ဖူကျန့်ပြည်နယ်

ဖူကျန့် (福建, Fukien , Foukien) ပြည်နယ်(Fujian )သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်သည်။ မြောက်ဘက်တွင် ကျဲ့ကျန်းပြည်နယ်၊ အနောက်ဘက်တွင် ကျန်းရှီးပြည်နယ်၊ တောင်ဘက်တွင် ကွမ်တုန်းပြည်နယ်၊ အရှေ့ဘက်တွင် ထိုင်ဝမ်ရေလက်ကြား နှင့် ထိုင်ဝမ် တို့ တည်ရှိသည်။ [3] ဖူကျန့်ဟူသော အမည်နာမသည် ထန်မင်းဆက် ခေတ် (Tang Dynasty) က ဖူကျိုးမြို့ (Fuzhou) နှင့် ကျန့်ကျိုးမြို့ (Jianzhou) နှစ်ခုတို့၏ အမည်များကို ပေါင်းစပ်၍ ခေါ်ဝေါ်ထားခြင်း ဖြစ်သည်။ ဖူကျန့်ပြည်နယ်သည် တရုတ်နိုင်ငံတွင် ယဉ်ကျေးမှုအရရော၊ ဘာသာစကားအရပါ ကွဲပြားမှုများ အများဆုံး တည်ရှိရာပြည်နယ်ဖြစ်သည်။

ဖူကျန့်ပြည်နယ်
Fujian Province
တရုတ်ဘာသာဖြင့် : 福建省
ဖျင်းယင်းဖြင့် Fújiàn Shěng
Min Nan POJ: Hok-kiàn-séng

Min Dong BUC: Hók-gióng-sēng
Min Bei Guing'ei language: Fū-guīng-sǎin
Hakka Pha̍k-fa-sṳ: Fuk-kien-sén

အတိုကောက်အမည်: 闽 သို့မဟုတ် 閩  (pinyin: Mǐn, POJ: Bân, BUC: Mìng, Hakka Pha̍k-fa-sṳ: Mîn)
အမည်ရင်းမြစ်福 fú – ဖူကျိုးမြို့
建 jiàn – ကျန့်ကျိုးမြို့
အုပ်ချုပ်ရေးအမျိုးအစားပြည်နယ်
မြို့တော်
(နှင့် အကြီးဆုံးမြို့)
ဖူကျိုးမြို့
ကွန်မြူနစ်ပါတီ အကြီးအကဲ စွန်းချွန်လန်
ပြည်နယ်အုပ်ချုပ်ရေးမှူး ဟွမ်ရှောင်ကျင့်
ဧရိယာ ၁၂၁,၄၀၀ စတုရန်းကီလိုမီတာ
 - လတ္တီကျု
 - လောင်ဂျီကျု
လူဦးရေ (၂၀၁၀)
 - သိပ်သည်းမှု
၃၆,၈၉၄,၂၁၆ (၁၇)
၂၉၁
ဂျီဒီပီ (၂၀၁၀)
 - လူတစ်ဦးချင်း
ယွမ်ငွေ ၁.၄၃ ထရီလီယံ (US$ ၂၁၂ ဘီလီယံ)[1] (၁၂)
CNY ၃၃,၀၅၁ (၁၀)
HDI (၂၀၀၈) ၀.၈၀၇ (high) (၁၂)
ကိုးကွယ်ယုံကြည်မှုများဗုဒ္ဓဘာသာအစ္စလာမ်ဘာသာ
တိုင်းရင်းသားလူမျိုးများဟန် – 98%
ရှီ – 1%
ဟွေလူမျိုး – 0.3%
ဒေသသုံးဘာသာစကားများမင်ဘာသာစကား
ခရိုင်ကြီး(Prefecture)အဆင့်  ခု
ခရိုင်ငယ်(County)အဆင့် ၈၅ [2] ခု
မြို့နယ်(Township)အဆင့်* ၁၁၀၇ [2] ခု
ISO 3166-2CN-35
အင်တာနက် စာမျက်နှာ
http://www.fujian.gov.cn
Source for population and GDP data:
《中国统计年鉴—2005》 China Statistical Yearbook 2005
ISBN 7503747382
Source for nationalities data:
《2000年人口普查中国民族人口资料》 Tabulation on nationalities of 2000 population census of China
ISBN 7105054255
*As at December 31, 2004
TemplateDiscussionWikiProject China

