ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Health and Sports) သည် ၂၀၁၆ ခုနှစ် မေလ ၂၅ ရက် သမ္မတဦးထင်ကျော် အစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့သည့် မြန်မာအစိုးရ ဝန်ကြီးဌာနတစ်ခု ဖြစ်သည်။ ကျန်းမာရေး ဝန်ကြီးဌာန နှင့် အားကစား ဝန်ကြီးဌာန နှစ်ခုအား ပူးပေါင်း၍ ဝန်ကြီးဌာန တစ်ခုတည်းအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။[1]
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
ဝန်ကြီးဌာန အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၂၅ မေ ၂၀၁၆ |
ယခင်အဖွဲ့အစည်း | ကျန်းမာရေး ဝန်ကြီးဌာန အားကစား ဝန်ကြီးဌာန |
ဌာနချုပ် | နေပြည်တော်၊ မြန်မာနိုင်ငံ |
ဝန်ကြီးများ | ဒေါက်တာသက်ခိုင်ဝင်း |
ဌာနအကြီးအမှူးများ | ၊ ဒုတိယဝန်ကြီး |
ဌာနခွဲများ | ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသရေးဦးစီးဌာန ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန ဆေးသုတေသနဦးစီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန |
ဝက်ဘ်ဆိုက် | mohs.gov.mm |
ဖွဲ့စည်းပုံ
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှာ-
- ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ယခင် ကျန်းမာရေး ဦးစီးဌာန)
- ကုသရေးဦးစီးဌာန (ယခင် ကျန်းမာရေး ဦးစီးဌာန)
- ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန
- ဆေးသုတေသနဦးစီးဌာန
- အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
- တိုင်းရင်းဆေးပညာဦးစီးဌာန
- အားကစားနှင့်ကာယပညာဦးစီးဌာနတို့ဖြစ်သည်။[2]
ဝန်ကြီးများ
လွတ်လပ်ရေးမရမီကာလ
- ဦးလှမင်း (၁၉၄၃-၁၉၄၅)
- ဦးဘဂျမ်း (၁၉၄၅-၁၉၄၇)
ဖဆပလအစိုးရ (၁၉၄၈ ဇန်နဝါရီ ၄ ရက်မှ ၁၉၅၈ စက်တင်ဘာလထိ)
- ဦးအောင်ဇံဝေ
- ဦးခင်မောင်လတ်
- ဒေါက်တာစိန်ဘန်း
- ဦးဘစော
- ဦးလှမင်း
အိမ်စောင့်အစိုးရ (၁၉၅၈ နိုဝင်ဘာမှ ၁၉၆၀ ဖေဖော်ဝါရီလ ၆ ရက်ထိ)
- ဦးထွန်းတင် (၁၉၅၈-၁၉၆၀)
ပြည်ထောင်စုပါတီအစိုးရ (၁၉၆၀ ဖေဖော်ဝါရီမှ ၁၉၆၂ မတ် ၂ ရက်ထိ)
- မစ္စတာစူလတန်မာမွတ် (၁၉၆၀-၁၉၆၂)
တော်လှန်ရေးကောင်စီအစိုးရ (၁၉၆၂ မတ် ၂ ရက်မှ ၁၉၇၄ မတ် ၁ ရက်ထိ)
- ဗိုလ်မှူးချုပ်သန်းဖေ (၁၉၆၂)
- ဗိုလ်မှူးကြီးလှဟန် (၁၉၆၄-၁၉၇၄)
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ (၁၉၇၄ မတ် ၂ ရက်မှ ၁၉၈၈ စက်တင်ဘာ ၁၇ ရက်ထိ)
- ဒေါက်တာလှဟန် (၁၉၇၄)
- ဦးကြည်မောင် (၁၉၇၄-၁၉၇၈)
- ဦးဝင်းမောင် (၁၉၇၈-၁၉၈၁)
- ဦးထွန်းဝေ (၁၉၈၁-၁၉၈၈)
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှ ၁၉၉၇ နိုဝင်ဘာ ၁၄ ရက်ထိ)
- ဗိုလ်မှူးကြီးဖေသိန်း (၁၉၈၈-၁၉၉၃)
- ဒုတိယဗိုလ်ချုပ်ကြီးသန်းညွန့်(၁၉၉၃-၁၉၉၆)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၉၉၇ နိုဝင်ဘာ ၁၅ ရက်မှ ၂၀၁၁ မတ် ၃၀ ရက်ထိ)
- ဦးစောထွန်း (၁၉၉၆-၁၉၉၇)
- ဗိုလ်ချုပ်ကတ်စိန် (၁၉၉၇-၂၀၀၃)
- ပါမောက္ခဒေါက်တာကျော်မြင့် (၂၀၀၃-၂၀၁၁)[3]
ဦးသိန်းစိန် အစိုးရ (၂၀၁၁ မတ် ၃၁ မှ ၂၀၁၆ မတ် ၃၀ ထိ)
ကိုးကား
- Two ministries renamed။ နိုင်ငံတော် သမ္မတရုံး။ ၁၇ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဖွဲ့စည်းပုံ (၁၉ တနင်္ဂနွေ မတ် ၂၀၁၇)။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန။
- Who's Who in Health and Medicine in Myanmar: a biographical dictionary of men and women who have contributed to the development of health and medicine in Myanmar since independence (1948)။ ရန်ကုန်: Department of Health Planning, Ministry of Health, Myanmar။ ၂၀၀၃။ p. စာမျက်နှာ ၄။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.