၂၀၁၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာနှင့် ဖလမ်းပင်တွင် ပြုလုပ်သော ၂၆ ကြိမ်မြောက် ဆီးဂိမ်းပွဲ ဖြစ်သည်။ ၁၉၇၉၊ ၁၉၈၉၊ ၁၉၉၇ ခုနှစ်များနှင့် ယခု ၂၀၁၁ ခုနှစ်တွင် လေးကြိမ်မြောက်လက်ခံခြင်းဖြစ်ကာ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမား ၄၉၆၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
XXVI Southeast Asian Games
ကျင်းပရာမြို့ဖလမ်းပင်နှင့်ဂျာကာတာ
ဆောင်ပုဒ်United and Rising
(အင်ဒိုနီးရှား: Bersatu dan Bangkit)
ပါဝင်သော နိုင်ငံများ၁၁
ပါဝင်ဆင်နွဲသော အားကစားသမားများ၄၉၆၅
ကစားပွဲအမျိုးအစား545 in 42 sports[1]
ဖွင့်ပွဲအခမ်းအနား၁၁ နိုဝင်ဘာ
ပိတ်ပွဲအခမ်းအနား၂၂ နိုဝင်ဘာ[2]
တရားဝင်ဖွင့်လှစ်ပေးခဲ့သူSusilo Bambang Yudhoyono
အင်ဒိုနီးရှား သမ္မတ
Athlete's OathDedeh Erawati
Judge's OathEko Sunarto
Torch LighterSusi Susanti
အခမ်းအနားကျင်းပရာ အားကစားကွင်းဂျီလိုရာ ဆရီဝီဂျေယာ အားကစားကွင်း
ဝက်ဘ်ဆိုဒ်2011 Southeast Asian Games
<  ၂၀၀၉ ၂၀၁၃  >

ယခင် ၃ ကြိမ်ကို မြို့တော်ဂျာကာတာတွင် ကျင်းပခဲ့ပြီး ယခုဖလမ်းပင်မြို့သည် မြို့တော်မဟုတ်ဘဲ ကျင်းပသည့် တတိယမြောက်နိုင်ငံ ဖြစ်လာသည်။ ၁၉၉၅ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် နခွန် ရက်ချဆီမာတို့တွင် မြို့တော်မဟုတ်ဘဲ ပထမဆုံးနှင့် ဒုတိယအကြိမ် ကျင်းပခဲ့သည်။ နိုဝင်ဘာ ၁၁ မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ကာ ဂျီလိုရာဆရီဝီဂျေယာ အားကစားကွင်းတွင် သမ္မတမှ ဖွင့်လှစ်ပေးခဲ့သည်။

နောက်ဆုံးအချိန်တွင် အိမ်ရှင်အင်ဒိုနီးရှားမှ ပထမ၊ ထိုင်းနိုင်ငံမှ ဒုတိယနှင့် ဗီယက်နမ်မှ တတိယတို့ ရရှိခဲ့ကာ အရှေ့တီမော၏ ပထမဆုံး ဆီးဂိမ်းရွှေ တံဆိပ်ကို ရရှိခဲ့သည်။

လက်ခံကျင်းပခြင်း

ကျင်းပရာမြို့

ဂျာကာတာ
Co-hosts of 2011 Southeast Asian Games

တောင်စူမားတြား၏မြို့တော် ဖလမ်းပင်သည် အဓိကပွဲစဉ်များ ကျင်းပရာမြို့ဖြစ်သည်။ မြို့တော်ဂျာကာတာသည် ဒုတိယမြို့ဖြစ်သည်။ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့်အတူ အားကစားနည်း ၂၂ မျိုးကို ဖလမ်းပင်၊ ကျန်ရှိသော ၂၀ ကို ဂျာကာတာတွင် ကျင်းပခဲ့သည်။

အစပိုင်းတွင် အစိုးရက ၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကျင်းပရန် နေရာလေးနေရာကို စဉ်းစားခဲ့သည်။ ဂျာကာတာ၊ အနောက်ဂျာဗား၊ ဂျာဗားအလယ်ပိုင်းနှင့် တောင်စူမားတြား တို့ လေးနေရာအနက် နောကိဆုံးတွင် ဂျာကာတာနှင့် တောင်စူမားတြားတွင်သာ ကျင်းပခဲ့သည်။

