၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ


၂၀၁၉ အရှေ့တောင်အာရှ အားကစားပွဲတော် သည် ဖိလစ်ပိုင်နိုင်ငံ၊ နယူးကလပ်မြို့တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ ကျင်းပခဲ့သော အကြိမ်​​ (၃၀)မြောက် အ​ရှေ့​တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။

၃၀ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
ကျင်းပရာမြို့နယူးကလပ်မြို့
အိမ်ရှင်နိုင်ငံဖိလစ်ပိုင်နိုင်ငံ
ဆောင်ပုဒ်"We Win As One"[1] (Filipino: Mananalo Tayo Bilang Isa)
ပါဝင်သော နိုင်ငံများ၁၁
ပါဝင်ဆင်နွဲသော အားကစားသမားများ၅၆၃၀
ကစားပွဲအမျိုးအစား၅၃၀
ဖွင့်ပွဲအခမ်းအနား၃၀ နိုဝင်ဘာ
ပိတ်ပွဲအခမ်းအနား၁၁ ဒီဇင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူရော်ဒရီဂို ဒူတာတေး
Athlete's OathFrancesca Altomonte
Judge's OathDaren Vitug
Torch Lighter
အဓိကအားကစားကွင်းဖိလစ်ပိုင် အယ်ရီနာ (ဖွင့်ပွဲ)
နယူးကလတ်စီးတီး ပြေးခုန်ပစ်အားကစားကွင်း (ပိတ်ပွဲ)
ဝက်ဘ်ဆိုဒ်2019 Southeast Asian Games
<  ၂၀၁၇ ၂၀၂၁  >

ကျင်းပခွင့်ကို မူလက ဘရူနိုင်းနိုင်ငံက ရရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မတိုင်ခင်တွင် ငွေကြေးပြဿနာကြောင့် နုတ်ထွက်ခဲ့သည်။

ဘရူနိုင်းနုတ်ထွက်ပြီးနောက် ဖိလစ်ပိုင်မှလက်ခံခဲ့သည်။ သို့သော် မာဝီကျွန်းပြဿနာများကြောင့် ၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စတင်ကာနီးတွင် နုတ်ထွက်ခဲ့ရာ ထိုင်းနိုင်ငံမှ လက်ခံကျင်းပရန် စိတ်ဝင်စားခဲ့သည်။ သို့သော် ဩဂုတ်၂၀၁၇ တွင် ဖိလစ်ပိုင်မှ ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ၁၉၈၁၊၁၉၉၁နှင့် ၂၀၀၅ပွဲ​တော်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခု ၂၀၁၉ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် လက်ခံကျင်းပခဲ့သည်။သမ္မတ ရော်ဒရီဂို ဒူတာတေးမှ ဖိလစ်ပိုင် အယ်ရီနာတွင် အားကစားပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံအသီးသီးမှ ဝင်​ရောက်ယှဉ်ပြိုင်သူ ၅၆၃၀ဦးရှိခဲ့သည်။ဖိလစ်ပိုင်၊အင်ဒိုနီးရှားနှင့် ထိုင်းတို့မှ နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

လက်ခံကျင်းပခြင်း

ဘရူနိုင်း

၂၀၁၂ ဇူလိုင် ၁၈ တွင် ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကိုလက်ခံကျင်းပရန် ရွေးချယ်ခဲ့သည်။ ဘရူနိုင်းသည် ၁၉၉၉ ခုနှစ်တွင် တစ်ကြိမ်မျှသာ လက်ခံခဲ့ဖူးသည်။၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန် ဆန္ဒရှိခဲ့၍ နိုင်ငံ၏ အားကစားအဆင့်အတန်းကို မြှင့်တင်ကာ အားကစားရုံသစ်များ ဆောက်လုပ်ရန် အစီအစဉ်ဆွဲခဲ့သော်လည်း ၂၀၁၅ ဇွန် ၄ ရက်နေ့ SEAGF အစည်းအဝေးတွင် နုတ်ထွက်ခဲ့သည်။