ဖူကျန့်ပြည်နယ် နယ်မြေအများစုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထိန်းချုပ်ထားသည်။ ခင်မင်ကျွန်းစု (archipelagos of Kinmen) နှင့် မတ်ဆုကျွန်းများ (Matsu Islands) ကို ထိုင်ဝမ် မှ ထိန်းချုပ်ထားသည်။ သို့ဖြစ်၍ ဖူကျန့်ပြည်နယ်ကို နှစ်ပိုင်းခွဲခြားလေ့လာသင့်သည်။

ပထဝီဝင်အနေအထား

ဝူးယီတောင်တန်းများ

ဖူကျန့်ပြည်နယ်သည် တောင်တန်းများ ထူထပ်သည်။ ဒေသခံတို့အဆိုအရ ရှစ်ပုံက တောင်တန်း၊ ၁ပုံကရေပြင်၊ ၁ပုံပဲ စိုက်ပျိုးမြေ ဟု ဆိုကြောင်း သိရသည်။ (八山一水一分田) အနောက်မြောက်ဒေသသည် အမြင့်ပိုင်းတောင်တန်းများ ဖြစ်သည်။ ဝူးယီတောင်တန်းသည် ဖူကျန့် နှင့် ကျန်းရှီး ပြည်နယ် နှစ်ခုတို့ကို ပိုင်းခြားထားသည်။ တရုတ်နိုင်ငံ၏ သစ်တောအထူထပ်ဆုံးသောပြည်နယ်ဖြစ်သည်။ သစ်တောဖုံးလွှမ်းဧရိယာမှာ ၂၀၀၉ ခုနှစ် စာရင်းအရ ပြည်နယ်ဧရိယာ စုစုပေါင်း၏ ၆၂.၉၆% ရှိသည်။ [4] ဖူကျန့်ပြည်နယ်၏ အမြင့်ဆုံးနေရာမှာ ဝူးယီတောင်တန်းပေါ်ရှိ အမြင့် မီတာ (2157 m) ရှိသော ဟွမ်ကန်းတောင်ထွတ် (Huanggang Peak) ဖြစ်သည်။

ပြည်နယ်၏ အရှေ့ဘက်တွင် အရှေ့တရုတ်ပင်လယ်၊ ပြည်နယ်၏ တောင်ဘက်တွင် တောင်တရုတ်ပင်လယ်၊ အရှေ့တောင်ဘက်တွင် ထိုင်ဝမ်ရေလက်ကြား တို့ ရှိသည်။ ကမ်းရိုးတန်းတစ်လျှောက်သည် ကြမ်းတမ်းကွေ့ကောက်ပြီး မြောက်မြားစွာသော ပင်လယ်အော်များကျွန်းများ ရှိသည်။ အကြီးဆုံး ကျွန်းများမှာ ထိုင်ဝမ်မှ ထိန်းချုပ်ထားသော Quemoy ကျွန်းနှင့် ဟိုင်ထန်းကျွန်း (Haitan Island)၊ နန်ရိကျွန်း (Nanri Island) တို့ ဖြစ်ကြသည်။

မင်ကျန်းမြစ် (Minjiang River) နှင့် ၎င်း၏ မြစ်လက်တက်များသည် ဖူကျန့်ပြည်နယ်၏ မြောက်ဘက်ပိုင်း နှင့် ဗဟိုပိုင်းတွင် ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ အခြားမြစ်များမှာ ကျင်းကျန်းမြစ် (Jinjiang River)၊ ကျိုလုံမြစ် (Jiulong River) တို့ ဖြစ်ကြသည်။ မြေမျက်နှာပြင်မှာ ညီညာ ပြေပြစ်မှု မရှိပဲ မတ်စောက်သော ကျောက်တောင်များ၊ တောင်ကြားများ ပေါများသည်။

