စစ်တောင်းမြစ်

စစ်တောင်းမြစ်သည် ရှမ်းကုန်းမြင့်ဒေသ၏တောင်ဖက်စွန်းတွင် စတင်မြစ်ဖျားခံကာ ပဲခူးတိုင်းကို ဖြတ်သန်းစီးဆင်း၍ မုတ္တမကွေ့ထဲမှ ဘင်္ဂလားပင်လယ်အတွင်းသို့ စီးဝင်သည်။ အရှည်အားဖြင့် ၂၆၁မိုင် (၄၂၀ကီလိုမီတာ) ရှိပြီး အနောက်ဖက် ပဲခူးရိုးမနှင့် အရှေ့ဖက် ရှမ်းရိုးမတို့ကြားရှိ မြေနှိမ့်လွင်ပြင်ဒေသတွင် စီးဆင်းသည်။

စစ်တောင်းမြစ်
နိုင်ငံမြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီး
အချက်အလက်များ
မြစ်ဖျားခံရာရှမ်းရိုးမ
စီးဝင်ရာနေရာမုတ္တမပင်လယ်ကွေ့ကပ္ပလီပင်လယ်
 m (၀ ft)
16°57′54″N 96°59′15″E
အလျား၄၂၀ ကီလိုမီတာ (၂၆၀ မိုင်)
စီးဆင်းမှု
  • ပျမ်းမျှ နှုန်း:
    ၁,၅၄၂ m3/s (၅၄,၅၀၀ cu ft/s)

မြန်မာနိုင်ငံတွင် ၄ခုမြောက်အရှည်ဆုံးမြစ်ဖြစ်သည်။ရွေကျင်မြစ်၊သားပြချောင်းတို့သည်စစ်တောင်းမြစ်အတွင်းသို့စီး၀င်သည်။ ရွေကျင် မဒေါက် ကွမ်းဆိပ် သိမ်ဇရပ်တို့ကိုပြေးဆွဲနေသော စက်လှေများရှိသည်။ ကားလမ်းများမပေါ်ခင်က မွန်ပြည်နယ်နှင့်ပဲခူးတိုင်းကိုဆက်သွယ်ရာတွင် အထူးအရေးပါခဲ့သည်။ ကွမ်းဆိပ်သည် ထင်ရှားသော စစ်တောင်းမြစ်ကမ်းရွာကြီးတစ်ရွာဖြစ်သည်။

ထူးခြားထင်ရှားသည့်အချက်မှာစစ်တောင်းမြစ်တွင် ၂၅ မိုင် (၄၀ ကီလိုမီတာ) ခရီးကို တနှစ်ပတ်လုံး ရေလမ်းခရီးသွားလာနိုင်ပြီး မိုင်ပေါင်း ၅၅ (၉၀ ကီလိုမီတာ) ခရီးကို တနှစ်တွင် ၃-လကြာမျှ ရေလမ်းခရီး သွားလာနိုင်ပါသည်။ ရေစီးသန်၍ နုန်းမြေပို့ချမှုနည်းပါးသောကြောင့် စစ်တောင်းမြစ်သည် စိုက်ပျိုးရေးကို ကောင်းစွာအထောက်အကူမပေးနိုင်ပေ။ သို့သော် ပဲခူးရိုးမမှ ထွက်ရှိသော သစ်လုံးများကို မျှောချတင်ပို့ရာတွင် အသုံးချကြသည်။

ဆက်သွယ်ရေး

သွားလာဆက်သွယ်ရေး လွယ်ကူစေရန် စစ်တောင်းမြစ်နှင့် ပဲခူးမြစ်ကို ဆက်သွယ်ဖောက်လုပ်ထားသည့် တူးမြောင်းရှိသည်။ ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အရှေ့ဖက်ကရင်ပြည်နယ်၊ မွန်ပြည်နယ်များနှင့် ဆက်သွယ်သွားလာရေးအတွက် တည်ဆောက်ထားသည့် စစ်တောင်းတံတားလည်းရှိသည်။

မြစ်ကြောင်းတစ်လျှောက် မြို့များ

[1]

ရည်ညွှန်းကိုးကား

  1. http://www.myanmars.net/myanmar/sittaung-river.htm
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.