုပ်သဖြင့် ဘရူနိုင်းသည် အရှေ့တောင်အာရှတွင် စတုတ္ထမြောက် အကြီးဆုံး ရေနံထုတ်လုပ်သူ ဖြစ်သည်။ [50]ထို့ပြင် နေ့စဉ် ရေနံဓာတ်ငွေ့ရည် ထုတ်လုပ်မှုသည် ၂၅.၃ သန်း ကုဗမီတာ (၈၉ သန်း ကုဗပေ) ရှိသဖြင့် ကမ္ဘာပေါ်တွင် နဝမမြောက် အများဆုံး ထုတ်လုပ်သည့် နိုင်ငံ ဖြစ်သည်။

နိုင်ငံခြားရှိ ရင်းနှီးမြှုပ်နှံမှုများမှ ရငွေမှာ ပြည်တွင်း ထုတ်လုပ်မှုကို အားဖြည့်ပေးသည်။ ထိုရင်းနှီးမြှုပ်နှံမှု အများစုကို ဘဏ္ဍာရေး ဝန်ကြီးဌာန၏ လက်တံတစ်ခု ဖြစ်သော ဘရူနိုင်း ရင်းနှီးမြှုပ်နှံမှုအေဂျင်စီ မှ စီမံခန့်ခွဲသည်။ [50] အစိုးရသည် ကျန်းမာရေး စောင့်ရှောက်မှုများကို အခမဲ့ ပြုလုပ်ပေးပြီး [100] ဆန် [101]နှင့် အိမ်ယာတို့အတွက် ထောက်ပံ့ပေးသည်။[50]

အမျိုးသားလေကြောင်းလိုင်းဖြစ်သော တော်ဝင်ဘရူနိုင်းလေကြောင်းလိုင်းသည် ဥရောပနှင့် ဩစတြေးလျ/နယူးဇီလန်ကြား သွာလာမှုတွင် အသင့်အတင့် အသုံးပြုသော ဆုံမှတ်လေယာဉ်ကွင်း တစ်ခု ဖြစ်စေရန် ကြိုးစားအားထုတ်လျှက် ရှိသည်။ ထိုဗျူဟာ၏ အဓိက သော့ချက်မှာ လန်ဒန်ရှိ ဟိသရိုးလေဆိပ်တွင် နေ့စဉ် ခရီးစဉ်တစ်ခု ရယူထားသည်။ ၎င်းသည် လေယာဉ်အရေအတွက်ကို အပြင်းအထန် ကန့်သတ်ထားသော လေဆိပ်တွင် နေ့စဉ် ခရီးစဉ်တစ်ခု ရယူပြီး ဒူဘိုင်းမှတဆင့် ဘန်ဒါဆရီဘဂါဝမ်သို့ ပြေးဆွဲသည်။ ထို့ပြင် လေကြောင်းလိုင်းသည် အခြား အဓိက အာရှ အဓိကနေရာများဖြစ်သည့် ရှန်ဟိုင်း၊ ဘန်ကောက်၊ စင်ကာပူ နှင့် မနီလာတို့သို့လည်း ပျံသန်းလျှက် ရှိသည်။

ဘရူနိုင်းသည် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ (ဥပမာ ဆန်၊ စားသောက်ကုန်များ သားငါးများ စသည်ဖြင့်)[102]၊အခြားနိုင်ငံမှ မော်တော်ကားနှင် အိမ်သုံးလျှပ်စစ်ပစ္စည်းများအတွက် ကို တင်သွင်းကုန်ပေါ်တွင် ကြီးစွာ အားထားနေရသည်။ [103] ဘရူနိုင်းသည် စားသောက်ကုန် လိုအပ်ချက်အတွက် ၆၀% ကို တင်သွင်းနေရပြီး ၇၅%သော သွင်းကုန်များမှာ အာဆီယံနိုင်ငံများမှ ဖြစ်သည်။[102]

ဘရူနိုင်းခေါင်းဆောင်များသည် ကမ္ဘာ့စီးပွားရေးစနစ် နှင့် တဖြည်းဖြည်း ပေါင်းစပ်လာခြင်းကြောင့် နိုင်ငံတွင်း စည်းလုံးမှုများ ထိခိုက်မည်ကို အလွန် စိုးရိမ်ကြသည်။ သို့သော်လည်း ၎င်းသည် ကမ္ဘာ့စီးပွားရေးတွင် ပိုမို ထင်ရှားစွာ ပါဝင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ခေါင်းဆောင်များသည် အလုပ်သမားများကို ပိုမိုစွမ်းရည်မြင့်လာစေရန်၊ ၂၀၁၄ တွင် ၆.၉%ရှိနေသာ အလုပ်လက်မဲ့နှုန်းကို လျှော့ချရန်[104] ဘဏ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍများကို ပိုမိုအားကောင်းလာစေရန် နှင့် ယေဘုယျအားဖြင့် စီးပွားရေး အခြေကို ချဲ့ထွင်ရန် စီစဉ်လျှက် ရှိကြသည်။[105]

ထို့ပြင် ဘရူနိုင်းအစိုးရသည် နိုင်ငံအတွင်း မိမိဘာသာ စားရေရိက္ခာဖူလုံစေရန် အတွက်လည်း တွန်းအားပေးလျှက်ရှိပြီး အထူးသဖြင့် ဆန်စပါး ဖြစ်သည်။ ဘရူနိုင်းသည် ဝါဆန်စပါးခင်းများတွင် ၂၀၀၉ ဧပြီလတွင် ကျင်းပသော "ဘရူနိုင်းတွင် စပါးထုတ်လုပ်ရေး မိမိဘာသာ ဖူလုံစေရန် စပါးပင် စိုက်ပျိုးခြင်း" အခမ်းအနားတွင် ဘရူနိုင်း ဒါရူဆလမ် ဆန် အမှတ် (၁) အား "လိုင်လာဆန်" ဟု အမည်ပြောင်းခဲ့သည်။[106] လွန်ခဲ့သော ရာစုနှစ်တစ်ဝက်က ပန်းတိုင်သတ်မှတ် ကြိုးပမ်းခဲ့ပြီး နိုင်ငံတွင်း စပါးထုတ်လုပ်မှုကို မြှင့်တင်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီး ၂၀၀၉ ခုနှစ် ဩဂုတ်လတွင် တော်ဝင်မိသားစုမှ ပထမဆုံးသော လိုင်လာစပါးနှံများကို ရိတ်သိမ်းခဲ့သည်။ [107] ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် ဘရူနိုင်းသည် ဘရူနိုင်းဟာလာ ဟု ခေါ်သော နိုင်ငံဆိုင်ရာ "ဟာလာ" တံဆိပ်သတ်မှတ်ခြင်း အစီအစဉ်ကို စတင်ခဲ့ပြီး နိုင်ငံခြားဈေးကွက်သို့ တင်ပို့ရောင်းချရန် အတွက် ဖြစ်သည်။[108]

