၂၀၀၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

၂၀၀၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် လာအိုနိုင်ငံဗီယင်ကျန်းမြို့၌ ကျင်းပသော ၂၅ ကြိမ်မြောက် ဆီးဂိမ်းပွဲ ဖြစ်သည်။ လာအိုနိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။ ၁၉၆၅ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်ကို လက်ခံကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း ငွေကြေးအခြေအနေကြောင့် မလေးရှားအား ပေးခဲ့ရသည်။

၂၀၀၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
XXV Southeast Asian Games
ကျင်းပရာမြို့ဗီယင်ကျန်းမြို့လာအိုနိုင်ငံ
ဆောင်ပုဒ်Generosity Amity Healthy Lifestyle
ပါဝင်သော နိုင်ငံများ၁၁
ပါဝင်ဆင်နွဲသော အားကစားသမားများ၃၁၀၀
ကစားပွဲအမျိုးအစား၃၇၂(၂၅မျိုး)
ဖွင့်ပွဲအခမ်းအနား၉ ဒီဇင်ဘာ
ပိတ်ပွဲအခမ်းအနား၁၈ ဒီဇင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူချူမူလီဆိုင်ဆို
(သမ္မတ)
Athlete's OathMayuly Phanouvong
Judge's OathSomphone Manikham
Torch LighterPhoxay Aphailath
အဓိကအားကစားကွင်းလာအို အမျိုးသားအားကစားကွင်း
ဝက်ဘ်ဆိုဒ်2009 Southeast Asian Games
<  ၂၀၀၇ ၂၀၁၁  >

ဆီးဂိမ်းပွဲ၏ နှစ် ၅၀ ပြည့်ဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်မှ ၁၈ ရက်နေ့ထိ တရားဝင်ကျင်းပခဲ့သည်။ ဒီဇင်ဘာ ၂ ရက်နေ့မှ စတင်ကာပြိုင်ပွဲအချို့ ကစားခဲ့သည်။ အားကစားသမားပေါင်း ၃၁၀၀ ပါဝင်ခဲ့သည်။ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ တို့မှ ပထမ၊ ဒုတိယနှင့် တတိယရရှိကာ အိမ်ရှင်လာအိုမှ သတ္တမ ရရှိခဲ့သည်။

လက်ခံကျင်းပခြင်း

ကျင်းပရာမြို့များ

၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျင်းအား ၂၀၀၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ကျင်းပရာမြို့အဖြစ် ရွေးချယ်ခဲ့သည်။

ပြင်ဆင်မှုများ

လာအိုဆီးဂိမ်းကော်မတီအား သမ္မတ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့သည်။

ကွင်းများ

ကွင်းအသစ်အများစုနှင့် ကွင်းဟောင်းအချို့ကို အသုံးပြုခဲ့သည်။ အမျိုးသားအားကစားကွင်းသစ်မှာ ပရိသတ် ၂၅၀၀၀ ဆံ့ပြီး အဓိကပွဲများ ကျင်းပခဲ့သည်။ လာအိုအမျိုးသားတက္ကသိုလ်တွင် အားကစားသမားများကို ထားကာ အားကစားရွာအဖြစ် အသုံးပြုထားသည်။

စုစုပေါင်းနေရာ ၂၇ ခု အသုံးပြုခဲ့သည်။

မြို့ အားကစားကွင်း ကစားနည်းများ
ဗီယင်ကျန်းမြို့ New National Sport Complex
New Laos National Stadium ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ပြေးခုန်ပစ်နှင့် ဘောလုံး (အမျိုးသား)
Aquatics stadium Aquatics (Swimming, Diving, Water polo), Finswimming
Archery range Archery
Gymnasium 1 Badminton
Beech Volleyball Stadium Volleyball (Beech)
Gymnasium 2 Volleyball (Indoor)
Shooting range Shooting
Tennis court Tennis
National University of Laos
University Stadium Football (Women)
Olympasia Gymnasium Boxing
Convention hall Table tennis
Booyong Gymnasium Taekwondo, Wrestling
Petanque court Petanque
Lao international Trade Exhibition and Convention Center
Hall 1 Sepak takraw
Hall 2 Wushu
Hall 3 Pencak silat
Beung Kha Nong Sports Centre
Lao-Thai Gymnasium Muay
Gymnasium 1 Shuttlecock
Others
That Luang, Lan Xang Avenue, Samsenethai, Thadeua km10, T4, Kaysone Road Cycling (Individual time trial)
Done Noune Tri Square, Ban Keun, return (Men: Thalath Market, Women: Pakkhanhoung) Cycling (Mass start)
Dane Song Cycling (Mountain bike: Downhill)
Tad Sone Cycling (Mountain bike: Cross country)
Don Chan Palace Hotel Billiards and snooker
Chao Anouvong Stadium Football (Men and Women)
Chao Anouvong Gymnasium Judo, Karate
SEA Games Golf Course Golf
Pornsawan School Weightlifting

