ဇေယျာသီရိ အားကစားကွင်း

ဇေယျာသီရိ အားကစားကွင်းသည် ဇေယျာသီရိမြို့နယ်နေပြည်တော်နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် တည်ရှိသည်။ ဘက်စုံသုံး အားကစားကွင်းတစ်ခုဖြစ်ပြီး ကြည့်ရှုသူ လူဦးရေ ၃၀,၀၀၀[1] ဝင်ဆန့်သော အားကစားကွင်းဖြစ်သည်။ ၂၀၁၂ ခုနှစ်[2]တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ဘောလုံးနှင့် အခြား အားကစားပြိုင်ပွဲများ ကျင်းပရန် ရည်ရွယ်သည်။ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အမျိုးသား ဘောလုံးအသင်း ပြိုင်ပွဲများကို လက်ခံကျင်းပခဲ့သည်။[3] ဇေယျာသီရိ အားကစားကွင်းကို ဇဗ္ဗူသီရိ အားကစားကွင်းနှင့်အတူ တည်ဆောက်ခဲခြင်းဖြစ်သည်။

ဇေယျာသီရိ အားကစားကွင်း
အမည်ဇေယျာသီရိ အားကစားကွင်း
တည်နေရာဇေယျာသီရိမြို့နယ်နေပြည်တော်
ဝင်ဆံ့ပမာဏ၃၀,၀၀၀
ဖွင့်လှစ်နိုဝင်ဘာ ၂၀၁၂


ကိုးကား

  1. "MFF announces football stadium builds, expansions" Archived 10 November 2013 at the Wayback Machine., Myanmar Times, November 29 – December 5, 2010
  2. မော်ကွန်းတင်ပြီးမိတ္တူ 10 November 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 February 2016 တွင် ပြန်စစ်ပြီး။
  3. "Myanmar's stadiums for 27th SEA game to be completed next year", philSTAR Sports Hub, October 04, 2010


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.