အခြေခံအဆောက်အအုံ

တော်ဝင်ဘရူနိုင်းလေကြောင်းလိုင်း ၏ ဘိုးအင်း ၇၈၇ ဒရင်းမ်လိုင်နာ လေယာဉ်ပျံအား လန်ဒန် ဟိသ်ရိုး လေဆိပ် တွင် တွေ့ရစဉ်

နိုင်ငံအတွင်းရှိ လူဦးရေ ထူထပ်သော နေရာများအား ၂,၈၀၀ ကီလိုမီတာ (၁,၇၀၀ မိုင်) ရှည်လျားသော လမ်းမများဖြင့် ကွန်ယက် ချိတ်ဆက်ထားသည်။ မွာရာမြို့မှ ကွာလာဘီလိတ်သို့ ဆက်သွယ်ထားသော ၁၃၅-ကီလိုမီတာ (၈၄-မိုင်) အဝေးပြေးလမ်းမမှာ အသွားအပြန် နှစ်လမ်းတွဲ ဖောက်လုပ်ထားသည်။ [70] တမ်ဘူရောင်းပြည်နယ်သို့ ခရီးသည်နှင့် ကုန်စည်များကို စပိဘုတ်များဖြင့် သယ်ယူပို့ဆောင်ပေးလျှက် ရှိသည်။[109] ဘရူနိုင်းနိုင်ငံကို ဖြတ်သန်းဖောက်လုပ်ထားသော အဓိက ဟိုင်းဝေးလမ်းမမှာ တူတောင်း-မွာရာ ဟိုင်းဝေးလမ်း ဖြစ်သည်။ နိုင်ငံအတွင်း လမ်းများ ဆက်သွယ်မှုမှာ ကောင်းမွန်စွာ တည်ဆောက်ပြီး ဖြစ်သည်။ မွာရာတွင် အဓိက ပင်လယ်ဆိပ်ကမ်း ရှိသည်။[50]

ဘရူနိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယခုအခါ အကြီးအကျယ် အဆင့်မြှင့်တင်လျက်ရှိသည်။[110] ချန်ဂီလေဆိပ် အပြည်ပြည်ဆိုင်ရာ သည် အဆိုပါ အဆင့်မြှင့်တင်မှု စီမံကိန်းအတွက် အကြံပေးအဖြစ် လုပ်ကိုင်နေသည်။ အဆင့်မြှင့်တင်မှု စီမံကိန်းသည် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ [111][112] ထိုစီမံကိန်းမှ တိုးချဲ့နေရာအသစ် ၁၄,၀၀၀ စတုရန်း မီတာ (၁၅၀,၀၀၀ စတုရန်းပေ) မျှ ပိုမိုလာမည် ဖြစ်ပြီး တာမင်နယ် နှင့် ဆိုက်ရောက်ခန်းမ အသစ် ပါဝင်သည်။[113] စီမံကိန်း ပြီးဆုံးပါက တစ်နှစ်လျှင် ခရီးသည် ၁.၅ သန်း ဝန်ဆောင်မှု ပေးနေရာမှ ၃ သန်း အထိ ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်သည်။ [111]

လူဦးရေ ၂.၀၉ ယောက်တွင် ကိုယ်ပိုင်ကား ၁ စီး ပိုင်ဆိုင်ကြသည်။ ဘရူနိုင်းနိုင်ငံသည် အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေး စနစ် ကျယ်ပြန့်စွာ မရှိခြင်း၊ တင်သွင်းခွန် နည်းပါးခြင်းနှင့် ဆီဈေး ပေါပြီး တစ်လီတာလျှင် ဘရူနိုင်းဒေါ်လာ ၀.၅၃ မျှသာ ရှိခြင်းတို့ကြောင့် ကမ္ဘာတွင် ကားပိုင်ဆိုင်မှု ရာခိုင်နှုန်း အများဆုံးနိုင်ငံ ဖြစ်သည်။[70]

မွာရာမြို့နှင့် တန်ဘူရောင်းပြည်နယ်တို့ကို ဆက်သွယ်ထားသော ၃၀-ကီလိုမီတာ (၁၉-မိုင်) မျှ ရှည်လျားသည့် လမ်းမသည် ၂၀၁၉ တွင် ပြီးစီးရန် ခန့်မှန်းထားသည်။[114] ထိုလမ်းမ၏ ၉မိုင် (၁၄ ကီလိုမီတာ) အရှည် မှာ ဘရူနိုင်းပင်လယ်အော်ကို ဖြတ်သန်းသွားမည် ဖြစ်သည်။[115] တံတားတန်ဖိုးမှာ ဒေါ်လာ ၁.၆ ဘီလီယံ ရှိသည်။

ဘဏ်လုပ်ငန်း

တရုတ်နိုင်ငံဘဏ် (ဘန့်ခ်အော့ဖ်ချိုင်းနား) သည် ၂၀၁၆ ဧပြီလတွင် ဘဏ်ခွဲဖွင့်လှစ်ရန် ခွင့်ပြုချက် ရရှိသည်။ ၁၉၇၂ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့သော စီးတီးဘဏ်သည် ၂၀၁၄ တွင် လုပ်ငန်း ရပ်နားခဲ့သည်။ ၁၉၄၇ တွင် စတင်ဝင်ရောက်ခဲ့သော အိတ်ချ်အက်စ်ဘီစီ (ဟောင်ကောင် ရှန်ဟိုင်း ဘဏ် ကော်ပိုရေးရှင်း) သည် ၂၀၁၇ နိုဝင်ဘာတွင် လုပ်ငန်း ရပ်နားခဲ့သည်။ ယခုအခါ ဘရူနိုင်းတွင် လုပ်ငန်းလည်ပတ်နေသော နိုင်ငံတကာာဘဏ်များမှာ မလေးရှားနိုင်ငံမှ မေဘဏ် နှင့် အာရ်အိတ်ချ်ဘီဘဏ်၊ ယူနိုက်တက်ကင်းဒမ်းမှ စတန်းဒတ် ချာတာဘဏ်၊ စင်ကာပူမှ ယူနိုက်တက် အိုဗာဆီး ဘဏ် နှင့် ဘန့်ခ်အော့ဖ်ချိုင်းနား တို့ ဖြစ်ကြသည်။

