နယူးကလတ်စီးတီး ပြေးခုန်ပစ်အားကစားကွင်း
နယူးကလတ်စီးတီး ပြေးခုန်ပစ်အားကစားကွင်းသည် ဖိလစ်ပိုင်နိုင်ငံရှိ အားကစားကွင်းတစ်ခုဖြစ်သည်။၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ပြေးခုန်ပစ်ပွဲစဉ်များနှင့် ပိတ်ပွဲကို လက်ခံကျင်းပခဲ့သည်။
တည်နေရာ | နယူးကလတ်မြို့၊ ဖိလစ်ပိုင်နိုင်ငံ |
---|---|
ဝင်ဆံ့ပမာဏ | ၂၀၀၀၀ |
ဧရိယာ | ၂၅,၀၀၀ m2 (၂၇၀,၀၀၀ sq ft) |
တည်ဆောက်ခြင်း | |
ပန္နက်ရိုက် | ၂၀၁၈ |
တည်ဆောက် | ၂၀၁၉ |
ကုန်ကျငွေ | ပီဆို ၄ဘီလီယံ |
ဗိသုကာ | Budji + Royal Architecture + Design |
အဓိက ကန်ထရိုက်တာ | MTD Philippines |
တည်ဆောက်ခြင်း
ဤပြေးခုန်ပစ်အားကစားကွင်း အပါအဝင် နယူးကလတ်မြို့ အားကစားကွင်းရုံများ တည်ဆောက်ခြင်းကို ၂၀၁၈ ဧပြီလ ၂၅ရက်နေ့တွင် စတင်ခဲ့သည်။[1]ဤ၂၀၁၉ ဇူလိုင်အစပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်း၏ ၉၈ရာခိုင်နှုန်းပြီးစီးခဲ့သည်။၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမစတင်ရန် ရက်၅၀အလိုဖြစ်သော အောက်တိုဘာ ၁၂ရက်တွင်မှ တည်ဆောက်ရေးလုပ်ငန်းများ အဆုံးသတ်ခဲ့သည်။
ကိုးကား
- "BCDA begins pouring cement on New Clark City athletic field"၊ Dugout Philippines၊ 25 April 2018။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.