တရုတ်လူမျိုး

တရုတ်လူမျိုးများသည် တရုတ်နှင့် မျိုးရိုးအရ၊ လူမျိုးအရ၊ နိုင်ငံသားအရ၊ သို့မဟုတ် အခြားသော နှီးနွယ်မှုများ ရှိသော လူမျိုးစုများဖြစ်သည်။[1]

တရုတ်လူမျိုး လူဦးရေများသော နိုင်ငံများ
  တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် မကာအို
  + ၅,၀၀၀,၀၀၀
  + ၁,၀၀၀,၀၀၀
  + ၁၀၀,၀၀၀

ဟန်တရုတ်လူမျိုးသည် တရုတ်တွင် အကြီးဆုံးသော လူမျိုးစုတစ်ခု ဖြစ်ပြီး တရုတ်ပြည်မကြီး စုစုပေါင်းလူဦးရေ၏ ၉၂% ခန့် ရှိသည်။[2] ဟန်တရုတ်လူမျိုးများသည် ထိုင်ဝမ်ဟောင်ကောင်မကာအိုနှင့် စင်ကာပူတို့တွင် စုစုပေါင်း လူဦးရေ၏ ၉၅%၊ ၉၂%၊ ၈၉% နှင့် ၇၄% အသီးသီးရှိသည်။[3][4][5][6][7][8]

တရုတ်လူမျိုးများသည် ကမ္ဘာ့လူဦးရေ၏ ၁၈% ခန့်ရှိပြီး ကမ္ဘာ့လူဦးရေအများဆုံး လူမျိုးစုလည်း ဖြစ်သည်။[9][10]

ဟန်တရုတ်လူမျိုးသည် တရုတ်နိုင်ငံတွင် အင်အားကြီး လူမျိုးစု ဖြစ်သည့်အတွက် တရုတ်နိုင်ငံပြင်ပတွင် ဟန်တရုတ်လူမျိုး နှင့် တရုတ်လူမျိုးဟူသော ဝေါဟာရတို့ကို ရောနှောအသုံးပြုလေ့ရှိသည်။[11][12] တရုတ်နိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသော လူမျိုးစု ၅၅ ခု ရှိပြီး ယင်းတို့ကို "တရုတ်လူမျိုး"ဟု သတ်မှတ်နိုင်သည်။

ဟောင်ကောင်နှင့် မကာအိုတို့သည် တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း အဆိုပါဒေသနှစ်ခုလုံးသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ဖြစ်သည်။ ဟောင်ကောင်နှင့် မကာအိုတို့ကို "တရုတ်-ဗြိတိသျှ ပူးတွဲကြေညာချက်" နှင့် "တရုတ်-ပေါ်တူဂီ ပူးတွဲကြေညာချက်" ကဲ့သို့သော နိုင်ငံတကာစာချုပ်များအရ အသီးသီး အုပ်ချုပ်သည်။ အဆိုပါ ဒေသနှစ်ခုတွင် နေထိုင်သူများအနေဖြင့် အမျိုးမျိုးသော နိုင်ငံသားဖြစ်ခွင့် ရရှိနိုင်သည်။

တရုတ်သမ္မတနိုင်ငံဟု တရားဝင်အမည်တွင်သော ထိုင်ဝမ်နိုင်ငံသားများကိုလည်း ရံဖန်ရံခါတွင် "ထိုင်ဝမ်လူမျိုး"ဟု ခေါ်ဆိုလေ့ရှိသော်လည်း ယင်းတို့ကို "တရုတ်လူမျိုး"ဟုလည်း ရည်ညွှန်းနိုင်သည်။ ထိုင်ဝမ်၏ နယ်မြေပိုင်ဆိုင်မှုသည် အငြင်းပွားဖွယ်ရာများ ရှိနေသလို တရုတ်သမ္မတနိုင်ငံအားလည်း အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အကန့်အသတ်ဖြင့်သာ အသိအမှတ်ပြုကြသည်။

ထို့အပြင် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများဟု ခေါ်ဆိုသော အခြားနိုင်ငံများတွင် အခြေချနေထိုင်သော တရုတ်လူမျိုးလည်း ရှိသေးသည်။

ကိုးကား

  1. Harding, Harry (1993). "The Concept of "greater China": Themes, Variations and Reservations". The China Quarterly 136 (136): 660–86. doi:10.1017/S030574100003229X.
  2. CIA Factbook: "Han Chinese 91.6%" out of a reported population of 1,379 billion (July 2017 est.)
  3. You must specify title = and url = when using {{cite web}}. (in zh-TW) (2016)။ 臺灣住民以漢人為最大族群,約占總人口97%
  4. Executive Yuan, R.O.C. (2014)။ The Republic of China Yearbook 2014 (PDF)။ p. 36။ ISBN 978-986-04-2302-02016-06-11 တွင် ပြန်စစ်ပြီး
  5. 2016 Population By-census – Summary Results (အစီရင်ခံစာ)။ Census and Statistics Department။ February 2016။ p. 3714 March 2017 တွင် ပြန်စစ်ပြီး
  6. 2016 Population By-Census Detailed Results (အစီရင်ခံစာ)။ Statistics and Census Service။ May 201725 July 2019 တွင် ပြန်စစ်ပြီး
  7. Population By-Census 2016, p. 47.
  8. Statistics Singapore:
  9. "Genetic Studies of Human Diversity in East Asia" (22 February 2007). Philosophical Transactions of the Royal Society B: Biological Sciences 362 (1482): 987–996. doi:10.1098/rstb.2007.2028. PMID 17317646.
  10. "Ancient DNA Reveals That the Genetic Structure of the Northern Han Chinese Was Shaped Prior to three-thousand Years Ago" (2015). PLOS One 10 (5): e0125676. doi:10.1371/journal.pone.0125676. PMID 25938511. Bibcode: 2015PLoSO..1025676Z.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.