ဖူကျန့်ပြည်နယ်သည် ထိုင်ဝမ်နှင့် ကီလိုမီတာ ၁၈၀ ရှည်သော ထိုင်ဝမ်ရေလက်ကြား ဖြင့် ခြားထားသည်။ ယင်းရေလက်ကြားအတွင်းရှိ ကျွန်းငယ်လေးများမှာလည်း ဖူကျန့်ပြည်နယ်တွင် ပါဝင်သည်။ ချွဲမင်ကျွန်းများ (the islands of Quemoy) နှင့် မတ်ဆုကျွန်းများမှာ ထိုင်ဝမ်၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိနေသည်။

သမပိုင်းရာသီဥတုမျိုးရရှိသည်။ ဆောင်းရာသီတွင် နွေးထွေးသည်။ ဇန်နဝါရီလတွင် ကမ်းရိုးတန်းဒေသများတွင် ပျမ်းမျှအပူချိန် ၇-၁၀ ဒီဂရီ ဖာရင်ဟိုက် ခန့်ရှိပြီး တောင်တန်းဒေသများတွင် ၆-၈ ဒီဂရီ ဖာရင်ဟိုက် ခန့်ရှိသည်။ နွေရာသီတွင် အပူချိန်မြင့်မားသည်။ ပစိဖိတ်သမုဒ္ဒရာဘက်မှ ဝင်ရောက်လာသော တိုင်ဖွန်းမုန်တိုင်းများ မကြာခဏ ဝင်ရောက်လေ့ ရှိပြီး တစ်နှစ်တာ မိုးရေချိန်မှာ ၁၄၀၀-၂၂၀၀ မီလီမီတာခန့် ရှိသည်။

မြို့ကြီးများ

  • ဖူကျိုးမြို့ - Fuzhou (Foochow)
  • ရှမင်မြို့ - အမွိုင်မြို့ - Xiamen (Amoy)
  • နန်ဖျင်မြို့ - Nanping (Nanbeing)
  • ချွမ်ကျိုးမြို့ - Quanzhou
  • လုံးယန်မြို့ - Longyan
  • ကျန်းကျိုးမြို့ - Zhangzhou
  • ဖျထျန်းမြို့ - Putian

အုပ်ချုပ်ရေးခရိုင်များ

ဖူကျန့်ပြည်နယ်ကို ခရိုင်ကြီးအဆင့် (၉)ခု ဖွဲ့စည်းထားသည်။

Map စဉ် ရုံးစိုက်ရာမြို့ တရုတ်စာဖြင့် အသံထွက်ဖြင့် ခရိုင်အမည် လူဦးရေ (၂၀၁၀)
— ဖူကျန့်ပြည်နယ် ခရိုင်များ —
ရှမင်မြို့ - Xiamen 厦门市 Xiàmén Shì စီးမင့်ခရိုင် - Siming District 3,531,347
Prefecture-level city
ဖူကျိုးမြို့ - Fuzhou 福州市 Fúzhōu Shì ကုလိုခရိုင် - Gulou District 7,115,370
လုံးယန်မြို့ 龙岩市 Lóngyán Shì ရှင်းလော့ခရိုင် - Xinluo District 2,559,545
နန်ဖျင်မြို့ - Nanping 南平市 Nánpíng Shì Yanping District 2,645,549
နင်ဒယ်မြို့ - Ningde 宁德市 Nánpíng Shì Jiaocheng District 2,821,996
ဖူထျန်းမြို့ - Putian 莆田市 Pútián Shì Chengxiang District 2,778,508
ချွမ်ကျိုးမြို့ - Quanzhou 泉州市 Quánzhōu Shì Fengze District 8,128,530
စန်းမင်မြို့ - Sanming 三明市 Sānmíng Shì Sanyuan District 2,503,388
ကျန်းကျိုးမြို့ - Zhangzhou 漳州市 Zhāngzhōu Shì Xiangcheng District 4,809,983

