၂၀၀၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၂၀၀၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသော ၂၃ ကြိမ်မြောက် ဆီးဂိမ်း ဖြစ်သည်။ အားကစားနည်းပေါင်း ၄၀၊ အားကစားသမား ၅၃၃၆ ဖြင့် ၂၀၀၅ ခုနှစ် ၂၇ နိုဝင်ဘာမှ ဒီဇင်ဘာ ၅ ထိ ကျင်းပခဲ့သည်။ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်တို့မှ ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့သည်။
ကျင်းပရာမြို့ | မနီလာမြို့၊ဖိလစ်ပိုင်နိုင်ငံ | ||
---|---|---|---|
ဆောင်ပုဒ် | One Heritage, One Southeast Asia | ||
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၅၃၃၆ | ||
ကစားပွဲအမျိုးအစား | ၄၄၃(၄၀မျိုး) | ||
ဖွင့်ပွဲအခမ်းအနား | ၂၇ နိုဝင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၅ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | Gloria Macapagal-Arroyo (သမ္မတ) | ||
Athlete's Oath | Mikaela "Mikee" Cojuangco-Jaworski | ||
Judge's Oath | Caesar Mateo | ||
Torch Lighter | Maria Antoinette Rivero | ||
အခမ်းအနားကျင်းပရာ အားကစားကွင်း | ကူရီနိုပွဲခန်းမ | ||
ဝက်ဘ်ဆိုဒ် | 2005 Southeast Asian Games | ||
|
လက်ခံကျင်းပခြင်း
ပြင်ဆင်ခြင်း
ဖိလစ်ပိုင် ဆီးဂိမ်းကျင်းပရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။
နေရာများ
မြို့တော် မနီလာတွင် ၁၉ ခု၊ စီဘူးနှင့် နီးဂရတ်အိုစီးတန့်တို့တွင် ၅ ခုစီတွင် ကျင်းပသည်။
Province | အားကစားကွင်း | ကစားနည်းများ |
မနီလာမြို့ | Emilio Aguinaldo College | Arnis, Wushu |
Rizal Memorial Sports Complex | Athletics, Baseball, Gymnastics, Table tennis, Tennis | |
Diosdado Macapagal Boulevard | Athletics (Marathon) | |
PhilSports Arena | Badminton | |
Makati Coliseum | Billiards and snooker | |
Makati Sports Club | Squash | |
GSIS Theater | Bodybuilding, Muay | |
Pearl Bowling Center | Bowling | |
Roxas Boulevard | Cycling: Criterium | |
Amoranto Velodrome | Cycling: Track | |
Alabang Country Club | Equestrian | |
Pasig Sports Center | Fencing | |
Marikina Sports Complex | Football | |
La Mesa Ecopark | Rowing, Traditional boat race | |
PNSA Clay Target Range | Shooting (Trap and skeet) | |
PSC-PNSA Shooting Range BNS Fort Bonifacio | Shooting (Air Pistol, Rifle, Practical) | |
Rosario Sports Complex | Softball | |
Cuneta Astrodome | Taekwondo | |
San Andres Gymnasium | Wrestling | |
Cebu | Ramon M. Durano Sports Complex | Cycling (Mountain) |