ဖွံ့ဖြိုးရေးနှင့်ပြင်ဆင်မှု

အင်ဒိုနီးရှားအိုလံပစ်ကောင်စီသည် အင်ဒိုနီးရှားဆီးဂိမ်းကော်မတီ ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၃၈.၇ မီလီယံကို ၂၀၁၀ ဘဏ္ဍာနှစ်၊ ၂၃၀ မီလီယံကို ၂၀၁၁ ဘဏ္ဍာနှစ်တွင် သုံးစွဲခဲ့ကာ ပညာရေးဘတ်ဂျက်နှင့် စပွန်ဆာများမှ နောက်ထပ်ငွေများလည်း သုံးခဲ့သည်။

ကွင်း

ဖလမ်းပင် [3]

ဂျကာဘာရင်အားကစားကွင်း(ရေအားကစားနည်းများကျင်းပ)
ကွင်း အားကစားဆိုင်ရာ
Dempo ခန်းမ ကျွမ်းဘား(အေရိုးဗစ်)
Dempo အားကစားရွာ အလေးမ
Gedung Serbaguna Jakabaring နပန်း
Jakabaring အားကစားရွာ ရေး(ရေကူး၊ ရေငုပ်၊ စည်းချက်ကျရေကူး)၊ အားကစားသမား၊

ဘေ့စ်ဘော၊ဘောလုံးပြိုင်ပွဲ၊finswimming၊pétanque၊ စကိတ်စီးခြင်း၊ သေနတ်ပစ်၊ softball၊
တင်းနစ်နှင့် ပျော့ပျောင်းသောတင်းနစ်၊ ဘောလီဘော(ကမ်းခြေ)၊ မြို့ရိုးတောင်တက်၊ ရေနှင်းလျှောစီး

Jakabaring ဘိလိယက်ကွင်း Cue Sport
Jayakarta ဟိုတယ် စစ်တုရင်
Lumban Tirta ကွင်း ဝါတာပိုလို
Ranau ကျွမ်းဘားခန်းမ ကျွမ်းဘား(အနုပညာနှင့်စည်းချက်အက)
SPC Jakabaring ပိုက်ကျော်ခြင်း
Swarna Dwipa ဟိုတယ် တံတား
တက္ကသိုလ် Sriwijaya

(Fieldhouse နှင့် Sriwijaya အားကစားခန်းမ)

လက်ဝှေ့၊ဘော်လီဘော(မိုးလုံလေလုံ)

ဂျာကာတာ

ပန်ကြပ်ဆီလတ်အားကစားပွဲ
ကွင်း အားကစားဆိုင်ရာ
Ancol Dreamland စက်ဘီး(သင်း)၊ရွက်လှေ
Arthayasa Stables and Country Club မြင်းစီး
Bowling Jaya Ancol ဘိုးလင်း
Gelanggang Remaja Tanjung Priok ဗိုဗွီနမ်
Gelora bung Karno ဘောလုံးပြိုင်ပွဲ
Gunung mass Paragliding
Gunung Pancar စက်ဘီး
Jagorawi country ကလပ် ဂေါက်သီး၊မြက်ခင်းဖလား
အိုင် Cipule Canoeing/kayaking၊လှေလှော်၊ရိုးရာလှေပြိုင်ပွဲ
Lebak Bulus ကွင်း ဘောလုံးပြိုင်ပွဲ
Kelapa Gading ဂျူဗဟို ဂျူဒို
Kelapa Gading အားကစားကုန်တိုက် ဘတ်စကက်ဘော
Padepokan Pencak Silat ပန်ကြပ်ဆီလတ်
POPKI အားကစားခန်းမ ဖူဆယ်၊တိုက်ကွမ်ဒို
Putri ကျွန်း ရေကူး
Senayan အားကစားရွာ

Istora Senayan၊Lapangan ABC Tennis indoor

မြားပစ်၊ကြက်တောင်၊ကရာတေး၊wushu
Soemantri Brodjonegoro ကွင်း စားပွဲတင်တင်းနစ်
Subang လမ္း စက်ဘီး(road face)
အင်ဒိုနီးရှားတက္ကသိုလ် fencing
Rawamangun Velodrome စက်ဘီး(track)
Ciracas အားကစားခန်းမ Kenpo
အားကစားရွာ

