၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၂၀၀၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၁၃ ရက်အထိကျင်းပသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဗီယက်နမ်နိုင်ငံတွင် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုင်း၊ မြန်မာ၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းနိုင်ငံတို့ပြီးနောက် ၈ နိုင်ငံမြောက် အိမ်ရှင်နိုင်ငံ ဖြစ်သည်။ အရှေ့တီမောနိုင်ငံလည်း ပထမဆုံးအကြိမ်အဖြစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်လာသည်။ ဝန်ကြီးချုပ် ဖန်ဗိုင်ခိုင်က ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ကျင်းပရာမြို့ | ဟနွိုင်းမြို့ | ||
---|---|---|---|
ဆောင်ပုဒ် | Solidarity, Cooperation for Peace and Development | ||
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ပထမဆုံးပါဝင်သောနိုင်ငံများ | အရှေ့တီမောနိုင်ငံ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၅၀၀၀ | ||
ကစားပွဲအမျိုးအစား | ၄၄၂ (၃၂မျိုး) | ||
ဖွင့်ပွဲအခမ်းအနား | ၅ ဒီဇင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၁၃ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဖန်ဗိုင်ခိုင် ဝန်ကြီးချုပ် | ||
Athlete's Oath | ငုယင်မန်တူယင် | ||
Torch Lighter | ငုယင်သွီဟိုင်ယမ် | ||
အခမ်းအနားကျင်းပရာ အားကစားကွင်း | မိုင်ဒင်း အမျိုးသားအားကစားကွင်း | ||
ဝက်ဘ်ဆိုဒ် | 2003 Southeast Asian Games | ||
|
၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၁၅ ရက်နေ့ထိ ကျင်းပခဲ့သည်။ [1] နိုဝင်ဘာ ၂၃ ရက်နေ့ကပင် အားကစားနည်း အချို့ကို စတင်ကျင်းပခဲ့ပြီး နိုင်ငံ ၁၁ နိုင်ငံမှ အားကစားသမားပေါင်း ၅၀၀၀ ခန့်က အားကစားနည်း ၃၂ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အသစ်တည်ဆောက်ထားသော မိုင်ဒင်းအမျိုးသား အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားတို့က ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ ယခင် စံချိန် တော်တော်များများ ချိုးခဲ့ကြပြီး အရှေ့တောင်အာရှ၏ အားကစား အဆင့်အတန်းကို မြင့်မားလာစေသည်။
လက်ခံကျင်းပခြင်း
ကြိုတင်ပြင်ဆင်မှုများ
ဗီယက်နမ်ဆီးဂိမ်း ကျင်းပရေးဦးစီးကော်မတီကို ငုယင်ဒန်သဝစ်က ဥက္ကဋ္ဌ လုပ်ကာ ဖွဲ့စည်းခဲ့သည်။[2]ဤပွဲအတွက် ဗီယက်နမ်အစိုးရက ငွေအမြောက်အများ သုံးစွဲခဲ့သည်။ ထိုအထဲတွင် ပရိသတ် ၄၀၀၀၀ ဝင်ဆံ့သည့် နိုင်ငံ၏ အကြီးဆုံး အားကစားကွင်းဖြစ်လာမည့် မိုင်ဒင်း အမျိုးသားအားကစားကွင်းကို အမေရိကန်ဒေါ်လာ ၆၀ မှ ၇၀ မီလီယံ အကုန်အကျခံကာ တည်ဆောက်ခဲ့သည်။ [3]
အားကစားကွင်းများ
၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နေရာအသစ်၊ အဟောင်း၊ ယာယီနေရာများစွာတွင် ကျင်းပခဲ့သည်။ အများစုသော အားကစားနည်းများကို ၂၀၀၃ ခုနှစ် စက်တင်ဘာလက ဖွင့်လှစ်ခဲ့သော မိုင်ဒင်း အားကစား ကွန်းပလက်စ်တွင် ကျင်းပခဲ့သည်။ ထို အားကစား ကွန်းပလက်စ်တွင် ပရိသတ် ၄၀,၁၉၂ ဝင်ဆံ့သော မိုင်ဒင်း အမျိုးသား အားကစားကွင်း ပါဝင်သည်။
အားကစားရွာကိုမူ တည်ဆောက်ခဲ့ခြင်းမရှိပေ။ ထိုအစား မြို့ထဲရှိရွာ အစီအစဉ်ဖြင့် အားကစားသမားများနှင့် စီမံအုပ်ချုပ်သူများကို ဟနွိုင်းနှင့် ဟိုချီမင်းစီးတီးရှိ ဟိုတယ်များတွင် ထားရှိခဲ့သည်။
၂၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နေရာ ၃၁ နေရာတွင် လက်ခံကျင်းပခဲ့ပြီး ဟနွိုင်းမြို့တွင် ၂၀ နေရာ၊ ဟိုချီမင်းစီးတီးမြို့တွင် ၁၁ နေရာ ကျင်းပခဲ့သည်။[4]
မြို့ | ကျင်းပရာနေရာ | အားကစားနည်း |
ဟနွိုင်းမြို့ | National Sports Complex | |
---|---|---|
မိုင်ဒင်း အမျိုးသားအားကစားကွင်း |
ပြေးခုန်ပစ်၊ဘောလုံး (အမျိုးသား)၊ ဖွင့်ပွဲ၊ ပိတ်ပွဲ | |
မိုင်ဒင်း ရေကူးကန် | ရေပိုင်းဆိုင်ရာ အားကစားနည်းများ | |
အခြား | ||
West Lake | ကနူးလှေ၊လှေလှော်၊ရိုးရာလှေ | |
ဟနွိုင်း အမျိုးသားအားကစား လေ့ကျင့်ရေးစင်တာ အမှတ်၁ | မြှားပစ်၊ သေနတ်ပစ် | |
Trịnh Hoài Đức Gymnasium | ဝူရှုး | |
Cầu Giấy District Gymnasium | ဓားရေး | |
Quần Ngựa Sports Palace | ကိုယ်ကာယ အလှပြ | |
Gia Lâm Gymnasium | ကရာတေးဒို | |
Sóc Sơn Gymnasium | အလေးမ | |
Hai Bà Trưng Gymnasium | ပိုက်ကျော်ခြင်း | |
en:Hang Day Stadiumဟန်းဒေးကွင်း | ဘောလုံး (အမျိုးသား) | |
Hanoi - Bac Ninh - Hoa Binh | စက်ဘီးစီး | |
en:Lach Tray Stadiumလတ်ချ်ထရေးကွင်း | ဘောလုံး (အမျိုးသမီး) | |
C500 Sporting Event Hall | ပန်ကြပ်ဆီလပ် | |
သိန်သရောင်ကွင်း | ဘောလုံး (အမျိုးသမီး) | |
ဗင့်ဖုခန်းမ | Shuttlecock | |
Hai Duong Competition Hall | စားပွဲတင်တင်းနစ် | |
Nam Dinh Province Gymnasium | ဘော်လီဘော (Beech) | |
Ninh Binh Province Gymnasium | ဘော်လီဘော (Indoor) | |
Ha Tay Competition Hall | နပန်း | |
ဟိုချီမင်းစီးတီးမြို့ | Tân Bình Gymnasium | ကြက်တောင် |
Quân khu 7 Gymnasium | ဘတ်စကက်ဘော | |
Quân khu 7 Stadium | ဘောလုံး (အမျိုးသား) | |
Phan Đình Phùng Gymnasium | လက်ဝှေ့ | |
Lãnh Bình Thăng Gymnasium | ဂျူဒို | |
Phu Tho Indoor Stadium | Handball၊ တိုက်ကွမ်ဒို | |
Lan Anh Gymnasium | တင်းနစ် | |
Nguyễn Du Gymnasium | ဘိလိယက်နှင့် စနူကာ | |
Bến Thành Theatre | ကိုယ်ကာယအလှပြ | |
Van Don Sports Centre | စစ်တုရင် | |
Thống Nhất Stadium | ဘောလုံး (အမျိုးသား) | |
Ky Hoa physical training and Sporting Center, District 10 | ပီတန်း |
မီးထွန်းညှိတိုင်
၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ မီးထွန်းညှိတိုင်ကို ဟိုချီမင်းစီးတီးမြို့တွင် စတင် ထွန်းညှိခဲ့ပြီး ဗီယက်နမ်ရှိ မြို့များစွာကို ဖြတ်သန်းကာ ပြိုင်ပွဲ၏ အဓိကမြို့ဖြစ်သော ဟနွိုင်းမြို့တွင် အဆုံးသတ်ခဲ့သည်။
ပြိုင်ပွဲ အထိမ်းအမှတ်များ
အထိမ်းအမှတ် တံဆိပ်
၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ဒဏ္ဍာရီငှက် တစ်ကောင်ဖြစ်သော ချင်လက်(Chim Lac)၏ ပုံစံဖြစ်သည်။ ငုယင်ချီလောင်းမှ ပုံစံရေးဆွဲခဲ့ပြီး ထိုငှက်ကို ဗီယက်နမ် ရှေးရိုးရာ ငွေဗုံဖြစ်သော ငေါ့လုအဖြစ် ပုံဖော်ထားသည်။ အထိမ်းအမှတ်တံဆိပ်မှာ သဟဇာတနှင့် ညီညွတ်သောပုံပေါက်သည့် အိုလံပစ်စိတ်ဓာတ်ဖြစ်သော ပိုလျှင်မြန်သော၊ ပိုမြင့်မားသော၊ ပိုကြံ့ခိုင်သော လိုင်းအကွေးများဖြင့် ဖွဲ့စည်းထားသည်။ ထိုလိုင်းများမှာ အားကစားနည်းများတွင် ခိုင်မာ ပြင်းထန်စွာ ယှဉ်ပြိုင်ခြင်းကို ကိုယ်စားပြုသည်။ ကွင်း ၁၀ကွင်းပါသော အဝိုင်းမှာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် နိုင်ငံ ၁၀ နိုင်ငံနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကိုယ်စားပြုသည်။[5]
လာဘ်ကောင်
၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ Trâu Vàng ဟုခေါ်သော ရွှေကျွဲဖြစ်သည်။ ငုယင် ထိုင်ဟွန်းမှ ပုံစံရေးဆွဲခဲ့သည်။ နူးညံ့သိမ်မွေ့ခြင်း၊ လုံ့လဝီရိယရှိခြင်း၊ ဉာဏ်ပညာရှိခြင်း၊ သစ္စာရှိခြင်း၊ ဒေသနှင့် သဟဇာတဖြစ်သော တိရိစ္ဆာန်အဖြစ် ပုံဖော်ထားသည်။ ကျွဲမှာ ဗီယက်နမ်နိုင်ငံတွင် ရေနှင့် ဆန်စပါးယဉ်ကျေးမှုကို ကိုယ်စားပြုကာ အခြားအာဆီယံနိုင်ငံများတွင်လည်း ထိုသို့ပင်ဖြစ်သည်။ ဗီယက်နမ်လူမျိုးများအတွက် ရွှေကျွဲမှာ ကောက်ပဲသီးနှံ ကြွယ်ဝခြင်း၊ သာယာဝပြောခြင်း၊ ပျော်ရွှင်ခြင်းနှင့် ဗီယက်နမ်၏ စစ်အုပ်ချုပ်ရေးကို ကိုယ်စားပြုသကဲ့သို့ အိမ်ရှင်နိုင်ငံ၏ ဝမ်းမြောက်စွာ ဧညိ့ဝတ်ကျေပြွန်မှုကိုလည်း ပြသသည်။ [6]
သီချင်း
၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အဓိကသီချင်းမှာ "For the World of Tomorrow" ဖြစ်သည်။ငုယင် ကွမ်ဗင်းမှ ရေးစပ်သည်။
ပံ့ပိုးသူများ
စုစုပေါင်း ပံ့ပိုးသူ ၂၄ဦးသည်။
Official Partners
Official Sponsors
|
Official Sponsors (continue)
|
Official Sponsors (continue)
|
ပွဲများနှင့် အခမ်းအနား
ဖွင့်ပွဲ အခမ်းအနား
၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၇ နာရီတွင် ဟနွိုင်းမြိ့ရှိ မိုင်ဒင်း အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ပရိသတ် ၄၀၀၀၀ ခန့်တက်ရောက်ခဲ့သည်။ ပါတီ၏ အထွေထွေအတွင်းရေးမှူး Nong Duc Manh၊ ဝန်ကြီးချုပ် ဖန်ဗိုင်ခိုင် အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒေသတွင်း အားကစားအဖွဲ့ချုပ်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ထို့အတူ အခမ်းအနားတစ်ခုကိုလည်း ဟိုချီမင်းစီးတီးတွင် အပြိုင်ကျင်းပခဲ့သည်။