Waterfront Hotel | Dancesport | |
Mandaue Coliseum | Judo, Karate | |
Cebu Coliseum | Pencak silat | |
University of San Carlos | Sepak takraw | |
Negros Occidental | University of St. La Salle | Boxing |
Paglaum Sports Complex | Football | |
Panaad Stadium | ||
Luxur Place | Weightlifting | |
West Negros University | Volleyball | |
Zambales | Remi Field Subic Bay Freeport Zone | Archery |
Malawaan Fishing Area Subic Bay Freeport Zone | Canoeing | |
Subic Bay Yacht Club | Sailing | |
Boardwalk | Triathlon | |
Cavite | Tagaytay City Convention Center | Chess |
Tagaytay | Cycling (Road) | |
Laguna | Trace College Los Baños | Aquatics |
The Country Club Canlubang | Golf | |
Pampanga | Hidden Vale Sports Club | Lawn bowls, Pétanque |
အထိမ်းအမှတ်
လိုဂို
၂၀၀၅ ခုနှစ်၏ လိုဂိုမှာ အခြားနိုင်ငံများကဲ့သို့ပင် နိုင်ငံ၏ပုံရိပ်၊ ယဉ်ကျေးမှုကို ထင်ဟပ်စေသောပုံ ဖြစ်သည်။ ဘီဂိုလုတ်မြို့တွင် ကျင်းပသည့် မတ်ခါရာပွဲတော်မှပုံ ဖြစ်သည်။
လာဘ်ကောင်
လာဘ်ကောင်မှာ ဖိလစ်ပိုင် သိမ်းငှက်ဖြစ်သည်။
သီချင်း
အဓိကသီချင်းမှာ "We are all just one" ဖြစ်သည်။
ပွဲများနှင့်အားကစား
ဖွင့်ပွဲ
ဖွင့်ပွဲမှာ အခြားနိုင်ငံများကဲ့သို့ အားကစားကွင်းတွင် ကျင်းပခြင်းမဟုတ်ဘဲ ကူရီနိုပွဲခန်းမတွင် ပြုလုပ်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတော်အလံကို ကွင်းအတွင်း သယ်ယူလာခြင်းနှင့်အတူ ဖွင့်ပွဲစတင်ခဲ့သည်။
နောက်တွင် သမ္မတမှ အားကစားပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။
ပိတ်ပွဲ
ပိတ်ပွဲကို ၅ ဒီဇင်ဘာ ၂၀၀၅ ည ၈ နာရီတွင် အနုပညာရှင်များ၏ ဖျော်ဖြေမှုဖြင့် စတင်ခဲ့သည်။ သမ္မတမှ အားကစားပွဲတော်အား ပိတ်သိမ်းကြောင်း ကြေညာပြီးနောက် ၂၀၀၇ ခုနှစ်ပွဲတော်အား ကျင်းပမည့် ထိုင်းနိုင်ငံကို အလံလွှဲပြောင်းပေးခဲ့သည်။ ထို့နောက် ထိုင်းအနုပညာရှင်များက ဖျော်ဖြေခဲ့သည်။
Medal table
- Key
* အိမ်ရှင် (ဖိလစ်ပိုင်)
အဆင့် | NOC | ရွှေ | ငွေ | ကြေးညို | စုစုပေါင်း |
---|---|---|---|---|---|
၁ | ဖိလစ်ပိုင်* | ၁၁၂ | ၈၅ | ၉၃ | ၂၉၀ |
၂ | ထိုင်း | ၈၇ | ၇၉ | ၁၁၇ | ၂၈၃ |
၃ | ဗီယက်နမ် | ၇၁ | ၇၁ | ၈၆ | ၂၂၈ |
၄ | မလေးရှား | ၆၁ | ၄၉ | ၆၄ | ၁၇၄ |
၅ | အင်ဒိုနီးရှား | ၅၀ | ၇၈ | ၈၉ | ၂၁၇ |
၆ | စင်ကာပူ | ၄၂ | ၃၂ | ၅၅ | ၁၂၉ |
၇ | မြန်မာ | ၁၇ | ၃၄ | ၄၈ | ၉၉ |
၈ | လာအို | ၃ | ၃ | ၁၂ | ၁၈ |
၉ | ဘရူနိုင်း | ၁ | ၄ | ၀ | ၅ |
၁၀ | ကမ္ဘောဒီးယား | ၀ | ၃ | ၉ | ၁၂ |
၁၁ | အရှေ့တီမော | ၀ | ၀ | ၃ | ၃ |
စုစုပေါင်း (၁၁ နိုင်ငံ) | ၄၄၄ | ၄၃၈ | ၅၇၆ | ၁၄၅၈ |