သမ္မတရုံး ဝန်ကြီးဌာန

သမ္မတရုံး ဝန်ကြီးဌာန (တနည်းအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးအင်္ဂလိပ်: Office of the President of the Republic of the Union of Myanmar) သည် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်သည့်ရုံး ဖြစ်သည်။

နိုင်ငံတော်သမ္မတရုံး
 မြန်မာအစိုးရအဖွဲ့အစည်း

ပြည်​ထောင်စုဝန်ကြီး
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်နိုင်ငံတော်သမ္မတအိမ်တော်နေပြည်တော်
ဝန်ကြီးများလစ်လပ်
ဝက်ဘ်ဆိုက်president-office.gov.mm

သမိုင်းကြောင်း

စစ်အစိုးရအုပ်ချုပ်ရေးမှ ဒီမိုကရေစီအုပ်ချုပ်ရေးသို့ကူးပြောင်းရာ ၂၀၁၁ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။နိုင်ငံတော်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်၊ ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန်နှင့် ၂၀၁၄အာဆီယံထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရန်အတွက် ၂၀၁၂ခုနှစ် စက်တင်ဘာလ၄ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနကို ဝန်ကြီးဌာန၆ခုအထိတိုးချဲ့ခဲ့သည်။ [1]၂၀၁၃ခုနှစ် ဇန်နဝါရီလ၉ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးရဲထွဋ်ကို နိုင်ငံတော်သမ္မတရုံး၏ ပထမဆုံးသော ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည်။[2]ထို့နောက်တွင် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆက်လက်ဆောင်ရွက်ခဲ့သည်။သမ္မတဦးထင်ကျော်လက်ထက်တွင် ဝန်ကြီးဌာနတစ်ခုအဖြစ်လျှော့ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။

ဖွဲ့စည်းပုံ

  • ပြည်ထောင်စုဝန်ကြီးရုံးအဖွဲ့
  • သမ္မတဦးစီးရုံး
  • ဒုတိယသမ္မတ (၁) ဦးစီးရုံး
  • ဒုတိယသမ္မတ (၂) ဦးစီးရုံး
  • နိုင်ငံရေးနှင့်လုံခြုံရေးဌာနကြီး
  • စီးပွားရေးရာဌာနကြီး
  • လူမှုရေးနှင့် ယဉ်ကျေးမှုဌာနကြီး
  • စီမံရေးနှင့် ဘဏ္ဍာရေးဌာနကြီး
  • အိမ်တော်များဌာနကြီး
  • လုံခြုံရေးအရာရှိချုပ်ဌာနကြီး
  • သုတေသန၊ သတင်းပြန်ကြားရေးနှင့် တိုင်ကြားစာများဌာနကြီး[3]

သမ္မတအကြံပေးပုဂ္ဂိုလ်များ (၂၀၁၁-၂၀၁၆)

သမ္မတဦးသိန်းစိန်လက်ထက်တွင် စီးပွားရေး၊ သာသနာရေး၊ဥပဒေ၊ ပညာရေးဆိုင်ရာသမ္မတအကြံပေးပုဂ္ဂိုလ်များ ခန့်အပ်ခဲ့သည်။ သမ္မတအကြံပေးအဖွဲ့ဝင်၉ဦး[4]ကို ၂၀၁၁ခုနှစ် ဧပြီ၁၉ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[5]၂၀၁၄ခုနှစ် ဇွန်လ၁၈ရက်နေ့တွင် ဦးမြင့်မောင်နှင့် ဦးစိန်ဝင်းအောင်ကို သာသနာရေးဆိုင်ရာ အကြံပေးအဖြစ် ထပ်မံခန့်အပ်ခဲ့သည်။[6][7][8]

၂၀၁၄ခုနှစ်အထိ သမ္မတအကြံပေးအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

ကိုးကား

  1. Nyein Nyein။ "Four New Ministries Created in President’s Office"၊ The Irrawaddy၊ 4 September 2012။
  2. "Burma President’s Office Appoints First Spokesperson"၊ The Irrawaddy၊ 9 January 2013။
  3. "နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန"၊ National Web Portal။
  4. "Myanmar president pledges to work for best of nation with advisory board"၊ CCTV၊ 5 April 2011။ Archived from the original on 7 July 2015။
  5. Notification No. 53/2013 Republic of the Union of Myanmar President Office (7 August 2013)။
  6. Mathieson၊ David Scott။ "Burma: the Clash of Church, State, and Society"၊ Human Rights Watch၊ 9 July 2014။
  7. Notification (No. 40/2014) Republic of the Union of Myanmar Union Government (18 June 2014)။
  8. Kyaw Hsu Mon။ "Burmese President Appoints New Religious Advisors"၊ The Irrawaddy၊ 19 June 2014။
  9. "Advisory Board"၊ Alternative Asean Network on Burma၊ 9 September 2013။ Archived from the original on 5 December 2014။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.