"Vietnam – Our Fatherland" သီချင်းဖြင့် အခမ်းအနားကို စတင်ခဲ့ကာ တစ်ဆက်တည်းမှာပဲ ပြိုင်ပွဲဝင်နိုင်ငံ ၁၁ နိုင်ငံ၏ အလံများကို သယ်ဆောင်လာသော လေထီးသမားများ ဆင်းသက်လာကြသည်။ ထို့နောက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အလံတော်နှင့် ၂၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဗီယက်နမ်အလံများ ချီတက်လာကြသည်။ ထို့နောက် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများ၊ စီမံအုပ်ချုပ်သူ နည်းပြအပါအဝင် ပြိုင်ပွဲဝင် ၅၀၀၅ ဦး ချီတက်ဝင်ရောက်လာကြသည်။
ဟိုချီမင်းစီးတီးမြို့မှ ဟနွိုင်းမြို့အထိ သယ်ဆောင်လာသည့် မီးထွန်းညှိတိုင်ကို ဗီယက်နမ်အားကစားသမားများအပြင် ဒေသတွင်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် ၁၀နိုင်ငံမှ အားကသားသမားများက ကွင်းအတွင်း လက်ဆင့်ကမ်း သယ်ဆောင်ကြသည်။ နောက်ဆုံးတွင် ငုယင်သွီဟင်းမှ ဝန်ကြီးချုပ်ထံသို့ ပေးခဲ့ကာ ထိုမှတစ်ဆင့် နိုင်ငံ၏သူရဲကောင်း ဂီအွန်ကဲ့သို့ ဝတ်ဆင်ထားသည့် အားကစားသမားထံသို့ ရောက်ရှိခဲ့သည်။ ထိုအားကစားသမားမှ ပင်မမီးရှူးတိုင်ကို မီးထွန်းညှိခဲ့သည်။ ထို့နောက် ကာယလေ့ကျင့်ရေးနှင့် အားကစား ကော်မတီ ဥက္ကဋ္ဌ-ဝန်ကြီး၊ ဗီယက်နမ် အမျိုးသားအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ၂၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားကောင်စီ၏ ဥက္ကဋ္ဌ၊ ၂၂ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌမှ သူ၏ အဖွင့်မိန့်ခွန်းကို ပြောကြားခဲ့သည်။ထို့နောက် ဝန်ကြီးချုပ် ဖန်ဗိုင်ခိုင်က ၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ နောက်တွင် ဒုတိယဝန်ကြီးချုပ် ဖန်ဂီယာခိုင်၊ ၂၂ ကြိမ်မြောက် ဆီးဂိမ်း နိုင်ငံတော် ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဥက္ကဋ္ဌ-ဝန်ကြီး ငုယင်ဒန်ထိုင်းနှင့် ဟနွိုင်းမြို့တော်ဝန် ဟွန်ဗန်ငိုင်းတို့မှ ပြိုင်ပွဲဝင် ၁၁နိုင်ငံကို အမှတ်တရပန်းစည်း ပေးအပ်ခဲ့သည်။
ထို့နောက် ဒိုင်လူကြီးများ၏ ကိုယ်စား ဒိုင်တစ်ဦးဖြစ်သူ ဟွန်ကွိုင်ဗစ်နှင့် အားကစားသမားများကိုယ်စား သေနတ်ပစ်အားကစားသမား ငုယင်မန်တူယင်တို့က အားကစား အဓိဌာန် ရွတ်ဆိုကြသည်။ ထိုပွဲတွင် ကလေးများ အပါအဝင် လူပေါင်း ထောင်ချီပါသော ဖျော်ဖြေရေးများ တင်ဆက်ခဲ့သည်။ အဓိကအပိုင်းကြီး ၃ ပိုင်းမှာ "The Land of the Dragon and Fairy" (ဗီယက်နမ်နိုင်ငံ သမိုင်းကို ပုံဖော်ခြင်း)၊ "Message of Peace" နှင့် "United ASEAN Looks To The Future"တို့ဖြစ်သည်။နောက်ဆုံး United ASEAN Looks to the Futureတွင် ဖျော်ဖြေရေး အစီအစဉ် ၄ ခုပါဝင်ကာ