လူဦးရေပျံနှံ့ နေထိုင်မှု

စူလတန် အိုမာ အလီ ဆိုင်ဖူးဒင် ဗလီကို ညအချိန် တွေ့ရစဉ်
လူဦးရေ[2]
နှစ် သန်းပေါင်း
၁၉၅၀၀.၀၅
၂၀၀၀၀.၃၃
၂၀၁၆0.4

ဘရူနိုင်း၏ ဒေသရင်းနေ လူမျိုးစုများမှာ ဘီလိတ်၊ ဘရူနိုင်း ဘီဆာယား (ဖိလစ်ပိုင်မှ ဗီဆာယားနှင့် မတူပါ။) တို့ပါဝင်ပြီး ဘရူနိုင်းမလေး၊ ဒူဆန်၊ ကီဒါယန်၊ လွန် ဘာဝမ်၊ မူရွတ် နှင့် တူတောင် တို့ ပါဝင်သည်။

ဘရူနိုင်း လူဦးရေ၏ ၇၆% မှာ မြို့ပြဒေသတွင် နေထိုင်ကြသည်။ မြို့ပြသို့ ပြောင်းရွှေ့နေထိုင်မှုမှာ ၂၀၁၀ မှ ၂၀၁၅ အတွင်း တစ်နှစ်လျှင် ၂.၁၃% ရှိသည်။ လူတစ်ဦးချင်း ပျမ်းမျှ သက်တမ်းမှာ ၇၇.၇ နှစ် ဖြစ်သည်။[116] ၂၀၁၄ ခုနှစ်တွင် လူဦးရေ၏ ၆၅.၇ မှာ မလေးလူမျိုး၊ ၁၀.၃ မှာ တရုတ်လူမျိုး နှင့် ၃.၄ မှာ ဒေသခံ လူမျိုးစုများ ဖြစ်ပြီး အခြား ၂၀.၆ ရာခိုင်နှုန်းမှာ အခြားလူမျိုးများ ပေါင်းစပ်ထားသည်။[117] နိုင်ငံအတွင်း နေထိုင်၍ အလုပ်လုပ်ကိုင်ကြသော နိုင်ငံခြားသားများ အများအပြား ရှိသည်။[118] ထိုနိုင်ငံခြားသား အများစုမှာ မွတ်စလင်နိုင်ငံ မဟုတ်သော နိုင်ငံများ ဖြစ်သည့် ဩစတြေးလျ၊ ယူနိုက်တက်ကင်းဒမ်း၊ တောင်ကိုရီးယား၊ ဂျပန်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နှင့် အိန္ဒိယတို့မှ ဖြစ်သည်။

ကိုးကွယ်ရာ ဘာသာများ

ဘရူနိုင်းရှိ ကိုးကွယ်ရာဘာသာများ

  အစ္စလာမ်ဘာသာ ၂၉၆,၄၀၈ (67%)
  ဗုဒ္ဓဘာသာ ၅၇,၅၁၂ (13%)
  ခရစ်ယာန် ၄၄,၂၄၀ (10%)
  ဒေသခံ ကိုးကွယ်မှု၊ ဘာသာမဲ့၊ ဘုရားမဲ့ သို့ ဘုရားမသိ ၄၄,၂၄၀ (10%)

အစ္စလာမ်ဘာသာသည် ဘရူနိုင်းနိုင်ငံ၏ နိုင်ငံတော် ဘာသာဖြစ်သည်။ [18] အထူးသဖြင့် ဆွန်နီဂိုဏ်း၏ ရှဖီအတွေးအခေါ်ကို လိုက်နာ ကိုးကွယ်ကြသည်။ ဘရူနိုင်းမလေး အများစု အပါအဝင် လူဦးရေ၏ ၃ ပုံ ၂ ပုံသည် မွတ်စလင်ဘာသာဝင် ဖြစ်ကြသည်။ တခြားကိုးကွယ်သည့် ဘာသာများမှာ ဗုဒ္ဓဘာသာ (၁၃% အဓိကအားဖြင့် တရုတ်လူမျိုးများ) နှင့် ခရစ်ယာန် (၁၀%) တို့ ဖြစ်ကြသည်။ [18] ဘာသာရေး ကိုးကွယ်မှု မရှိဘဲ လွတ်လပ်စွာတွေးခေါ်သူများမှာ အများအားဖြင့် တရုတ်လူမျိုးများ ဖြစ်ပြီး လူဦးရေ၏ ၇% ရှိသည်။ သူတို့သည် ဗုဒ္ဓဘာသာ၊ ကွန်ဖြူးရှပ်ဘာသာ နှင့် တာအိုဘာသာ၏ တစ်စိတ်တစ်ပိုင်းကို ကျင့်သုံးကြသော်လည်း သူတို့ဘာသာ မည်သည့်ဘာသာမှ မကိုးကွယ်သူဟုသာ သတ်မှတ်ကြပြီး နိုင်ငံတော် လူဦးရေစာရင်းတွင် ဘာသာမဲ့ အဖြစ် စာရင်းသွင်းကြသည်။ ရိုးရာဘာသာတရား ကိုးကွယ်သူသည် လူဦးရေ၏ ၂% ရှိသည်။[119]

ဘာသာစကားများ

ဘရူနိုင်းနိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ စံနှုန်းဖြစ်သော မလေးဘာသာစကား ဖြစ်ပြီး လက်တင်အက္ခရာ နှင့် အာရပ်အက္ခရာ နှစ်မျိုးစလုံးကို သုံးစွဲကြသည်။ ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစား ဝန်ကြီးဌာနမှ ရုံးသုံးဘာသာစကား သုံးစွဲမှုကို မြှင့်တင်ရန် ဘာသာစကား လှုပ်ရှားမှုကို ထောက်ပံ့ပေးသည်။[120]

