အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (Southeast Asian Games) အတိုကောက်အားဖြင့် ဆီးဂိမ်းသည် အဖွဲ့ဝင်နိုင်ငံများမှ ၂ နှစ်တစ်ကြိမ် အလှည့်ကျကျင်းပသည့် အားကစားပြိုင်ပွဲ တစ်ရပ်ဖြစ်ပြီး အရှေ့တောင်အာရှဒေသ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစား လက်ရွေးစင်များ ပါဝင်ဆင်နွှဲကြသည်။ ဆီးဂိမ်းကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ် (Southeast Asian Games Federation) မှ ထိန်းသိမ်းကွပ်ကဲကာ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (International Olympic Committee, IOC) နှင့် အာရှ အိုလံပစ် ကောင်စီ (Olympic Council of Asia) တို့မှ ကြီးကြပ်သည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
Southeast Asian Games
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အမှတ်တံဆိပ်

အတိုကောက်ဆီးဂိမ်း (SEA Games)
ပထမအကြိမ်၁၉၅၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်
Occur every2 years
နောက်ဆုံးတစ်ခေါက်
ကျင်းပခဲ့သည့် ပြိုင်ပွဲ
၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
ဝက်ဘ်ဆိုက်seagfoffice.org

သမိုင်း​ကြောင်း

အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏မူလအမည်မှာ အ​ရှေ့​တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲဖြစ်သည်။ထိုပွဲ​တော်များမတိုင်မီအချိန်က မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအားဖိတ်​ခေါ်ကာအားကစားပြိုင်ပွဲများကျင်းပခဲ့သည်။ထိုင်းနိုင်ငံဆိုင်ရာ အိုလံပစ်ကော်မတီ ဒုဥက္ကဋ္ဌ ဖြစ်လာမည့် လန် စူကွမ်နိုင်ပရာဒစ်က အကြံရလာပြီး​ဒေသတွင်းပြိုင်ပွဲတစ်ခုရှိလာရန်စဉ်းစားမိသည်။၁၉၅၈ ခုနှစ် မေလ ၂၂ ရက်နေ့ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့သည့် ၃ ကြိမ်မြောက် အာရှအားကစားပွဲတော်တွင် အရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများ၏ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒေသဆိုင်ရာ အားကစားအဖွဲ့အစည်း ရှိသင့်သည်ဟု စဉ်းစားခဲ့ကြသည်။ ထို့နောက် ထိုင်းနိုင်ငံဆိုင်ရာ အိုလံပစ်ကော်မတီ ဒုဥက္ကဋ္ဌ ဖြစ်လာမည့် လန် စူကွမ်နိုင်ပရာဒစ်က အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပွဲ (Southeast Asian Peninsular Games) ဆိုသည့် အမည်ကို ရွေးချယ်အတည်ပြုပေးခဲ့သည်။ဤပွဲသည် ဒေသတွင်း နိုင်ငံများ၏ အားကစားပွဲတော်ဟု ဆိုသော်လည်း ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ဒေသတွင်း တည်ငြိမ်ရေး စသည်တို့အတွက်လည်း ရည်ရွယ် ကျင်းပကြခြင်း ဖြစ်သည်။ဤပြိုင်ပွဲများမှ အစပြုပြီး အာရှအားကစားပွဲတော်၊ အိုလံပစ် အားကစားပွဲတော် စသည့် ကမ္ဘာ့ပြိုင်ပွဲများသို့ တက်လှမ်းယှဉ်ပြိုင်နိုင်ခွင့် ရရှိနိုင်သည့် အခွင့်အလမ်းများလည်း တည်ရှိနေသေးသည်။

