၂၀၂၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

၂၀၂၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တွင် ကျင်းပရန် ရည်ရွယ်ထားသော ၃၁ ကြိမ်မြောက် ဆီးဂိမ်းပွဲ ဖြစ်သည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ရက်​နေ့မှ ဒီဇင်ဘာ ၂ရက်​နေ့အထိ ကျင်းပမည် ဖြစ်ကာ အားကစားနည်း​ပေါင်း ၄၀ ပါဝင်မည်ဖြစ်သည်။

၂၀၂၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
XXXI Southeast Asian Games
ကျင်းပရာမြို့ဟနွိုင်းမြို့ , ဗီယက်နမ်နိုင်ငံ
ဆောင်ပုဒ်For a Strong South East Asia
ပါဝင်သော နိုင်ငံများ၁၁
ပါဝင်ဆင်နွဲသော အားကစားသမားများ~
ကစားပွဲအမျိုးအစား~
ဖွင့်ပွဲအခမ်းအနား၂၁ နိုဝင်ဘာ ၂၀၂၁
ပိတ်ပွဲအခမ်းအနား၂ ဒီဇင်ဘာ ၂၀၂၁
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ~
အဓိကအားကစားကွင်းမိုင်ဒင်း အမျိုးသားအားကစားကွင်း
<  ၂၀၁၉ ၂၀၂၃  >

လက်ခံကျင်းပခြင်း

မြို့များရွေးချယ်ခြင်း

ဟနွိုင်းနှင့် ဟိုချီမင်းမြို့တို့ကို လက်ရှိတွင် ရွေးချယ်ထားသည်။ အစပိုင်းတွင် ဟိုချီမင်းကို ရွေးရန် အားသာနေသော်လည်း ​နောက်ပိုင်းတွင် ဟနွိုင်းရှိ အားကစားရုံများကြောင့် ၎င်းကိုရွေးရန် အားသာခဲ့သည်။

၂၀၁၈ခုနှစ် ဇူလိုင် ၉ရက်နေ့တွင် ဗီယက်နမ်အစိုးရက ဟနွိုင်းမြို့ကို ၂၀၂၁ဆီးဂိမ်းနှင့် ၁၁ကြိမ်မြောက်အာဆီယံပါရာဂိမ်းအတွက် အိမ်ရှင်မြို့အဖြစ် ရွေးချယ်ခဲ့သည်။ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ၂၀၂၀နွေရာသီအိုလံပစ်အား ၂၀၂၁ ဇူလိုင်မှ ဩဂုတ်လအထိရွှေ့ဆိုင်းခဲ့သော်လည်း ၂၀၂၁ ဆီးဂိမ်းအား ရွှေ့ဆိုင်းခြင်းမပြုပဲ အိုလံပစ်ပွဲအပြီး သုံးလအကြာတွင် ကျင်းပမည်ဖြစ်သည်။

ဟနွိုင်း

ဟနွိုင်းမြို့မှ အားကစား၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ တင်ပြချက်အရ အမေရိကန်ဒေါ်လာ ၇၇ သန်းသုံးရန် စီစဉ်ထားသည်။ ၄.၃ သန်းကို စပွန်ဆာများမှ ပြန်လည်ရရန် မျှော်လင့်ထားသည်။

မိုင်ဒင်းအမျိုးသားအားကစားကွင်း

ဟိုချီမင်း

၂၀၁၇ ဒီဇင်ဘာတွင် ဟိုချီမင်းမြို့တော် စည်ပင်အဖွဲ့မှ ၎င်းတို့၏ အိမ်ရှင်အဆိုပြုလွှာကို တင်သွင်းခဲ့သည်။ အမေရိကန်ဒေါ်လာ သန်း ၃၃၀ အနက်မှ ၂၉၀ ကို ကွင်းများအဆင့်မြှင့်တင်ရန်နှင့် ကျန် ၄၀ ကို စီစဉ်ဆောင်ရွက်ရန် အသုံးပြုမည် ဖြစ်သည်။

ပြင်ဆင်မှုများ

ဗီယက်နမ်နိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးကော်မတီ (SEAGOC)ကို ၂၀၂၀ပြည့်နှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့သည်။COVID 19ရောဂါကြောင့် ပြိုင်ပွဲအတွက် ခွင့်ပြုထားသည့် ဘဏ္ဍငွေအချို့ ဖြတ်တောက်ခံခဲ့ရသည်။ပြိုင်ပွဲအတွက် အမေရိကန်ဒေါ်လာ ၆၉.၃သန်း သုံးစွဲရန် လျာထားပြီး ၄၂.၃သန်းကို ပြိုင်ပွဲကျင်းပရေးအတွက်သုံးရန်ဖြစ်ပြီး ၂၅.၉သန်းကို အားကစားကွင်းများပြုပြင်ရန် သုံးမည်ဖြစ်သည်။ပြိုင်ပွဲအတွက် အားကစားကွင်းများစွာ ထပ်မံဆာက်မည်မဟုတ်ဘဲ ရှိရင်းစွဲများကိုသာ ပြန်လည်ပြုပြင်မည်ဖြစ်သည်။