အဓိက ပြောဆိုသော ဘာသာစကားမှာ "မလာယုဘရူနိုင်း (ဘရူနိုင်းမလေး) ဖြစ်သည်။ ဘရူနိုင်းမလေးသည် စံနှုန်းဖြစ်သော မလေးဘာသာစကား နှင့် အခြားသော မလေးစကားများမှ ကွဲပြားခြားနားပြီး စံနှုန်းဖြစ်သော မလေးဘာသာစကားနှင့် ၈၄% မျှ တူညီပြီး[121] များသောအားဖြင့် ပြောသူ အချင်းချင်း နားလည်နိုင်စွမ်း မရှိပေ။[122]

အင်္ဂလိပ်ဘာသာစကားသည် စီးပွားရေး နှင့် ရုံးသုံးဘာသာစကားအဖြစ် ကျယ်ပြန့်စွာ သုံးစွဲပြီး ဘရူနိုင်းပြည်သူအများစု ပြောဆိုကြသည်။ အင်္ဂလိပ်ဘာသာအား စီးပွားရေးနယ်ပယ်တွင် ဆက်သွယ်ပြောဆိုသည့် ဘာသာစကားအဖြစ် သုံးစွဲကြပြီး မူလတန်း နှင့် အထက်တန်းကျောင်းများတွင် ကြားခံ သင်ကြားရေး အဖြစ်လည်း သုံးစွဲကြသည်။[123][124][125][126]

တရုတ်ဘာသာစကားများကိုလည်း ကျယ်ပြန့်စွာ ပြောဆိုကြသည်။ ဘရူနိုင်းရှိ တရုတ်လူမျိုးလူနည်းစုမှာ ကွဲပြားခြားနားသော တရုတ်ဘာသာစကား အမျိုးမျိုးကို ပြောဆိုသုံးစွဲကြသည်။

အာရပ်ဘာသာစကားသည် မွတ်စလင်တို့၏ ဘာသာရေး ဆိုင်ရာ ဘာသာစကား ဖြစ်သည်။ ထို့အတွက်ကြောင့် အာရပ်ဘာသာစကားကို ကျောင်းများတွင် သင်ကြားကြပြီး အထူးသဖြင့် ဘာသာရေးကျောင်းများ တွင် ဖြစ်ပြီး အဆင့်မြင့်ပညာကျောင်းများတွင်လည်း သင်ကြားကြသည်။ ၂၀၀၄ ခုနှစ်တွင် ဘရူနိုင်း၌ အာရပ်ကျောင်း ၆ ခု ရှိပြီး ဘာသာရေးဆရာကောလိပ် တစ်ခု ရှိသည်။ ဘရူနိုင်းရှိ မွတ်စလင်ပြည်သူ အများစုတွင် အာရပ်ဘာသာ ရေးခြင်း၊ ဖတ်ခြင်း နှင့် အသံထွက်ခြင်းတို့အတွက် ဘာသာရေးသင်ကြားမှု၏ အစိတ်အပိုင်းအဖြစ် စနစ်တကျ ဖြစ်စေ စနစ်တကျ မဟုတ်ဘဲ ဖြစ်စေ တတ်မြောက်ကြသည်။

အခြားဘာသာစကားနှင့် ဘာသာစကား မျိုးကွဲများတွင် ကီဒါယန်မလေးဘာသာစကား၊ တူတောင် မလေးဘာသာစကား၊ မူရွတ်ဘာသာစကား နှင့် ဒူဆန်းဘာသာစကားတို့ကို ပြောဆိုကြသည်။[121]

ယဉ်ကျေးမှု

တော်ဝင် ရီဂဲလီးယား ပြတိုက်

ဘရူနိုင်းနိုင်ငံ၏ ယဉ်ကျေးမှုသည် အထူးသဖြင့် မလေးယဉ်ကျေးမှု ဖြစ်ပြီး လူမျိုးကို ထင်ဟင်နေကာ အစ္စလာမ်ဘာသာမှ လွှမ်းမိုးမှု အမြောက်အများ ရှိပြီး အင်ဒိုနီးရှား နှင့် မလေးရှား တို့နှင့် နှိုင်းယှဉ်ပါက ပို၍ ရှေးရိုးဆန်သည်။ [127]မလေးကျွန်းဆွယ်မှ မလေးယဉ်ကျေးမှုသည် ဘရူနိုင်းယဉ်ကျေးမှုကို လွှမ်းမိုးမှု ရှိသည်။ ယဉ်ကျေးမှု လွှမ်းမိုးခြင်း နှင့် ပတ်သက်၍ ခေတ် ၄ ခု ရှိခဲ့ပြီး ၎င်းတို့မှာ တန္တရာဇ်၊ ဟိန္ဒူ၊ အစ္စလာမ် နှင့် အနောက်တိုင်း တို့ ဖြစ်ကြသည်။ အစ္စလာမ် ဘာသာသည် အလွန်ကြီးကျယ်သော လွှမ်းမိုးမှု ရှိပြီး ဘရူနိုင်း၏ အတွေးအခေါ် အယူအဆ အဖြစ် မှတ်ယူထားသည်။ ဘရူနိုင်းနိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ မလေးဘာသာစကား ဖြစ်သော်လည်း အင်္ဂလိပ်စကားကိုလည်း ကျယ်ပြန့်စွာ သုံးစွဲကြပြီး ကျောင်းအများစုတွင် မသင်မနေရ ဘာသာ ဖြစ်သည်။[128]

ရှာရီယာဥပဒေ သက်ဝင်သော နိုင်ငံ ဖြစ်သဖြင့် အရက်ကို ရောင်းချခြင်းနှင့် အများပြည်သူဆိုင်ရာ နေရာများတွင် သောက်သုံးခြင်းကို တားမြစ်ထားသည်။[129] မွတ်စလင် မဟုတ်သော သူများ အနေနှင့် နိုင်ငံခြားမှ လာရောက်ပါက မိမိဘာသာ သောက်သုံးရန် အရက်ကို အကန့်အသတ်ဖြင့် သယ်ယူခွင့် ပြုထားသည်။[70]