"Lands by the Pacific Ocean"၊ "Essential Convergence"၊ "New Tune," နှင့် "ASEAN Towards The Future"တို့ ဖြစ်သည်။ ထို့နောက် ပြိုင်ပွဲ၏ လာဘ်ကောင် ရွှေကျွဲနှင့် အဆိုတော် ၂၂ယောက်တို့သည် ပြိုင်ပွဲ၏ သီချင်းဖြစ်သော "For the World of Tomorrow"ကို တင်ဆက်ခဲ့သည်။ အခမ်းအနားကို ဟနွိုင်းမြို့ရှိ နေရာ၄ခုတွင် ပူပေါင်းများလွှတ်ခြင်း၊ မီးပန်းများ ဖောက်ခြင်းဖြင့် ပြီးဆုံးခဲ့သည်။
ပိတ်ပွဲ အခမ်းအနား
၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၃ရက်နေ့ ညနေ ၇ နာရီတွင် ဟနွိုင်းမြို့ရှိ မိုင်ဒင်းအမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည် Nong Duc Manh၊ ဒုတိယသမ္မတ Truong My Hoaနှင့် အာရှအားကစားအဖွဲ့ချုပ်များမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို ကွင်းအတွင်း လေဆာတန်း ပစ်လွှတ်ကာ စတင်ခဲ့သည်။ ထို့နောက် အားကစားနည်းအလိုက် အားကစားသမားများ ဝင်ရောက်လာခဲ့သည်။
ထို့နောက် ဗီယက်နမ် သံစုံတီးဝိုင်းမှ ဗီယက်နမ်သီချင်းနှင့်အတူ အကသမားများ၊ အဆိုတော်များမှ တင်ဆက်ခဲ့သည်။ ထို့နောက် ကာယလေ့ကျင့်ရေးနှင့် အားကစား ကော်မတီ ဥက္ကဋ္ဌ-ဝန်ကြီး၊ ဗီယက်နမ် အမျိုးသားအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ၂၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားကောင်စီ၏ ဥက္ကဋ္ဌ၊ ၂၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ငုယင်ဒန်ထိုင်းမှ ပိတ်ပွဲမိန့်ခွန်းကို ပြောကြားခဲ့သည်။ထို့နောက် ဒုတိယဝန်ကြီးချုပ် ဖန်ဂီယာခိုင်က အားကစားပွဲတော်ကို ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။
ထို့နောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အထိမ်းအမှတ်အလံကို အလံတိုင်ထိပ်မှ လျော့ချကာ ဗီယက်နမ်ကိုယ်စားလှယ်များထံ ယူဆောင်လာသည်။ ထိုစဉ် ပင်မမီးရှူးတိုင်ကို တဖြည်းဖြည်းလျှော့ချခဲ့သည်။ဒုတိယဝန်ကြီးချုပ် ငုယင်ဒန်ထိုင်း၊ ဟနွိုင်းပြည်သူ့ကော်မတီ ဥက္ကဋ္ဌ ဟွန်ဗန်ငိုင်းတို့မှ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အထိမ်းအမှတ်အလံကို ၂၀၀၅ မနီလာပွဲတော်ကို လက်ခံကျင်းပမည့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်ဝန် ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် The ဖိလစ်ပိုင် နိုင်ငံတော်သီချင်း နှင့်အတူ ဖိလစ်ပိုင်သမ္မတနိုင်ငံ အလံတော်ကို လွှင့်တင်ခဲ့ကြသည်။ ထို့နောက် ၂၀၀၅ မနီလာပွဲတော် အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံမှ ဖျော်ဖြေတင်ဆက်ခဲ့သည်။ အခမ်းအနားကို ဗီယက်နမ် နိုင်ငံမှ ဖျော်ဖြေရေးများဖြင့် ပိတ်သိမ်းခဲ့သည်။
ပါဝင်သည့်နိုင်ငံများ
အားကစားနည်းများ
- ရေပိုင်းဆိုင်ရာအားကစားနည်းများ
- ဒိုင်ဗင်
- ရေကူး
- ဝါတာပိုလို
- မြားပစ်
- ပြေးခုန်ပစ်
- ကြက်တောင်ရိုက်
- ဘက်စကတ်ဘော
- ဘီလိယက်နှင့် စနူကာ
- ကိုယ်ကာယအလှပြ
- လက်ဝှေ့
- ကနူးလှေ
- စစ်တုရင်
- စက်ဘီးစီး
- Finswimming
- မြင်းစီး
- ဘောလုံး
- Gymnastics
- Handball
- ဂျူဒို
- ကရာတေး
- ပန်ကြပ်ဆီလပ်
- ပီတန်း
