အပူချိန်
အပူချိန် သည် ပူသည် အေးသည်ဟု တိုင်းတာရာ၌ အသုံးပြုသော စံသတ်မှတ်ချက် တစ်ခု ဖြစ်သည်။ ယင်းကို သာမိုမီတာဖြင့် တိုင်းတာရသည်။ တိုင်းတာရာ၌ စံနှုန်းအများကြီးရှိရာ အသုံးအများဆုံးမှာ ဆယ်စီးယပ်စကေး (°C)၊ ဖာရင်ဟိုက်စကေး (°F) နှင့် ကယ်လ်ဗင်စကေး (K) တို့ ဖြစ်ကာ၊ ကယ်လ်ဗင်စကေးကို သိပ္ပံပညာရပ်များတွင် SI ယူနစ် ပြောင်းလဲခြင်းဖြင့် အသုံးချသည်။ ပကတိအပူချိန်သည် အအေးဆုံး အပူချိန်ဖြစ်၍ ကယ်လ်ဗင်အားဖြင့် သုည ဖြစ်ပြီး၊ ဆယ်စီးယပ်အားဖြင့် -၂၇၃.၁၅ °C၊ ဖာရင်ဟိုက်အားဖြင့် -၄၅၉.၆၇°F အသီးသီးရှိကြသည်။ အပူချိန်သည် သိပ္ပံနယ်ပယ်အားလုံးဖြစ်သော ရူပဗေဒ ပထဝီဝင် ဆေးပညာ ဓာတုဗေဒ ဇီဝဗေဒ စသည်တို့၌ သာမက နေ့စဉ်ဘဝ၌ပါ အလွန် အရေးပါသည့်အရာ ဖြစ်ပေသည်။
Temperature | |
---|---|
Two thermometers showing temperature in Celsius and Fahrenheit. | |
ယေဘုယျ သင်္ကေတ | T |
SI ယူနစ် | K |
အခြားယူနစ်များ | °C, °F, °R |
SI dimension | Θ |
Intensive? | Yes |
Derivations from other quantities | , |
တမ်းပလိတ်:Thermodynamics
သီအိုရီအရ အနိမ့်ဆုံး အပူချိန်သည် ပကတိသုည(Absolute Zero)၊ ဆိုလိုသည်မှာ ၎င်းအရာဝတ္ထုမှ မည်သည့် အပူမျှ မစီးထွက်လာခြင်း ဖြစ်သည်။ စမ်းသပ်တွေ့ရှိချက်အရ၊ ပကတိသုည အဖြစ်သို့ လုံးလုံး မရောက်နိုင်၊ အလွန် နီးကပ်စွာသာ ရောက်နိုင်သည်၊ သို့ဖြစ်ရာ ၎င်းကို အပူစီးကူးမှု၏ တတိယ နိယာမ (third law of thermodynamics) ဟု သတ်မှတ်သည်။
သက်ရောက်မှုများ
အောက်ပါ ရုပ်ပိုင်း ဖြစ်စဉ်များသည် အပူနှင့် ဆက်နွယ်သည်။
- အစိုင်အခဲ၊ အရည်၊ အငွေ့၊ ငွေ့ရည်၊ သိပ်သည်းဆ၊ ပျော်ဝင်ဆ၊ ငွေ့ဖိအား၊ လျှပ်ကူးခြင်း စသည့် အဆင့်များ ပါဝင်သော ရုပ်ဝတ္ထု၏ ရုပ်ဂုဏ်သတ္တိများ၊
- ဓာတ်ပြုမှု ဖြစ်ပွားသော နှုန်းနှင့် အတိုင်းအတာ၊[1]
- ဝတ္ထု တခု၏ မျက်နှာပြင်မှ ထုတ်လွှတ်သော အပူဖြာခြင်း (thermal radiation) ၏ ပမာဏနှင့် သတ္တိများ၊
- ပကတိအပူချိန် ၏ နှစ်ထပ်ကိန်းရင်း ဖန်ရှင်၏ အသံအမြန်
ကိုးကား
- Agency၊ International Atomic Energy (1974)။ Thermal discharges at nuclear power stations: their management and environmental impacts : a report prepared by a group of experts as the result of a panel meeting held in Vienna, 23–27 October 1972။ International Atomic Energy Agency။
- Watkinson၊ John (2001)။ The Art of Digital Audio။ Taylor & Francis။ ISBN 978-0-240-51587-8။