ထိုင်း၊ မြန်မာ၊ မလေးရှား၊ လာအို၊ တောင်ဗီယက်နမ်၊ ကမ္ဘောဒီးယား တို့က အ​ရှေ့​တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ (SEA Games) ဖြစ်လာမည့် SEAP တည်ထောင်သူနိုင်ငံ၆နိုင်ငံ ဖြစ်လာကြပြီး အားကစားပွဲတော်ကို ၂ နှစ်တစ်ကြိမ် ကျင်းပရန် ၁၉၅၉ခုနှစ် ဇွန်လတွင် ဆုံးဖြတ်ခဲ့ကြသည်။ ပထမဦးဆုံးသော ပွဲတော်ကို ဘန်ကောက်မြို့၌ ၁၉၅၉ ခုနှစ်တွင် ကျင်းပခဲ့ပြီး မြန်မာ၊ ထိုင်း၊ မလေး၊ စင်္ကာပူ၊ တောင်ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အားကစားအမျိုးအစားပေါင်း ၁၂ ခုတွင် အားကစားသမားပေါင်း ၅၂၇ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ဤပထမဆုံးပွဲ​တော်တွင် ကနဦး၆နိုင်ငံမှကမ္ဘောဒီးယားနိုင်ငံမပါဝင်နိုင်ခဲ့ပဲဒုတိယအကြိမ် ရန်ကုန်ပွဲ​တော်တွင်မှသာ ပါဝင်လာသည်။ကနဦး၆နိုင်ငံမဟုတ်​ပဲ ကျွန်းဆွယ်နိုင်ငံတစ်ခုဖြစ်​သော ဗြိတိသျှလက်​အောက်ခံစင်ကာပူနိုင်ငံပါဝင်လာသည်။

၁၉၇၁ခုနှစ်ပွဲ​တော်တွင် ဖိလစ်ပိုင်၊ဘရူနိုင်းနှင့် အင်ဒိုနီးရှားတို့အားပါဝင်ဆင်နွှဲနိုင်ရန်အိမ်ရှင် မ​လေးရှားမှအကြံပြု​သော်လည်းထိုင်းနိုင်ငံမှလက်မခံခဲ့​​ပေ။၁၉၇၅ခုနှစ်၈ ကြိမ်မြောက် အားကစားပွဲတော်တွင်နိုင်ငံ​ရေးအ​ခြေအ​နေများ​ကြောင့်နိုင်ငံ၄နိုင်ငံသာပါဝင်နိုင်ခဲ့၍ထိုအခါမှသာဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ကို အဖွဲ့ဝင်အဖြစ် လက်ခံရန် စဉ်းစားခဲ့ပြီးနောက် ၁၉၇၇ ခုနှစ်၌ ထို ၂ နိုင်ငံကို ပါဝင်ယှဉ်ပြိုင်ခွင့် ပြုပေးခဲ့သည်။ ထိုနှစ်တွင်ပင် SEAP အဖွဲ့ချုပ်က အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ် (Southeast Asian Games Federation - SEAGF) ဟု အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ယင်းပွဲတော်ကို ဆီးဂိမ်း ဟု လူသိများလာခဲ့သည်။

အရှေ့တီမောကို ၂၀၀၃ ခုနှစ် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သည့် ၂၂ ကြိမ်မြောက်ပွဲတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ပေးခဲ့သည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်လာသည့် နိုင်ငံများက ပူးပေါင်းကျင်းပလာခဲ့သည့် အရှေ့တောင်အားရှ အားကစားပွဲတော်ဖြစ်သည့် ဆီးဂိမ်းကို ကျင်းပလာခဲ့သည်မှာ၂၀၁၉ခုနှစ်တွင် နှစ်၆၀တိုင်ရှိပြီ ဖြစ်သကဲ့သို့ ၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ပွဲတော်မှာ ၃၀ ကြိမ်မြောက် ပွဲတော်လည်း$ဖြစ်လေသည်။