ဂျာကာဘရင်၊ဖလမ်းပင်တို့သည်အားကစားရွာများဖြစ်သည်။

အထိမ်းအမှတ်များ

လိုဂို

မိုဒို၊မိုဒီ

၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လိုဂိုသည် ဂါရူဒါပုံဖြစ်သည်။ ဂရုဒါမှာ သန်မာခြင်း၊ နှင့်သူ၏တောင်ပံများမှာ ကြီးကြယ်ခြင်းနှင့် ဘုန်းတန်ခိုးတို့ဖြစ်သည်။ အစိမ်းရောင်သည် ကျွန်းစုများ၏ စိမ်းလန်းမှု၊ အပြာရောင်သည် နူဆန်တာရာပင်လယ်၊ အနီရောင်သည် သတ္တိနှင့် ထက်သန်မှုတို့ ပေးသည်။ ကွင်း ၁၁ ကွင်းမှာ SEAGF အဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံ ဖြစ်သည်။

လာဘ်ကောင်

ကွန်မန်ဒိုနဂါး(ဖွတ်) မိုဒိုနှင့်မူဒီ ဖြစ်သည်။ ၎င်းတို့သည် အင်ဒိုနီးရှားရိုးရာဝတ်စုံများကို ဝတ်ဆင်ထားသည်။

သီချင်း

အယိုအင်ဒိုသည် official theme song ဖြစ်သည်။

ပွဲများနှင့်အားကစား

ဖွင့်ပွဲ

အင်ဒိုနီးရှားအားကစားသမားများချီတက်လာစဉ်
မီးရှုးတိုင်ထွန်းညှိပြီးနောက်

၂၀၁၁ နိုဝင်ဘာ၁၁ ညတွင် ဂျီလိုရာဆရီဝီဂျေယာ အားကစားကွင်း၌ ကျင်းပခဲ့သည်။ ဤဖွင့်ပွဲသည် စပိုက်ဒါကင်မရာ (ကောင်းကင်ကြိုးဖြင့်ပြေးကာ ရိုက်သော)၊ LED စခရင်နှင့် ကားပတ်စတိတ်(ကွင်းအလယ်ရှိ ပိတ်သားအဖြူကို ပရိုဂျက်တာဖြင့်ထိုးခြင်း) တို့ကို စတင်အသုံးပြုခဲ့သည်။

ပိတ်ပွဲအခမ်းအနား

ပိတ်ပွဲကို နိုဝင်ဘာ ၂၂ ၌ ဂျီလိုရာဆရီဝီဂျေယာ အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထိုပွဲတွင် နောက် ၂၇ ကြိမ်မြောက် ဆီးဂိမ်းကို လက်ခံကျင်းပမည့် မြန်မာပြည်မှ အားကစားဝန်ကြီး ဦးတင့်ဆန်းမှ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်အလံကို လက်ခံရယူခဲ့သည်။ ထိုပွဲတွင် မြန်မာယဉ်ကျေးမှုအဖွဲ့မှ အကြိုဖျော်ဖြေရေးအနေဖြင့် အပျိုတော်ယိမ်း၊ စည်းလုံးလို့နေသွေးချင်းတို့ရဲ့မြေနှင့် စည်တိုအကများ ဖျော်ဖြေခဲ့သည်။

အားကစားဆိုင်ရာ

The Pencak Silat final match women class E 65kg – 70 kg. Amelia Roring (Indonesia – Gold medal) vs Siti Rahmah Mohamed Nasir (Malaysia – Silver medal). 17 November 2011 in 26th Southeast Asian Games 2011 at Padepokan Pencak Silat, East Jakarta.

The 2011 Southeast Asian Games featured 545 events in 42 sports and disciplines, in which two of them are demonstration sports.[4]

During the SEA Games Federation Council Meeting in Hotel Mulia, Jakarta, on May 2010, The SEAGF Sports and Rules Committee proposed three categories of sports to be competed in the games.

ကိုးကား

  1. 2011 SEA Games Calendar
  2. see header
  3. SEAGAMES 26th Seag2011.com (6 September 2006)။ 2 June 2011 တွင် ပြန်စစ်ပြီး။
  4. Indonesia 2011 (14 December 2009)။ 17 November 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 December 2009 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.