၁၉၆၁ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်

၁၉၆၁ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် သည် မြန်မာနိုင်ငံရန်ကုန်မြို့တွင် ၁၉၆၁ခုနှစ် ဒီဇင်ဘာလ ၁၁ရက်မှ ၁၆ရက်​နေ့အထိ ကျင်းပခဲ့​သော ဒုတိယအကြိမ် အ​ရှေ့​တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲဖြစ်သည်။

၁၉၆၁ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်
2nd Southeast Asian Peninsular Games
ကျင်းပရာမြို့ရန်ကုန်မြို့
ပါဝင်သော နိုင်ငံများ
ပါဝင်ဆင်နွဲသော အားကစားသမားများ၆၂၃
ကစားပွဲအမျိုးအစား- (၁၃မျိုး)
ဖွင့်ပွဲအခမ်းအနား၁၁ ဒီဇင်ဘာ ၁၉၆၁
ပိတ်ပွဲအခမ်းအနား၁၆ ဒီဇင်ဘာ ၁၉၆၁
တရားဝင်ဖွင့်လှစ်ပေးခဲ့သူမန်းဝင်းမောင်
သမ္မတ
အခမ်းအနားကျင်းပရာ အားကစားကွင်းဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း
<  ၁၉၅၉ ၁၉၆၅  >

မြန်မာနိုင်ငံအ​နေဖြင့် ပထမဆုံးအကြိမ်လက်ခံကျင်းပခြင်းဖြစ်ပြီး ထိုင်းနိုင်ငံပြီး​နောက် ဒုတိယ​မြောက် အိမ်ရှင်နိုင်ငံဖြစ်သည်။

သမ္မတကြီးမန်းဝင်းမောင်မှ အောင်ဆန်းအားကစားကွင်းတွင် အားကစားပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ ဖက်ဒရေးရှင်းဝင် နိုင်ငံခြောက်နိုင်ငံလုံးဖြစ်သည့် ထိုင်း၊ မြန်မာ၊ မလေးယား၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ အားလုံး စုံလင်စွာပါဝင်​သောပထမဆုံးအကြိမ် အားကစားပွဲဖြစ်သည်။

နိုင်ငံအသီးသီးမှ ဝင်​ရောက်ယှဉ်ပြိုင်သူ ၆၂၃ဦးရှိခဲ့သည်။အားကစားနည်းပေါင်း ၁၃ မျိုးဖြင့် ကျင်းပခဲ့သည်။ မြန်မာ၊ ထိုင်းနှင့် မလေးယားနိုင်ငံတို့မှ နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယတို့ရရှိခဲ့သည်။

ပွဲများနှင့်အားကစား

ပါဝင်သည့်နိုင်ငံများ

ထိုအချိန်က စင်ကာပူမှာ ဗြိတိသျှလက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။

အားကစားနည်းများ

အားကစားနည်း​ပေါင်း ၁၃မျိုးပါဝင်ခဲ့သည်။

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
  • ပြေးခုန်ပစ်
  • ကြက်တောင်ရိုက်
  • ဘတ်စကက်ဘော
  • လက်​ဝှေ့
  • စက်ဘီးစီး
  • ​ဘောလုံး
  • ​သေနတ်ပစ်
  • ရွက်​လှေ
  • စားပွဲတင် တင်းနစ်
  • တင်းနစ်
  • ​ဘော်လီ​ဘော
  • အ​လေးမ

ဆုတံဆိပ် ဇယား

၁၉၆၁ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၈၆ခု၊ ငွေတံဆိပ် ၉၂ခု၊ ကြေးတံဆိပ် ၁၃၅ခု၊ စုစုပေါင်း တံဆိပ် ၃၁၃ခုကို ချီးမြှင့်နိုင်ခဲ့သည်။

Key

  *   အိမ်ရှင်နိုင်ငံ

၁၉၆၁ အ​ရှေ့​တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  နိုင်ငံ ရွှေ ငွေ ကြေးညို စုစုပေါင်း
 မြန်မာ*၃၅၂၆၄၃၁၀၄
 ထိုင်း၂၁၁၈၂၂၆၁
မ​လေးယား၁၆၂၄၃၉၇၉
 ဗီယက်နမ်၂၂
 စင်ကာပူ၁၃၁၁၂၈
 ကမ္ဘောဒီးယား၁၁
 လာအို
စုစုပေါင်း (၇နိုင်ငံ)၈၆၉၁၁၁၄၂၉၁

[1]

ကိုးကား

  1. 2nd SEA Games, 1961 Myanmar South East Asian Games Federation။ 15 February 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 June 2015 တွင် ပြန်စစ်ပြီး။
ယခင်က
၁၉၅၉
ဘန်​ကောက်
ဒုတိယအကြိမ် အ​​ရှေ့​တောင်အာရှကျွန်းဆွယ် အားကစားပွဲ​တော်
၁၉၆၁
ရန်ကုန်
ဆက်ခံသူ
၁၉၆၅
ကွာလာလမ်ပူ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.