မီဒီယာ

ဘရူနိုင်းရှိ မီဒီယာမှာ အစိုးရဘက်ယိမ်းသည်ဟု ဆိုကြသည်။ ဖရီးဒမ်းဟောက်စ်မှ မီဒီယာအား "လွတ်လပ်မှုမရှိ" ဟု အဆင့်သတ်မှတ်ထားသည်။ သတင်းမီဒီယာမှ အစိုးရ နှင့် ဘုရင်တို့ကို ဝေဖန်ခြင်းမှာ ရှားပါးသည်။ [130] သို့သော်လည်း သတင်းမီဒီယာများသည် တခြားသော အမြင်များကို တားမြစ်ထားခြင်း မရှိသလို အစိုးရနှင့် ပတ်သက်သော ဆောင်းပါးများကိုသာ ရိုက်နှိပ်ထုတ်ဝေသည် မဟုတ်ပေ။ အစိုးရမှ ပုံနှိပ်ရေး နှင့် ထုတ်ဝေရေး ကုမ္ပဏီ ဘရူနိုင်း ပရက်စ် ပီအယ်လ်စီ အား ၁၉၅၃ ခုနှစ်တွင် တည်ထောင်ခွင့် ပြုခဲ့သည်။ ကုမ္ပဏီမှ အင်္ဂလိပ်စာ နေ့စဉ်သတင်းစာ "ဘော်နီယို ဘူလက်တင်" ကို ထုတ်ဝေနေဆဲ ဖြစ်သည်။ ထိုသတင်းစာသည် အပတ်စဉ် သတင်းစာအဖြစ် စတင်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် နေ့စဉ်သတင်းစာ ဖြစ်လာခဲ့သည်။ [70] ဘော်နီယို ဘူလက်တင် အပြင် အခြားသော ပြည်တွင်း ထုတ်ဝေသည့် နေ့စဉ်သတင်းစာများ ဖြစ်သော "မီဒီယာ ပါမာတာ" နှင့် ပယ်လီတာ ဘရူနိုင်း တို့လည်း ရှိသည်။ အခြားသော နေ့စဉ်ထုတ် အင်္ဂလိပ်ဘာသာ သတင်းစာမှာ ဘရူနိုင်းတိုင်းမ် ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှစ၍ လွတ်လပ်စွာ ထုတ်ဝေဖြန့်ချီခဲ့သည်။[131]

ဘရူနိုင်းအစိုးရသည် ရုပ်မြင်သံကြား ချန်နယ် ၆ ခု နှင့် ရေဒီယို စတေရှင် ၅ ခုကို ပိုင်ဆိုင်လွှင့်ထုတ်နေပြီး ဒစ်ဂျစ်တယ် ရုပ်မြင်သံကြားစနစ်ကိုလည်း မိတ်ဆက်နေပြီ ဖြစ်သည်။ တီဗွီချန်နယ်များမှာ RTB 1 ၊ RTB 2၊ RTB 3 (HD)၊ RTB 4၊ RTB 5 နှင့် RTB နယူးမီဒီယာ (ဂိမ်းချန်နယ်) တို့ ဖြစ်ကြသည်။ ရေဒီယို စတေရှင်များမှာ နေရှင်နယ် အက်ဖ်အမ်၊ ပီလီဟန် အက်ဖ်အမ်၊ နာ အစ္စလာမ် အက်ဖ်အမ်၊ ဟာမိုနီ အက်ဖ်အမ် နှင့် ပီလန်ဂီ အက်ဖ်အမ် တို့ ဖြစ်သည်။ ပုဂ္ဂလိက ကုမ္ပဏီများမှ ကေဘယ်လ် တီဗွီ စနစ်ဖြစ်သော အက်စထရို-ခရစ်စတယ်ကို လွှင့်ထုတ်နေသကဲ့သို့ ခရစ်စတယ် အက်ဖ်အမ် အမည်ရှိသော ပုဂ္ဂလိက ရေဒီယို စတေရှင် တစ်ခုလည်း ရှိသည်။[70] ထို့ပြင် အွန်လိုင်း တက္ကသိုလ်တွင်း ရေဒီယို စတေရှင် တစ်ခု ဖြစ်သော ယူဘီဒီ အက်ဖ်အမ် လည်း ရှိပြီး ဘရူနိုင်း၏ ပထမဆုံး တက္ကသိုလ်ဖြစ်သော ယူနီဗာစီတီ ဘရူနိုင်း ဒါရူဆလမ် မှ ထုတ်လွှင့်ခြင်း ဖြစ်သည်။[132]

အားကစား

ဘရူနိုင်းနိုင်ငံတွင် ရေပန်းအစားဆုံး အားကစားနည်းမှာ ဘောလုံး ဖြစ်သည်။ ဘရူနိုင်း အမျိုးသား ဘောလုံးအသင်းသည် ဖီဖာသို့ ၁၉၆၉ ခုနှစ်တွင် ဝင်ရောက်ခဲ့သော်လည်း အောင်မြင်မှု များစွာ မရှိခဲ့ပေ။ ဘရူနိုင်းရှိ ထိပ်ဆုံး ဘောလုံး လိဂ်ပြိုင်ပွဲ နှစ်ခုမှာ ဘရူနိုင်း စူပါလိဂ် နှင့် ဘရူနိုင်း ပရီမီယာလိဂ် တို့ ဖြစ်သည်။