- လှေလှော်
- Jianzi
- ပိုက်ကျော်ခြင်း
- သေနတ်ပစ်
- စားပွဲတင်တင်းနစ်
- တိုက်ကွမ်ဒို
- တင်းနစ်
- ရိုးရာလှေ
- ဘော်လီဘော
- အလေးမ
- နပန်း
- ဝူရှုး
ဆုတံဆိပ်ဇယား
၂၂ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၄၄၄ ခု၊ ငွေတံဆိပ် ၄၄၁ ခု၊ ကြေးတံဆိပ် ၅၅၅ ခု စုစုပေါင်းဆုတံဆိပ် ၁၄၄၀ ခုချီးမြှင့်ခဲ့သည်။ အိမ်ရှင် ဗီယက်နမ်အနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတစ်လျှောက် အမြင့်မားဆုံး အောင်မြင်မှု ရရှိခဲ့သည်။
- Key
* အိမ်ရှင်နိုင်ငံ
အဆင့် | NOC | ရွှေ | ငွေ | ကြေးညို | စုစုပေါင်း |
---|---|---|---|---|---|
၁ | ဗီယက်နမ်* | 158 | 97 | 91 | 346 |
၂ | ထိုင်း | 90 | 93 | 98 | 281 |
၃ | အင်ဒိုနီးရှား | 55 | 68 | 98 | 221 |
၄ | ဖိလစ်ပိုင် | 48 | 54 | 75 | 177 |
၅ | မလေးရှား | 44 | 42 | 59 | 145 |
၆ | စင်ကာပူ | 30 | 33 | 50 | 113 |
၇ | မြန်မာ | 16 | 43 | 50 | 109 |
၈ | လာအို | 1 | 5 | 15 | 21 |
၉ | ကမ္ဘောဒီးယား | 1 | 5 | 11 | 17 |
၁၀ | ဘရူနိုင်း | 1 | 1 | 8 | 10 |
၁၁ | အရှေ့တီမော | 0 | 0 | 0 | 0 |
Total (11 NOCs) | 444 | 441 | 555 | 1440 | |
Source: Source |
ဆက်စပ်ကြည့်ရှုရန်
ကိုးကား
- Vietnam to host 2003 games။ E-Borneo (6 September 2001)။
- Organising Committee။ Official Website။ 13 May 2004 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- Vietnam looking forward to hosting 2003 SEA Games။ Utusan Malaysia (8 September 2001)။ 2 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 November 2018 တွင် ပြန်စစ်ပြီး။
- Schedule and results at the official website။ Official Website (14 February 2004)။ 14 February 2004 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 January 2017 တွင် ပြန်စစ်ပြီး။
- Logo at the Official Website of the games။ 2003 Southeast Asian Games (April 15, 2004)။ 15 April 2004 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 6, 2015 တွင် ပြန်စစ်ပြီး။
- Mascot at the Official Website of the games။ 2003 Southeast Asian Games (April 15, 2004)။ 15 April 2004 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- Sponsor List at the official website of the games (13 May 2004)။ 13 May 2004 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 January 2016 တွင် ပြန်စစ်ပြီး။
- MobiFone SEA Games TVC။ YouTube။
- superhorsebev – Super Horse Energy Drink။
ယခင်က ၂၀၀၁ ကွာလာလမ်ပူ |
၂၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ၂၀၀၃ ဟနွိုင်း ဟိုချီမင်းစီးတီး |
ဆက်ခံသူ ၂၀၀၅ မနီလာ |