၂၀၁၇ခုနှစ် ကွာလာလမ်ပူဆီးဂိမ်းအပြီးတွင်ထိုင်းနိုင်ငံတွင်၆ကြိမ်၊မြန်မာပြည်တွင်၃ကြိမ်၊မ​လေးရှားတွင်၆ကြိမ်၊စင်ကာပူတွင်၄ကြိမ်၊အင်ဒိုနီးရှားတွင်၄ကြိမ်၊ဖိလစ်ပိုင်တွင်၃ကြိမ်၊ဗီယက်နမ်တွင်၁ကြိမ်၊ဘရူနိုင်းတွင်၁ကြိမ်နှင့်လာအိုတွင်၁ကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ခဲ့သည်။ကမ္ဘောဒီးယားနင့် တီ​မောတို့မှာတစ်ကြိမ်မျှအိမ်ရှင်မဖြစ်ဖူး​ချေ။၁၉၆၃ခုနှစ်ပွဲ​တော်ကို ကမ္ဘောဒီးယားအားကျင်းပခွင့်​ပေးခဲ့​သော်လည်းနိုင်ငံ​ရေူအ​ခြေအ​နေများ​ကြောင့်ပွဲပျက်ခဲ့ရသည်။၁၉၆၅ ခုနှစ် ပွဲတော်ကို လာအိုတွင် ကျင်းပခွင့် ပေးခဲ့သော်လည်း နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေ မတက်နိုင်သောကြောင့် မလေးရှားနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

အထိမ်းအမှတ်တံဆိပ်

မူလအထိမ်းအမှတ်တံဆိပ်မှာ ကွင်း၆ကွင်း ဖြစ်သည်။မူလကနဦး၆နိုင်ငံဖြစ်​သော ထိုင်း၊မြန်မာ၊မ​လေးရှား၊လာအို၊ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ ကိုကိုယ်စားပြုသည်။ထိုတံဆိပ်ကို ၁၉၉၇၊ဂျာကာတာပွဲ​တော်အထိဖြစ်သည်။၁၉၉၉၊ဘန်ဒါဆရီဘီဂါဝန်ပွဲ​တော်တွင် ပြိုင်ပွဲဝင်နိုင်ငံ၁၀နိုင်ငံကိုကိုယ်စားပြု​သော ကွင်း၁၀ကွင်း ကိုစတင်အသုံးပြုခဲ့သည်။၂၀၁၁၊ဂျာကာတာပွဲ​တော်တွင် ကွင်း၁၁ကွင်း တံဆိပ်ကိုစတင်အသုံးပြုခဲ့သည်။

ကွင်း၁၀ကွင်း ဖြင့်တံဆိပ်
ကွင်း၁၁ကွင်း ဖြင့်လက်ရှိတံဆိပ်

ပါဝင်သောနိုင်ငံများ

အမျိုးသားအိုလံပစ်ကော်မတီ အမည်များတရားဝင်အမည်များစတင်ဝင်ရောက် ယှဉ်ပြိုင်သည့်နှစ်IOC ကုဒ်အခြားကုဒ်များ
ဘရူနိုင်းဒါရုစလမ် အမျိုးသား အိုလံပစ်ကောင်စီနေဂါရာဘရုနိုင်းဒါရုစလမ်
၁၉၇၇
BRU
BRN (ISO)
ကမ္ဘောဒီးယားအမျိုးသား အိုလံပစ်ကော်မတီကမ္ဘောဒီးယား ဘုရင့်နိုင်ငံ
၁၉၆၁
CAM
KHM (၁၉၇၂–၁၉၇၆, ISO)
အင်ဒိုနီးရှား အိုလံပစ်ကော်မတီအင်ဒိုနီးရှား သမ္မတနိုင်ငံ
၁၉၇၇
INA
IHO (၁၉၅၂), IDN (FIFA, ISO)
လာအိုနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီလာအိုပြည်သူ့ဒီမိုကရတစ်သမ္မတနိုင်ငံတော်
၁၉၅၉
LAO
မလေးရှား အိုလံပစ်ကောင်စီမလေးရှားဖက်ဒရယ်နိုင်ငံ
၁၉၅၉
MAS
MAL (၁၉၅၂ − ၁၉၈၈), MYS (ISO)
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ
၁၉၅၉
MYA
BIR (၁၉၄၈ – ၁၉၈၈), MMR (ISO)
ဖိလစ်ပိုင် အိုလံပစ်ကော်မတီဖိလစ်ပိုင်သမ္မတနိုင်ငံ
၁၉၇၇
PHI
PHL (ISO)
စင်ကာပူ အမျိုးသား အိုလံပစ်ကောင်စီစင်ကာပူသမ္မတနိုင်ငံ
၁၉၅၉
SGP
SIN (၁၉၅၉ – ၂၀၁၆)
ထိုင်းနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီထိုင်းဘုရင့်နိုင်ငံ
၁၉၅၉
THA
အရှေ့တီမောနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီအရှေ့တီမောဒီမိုကရက်တစ်သမ္မတနိုင်ငံ
၂၀၀၃
TLS
IOA (၂၀၀၀)
ဗီယက်နမ်နိုင်ငံ အိုလံပစ်ကော်မတီဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ
၁၉၅၉
VIE
VET (၁၉၆၄), VNM (၁၉၆၈–၁၉၇၆, ISO)