ဘရူနိုင်းနိုင်ငံသည် အိုလံပစ်ကစားပွဲသို့ ၁၉၉၆ ခုနှစ်မှ စတင် ဝင်ရောက်ခဲ့သည်။ ထို့နောက် နွေရာသီ အိုလံပစ်အားကစားပွဲများတွင် ၂၀၀၈ ခုနှစ်မှ အပ တောက်လျှောက် ဝင်ပြိုင်ခဲ့သည်။ ဘရူနိုင်း ပါဝင်ယှဉ်ပြိုင်သည့် ကစားနည်းများမှာ ကြက်တောင်၊ သေနတ်ပစ်၊ ရေကူး နှင့် ပြေးလမ်းနှင့် ကွင်းတွင် ယှဉ်ပြိုင်ရသည့် ကစားနည်းများ ဖြစ်သော်လည်း ဆုတံဆိပ် တစ်ခုမှ မရရှိသေးပေ။ ဘရူနိုင်းသည် အာရှအားကစားပြိုင်ပွဲတွင်မူ အောင်မြင်မူ အနည်းငယ်ရပြီး ကြေးတံဆိပ် ၄ ခု ရရှိခဲ့ဖူးသည်။ ဘရူနိုင်းတွင် ပထမဆုံး ကျင်းပသော နိုင်ငံတကာ အားကစားပြိုင်ပွဲမှာ ၁၉၉၉ အရှေ့တောင်အာရှ အားကစားပွဲ ဖြစ်သည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ တလျှောက်လုံး ဆုတံဆိပ် ဇယားအရ ဘရူနိုင်း အာကစားသမားများသည် ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၅၅ ခုနှင့် ကြေးတံဆိပ် ၁၆၃ ခုကို ရရှိခဲ့ပြီး ဖြစ်သည်။

