၂၀၂၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

၂၀၂၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် ၃၃ ကြိမ်မြောက် ဆီးဂိမ်းပွဲ ဖြစ်သည်။ ၂၀၁၇ ကွာလာလမ်ပူပွဲတော်တွင် ၂၀၂၅ ခုနှစ် ပွဲတော်ကို လက်ခံကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ လက်ခံကျင်းပမည့်မြို့ကို ထိုင်းအမျိုးသားအိုလံပစ်ကော်မတီနှင့် ထိုင်းအားကစားအာဏာပိုင်အဖွဲ့မှ ရွေးချယ်မည်ဖြစ်ပြီး ထိုင်းအစိုးရမှ အတည်ပြုမည်ဖြစ်သည်။

၂၀၂၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
XXXIII Southeast Asian Games
ကျင်းပရာမြို့TBA
ပါဝင်သော နိုင်ငံများ၁၁
ပါဝင်ဆင်နွဲသော အားကစားသမားများTBA
ကစားပွဲအမျိုးအစားTBA
ဖွင့်ပွဲအခမ်းအနားTBA
ပိတ်ပွဲအခမ်းအနားTBA
တရားဝင်ဖွင့်လှစ်ပေးခဲ့သူထိုင်းနိုင်ငံဘုရင်
အဓိကအားကစားကွင်းTBA
<  ၂၀၂၃ ၂၀၂၇  >

လက်ခံကျင်းပခြင်း

၂၀၁၉ ခုနှစ်ပွဲတော် အစားထိုးကျင်းပခြင်း

၂၁ ဇူလိုင် ၂၀၁၇ တွင် ဖိလစ်ပိုင်အားကစားကော်မရှင်မှ ၂၀၁၉ ခုနှစ်ပွဲတော်ကို မူလက လက်ခံကျင်းပရန် စီစဉ်ထားသော်လည်း မာလဝီတွင် စစ်သွေးကြွများကြောင့် ပျက်စီးမှုများကို ပြန်လည်ထူထောင်ရန် ရန်ပုံငွေအတွက် ၂၀၁၉ ပွဲတော်ကျင်းပရေးမှ နုတ်ထွက်ခဲ့သည်။

၁၀ ဩဂုတ် ၂၀၁၇ တွင် ထိုင်းအမျိုးသားအိုလံပစ်ကော်မတီ ဒုဥက္ကဋ္ဌမှ ၂၀၁၉ ပွဲတော်ကို အစားထိုး လက်ခံကျင်းပရန် ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာမှ လက်ခံကြောင်း အကြောင်းကြားလာသည်။ ချင်းမိုင်၊ ချောင်ဘူရီ၊ ဆောင်ခလာမြို့များကို ရွေးချယ်ထားသည်။

သို့သော် ဩဂုတ် ၁၆ ရက်တွင် ဖိလစ်ပိုင်အိုလံပစ်ကော်မတီ ဥက္ကဋ္ဌမှ ၂၀၁၉ ပွဲတော်ကို ဖိလစ်ပိုင်တွင်ပင် ကျင်းပမည်ဟု ကြေညာပြန်သည်။ သူသည် ဖိလစ်ပိုင်သမ္မတ ဒူတာဒေးကို အယူခံဝင်ခဲ့ခြင်း ဖြစ်သည်။

လက်ခံကျင်းပမည့်မြို့ရွေးချယ်ခြင်း

၁၈ ဩဂုတ် ၂၀၁၇တွင် ပြုလုပ်သည့် အစည်းအဝေးအရ ဖိလစ်ပိုင်ဗီယက်နမ်ကမ္ဘောဒီးယားထိုင်းလာအိုတို့မှ ၂၀၁၉၂၀၂၁၂၀၂၃၊ ၂၀၂၅၊ ၂၀၂၇ တို့ကို အစဉ်လိုက် ကျင်းပမည်ဖြစ်သည်။

၂ စက်တင်ဘာ ၂၀၁၆၊ အူဘွန်ရက်ချာသနီမြို့အသင်း (ဘန်ကောက်)တွင် အူဘွန်ရက်ချာသနီအစိုးရခေါင်းဆောင်နှင့် ယှဉ်ပြိုင်ရေးကော်မတီမှ အူဘွန်ရက်ချာသနီမြို့သည် ၃၃ ကြိမ်မြောက် ဆီးဂိမ်းနှင့် ၁၃ ကြိမ်မြောက် ပါရာဂိမ်းတို့ကို ကျင်းပခွင့်ရရန် ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည်။ ထို့နောက် အချက်အလက်များကို ထိုင်းအားကစားအာဏာပိုင်အဖွဲ့ကို တင်ပြခဲ့သည်။ ထို့နောက် လက်ခံကျင်းပခွင့် ရခဲ့သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.