မကာအို

မကာအို (澳門 :မကာအို အထူးအုပ်ချုပ်ရေး ဒေသ) [9] သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးအုပ်ချုပ်ရေးဒေသ ဖြစ်သည်။ မကာအို ကျွန်းဆွယ်သည် မြောက်ဘက်တွင် တရုတ်ပြည်မကြီးနှင့် နယ်မြေခြင်း ဆက်စပ်လျက်ရှိပြီး အရှေ့ဘက်တွင် ဟောင်ကောင်နှင့် ၃၀ ကီလိုမီတာသာ ကွာဝေးသည်။

မကာအို အထူးအုပ်ချုပ်ရေးဒေသ တရုတ် ပြည်သူ့သမ္မတနိုင်ငံ
中華人民共和國澳門特別行政區
အလံ အမှတ်တံဆိပ်
ပထဝီ(လက်ရှိနယ်နမိတ်)
ဧရိယာ
  • မြေဧရိယာ:29.2km²(2007)[1]
  • ကမ်းရိုးတန်း:41km [2]
အချိန်ဇုန်UTC+8
နိုင်ငံ တရုတ်
လူနေမှု
ရုံးသုံးဘာသာတရုတ်၊ ပေါ်တူဂီ[3][4]
လူဦးရေ
  • စုစုပေါင်း:557,000 ဦး(2008)[2]
  • သိပ်သည်းမှု :18,000ဦး/km²(2007)[5]
  • သက်တမ်း:84.36 နှစ် (2009)[6]
လူမျိုးတရုတ် 97%၊ ပေါ်တူဂီနှင့် အခြားနိုင်ငံခြားသား 3%[2]
နိုင်ငံရေး
အုပ်ချုပ်ရေးမှူးဟော်ဟုတ်ဟွ (何厚鏵)
စီပွားရေး
ငွေကြေးပါတာကပ်စ်(Patacas)
GDP$114.36 ဘီလျံ Patacas [7](နံပါတ် 139)
HDI 0.940 [8]မြင့် 2008 နံပါတ် 21)
အခြား
သင်္ကေတMAC
ဒိုမိန်း.mo
ဧရိယာကုဒ်853
ယာဉ်မောင်းလက်ဝဲကပ်မောင်း
မကာအို မြေပုံ
မကာအို

မကာအိုသည် ချင်မင်းဆက်ခေတ်မှစ၍ တရုတ်အပိုင် နယ်နမိတ်ဖြစ်သည်။ မင်မင်းဆက်ခေတ် ၁၅၅၇ ခုနှစ်တွင် ပေါ်တူဂီအား ငှားရမ်းပေးခဲ့သည်။ ၁၈၈၇ ခုနှစ်တွင် ပေါ်တူဂီအစိုးရနှင့် မန်ချူးအစိုးရတို့သည် သက်တမ်း နှစ် ၄၀ ရှည်ကြာသည့် တရုတ် ပေါ်တူဂီ ကုန်သွယ်ရေး စာချုပ်ကို ချုပ်ဆိုခဲ့ပြီးနောက် မကာအိုသည် ပေါ်တူဂီမှ ရေရှည်အုပ်ချုပ်သည့် နယ်မြေဖြစ်လာသည်။[10] ဥရောပတိုင်းပြည်များ၏ တရုတ်ပြည်ရှိ ပထမဦးဆုံးနှင့် နောက်ဆုံး ကိုလိုနီနယ် ဖြစ်သည်။[11]

၁၉၈၀ ပြည့်လွန်နှစ်များတွင် တရုတ်နှင့် ပေါ်တူဂီတို့သည် မကာအို၏ ရှေ့ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ၁၉၈၇ ခုနှစ်တွင် တရုတ် ပေါ်တူဂီ ပူးတွဲကြေငြာချက်ကို တရားဝင်ရေးထိုးခဲ့သည်။ ထိုကြေငြာချက်အရ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပေါ်တူဂီအုပ်ချုပ်ရေးကို အဆုံးသတ်ကာ မကာအိုအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံထံ ပြန်လည်အပ်နှင်းခဲ့သည်။ တရုတ်အစိုးရသည် မကာအိုဒေသတွင် တပြည်ထောင် နှစ်စနစ်ကို ကျင့်သုံးရန်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရန် ကတိပြုခဲ့သည်။ [12]


ကိုးကား

  1. - 澳門統計暨普查局 2007-05-22
  2. 世界各國紀實年鑑 - 澳門
  3. 澳門特別行政區基本法》- 全文
  4. 根據《澳門基本法》第九條,澳門特別行政區的行政機關、立法機關和司法機關,除使用中文外,還可使用葡文,葡文也是正式語文。
  5. DSEC - 統計資料
  6. 世界各國紀實年鑑 - 平均壽命
  7. 本地生產總值估計年刊 2006 - 澳門統計暨普查局
  8. - 澳門統計暨普查局
  9. 澳門官方註明的正式名稱:http://www.gov.mo/
  10. 中新社:澳門回歸路之五《中葡和好通商條約》是怎麼簽定的?
  11. 世界文化與自然遺產,藍天出版社,2007年4月。ISBN 978-7-80158-937-8
  12. 中華人民共和國政府和葡萄牙共和國政府關於澳門問題的聯合聲明 4 September 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2009 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.