ဆက်စပ်ကြည့်ရှုရန်


ရည်ညှန်းချက်များ

  1. Peter Haggett (ed). Encyclopedia of World Geography, Volume 1, Marshall Cavendish, 2001, p. 2913.
  2. World Population Prospects: The 2017 Revision United Nations Department of Economic and Social Affairs, Population Division။
  3. Pocock၊ Tom (1973)။ Fighting General – The Public &Private Campaigns of General Sir Walter Walker (First ed.)။ London: Collins။ ISBN 0-00-211295-7
  4. Human Development Reports United Nations။ 5 October 2009 တွင် ပြန်စစ်ပြီး။
  5. Forbes ranks Brunei fifth richest nation (25 February 2012)။ 26 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  6. History for Brunei Darussalam 2009, p. 26.
  7. Marie-Sybille de Vienne (2015)။ Brunei: From the Age of Commerce to the 21st Century။ NUS Press။ pp. 27–။ ISBN 978-9971-69-818-8
  8. Treasuring Brunei's past Southeast Asian Archaeology (8 March 2007)။ 19 September 2011 တွင် ပြန်စစ်ပြီး။
  9. Robert Nicholl (1980)။ Notes on Some Controversial Issues in Brunei History။ pp. 32–37။
  10. James B. Minahan (2012)။ Ethnic Groups of South Asia and the Pacific: An Encyclopedia: An Encyclopedia။ ABC-CLIO။ p. 75။ ISBN 978-1-59884-660-7
  11. Bilcher Bala (2005)။ Thalassocracy: a history of the medieval Sultanate of Brunei Darussalam။ School of Social Sciences, Universiti Malaysia Sabah။ ISBN 978-983-2643-74-6
  12. Wendy Hutton (2000)။ Adventure Guides: East Malaysia။ Tuttle Publishing။ pp. 31–57။ ISBN 978-962-593-180-726 May 2013 တွင် ပြန်စစ်ပြီး
  13. Wendy Hutton (2000)။ Adventure Guides: East Malaysia။ Tuttle Publishing။ p. 30။ ISBN 978-962-593-180-7
  14. History for Brunei Darussalam 2009, p. 43.
  15. Naskah Nagarakretagama (in Indonesian)။ Perpustakaan Nasional Republik Indonesia။ 23 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 October 2014 တွင် ပြန်စစ်ပြီး။
  16. History for Brunei Darussalam 2009, p. 44.
  17. History for Brunei Darussalam 2009, p. 45.
  18. "Brunei" (2011). CIA World Factbook. Retrieved on 13 January 2011.
  19. Cf. William Henry Scott (1903). "Barangay: Sixteenth Century Philippine Culture and Society". (1 January 1994) pp. 109-110.
  20. Nicholl 2002, pp. 47–51
  21. Kayadibi, Saim. “Ottoman Connections to the Malay World: Islam, Law and Society,” (Kuala Lumpur: The Other Press, 2011)
  22. Melo Alip 1964, pp. 201, 317
  23. United States War Dept 1903, p. 379
  24. McAmis 2002, p. 33
  25. Letter from Francisco de Sande to Felipe II, 1578 filipiniana.net 27 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 October 2009 တွင် ပြန်စစ်ပြီး။
  26. Letter from Fajardo to Felipe III From Manila, August 15 1620. (From the Spanish Archives of the Indies)("The infantry does not amount to two hundred men, in three companies. If these men were that number, and Spaniards, it would not be so bad; but, although I have not seen them, because they have not yet arrived here, I am told that they are, as at other times, for the most part boys, mestizos, and mulattoes, with some Indians (Native Americans). There is no little cause for regret in the great sums that reënforcements of such men waste for, and cost, your Majesty. I cannot see what betterment there will be until your Majesty shall provide it, since I do not think, that more can be done in Nueva Spaña, although the viceroy must be endeavoring to do so, as he is ordered.")
  27. The Cambridge History of Southeast Asia by Nicholas Tarling p. 39
  28. Cambridge illustrated atlas, warfare: Renaissance to revolution, 1492–1792 by Jeremy Black p. 16
  29. Frankham 2008, p. 278
  30. Atiyah 2002, p. 71
  31. Saunders 2002, pp. 54–60
  32. Saunders 2002, p. 57
  33. Saunders 2002, pp. 57–58
  34. History for Brunei Darussalam 2009, p. 52.
  35. History for Brunei Darussalam 2009, p. 3.
  36. History for Brunei Darussalam 2009, p. 58.
  37. History for Brunei Darussalam 2009, p. 59.
  38. History for Brunei Darussalam 2009, p. 67.
  39. History for Brunei Darussalam 2009, p. 12.
  40. History for Brunei Darussalam 2009, p. 13.
  41. History for Brunei Darussalam 2009, p. 14.
  42. Berry၊ Rob (2008)။ Macmillan Atlas။ p. 15။ ISBN 978-1-4202-0995-2
  43. "Brunei under the Japanese occupation", Rozan Yunos, Brunei Times, Bandar Seri Begawan, 29 June 2008
  44. "The Japanese Interregnum...," Graham Saunders, A history of Brunei, Edition 2, illustrated, reprint, Routledge, 2002, p. 129, ISBN 070071698X
  45. "Japanese occupation", Historical Dictionary of Brunei Darussalam, Jatswan S. Sidhu, Edition 2, illustrated, Scarecrow Press, 2009, p. 115, ISBN 0810870789
  46. History for Brunei Darussalam 2009, p. 79.
  47. History for Brunei Darussalam 2009, p. 80.
  48. History for Brunei Darussalam 2009, p. 81.
  49. A History of Brunei (2002)။ A History of Brunei။ Routledge။ p. 131။ ISBN 0-7007-1698-X14 October 2013 တွင် ပြန်စစ်ပြီး
  50. Background Note: Brunei US Department of State။ 23 December 2011 တွင် ပြန်စစ်ပြီး။
  51. Brunei National Day Lonely Planet 22 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 February 2017 တွင် ပြန်စစ်ပြီး။
  52. History for Brunei Darussalam 2009, p. 98.
  53. History for Brunei Darussalam 2009, p. 92.
  54. History for Brunei Darussalam 2009, p. 129.
  55. History for Brunei Darussalam 2009, p. 21.
  56. History for Brunei Darussalam 2009, p. 96.
  57. A History of Brunei (2002)။ A History of Brunei။ Routledge။ p. 130။ ISBN 0-7007-1698-X14 October 2013 တွင် ပြန်စစ်ပြီး
  58. Ministry of Education, Brunei (2008)။ "The Nation Building Years 150–1984"။ History for Brunei Darussalam။ EBP Pan Pacific။ p. 101။ ISBN 978-9991725451
  59. Ministry of Education, Brunei (2008)။ "The Nation Building Years 150–1984"။ History for Brunei Darussalam။ EBP Pan Pacific။ p. 102။ ISBN 978-9991725451
  60. "Reminiscing Brunei's independence proclamation" 20 November 2013 တွင် ပြန်စစ်ပြီး Archived from the original on 21 March 2016။
  61. Brunei is Greeted as the 159th U.N. Member, The New York Times
  62. Brunei's sultan to implement Sharia penal code 6 December 2015 တွင် ပြန်စစ်ပြီး။
  63. The Implications of Brunei's Sharia Law 6 December 2015 တွင် ပြန်စစ်ပြီး။
  64. McNew၊ David။ "Brunei's Sharia law creates backlash in Beverly Hills"၊ 7 May 2014 12 June 2016 တွင် ပြန်စစ်ပြီး
  65. "Brunei introduces tough Islamic penal code"၊ 30 April 2014 12 June 2016 တွင် ပြန်စစ်ပြီး
  66. 2001 Summary Tables of the Population Census. Department of Statistics, Brunei Darussalam
  67. Outpost Seria Outpost Seria Housing Information 13 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2011 တွင် ပြန်စစ်ပြီး။
  68. Brunei Darussalam Country Profile UK Foreign & Commonwealth Office 5 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2011 တွင် ပြန်စစ်ပြီး။
  69. Impact of Climate Change on ASEAN International Affairs: Risk and Opportunity Multiplier Norwegian Institute of International Affairs (NUPI) and Myanmar Institute of International and Strategic Studies (MISIS) (2017)။
  70. About Brunei Bruneipress.com.bn (30 July 1998)။ 23 June 2002 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2012 တွင် ပြန်စစ်ပြီး။
  71. Brunei Darussalam : Constitution and politics
  72. PMO Organisation Chart။ Organisation Chart at the Prime Minister's Office 14 January 2012 တွင် ပြန်စစ်ပြီး။
  73. About Us Ministry of Foreign Affairs။ 17 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 November 2013 တွင် ပြန်စစ်ပြီး။
  74. Ministry of Education (2008)။ History for Brunei Darussalam။ EBP Pan Pacific။ p. 104။ ISBN 978-9991725451