ဖိလစ်ပိုင်

ပြည်နယ်အားကစားဆိုင်ရာညှိနှိုင်းရေးမှူးနှင့်လက်ထောက်ပြည်နယ်အုပ်ချုပ်သူဂျို Gulanes ထုတ်ဖော် Davao စာမြောက်ကိုရီးယားရဲ့လုပ်ငန်းရှင်အဖြစ်လက်ခံကျင်းပ ၂၀၁၉ အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ Kapihan စ Kapitolyo။ ဇူလိုင် ၂၀၁၆။

ဘရူနိုင်းနုတ်ထွက်သွားပြီးနောက် ထိုင်းနှင့်အပြိုင် ဖိလစ်ပိုင်မှ စိတ်ဝင်စားခဲ့သည်။ ၂၀၂၁ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ​လက်ခံကျင်းပမည့် ဗီယက်နမ်ကို ၂၀၁၉ ခုနှစ်သို့ ပြောင်းလဲအိမ်ရှင်ပြုလုပ်ခွင့်ကို ငြင်းဆိုခဲ့သည်။ ဖိလစ်ပိုင်ကို ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကျင်းပစေခဲ့သည်။ ၂၀၁၉ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြို့တော် မနီလာမြို့နှင့်အတူ ဒါဗိုမြို့တို့တွင် အဓိက ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအချို့ကို စီဘူး၊ အဲဗေမြို့များတွင် ကျင်းပသွားရန် စီစဉ်ထားရှိသည်။

အလံလွှဲပြောင်းရယူခြင်း

၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲတွင် အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်အလံကို ဖိလစ်ပိုင်အိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးတို့မှ ရယူခဲ့သည်။ ယခင်ပိတ်ပွဲများတွင် နောက်လက်ခံကျင်းပမည့်နိုင်ငံမှ ဖျော်ဖြေရေးနေရာတွင် ထိုနိုင်ငံ၏ယဉ်ကျေးမှုကို ထင်ဟပ်စေသောဖျော်ဖြေမှုများတင်ဆက်ခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံကမူ ဗီဒီယိုသာပြနိုင်ခဲ့သည်။

ကြိုတင်ပြင်ဆင်မှု

ပြိုင်ပွဲကျင်းပ​ရေးဦးစီး​ကော်မတီ ဥက္ကဋ္ဌ နိုင်ငံခြား​ရေးဝန်ကြီး​ဟောင်း

ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေး ကော်မတီကို ၂၀၀၅ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်မတူညီစေဘဲ ဖွဲ့စည်းခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး​ဟောင်း အလန် ပီတာ ကာတေနို မှာ ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကို တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။[2]

ပြိင်ပွဲမကျင်းပမှီ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ၃ ကြိမ်ကျင်းပမည် ဖြစ်ပြီး ပထမ အစည်းအဝေးကို ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သည်။ ဒုတိယအကြိမ် အစည်းအ‌ဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလထဲတွင် ကျင်းပမည် ဖြစ်သည်။

ကွင်းများ

နယူးကလတ်စီးတီး ​ပြေးခုန်ပစ်အားကစားကွင်း (​ဆောက်လုပ်ဆဲ)

၂၀၁၉အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲအတွက် အဓိက​နေရာ ​လေး​နေရာအဖြစ် ကလက်၊ ဆူးဘစ်၊ မက်ထရို မနီလာနှင့် အခါး​နေရာများဖြစ်သည်။[3]အဓိက လက်ခံကျင်းပရာ​နေရာအဖြစ် ကလက်မြို့သစ်ကို အသုံးပြုမည်ဖြစ်သည်။ဒုတိယအ​နေဖြင့် ဆူးဘစ်ကို အသုံးပြုမည်ဖြစ်သည်။

