သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်း

သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်းသည် ဘက်စုံအားကစားကွင်းဖြစ်ပြီး ရန်ကုန်မြို့တွင် တည်ရှိသည်။ လူ ၃၂,၀၀၀ ဝင်ဆံပြီး အောင်ဆန်း အားကစားကွင်းထက်သေးငယ်သည်။ သို့သော် သုဝဏ္ဏ အားကစားကွင်းသည် ပို၍ ခေတ်မှီသည်။ နိုင်ငံလက်ရွေးစင် ဘောလုံးပွဲများနှင့် နိုင်ငံတကာ ဘောလုံးပွဲ အများစုကို ထိုကွင်းတွင်ပင် ကျင်းပလေ့ရှိသည်။ ဘောလုံးတင်သာမက တခြား အားကစားများလည်း ကျင်းပသည်။

Thuwunna Stadium
သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်း
သုဝဏ္ဏ အားကစားကွင်း, Thuwunna YTC Stadium
သုဝဏ္ဏ အားကစားကွင်းကို အပြင်ဘက်မှ မြင်ရစဉ်
တည်နေရာသင်္ဃန်းကျွန်းရန်ကုန်မြို့,  မြန်မာ
ကိုဩဒိနိတ်16°49′16.73″N 96°11′12.58″E
ပိုင်ဆိုင်သူအားကစား ဝန်ကြီးဌာန
ဝင်ဆံ့ပမာဏ၃၂,၀၀၀[1]
မျက်နှာပြင်မြက်
ဖွင့်လှစ်၁၉၈၅

သုဝဏ္ဏကွင်းတွင် ပြေးလမ်း ၈ ခုပါရှိပြီး နိုင်ငံတကာစံ(IAAF)နှင့် အညီ တည်ဆောက်ထားသော ပထမဆုံးကွင်းလည်း ဖြစ်သည်။[2]

သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းသည် ဘောလုံးကွင်းနှင့် ကပ်လျက်တည်ရှိသည်။
၂၀၁၃ AFC ယူ-၂၂ အာရှဖလား အုပ်စု ခြေစစ်ပွဲအတွက် အုပ်စု G ပွဲစဉ်များကို ၂၃ ဇွန် မှ ၃ ဇူလိုင် ၂၀၁၂ အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ထိုမျှမက ၂၀၁၂ ဆူဇူကီး ဖလား ခြေစစ်ပွဲများ အတွက်လည်း အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့သည်။


ကိုးကား

  1. Stadiums in Myanmar World Stadiums။ 12 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-11-24 တွင် ပြန်စစ်ပြီး။
  2. "Runway completed at Myanmar's new stadium"၊ Xinhua News 2008-11-24 တွင် ပြန်စစ်ပြီး


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.