အထိမ်းအမှတ်များ

လိုဂို

လိုဂိုမှာ မဲခေါင်မြစ်ကမ်းဘေးရှိ လာအိုနိုင်ငံ အထိမ်းအမှတ်ဖြစ်သော ဖသတ်လောင် ဖြစ်သည်။ ၎င်းအောက်ရှိ လိုင်း ၃ လိုင်းမှာ မဲခေါင်မြစ် ဖြစ်သည်။ အပေါ်ပိုင်းတွင် ဆီးဂိမ်းလိုဂို ပါရှိသည်။

ဖသတ်လောင်

လာဘ်ကောင်

လာဘ်ကောင်မှာ လာအိုရိုးရာဝတ်စုံ ဝတ်ဆင်ထားသော ဆင်နှစ်ကောင် ဖြစ်သည်။ အထီးမှာ ချန်ပ၊ အမမှာ ချန်ပီး ဖြစ်သည်။ ဆင် ၂ ကောင်မှာ အိမ်ရှင်လာအိုကို ကိုယ်စားပြုသည်။ (လာအိုရှေးနိုင်ငံဖြစ်သော "လန်ဆင်း"၏ အဓိပ္ပာယ်မှာ ဆင်များစွာ၏နိုင်ငံဟု ရသည်)

သီချင်း

သီချင်း ၃၃ ပုဒ်ရှိသည်။

ပွဲများနှင့်အားကစား

ဖွင့်ပွဲအခမ်းအနား

၉ ဒီဇင်ဘာ ၂၀၀၉ ဒေသစံတော်ချိန် ၆ နာရီ ၁၀ မိနစ်တွင် လာအိုအမျိုးသားအားကစားကွင်းအသစ်တွင် ကျင်းပခဲ့သည်။ သမ္မတနှင့် ဧည့်သည်တော်များ ကြွရောက်လာမှုနှင့်အတူ အမှတ်စဉ်ရေတွက်မှုနှင့် စတင်ခဲ့သည်။ လာအိုရဲတပ်ဖွဲ့ ဘင်ခရာတပ်ဖွဲ့၊ နိုင်ငံတော်အလံကိုင်တပ်ဖွဲ့များနှင့်အတူ ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများ ဝင်ရောက်လာသည်။ လာအိုဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး သမ္မတမှ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်တွင် မီးရှုးတိုင် ထွန်းညှိကာ ဖျော်ဖြေရေးအစီအစဉ်များဖြင့် အခမ်းအနားပြီးဆုံးခဲ့သည်။

ပိတ်ပွဲအခမ်းအနား

၁၈ ဒီဇင်ဘာ ၂၀၀၉ ဒေသစံတော်ချိန် ၆ နာရီ ၁၀ မိနစ်တွင် လာအိုအမျိုးသားအားကစားကွင်းအသစ်တွင် ကျင်းပခဲ့သည်။ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ ကြွရောက်လာမှုနှင့်အတူ အမှတ်စဉ်ရေတွက်မှုနှင့် စတင်ခဲ့သည်။ ပွဲအပြီးတွင် ၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံအား အလံလွှဲပြောင်းပေးခဲ့သည်။

ပါဝင်ရာနိုင်ငံများ

  •  Brunei
  •  Cambodia
  •  Indonesia
  •  Laos
  •  Malaysia
  •  မြန်မာနိုင်ငံ
  •  Philippines
  •  Singapore
  •  Thailand
  •  East Timor
  •  Vietnam

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.