တပြည်ထောင် နှစ်စနစ်

"တပြည်ထောင် နှစ်စနစ်" (One country, two systems; 一國兩制) ဆိုသည်မှာ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က တရုတ်တပြည်လုံး ပြန်လည်ပေါင်းစည်းရေးအတွက် ရည်ရွယ်ကာ ၁၉၈၀ ပြည့်လွန်နှစ် အစောပိုင်းကာလတွင် အဆိုပြုခဲ့သည့် စိတ်ကူးဖြစ်သည်။ ၎င်းက ကမ္ဘာပေါ်တွင် တရုတ် တပြည်ထောင်တည်းသာရှိသည်၊ ဟောင်ကောင်မကာအိုထိုင်ဝမ် စသည့် ဒေသများတွင် ကိုယ်ပိုင် အရင်းရှင် စီးပွားရေးနှင့် နိုင်ငံရေးစနစ်ကို ကျင့်သုံးနိုင်သည်၊ တရုတ်ပြည်၏ ကျန်ဒေသများတွင် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးမည်ဟု အကြံပြုခဲ့သည်။ အဆိုပါ အကြံပြုချက်အရ ထိုင်ဝမ်သည် လက်ရှိ နိုင်ငံရေး၊ တရားရေး၊ စစ်ရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးစနစ်ကို ဆက်လက်ကျင့်သုံးနိုင်သည့်အပြင် နိုင်ငံခြားတိုင်းပြည်များနှင့် ရေးထိုးထားသည့် စီးပွားရေး၊ ယဉ်ကျေးမှု သဘောတူညီချက်များ အပါအဝင် နိုင်ငံခြား ဆက်ဆံရေးတွင် အတိုင်းအတာ တစ်ခုအထိ လုပ်ပိုင်ခွင့်ရှိသည်ဟု ဆိုသည်။[1]

ဟောင်ကောင်နှင့် မကာအို

၁၉၈၄ ခုနှစ်တွင် တိန့်ရှောင်ဖိန်က ဗြိတိသျှဝန်ကြီးချုပ် မာဂရက် သက်ချာနှင့် ၁၉၉၇ ခုနှစ် ဟောင်ကောင်အား ငှားရမ်းသည့် နှစ်စေ့ချိန် ဟောင်ကောင်၏ ရှေ့ရေးနှင့်ပတ်သက်၍ ဆွေးနွေးစဉ် ဟောင်ကောင်၌ တပြည်ထောင် နှစ်စနစ် ကျင့်သုံးရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။ အလားတူစနစ်မျိုး မကာအိုတွင် ကျင့်သုံးရန်လည်း ပေါ်တူဂီနှင့် ဆွေးနွေးရာတွင် အဆိုပြုခဲ့သည်။


ကိုးကား

  1. China.org.cn. "China.org.cn." One Country, Two Systems. Retrieved on 2008-01-04.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.