လျာထား​သော​နေရာများ

Clark
Subic
Manila
BLT (Batangas and Tagaytay)
BLTLa Union
Bocaue
Cluster City/Municipality Venue Event(s)
Competition proper
ကလက် Mabalacat Clark International Sports Complex Baseball, Softball[4]
Capas National Athletics Stadium Athletics
New Clark City Aquatic Center Aquatics
to be announced Shooting, Archery, Martial arts sports
ဆူးဘစ် Subic to be announced Triathlon, Duathlon, Sailing, Sepak takraw[5]
Manila Makati Makati Square Billiards, Snooker
Manila Polo Club Equestrian, Polo, Squash[6]
Mandaluyong Starmall EDSA-Shaw Bowling
Manila Rizal Memorial Stadium Football[5]
Pasay Cuneta Astrodome Basketball[5]
Mall of Asia Arena Basketball[5]
SMX Convention Center Boxing, Gymnastics,[5] Muay[7]
Quezon City Smart Araneta Coliseum Volleyball[8]
Non-competition proper
Bulacan Bocaue Philippine Arena Opening ceremony
Clark Capas National Athletics Stadium Closing ceremony

ပြိုင်ပွဲအထိမ်းအမှတ်များ

အထိမ်းအမှတ်တံဆိပ်

၂၀၁၉အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ အ​ရှေ့​တောင်အာရှအားကစားအဖွဲ့ချုပ်၏ အမှတ်တံဆိပ်မှ ကွင်း၁၁ကွင်းကို ဖိလစ်ပိုင်နိုင်ငံ၏ ​မြေပုံအတိုင်း ချိတ်ဆက်ဖန်တီးထားသည်။ထိုကွင်းများကို အနီ​ရောင်၊ အစိမ်း​ရောင်၊ အဝါ​ရောင်နှင့် အပြာ​ရောင်တို့ ခြယ်ထားသည်။

လာဘ်​ကောင်

၂၀၁၉အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်​ကောင်မှာ ပါမီ(Pami)ဟုအမည်​ပေးထားကာ မိသားစုဟု အဓိပ္ပါယ်ရ​သော ဖိလစ်ပိုင်စကား pamilyaမှ ဆင်းသက်လာသည်။

ပွဲများနှင့် အားကစား

ဖွင့်ပွဲအခမ်းအနား

ဖွင့်ပွဲအခမ်းအနား

၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့ ည ၆နာရီအချိန်တွင် ဖိလစ်ပိုင်အယ်ရီနာတွင် ကျင်းပခဲ့သည်။အားကစားပြိုင်ပွဲကို သမ္မတ ရော်ဒရီဂို ဒူတာတေး မှ ဖွင့်လှစ်​​ပေးခဲ့သည်။

ပိတ်ပွဲအခမ်းအနား

၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁၁ရက်နေ့ တွင် နယူးကလပ် ​ပြေးခုန်ပစ် အားကစားကွင်းတွင် ကျင်းပခဲ့သည်။

ပါဝင်သည့်နိုင်ငံများ

ကိုးကား

  1. "Cayetano on 2019 SEA Games logo: It stands out"၊ The Philippine Star၊ 30 August 2018။
  2. Cordero၊ Abac (10 October 2017)။ Cayetano to call shots for 2019 SEAG
  3. Venues Philippine SEA Games Committee Executive Offce။ 29 November 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. "SEA Games basketball at Big Dome, volleyball at MOA; PH Arena eyed for opening ceremony"၊ Sports Interactive Network Philippines၊ 17 May 2018 19 May 2018 တွင် ပြန်စစ်ပြီး
  5. https://www.philstar.com/sports/2018/05/19/1816698/metro-manila-venues-hold-top-seag-events
  6. "Volleyball gets Manila venues for 2019 SEA Games"၊ Philippine Daily Inquirer၊ 17 May 2018 19 May 2018 တွင် ပြန်စစ်ပြီး


ယခင်က
၂၀၁၇
ကွာလာလမ်ပူမလေးရှားနိုင်ငံ
၃၀ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၂၀၁၉
နယူးကလက်၊ ဖိလစ်ပိုင်နိုင်ငံ
ဆက်ခံသူ
၂၀၂၁
ဟနွိုင်း, ဗီယက်နမ်နိုင်ငံ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.