အထိမ်းအမှတ်များ

အထိမ်းအမှတ်တံဆိပ်

၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ချိုးငှက်နှင့် လူ၏လက်ကို အင်္ဂလိပ်အက္ခရာ ဗွီ (V) ပုံစံပုံဖော်ထားပြီး အောင်မြင်ခြင်း (Victory)နှင့် ဗီယက်နမ် (Vietnam)ကို ကိုယ်စားပြုသည်။ကွင်း၁၁ကွင်းမှာ SEAGFနိုင်ငံ ၁၁နိုင်ငံကို ကိုယ်စားပြုသည်။

လာဘ်ကောင်

၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ Saolaခေါ် ရှားပါးနို့တိုက်သတ္တဝါဖြစ်သည်။၎င်းကို ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် တွေ့ရသည်။ဤလာဘ်ကောင်ပုံမှာ အခြားသော လာဘ်ကောင်ပုံစံ ၅၅၇ခုကို အနိုင်ရရှိခဲ့ပြီး တရားဝင်အထိမ်းအမှတ်လာဘ်ကောင်ဖြစ်လာခဲ့သည်။

ဆောင်ပုဒ်

၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆောင်ပုဒ်မှာ For a Strong South East Asia ဖြစ်သည်။ဤဆောင်ပုဒ်မှာ ၂၀၂၀ပြည့်နှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဗီယက်နမ်နိုင်ငံ၏ မျှော်လင့်ချက်ကို ကိုယ်စားပြုသည်။ဒေသတွင်း၏ ပိုမိုအားကောင်းစွာ တိုးတက်လာမှုနှင့် ကိုရိုနာဗိုင်းရပ်စ်ကို အောင်နိုင်စွာ တိုက်ထုတ်နိုင်ခြင်းကို ညွှန်းဆိုသည်။

ပွဲများနှင့်အားကစား

ပါဝင်မည့်နိုင်ငံများ

အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

အားကစားနည်း

အိုလံပစ်အားကစားနည်းများ အများစုပါဝင်မည့် အားကစားနည်းပေါင်း ၄၀ မျိုး ပါဝင်မည်ဖြစ်သည်။[1][2][3]

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ဒိုင်ဗင်
    • ​ရေကူး
    • Finswimming
  • မြားပစ်
  • ​ပြေးခုန်ပစ်
  • ကြက်​တောင်ရိုက်
  • ဘတ်စကက်ဘော
    • ဘတ်စကက်ဘော ၅×၅
    • ဘတ်စကက်ဘော ၃×၃
  • ဘီလိယက်နှင့် စနူကာ
  • ကိုယ်ကာယအလှပြ
  • ဘိုလင်း
  • လက်​ဝှေ့
  • ကနူး​လှေ
  • စစ်တုရင်
  • စက်ဘီးစီး
    • Mountain Bike
    • Road
  • Dancesport
  • အီလက်ထ​ရောနစ်အားကစား
  • ဓားသိုင်း
  • ​ဘောလုံး
    • ကမ်း​ခြေ​ဘောလုံး
    • ​ဘောလုံး
    • ဖူဆယ်
  • ​ဂေါက်သီးရိုက်
  • ကျွမ်းဘား
    • ​Artistic
    • ​Rhythmic
    • ​Aerobic
  • ​Handball
  • ​ဂျူဒို
  • ​ဂျူဂျစ်ဆု
  • ​ကရာ​တေး
  • ​Kickboxing
  • ​ကူရတ်ရှ်
  • ​​မွေထိုင်း
  • ပန်ကြပ်ဆီလပ်
  • ပီတန်း
  • ​လှေ​လှော်
  • ပိုက်​ကျော်ခြင်း
  • ​သေနတ်ပစ်
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • တင်းနစ်
  • ၃မျိုးဆင့် အားကစား
  • ​ဘော်လီ​ဘော
    • ကမ်း​ခြေ
    • ရုံတွင်း
  • ဗိုဗီနမ်
  • အ​လေးမ
  • နပန်း
  • ဝူရှုး

ကိုးကား

  1. Vietnam to add four sports for 2021 SEA Games (in en) (၂၀ ​အောက်တိုဘာ ၂၀၂၀)။
  2. Việt Nam chỉ tổ chức tối đa 40 môn tại SEA Games 31 (in vi) (၃ ဇူလိုင် ၂၀၂၀)။
  3. SEA Games 31 có thêm 4 môn thi đấu (in vi)။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.