ပွဲ​​တော်များ

ပွဲလာဘ်​ကောင်ကျင်းပရာမြို့မှတ်ချက်
၁၉၅၉~ ဘန်​ကောက်အ​ရှေ့​တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ
၁၉၆၁
~
ရန်ကုန်
၁၉၆၃ကမ္ဘောဒီးယားနိုင်ငံ အားတတိယအကြိမ်ကိုကျင်းပခွင့်​ပေးခဲ့​သော်လည်းပြည်တွင်း​ရေးပြဿနာများ​ကြောင့်မကျင်းပနိုင်ခဲ့​ပေ။
၁၉၆၅
~
ကွာလာလမ်ပူ
၁၉၆၇
~
ဘန်​ကောက်
၁၉၆၉
~
ရန်ကုန်
၁၉၇၁
~
ကွာလာလမ်ပူ
၁၉၇၃
~
စင်ကာပူ
၁၉၇၅
~
ဘန်​ကောက်
၁၉၇၇
~
ကွာလာလမ်ပူ
၁၉၇၉
~
ဂျာကာတာ
၁၉၈၁
~
မနီလာ
၁၉၈၃
~
စင်ကာပူ
၁၉၈၅
ထိုင်း​ကြောင်
ဘန်​ကောက်
၁၉၈၇
~
ဂျာကာတာ
၁၉၈၉
လိပ်
ကွာလာလမ်ပူ
၁၉၉၁
ကြက်ဖ
မနီလာ
၁၉၉၃
ခြင်္သေ့
စင်ကာပူ
၁၉၉၅
ထိုင်း​ကြောင်
ချင်းမိုင်
၁၉၉၇
ဟာနုမာ​မျောက်
ဂျာကာတာ
၁၉၉၉
မ​​လေးလူငယ်
ဘန်ဒါဆရီဘီဂါဝန်
၂၀၀၁
ရှဥ့်
ကွာလာလမ်ပူ
၂၀၀၃
​ရွေကျွဲ
၂၀၀၅
ဖိလစ်ပိုင်သိမ်းငှက်
မနီလာ
၂၀၀၇
ကိုရတ်​ကြောင်
နခွန် ရက်ချာစီမာ
၂၀၀၉
ဆင်
ဗီယက်ကျင်း
၂၀၁၁
ကိုမိုဒိုဖွတ်
ဂျာကာတာ
ဖလမ်းပင်
၂၀၁၃
ဇီးကွက်
နေပြည်​တော်
၂၀၁၅
ခြင်္သေ့
စင်ကာပူ
၂၀၁၇
မ​လေးရှားကျား
ကွာလာလမ်ပူ
၂၀၁၉
~
ကလပ်မြို့သစ်
၂၀၂၁
~
ဟနွိုင်း
၂၀၂၃
~
ဖနွမ်းပင်
၂၀၂၅
~
ထိုင်းနိုင်ငံ

