အာဆီယံနေ့

အာဆီယံကြေငြာချက် သို့မဟုတ် ဘန်ကောက်ကြေငြာချက် သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တည်ထောင်သည့် ကြေငြာချက်စာတမ်းဖြစ်ကာ ၁၉၆၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ဘန်ကောက်မြို့၌ အာဆီယံကို စတင်တည်ထောင်သည့် ငါးနိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံမလေးရှားနိုင်ငံဖိလစ်ပိုင်နိုင်ငံစင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုကြေငြာချက်တွင် အာဆီယံ၏ အခြေခံ မူဝါဒများ၊ ပူးပေါင်းဆောင်ရွက်ရေးများ၊ ချစ်ကြည်ရေးနှင့် မစွက်ဖက်ရေး များကို ဖော်ပြထားသည်။[1] ကြေငြာခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ကို ယခုအခါတွင် အာဆီယံနေ့အဖြစ် သတ်မှတ်ကျင်းပကြသည်။[2]

ကိုးကား

  1. Bernard Eccleston, Michael Dawson, Deborah J. McNamara (1998)။ The Asia-Pacific Profile။ Routledge (UK)။ ISBN 0-415-17279-9CS1 maint: multiple names: authors list (link)
  2. ASEAN Day 11 February 2015 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.