၁၉၅၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်
၁၉၅၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၁၉၅၉ခုနှစ် ဒီဇင်ဘာလ၁၂ရက်မှ ၁၇ရက်နေ့အထိ ကျင်းပခဲ့သော ပထမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ ဖြစ်သည်။
ကျင်းပရာမြို့ | ဘန်ကောက်မြို့ | ||
---|---|---|---|
ပါဝင်သော နိုင်ငံများ | ၆ | ||
ဖွင့်ပွဲအခမ်းအနား | ၁၂ ဒီဇင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၁၇ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဘူမိဗလအတုလျတေဇ (ဘုရင်) | ||
အခမ်းအနားကျင်းပရာ အားကစားကွင်း | စူပါချာလာဆိုင်ကွင်း | ||
|
နိုင်ငံအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သူ ၅၁၈ဦးရှိသည်။ကနဦး ၆ နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံမှာ ဤပထမဆုံးပွဲတော်အား ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ဘဲ စင်ကာပူနိုင်ငံ ပါဝင်လာသည်။ဘုရင်ကြီး ဘူမိဗလ အဒူလျာဒတ်က အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ထိုင်းနိုင်ငံ၊ မြန်မာနှင့် မလေးယားနိုင်ငံတို့မှ နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
ပွဲများနှင့်အားကစား
ပါဝင်သည့်နိုင်ငံများ
၁ထိုအချိန်က စင်ကာပူမှာ ဗြိတိသျှလက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။
အားကစားနည်းများ
အားကစားနည်းပေါင်း ၁၂မျိုးပါဝင်ခဲ့သည်။
- ရေကူး
- ပြေးခုန်ပစ်
- ကြက်တောင်ရိုက်
- ဘတ်စကက်ဘော
- လက်ဝှေ့
- စက်ဘီးစီး
- ဘောလုံး
- * သေနတ်ပစ်
- စားပွဲတင် တင်းနစ်
- တင်းနစ်
- ဘော်လီဘော
- အလေးမ
ဆုတံဆိပ် ဇယား
၁၉၅၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၆၇ခု၊ ငွေတံဆိပ် ၆၈ခု၊ ကြေးတံဆိပ် ၆၇ခု၊ စုစုပေါင်း တံဆိပ် ၂၀၂ခုကို ချီးမြှင့်နိုင်ခဲ့သည်။
- Key
* အိမ်ရှင်နိုင်ငံ
အဆင့် | NOC | ရွှေ | ငွေ | ကြေးညို | စုစုပေါင်း |
---|---|---|---|---|---|
၁ | ထိုင်း* | ၃၅ | ၂၆ | ၁၆ | ၇၇ |
၂ | မြန်မာ | ၁၁ | ၁၅ | ၁၄ | ၄၀ |
၃ | မလေးယား | ၈ | ၁၅ | ၁၁ | ၃၄ |
၄ | စင်ကာပူ | ၈ | ၇ | ၁၈ | ၃၃ |
၅ | တောင်ဗီယက်နမ် | ၅ | ၅ | ၆ | ၁၆ |
၆ | လာအို | ၀ | ၀ | ၂ | ၂ |
စုစုပေါင်း (၆ နိုင်ငံ) | ၆၇ | ၆၈ | ၆၇ | ၂၀၂ |
ကိုးကား
ယခင်က ပုံမှန်မဟုတ်သော ပြိုင်ပွဲများ |
ပထမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် ၁၉၅၉ ဘန်ကောက် |
ဆက်ခံသူ ၁၉၆၁ ရန်ကုန် |