  75. MOFAT, Commonwealth Ministry of Foreign Affairs and Trade of Brunei Darussalam (30 March 2010)။ 28 January 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  76. MOFAT, UN Ministry of Foreign Affairs and Trade of Brunei Darussalam (30 March 2010)။ 18 February 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  77. MOFAT, OIC Ministry of Foreign Affairs and Trade of Brunei Darussalam (30 March 2010)။ 18 June 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  78. APEC, 2000 Leaders' Declaration Asia Pacific Economic Cooperation (30 March 2010)။ 21 March 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  79. MOFAT, WTO Ministry of Foreign Affairs and Trade (30 March 2010)။ 25 June 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  80. MOFAT, BIMP-EAGA Ministry of Foreign Affairs and Trade (30 March 2010)။ 21 June 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  81. Disputes – International CIA။ 4 January 2011 တွင် ပြန်စစ်ပြီး။
  82. "Brunei drops all claims to Limbang" 17 December 2013 တွင် ပြန်စစ်ပြီး Archived from the original on 12 July 2014။
  83. Azlan Othman။ Brunei Denies Limbang Story 19 December 2011 တွင် ပြန်စစ်ပြီး။
  84. Brunei Denies Limbang Story MySinchew (19 March 2009)။ 19 December 2011 တွင် ပြန်စစ်ပြီး။
  85. State Department၊ United States။ Brunei's ASEAN Chairmanship Scorecard cogitASIA CSIS Asia Policy Blog။ 17 December 2013 တွင် ပြန်စစ်ပြီး။
  86. Rano Iskandar။ Brunei to host ASEAN Summit 2013 17 December 2013 တွင် ပြန်စစ်ပြီး။
  87. "12 killed in Brunei helicopter crash"၊ CNN၊ 21 July 2012 21 July 2012 တွင် ပြန်စစ်ပြီး
  88. "RBAF stages large-scale exercise using new military equipment, vehicles" 10 July 2013 တွင် ပြန်စစ်ပြီး Archived from the original on 13 January 2015။
  89. "Black Hawks expected to arrive in 2014" 10 July 2013 တွင် ပြန်စစ်ပြီး Archived from the original on 13 January 2015။
  90. Maierbrugger၊ Arno။ Brunei defense budget to be raised by 5% | Investvine
  91. District Statistics (2010)။ Brunei Darussalam Statistical Yearbook (PDF)။ Brunei Government။ 2012-03-07 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။
  92. Department of Economic Planning and Development - Population (in en-US)။
  93. 2010 Human Rights Report: Brunei Darussalam. US Department of State
  94. Oppenheim၊ Maya (2019-05-05)။ Brunei says it will not enforce death penalty for gay sex in dramatic U-turn (in en)။
  95. Minister: Brunei unfairly hurt by unverified news on Christmas ban (26 December 2015)။
  96. Christians celebrate X'mas in Brunei | The Brunei Times Archived 31 December 2015 at the Wayback Machine.
  97. Brunei Institutes Asia's First Nationwide Shark Fin Ban WildAid။ 15 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 October 2015 တွင် ပြန်စစ်ပြီး။
  98. Hii၊ Robert။ "Saving Pangolins From Extinction: Brunei"၊ Huffpost၊ 2015-10-03။
  99. Brunei Darussalam – Programme and Management WHO Western Pacific Region။ 1 April 2012 တွင် ပြန်စစ်ပြီး။
  100. Brunei Healthcare Info။ Brunei Healthcare 30 December 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 December 2011 တွင် ပြန်စစ်ပြီး။
  101. Bandar Seri Begawan (16 May 2008)။ Subsidy on rice, sugar to stay Brunei Times via Chinese Embassy။ 23 December 2011 တွင် ပြန်စစ်ပြီး။
  102. Department of Agriculture, Brunei Darussalam 1 April 2012 တွင် ပြန်စစ်ပြီး။
  103. Brunei Statistical Year Book (PDF)။ Brunei Government။ 2010။ p. 5။ 2012-03-07 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။
  104. "Brunei unemployment rate in 2014 at 6.9%"၊ 1 July 2015။ Archived from the original on 21 June 2016။
  105. Sultanate Moves to reduce unemployment BruDirect (14 December 2011)။ 6 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2011 တွင် ပြန်စစ်ပြီး။
  106. Ubaidillah Masli, Goh De No and Faez Hani Brunei-Muapa (28 April 2009)။ 'Laila Rice' to Brunei's rescue Bt.com.bn။ 16 January 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 December 2009 တွင် ပြန်စစ်ပြီး။
  107. Ubaidillah Masli, Deno Goh and Faez Hani Brunei-Muapa (4 August 2009)။ HM inaugurates Laila harvest Bt.com.bn။ 16 January 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 December 2009 တွင် ပြန်စစ်ပြီး။
  108. Hadi Dp Mahmud။ "Brunei pioneers national halal branding"၊ 1 August 2009 19 September 2011 တွင် ပြန်စစ်ပြီး Archived from the original on 2 August 2009။
  109. "Speedboat services to and from Temburong"၊ 3 September 2009 20 December 2011 တွင် ပြန်စစ်ပြီး Archived from the original on 6 January 2012။
  110. "Airport upgrade to start soon" 22 November 2013 တွင် ပြန်စစ်ပြီး Archived from the original on 3 September 2015။
  111. "Brunei International Airport's new arrival hall" 22 November 2013 တွင် ပြန်စစ်ပြီး Archived from the original on 2 December 2013။
  112. Bates၊ Joe။ Brunei airport upgrade Aviation Media။ 3 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 November 2013 တွင် ပြန်စစ်ပြီး။
  113. Masli၊ Ubaidiallah။ "More opportunities at airport after upgrade works" 22 November 2013 တွင် ပြန်စစ်ပြီး Archived from the original on 3 December 2013။
  114. 2 Temburong Bridge contracts inked – The Brunei Times
  115. Rabiatul၊ Kamit။ "Temburong bridge ready 2018"၊ 10 May 2013 10 July 2013 တွင် ပြန်စစ်ပြီး Archived from the original on 3 December 2013။
  116. Oxford Business Group 2013, p. 100
  117. Brunei Demographics Profile 2014။ Brunei Government။ 2015။
  118. Brunei Statistical Yearbook (PDF)။ p. 13။ 2012-03-07 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။
  119. 2010 Brunei Statistical Yearbook (PDF)။ Brunei Government။ 2010။ p. 19။ 2012-03-07 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။
  120. Expand Use of Malay Language Archived 8 February 2013 at the Wayback Machine.. rtbnews.rtb.gov.bn (18 October 2010)
  121. P.W. Martin and G. Poedjosoedarmo (1996). An overview of the language situation in Brunei Darussalam. In P.W. Martin, C. Ozog & G. Poedjosoedarmo (Eds.), Language use & language change in Brunei Darussalam (pp. 1–23). Athens, Ohio: Ohio University Center for International Studies. p. 7.
  122. A. Clynes and D. Deterding (2011). "Standard Malay (Brunei)". Journal of the International Phonetic Association 41 (2): 259–68. doi:10.1017/S002510031100017X. Archived 15 October 2015 at the Wayback Machine.
  123. Mouton De Gruyter (31 May 2011)။ Wei, Li: Applied Linguistics Review. 2011 2။ Walter de Gruyter။ pp. 100–။ ISBN 978-3-11-023933-127 February 2013 တွင် ပြန်စစ်ပြီး
  124. Change in medium of instruction cause of poor Maths results | The Brunei Times Archived 5 November 2014 at the Wayback Machine.. Bt.com.bn (22 September 2010). Retrieved on 27 February 2013.
  125. A.C.K. Ozog (1996). The unplanned use of English: The case of Brunei Darussalam. In P.W. Martin, C. Ozog & G. Poedjosoedarmo (Eds.), Language use & language change in Brunei Darussalam (pp. 156–66). Athens, Ohio: Ohio University Center for International Studies.
  126. K. Dunseath (1996). Aspects of language maintenance and language shift among the Chinese community in Brunei. In P.W. Martin, C. Ozog & G. Poedjosoedarmo (Eds.), Language use & language change in Brunei Darussalam (pp. 280–301). Athens, Ohio: Ohio University Center for International Studies ISBN 0896801934.
  127. For a discussion of religious freedom, see Brunei. International Religious Freedom Report 2006, United States Department of State.
  128. Language and Culture. jpm.gov.bn (28 May 2009)
  129. Brunei Tourism Website (Government appointed). tourismbrunei.com
  130. Freedom of the Press – Brunei (2006) Freedomhouse.org။ 11 May 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 December 2009 တွင် ပြန်စစ်ပြီး။
  131. Brunei Times Website 13 December 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 December 2011 တွင် ပြန်စစ်ပြီး။
  132. UBD Radio Website။ UBD Radio 23 December 2011 တွင် ပြန်စစ်ပြီး။

ပြင်ပ လင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.