လုံးယန်၊ စန်းမင် နှင့် နန်ဖျင် မြို့များမှတစ်ပါး ကျန်မြို့များအားလုံးသည် ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိကြသည်။ ယင်း ခရိုင်ကြီး (၉)ခုကို ခရိုင်ငယ် (၈၅)ခု အဖြစ် ထပ်မံ စိတ်ပိုင်းသည်။ တစ်ဖန် ခရိုင်ငယ်များကို မြို့နယ် (၁၁၀၇)ခု အဖြစ် ထပ်မံ ပိုင်းခြားသည်။ ယင်းအရေအတွက်တွင် လက်ရှိ ထိုင်ဝမ်က အုပ်ချုပ်နေသော ချွဲမင် (Quemoy) နှင့် မတ်ဆုကျွန်းများ (Matsu Islands) လည်း ပါဝင်သည်။

နိုင်ငံရေး

ပြည်နယ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးများ

  • Zhang Dingcheng (张鼎丞): June 1949-October 1954
  • Ye Fei (叶飞): October 1954-June 1958
  • Jiang Yizhen (江一真): acting 1958–1970
  • Han Xianchu (韩先楚): April 1971-December 1973
  • Liao Zhigao (廖志高): December 1974-February 1982
  • Xiang Nan (项南): February 1982-March 1986
  • Chen Guangyi (陈光毅); March 1986-December 1993
  • Jia Qinglin (贾庆林): December 1993-October 1996
  • Chen Mingyi (陈明义): October 1996-December 2000 
  • Song Defu (宋德福): December 2000-February 2004
  • Lu Zhangong (卢展工): February 2004-2009
  • sun chunlan(孙春兰):November 2009-incumbent

ပြည်နယ်အုပ်ချုပ်ရေးမှူးများ

  • Zhang Dingcheng (张鼎丞): August 1949-October 1954  
  • Ye Fei (叶飞): October 1954-January 1959
  • Jiang Yizhen (江一真): October 1959-December 1962
  • Wen Jinshui (魏金水): December 1962-August 1968 
  • Han Xianchu (韩先楚): August 1968-December 1973
  • Liao Zhigao (廖志高): November 1974-December 1979
  • Ma Xingyuan (马兴元): December 1979-January 1983
  • Hu Ping (胡平): January 1983-September 1987
  • Wang Zhaoguo (王兆国): September 1987-November 1990
  • Jia Qinglin (贾庆林): November 1990-April 1994
  • Chen Mingyi (陈明义): April 1994-October 1996
  • He Guoqiang (贺国强): October 1996-August 1999
  • ရှီကျင့်ဖျင် - Xi Jinping (习近平): August 1999-October 2002 (လက်ရှိ ဒု-သမ္မတ ဖြစ်သည်။)
  • Lu Zhangong (卢展工): October 2002-December 2004
  • Huang Xiaojing (黄小晶): December 2004-2011
  • su shulin(苏树林):April 2011-incumbent

လူဦးရေနှင့်လူမျိုးများ

ချွမ်ကျိုးမြို့ရှိ ရှေးအကျဆုံး ဗလီများ

ဟန့်တရုတ်လူမျိုးမှာ ၉၈% ရှိသည်။ အများစုမှာ မင်ဘာသာစကား (တရုတ်ဘာသာစကားတစ်မျိုး) ကိုပြောဆိုကြသည်။ ရှီလူမျိုးများသည် မြောက်ပိုင်းရှိ တောင်တန်းများပေါ်တွင်နေထိုင်ကြပြီး လူနည်းစုတိုင်းရင်းသားများထဲမှာ ဖူကျန့်ပြည်နယ်အတွင်း လူဦးရေအများဆုံးသော လူမျိုး ဖြစ်သည်။ [5] ကမ္ဘာတစ်ဝန်းလုံး (အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများ) တွင် ပျံ့နှံ့နေထိုင်ကြသော တရုတ်လူမျိုးများသည် ၎င်းတို့၏ ပင်ရင်းဇာတိမှာ ယခု ဖူကျန့်ပြည်နယ် ဖြစ်သည်။ ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံများတွင် ရောက်ရှိနေထိုင်ကြသော တရုတ်လူမျိုးအများစုမှာ ဖူကျန့်ပြည်နယ်သားများ ဖြစ်ကြသည်။ ဖူကျန့်ပြည်နယ် မြို့တော်ဖြစ်သော ဖူကျိုးမြို့သားများသည် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်မှူ အများဆုံးသော တရုတ်လူမျိုးများ ဖြစ်ကြသည်။