၂၀၁၉ခုနှစ်အထိ ယှဉ်ပြိုင်ကြသော နိုင်ငံများ၏ အဆင့် ရပ်တည်မှုများ


All-time Southeast Asian Games medal table
 အဆင့်  NOC ရွှေ ငွေ ကြေးညို စုစုပေါင်း
1  ထိုင်း၁၈၈၅၁၉၃၀၁၉၄၃၅၇၅၈
2  အင်ဒိုနီးရှား၁၈၂၄၁၇၀၃၁၇၈၀၅၃၀၇
3  မလေးရှား1၁၃၀၃၁၂၇၃၁၆၈၅၄၂၆၁
4  ဖိလစ်ပိုင်၁၀၆၇၁၁၉၃၁၄၇၇၃၇၃၇
5  စင်ကာပူ၉၄၇၁၀၀၂၁၃၆၃၃၃၁၂
6  ဗီယက်နမ်4၉၂၈၉၆၇၉၉၁၂၈၈၆
7  မြန်မာ5၅၆၄၇၄၁၉၉၂၂၂၉၇
8  ကမ္ဘောဒီးယား၆၉၁၁၅၂၅၈၄၄၂
9  လာအို3၆၉၉၃၃၁၉၄၈၁
10  ဘရူနိုင်း၁၄၅၅၁၆၃၂၃၂
11  အရှေ့တီမော၂၆၃၅
Total (11 NOCs)၈၆၇၃၉၀၇၈၁၀၉၉၇၂၈၇၄၈

မြန်မာနိုင်ငံ

မြန်မာနိုင်ငံသည်ကား အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ မူလ၆နိုင်ငံမှတစ်နိုင်ငံဖြစ်သည်။ထိုပွဲများမတိုင်မီက မြန်မာပြည်မှာထိုင်းနိုင်ငံအားဖိတ်​ခေါ်ကာ အားကစားပွဲများကျင်းပခြင်း​ကြောင့်ထိုင်းနိုင်ငံဆိုင်ရာ အိုလံပစ်ကော်မတီ ဒုဥက္ကဋ္ဌ ဖြစ်လာမည့် လန် စူကွမ်နိုင်ပရာဒစ်က အကြံရလာပြီး ဤအ​ရှေ့​တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲများကိုစတင်ကျင်းပခဲ့၍ မြန်မာပြည်မှာဤအားကစားပွဲများ၏အစဟုပင်​ခေါ်ဆိုနိုင်သည်။ထိုင်းနိုင်ငံမှ ပထမဆုံးကျွန်းဆွယ်အားကစားပွဲကိုစတင်ကျင်းပပြီး​​နောက် နိုင်ငံအမည်များဖြင့်အလှည့်ကျကျင်းပခဲ့သည်။ထိုစဉ်က မြန်မာပြည်မှာ "Burma"ဟူ​သောအမည်ဖြင့်အသုံးပြု၍ကနဦးနိုင်ငံများထဲတွင်အရင်ဆုံးလာ၍ ဒုတိယအကြိမ်​မြောက်ပွဲ​တော်ဖြစ်​သော ၁၉၆၁၊ရန်ကုန်ပွဲ​တော်ကိုလက်ခံကျင်းပခဲ့သည်။ထိုစဉ်က ကနဦး၆နိုင်ငံတွင် ထိုင်း၊မြန်မာနှင့်မလာယာ(မ​လေးရှား)တို့သာ နိုင်ငံ​ရေး​ပြေလည်​နေချိန်ဖြစ်သည်။ထို့​ကြောင့်၁၉၆၉ခုနှစ်တွင်ဒုတိယအကြိမ်အိမ်ရှင်အဖြစ် ၁၉၆၉၊ရန်ကုန်ပွဲ​တော်ကို ကျင်းပခဲ့သည်။နှစ်ကြိမ်စလုံးတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် အများဆုံးရရှိခဲ့သည်။ထို့​နောက်တွင်မူ နိုင်ငံ​ရေးအ​ခြေအ​နေများ​ကြောင့်အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းမရှိ​တော့​ပေ။အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games)အဖြစ်အမည်​ပြောင်းပြီး​နောက်မှသာ ပထမဆုံးအဖြစ် ၂၀၁၃၊​နေပြည်​တော်ပွဲ​တော်ကိုလက်ခံကျင်းပခဲ့သည်။​နောက်ဆုံးအကြိမ် ၁၉၆၉၊ရန်ကုန်ပွဲ​တော်ကျင်းပပြီး ၄၄နှစ်အကြာမှသာ အိမ်ရှင်အဖြစ်ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ထို့​ကြောင့်စုစု​ပေါင်း၃ကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည်။

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.