ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေ

ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေ (British Indian Ocean Territory (BIOT) သို့မဟုတ် ချာဂိုးကျွန်းများ) သည် အိန္ဒိယသမုဒ္ဒရာတွင်းရှိ ယူနိုက်တက်ကင်းဒမ်းနိုင်ငံပင်လယ်ရပ်ခြားနယ်မြေတစ်ခု ဖြစ်သည်။ ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေတွင် ချာဂိုးကျွန်းစုရှိ သန္တာကျွန်း ၇ ခုအပါအဝင် ကျွန်းငယ်ပေါင်း တစ်ထောင်ကျော်ခန့် ပါဝင်ဖွဲ့စည်းထားသည်။ စုစုပေါင်းကုန်းမြေဧရိယာမှာ ၆၀ စတုရန်းကီလိုမီတာ (၂၃ စတုရန်းမိုင်) ခန့်ရှိသည်။[3]

ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေ
British Indian Ocean Territory
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: "In tutela nostra Limuria" (လက်တင်) "Limuria is in our charge"
နိုင်ငံတော် သီချင်း: God Save the Queen
မြို့တော်ဒီယေဂိုဂါစီယာ
ရုံးသုံး ဘာသာစကားများအင်္ဂလိပ်
လူမျိုးစုဗြိတိန် / အမေရိကန် ၉၅.၈၈% ၊ အခြား ၄.၁၂%
အမျိုးအစားဗြိတိသျှ ပင်လယ်ရပ်ခြား နယ်မြေ
အစိုးရ
 သက်ဦးဆံပိုင်ဘုရင်
အယ်လီဇဘက် ဒုတိယ
 Commissioner
Peter Hayes
 Administrator
Tom Moody
ဧရိယာ
 စုစုပေါင်း
၅၄,၄၀၀ စတုရန်းကီလိုမီတာ[1]
 ရေထု (%)
၉၉.၈၉
လူဦးရေ
 ခန့်မှန်း
၃,၀၀၀[2]
 သိပ်သည်းမှု
၅၈.၃/km2
ငွေကြေးUS$, UK£
အချိန်ဇုန်+6
တယ်လီဖုန်းကုဒ်+246

အကြီးဆုံးနှင့် တောင်ဖက်အကျဆုံးကျွန်းမှာ ဒီယေဂိုဂါစီယာ ဖြစ်ကာ ၄၄ စတုရန်းကီလိုမီတာ (၁၇ စတုရန်းမိုင်) ကျယ်ဝန်းပြီး အမေရိကန်ပြည်ထောင်စုနှင့် ယူနိုက်တက်ကင်းဒမ်းတို့၏ တွဲဖက် စစ်အခြေစိုက်စခန်းတစ်ခုဖြစ်သည်။ ထိုကျွန်းမှာ ပုံမှန်ခရီးသွားများ၊ သတင်းသမားများနှင့် ယခင်ကနေထိုင်ခဲ့သူများကို ဝင်ခွင့်ကန့်သတ်ထားသော ကျွန်းဖြစ်သည်။

ကိုးကား

  1. ရေပြင်ဧရိယာ အပါအဝင် စုစုပေါင်းဧရိယာဖြစ်သည်။ ကုန်းမြေဧရိယာမှာ ၆၀ စတုရန်းကီလိုမီတာ သာ ဖြစ်သည်။
  2. About Us BIOT Post Office။ ၅ ဧပြီ ၂၀၁၃ တွင် ပြန်စစ်ပြီး။
  3. British Indian Ocean Territory World Factbook စီအိုင်အေ (၂၇ မတ် ၂၀၁၃)။ ၅ ဧပြီ ၂၀၁၃ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.