ထင်ရှားသောပုဂ္ဂိုလ်များ

စုန့်မင်ဆက် (Song dynasty) ခေတ်မှစ၍ ယနေ့အထိ ထင်ရှားသော ဖူကျန့်ပြည်နယ်သား ပုဂ္ဂိုလ်ကျော်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • Jian Zhang (316-4569), King, Zhang dynasty.
  • Huang Qiaoshan (871–953), Vice-Minister of Works, Tang dynasty.
  • Zheng Qiao (1108–1166), historian.
  • Zhu Xi (1130–1200), Confucian philosopher.
  • Huang Senping (14th-15th century), Royal son-in-law of Sultan Muhammad Shah of Brunei.
  • Hong Chengchou (1593–1665), Ming dynasty official.
  • Shi Lang (1621–1696), Qing dynasty admiral.
  • Zheng Chenggong (1624–1662), a Ming dynasty general who defeated the Dutch to reconquer Taiwan.
  • Lin Zexu (1785–1850), scholar and official.
  • Lin Shu (1852–1924), translator.
  • Yan Fu (1854–1921), scholar and translator.
  • Lin Yutang (1894–1976), writer.
  • Zheng Zhenduo (1898–1958), literary historian.
  • Go Seigen (born 1914), pseudonym of Go champion Wú Qīngyuán.
  • Zhang Jingchu (born 1980), actress
  • Raymond Lam (born 1979), Hong Kong actor
  • Benny Chan (born 1969), Hong Kong actor

ပညာရေး

အထက်တန်းကျောင်းများ

  • Fuzhou Gezhi High School
  • Fuzhou No.1 Middle School
  • Fuzhou No.3 Middle School
  • Xiamen Foreign Language School

နိုင်ငံတော်အစိုးရပိုင်

  • Xiamen University (厦门大学) (founded 1921, also known as University of Amoy) (Xiamen)
  • Huaqiao University (华侨大学) (Quanzhou)

ပြည်နယ်အစိုးရပိုင်

  • Fujian Agriculture and Forestry University (福建农林大学) (Fuzhou)
  • Fujian College of Traditional Chinese Medicine (福建中医学院) (Fuzhou)
  • Fujian Medical University (福建医科大学) (Fuzhou)
  • Fujian Normal University (福建师范大学) (founded 1907) (Fuzhou)
  • Fujian University of Technology (福建工程学院) (Fuzhou)
  • Fuzhou University (福州大学) (Fuzhou)
  • Jimei University (集美大学) (Xiamen)
  • Longyan University (龙岩学院) (Longyan)
  • Zhangzhou Normal College (漳州师范学院) (Zhangzhou)
  • Minjiang University (闽江学院) (Fuzhou)
  • Putian University (莆田学院) (Putian)
  • Quanzhou Normal College (泉州师范学院) (Quanzhou)
  • Wuyi University (武夷学院) (Wuyishan)

ပုဂ္ဂလိကပိုင်

  • Yang-en University (仰恩大学) (Quanzhou)

ကိုးကား

  1. 福建省2009年国民经济和社会发展统计公报 中国统计信息网။ 22 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 November 2011 တွင် ပြန်စစ်ပြီး။ Retrieved 2010-05-01
  2. These are the official PRC numbers from 2009 Fujian Statistic Bureau. Quemoy is included as a county and Matsu Islands as a township.
  3. မော်ကွန်းတင်ပြီးမိတ္တူ 25 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 November 2011 တွင် ပြန်စစ်ပြီး။
  4. Forestry in Fujian Province 3 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 November 2011 တွင် ပြန်စစ်ပြီး။
  5. မော်ကွန်းတင်ပြီးမိတ္တူ 23 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 November 2011 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.