အားကစား ဝန်ကြီးဌာန
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် အားကစားနှင့် ပတ်သက်၍ အားကစား ဝန်ကြီးဌာန ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတဦးထင်ကျော် လက်ထက်တွင် ဖျက်သိမ်းခဲ့သည်။သို့သော် ၂၀၁၆ မေလ ၂၆ရက်နေ့တွင်ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနဟူ၍ဖွဲ့စည်းခဲ့သည်။
မြန်မာနိုင်ငံ အစိုးရအစိုးရအဖွဲ့အစည်း | |
---|---|
အားကစားဝန်ကြီးဌာန | |
![]() | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၁၉၉၆ ဒီဇင်ဘာ ၁၈ |
ဖျက်သိမ်းခြင်း | ၃၀ မတ် ၂၀၁၆ |
အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
ဌာနချုပ် | နေပြည်တော် |
ဝက်ဘ်ဆိုက် | mosports.gov.mm |
သမိုင်းကြောင်း
၂၀ရာစုအဝင်မှ ၁၉၄၁ခုနှစ်အထိ အားကစားအတွက်ရန်ကုန်တွင်ဗမာအားကစားသမားများအသင်းနှင့် မန္တလေးတွင် အထက်ဗမာပြည်အားကစားသမားများအသင်းဟူ၍ထားရှိသည်။၁၁ကြိမ်မြောက် ဘာလင်အိုလံပစ်တွင် အလေးမအားကစားသမားဦးဇော်ဝိတ်နှင့် နည်းပြဦးရှိန်းတို့ ဗြိတိသျှဘားမားအဖြစ်ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
၂၆.၁၁.၁၉၄၆တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘုရင်ခံဆာဟူးဘတ်ရန့်က နာယက၊ဆာဂျေအေမောင်ကြီးနှင့် ဦးရာဇာတ်မှ ဥက္ကဋ္ဌနှင့်ဒုဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ဗမာပြည်အိုလံပစ်အသင်းပေါ်ပေါက်လာသည်။၉.၇.၁၉၄၇တွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီနှင့် ဆက်သွယ်မိကာ ၁၉၄၈လန်ဒန်အိုလံပစ်တွင် မြန်မာနိုင်ငံအမည်ဖြင့်ပထမဆုံး တရားဝင်ယှဉ်ပြိုင်ခဲ့သည်။
၉.၁၀.၁၉၅၀တွင် ကျန်းမာရေးဝန်ကြီး ဥက္ကဋ္ဌတာဝန်ယူကာ အဖွဲ့ဝင်၁၅ဦးပါသော အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီပေါ်လာသည်။၁၉၅၂မှစ၍ပြည်နယ်နှင့်တိုင်းဘောလုံးပွဲများ၊၁၉၅၇ အရှေ့တောင်အာရှလက်ဝှေ့ပွဲများ၊ကျွန်းဆွယ်အားကစားပွဲများကျင်းပခဲ့သည်။
၂၇.၅.၁၉၆၄တွင်အားကစားနှင့်ကာယပညာကော်မတီပေါ်ပေါက်လာသည်။၁၉၇၂တွင် အားကစားနှင့်ကာယပညာဦးစီးဌာနကိုကျန်းမာရေးဝန်ကြီးဌာနလက်အောက်တွင်ဖွဲ့စည်းခဲ့ကာ ၁.၇.၁၉၉၃တွင် နိုင်ငံတော်ဝန်ကြီးချုပ်ရုံးဝန်ကြီးဌာနလက်အောက်သို့ပြောင်းခဲ့သည်။
၁၈.၁၂.၁၉၉၆တွင် အားကစားဝန်ကြီးဌာန ဖွဲ့စည်းကာ အားကစားနှင့်ကာယပညာဦးစီးဌာနကို ၎င်းတို့အောက်သို့ပြောင်းကာဖွဲ့စည်းခဲ့သည်။[1]
ယခင်အားကစား ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနများမှာ
- အားကစား နှင့်ကာယပညာဦးစီးဌာန
- အုပ်ချုပ်/စီမံဌာနခွဲ
- ယှဉ်ပြိုင်/လေ့ကျင့်ဌာနခွဲ
- လူထု/ပညာဌာနခွဲ
- အားကစားကွင်းနှင့် အားကစားရုံဌာနခွဲ တို့ဖြစ်သည်။