အာဆီယံထိပ်သီးအစည်းအဝေး

အာဆီယံ ထိပ်သီးအစည်းအဝေးသည် အာဆီယံနိုင်ငံများအကြား စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် လူမှုဘဝတိုးတက်ရေးတို့အတွက် ဆွေးနွေးရန် နှစ်စဉ်ကျင်းပသော အစည်းအဝေးဖြစ်သည်။ ထို့အပြင် အာရှနှင့် နိုင်ငံတကာခေါင်းဆောင်များနှင့်လည်း အစည်းအဝေးပွဲများ တစ်ဆက်တည်း ကျင်းပကြသည်။ ကမ္ဘာ့အဆင့် ရလဒ်များ ထုတ်ပြန်မှုကြောင့် နိုင်ငံတကာ၏ လက်ခံမှုရထားသော အစည်းအဝေးဖြစ်သည်။

ASEAN Summit
ASEAN members shown in green.
အခြေနေActive
အမျိုးစားသံတမန် ညီလာခံ
ကြိမ်နှုန်းSemi-annually
သက်ဝင်နှစ်ပေါင်း53
ဖွဲ့စည်းခဲ့ဖေဖော်ဝါရီ ၂၄၊ ၁၉၇၆ (၁၉၇၆-၀၂-၂၄)
မကြာသေးခင်က2017

အာဆီယံ အပေါင်း ၃ အစည်းအဝေးအဖြစ် အာဆီယံနှင့် ရည်မှန်းချက်တူနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့နှင့်လည်း (တွေ့ဆုံဆွေးနွေးရေးမိတ်ဖက်နိုင်ငံ) နှစ်စဉ်ကျင်းပသည်။

  • အာဆီယံခေါင်းဆောင်များသည် ဒေသတွင်းအဖွဲ့အစည်း အစည်းအဝေး ကျင်းပခြင်း
  • အာဆီယံဒေသတွင်းဖိုရမ်များကို နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ ကျင်းပခြင်း
  • တွေ့ဆုံဆွေးနွေးရေး မိတ်ဖက်နိုင်ငံ ၃နိုင်ငံမှ ခေါင်းဆောင်များနှင့် ဆွေးနွေးခြင်း
  • နောက်ထပ် တွေ့ဆုံဆွေးနွေးရေး မိတ်ဖက်နိုင်ငံ ၂ နိုင်ငံ (ဩစတေးလျ၊ နယူးဇီလန်) တို့နှင့် ကျင်းပခြင်း

သမိုင်း

ပထမဆုံးအစည်းအဝေးကို ၁၉၇၆ ဖေဖော်ဝါရီတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ ကျင်းပခဲ့သည်။ ဤပွဲတွင် အာဆီယံ၏ ပြင်ပနိုင်ငံများနှင့် ဆက်ဆံရေးအသွင်ကို ပြသခဲ့သည်။ ချစ်ကြည်ရေးနှင့် ပူးပေါင်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ

အာဆီယံထိပ်သီးအစည်းအ​ဝေးမှာ အာဆီယံ၏ မူ​ဝါဒ​ရေးရာ အဆင့်မြင့်အစည်းအ​ဝေးတစ်ခုဖြစ်သည်။ထိုအစည်းအ​​ဝေးသို့ နိုင်ငံ​တော်​ခေါင်း​ဆောင်များ၊ အစိုးရအဖွဲ့​ခေါင်း​ဆောင်များ တက်​ရောက်ကြသည်။အာဆီယံအလှည့်ကျဥက္ကဋ္ဌမှာ နိုင်ငံ၏ အင်္ဂလိပ်စကားလုံး​ပေါ်တွင် အစဉ်လိုက် အလှည့်ကျ တာဝန်ယူရသည်။အလှည့်ကျဥက္ကဋ္ဌသည် ပြက္ခဒိန်တစ်နှစ်စာတာဝန်ယူရပြီး ထိပ်သီးအစည်းအ​ဝေးအပါအဝင် ဆက်စပ်အစည်းအ​ဝေးများကို လက်ခံကျင်းပရသည်။[1] ၂၀၂၀ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌမှာ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်ဖြစ်သည်။ ​အောက်ပါတို့မှာ ၂၀၁၉ခုနှစ် အာဆီယံထိပ်သီးအစည်းအ​ဝေးများကို တက်​ရောက်ခဲ့သည့် အာဆီယံနိုင်ငံများမှ နိုင်ငံ​တော်​ခေါင်း​ဆောင်များ၊ အစိုးရ​ခေါင်း​ဆောင်များဖြစ်သည်။

      အာဆီယံအလှည့်ကျဥက္ကဋ္ဌ

ASEAN Summit

အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်
အရှေ့တောင်အာရှနိုင်ငံများအသင်း
အထွေထွေအတွင်းရေးမှူးချုပ်
လင်​ဂျော့ဟွိုင်
( ဘရူနိုင်း)


ဘရူနိုင်းနိုင်ငံ၊ ငြိမ်ချမ်းရေး၏စံအိမ်တော်

ဆူတန်
ဟန်ဆာနယ် ဘိုကီးယက်


ကမ္ဘောဒီးယားဘုရင့်နိုင်ငံ

ဝန်ကြီးချုပ်
ဟွန်ဆန်


အင်ဒိုနီးရှားသမ္မတနိုင်ငံ

သမ္မတ
ဂျိုကို ဝီဒိုဒို


လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ

ဝန်ကြီးချုပ်
သွန်​လောင်


မလေးရှားဖက်ဒရယ်နိုင်ငံ

ဝန်ကြီးချုပ်
မဟာသီယာ မိုဟာမက်


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
​ဒေါ်အောင်ဆန်းစုကြည်


ဖိလစ်ပိုင်သမ္မတနိုင်ငံ

သမ္မတ
ရော်ဒရီဂို ဒူတာတေး


စင်ကာပူသမ္မတနိုင်ငံ

ဝန်ကြီးချုပ်
လီရှန်လုံး


ထိုင်းဘုရင့်နိုင်ငံ

ဝန်ကြီးချုပ်
ပရာယွတ်ချန်အိုချာ


ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ

ဝန်ကြီးချုပ်
ငုယင်ဇန်ပတ်

ကျင်းပခဲ့သည့်အစည်းအ​ဝေးပွဲများ

ထိပ်သီးအစည်းအဝေးများ
အကြိမ်နေ့စွဲနိုင်ငံကျင်းပရာမြို့(များ)ဥက္ကဋ္ဌ
၂၃-၂၄ ဖေဖော်ဝါရီ ၁၉၇၆ အင်ဒိုနီးရှားဘာလီမြို့သမ္မတ ဆူဟာတို
၄-၅ ဩဂုတ် ၁၉၇၇ မလေးရှား ကွာလာလမ်ပူမြို့ဝန်ကြီးချုပ် ဟူစိန်ဟွန်း
၁၄-၁၅ ဒီဇင်ဘာ ၁၉၈၇ ဖိလစ်ပိုင်မနီလာမြို့တော်သမ္မတ အာကီနို
၂၇-၂၉ ဇန်နဝါရီ ၁၉၉၂ စင်ကာပူစင်ကာပူဝန်ကြီးချုပ် ဂိုချုပ်တောင်
၁၄-၁၅ ဒီဇင်ဘာ ၁၉၉၅ ထိုင်းဘန်ကောက်မြို့ဝန်ကြီးချုပ် ဘန်ဟန် ဆီပါအာချာ
၁၅-၁၆ ဒီဇင်ဘာ ၁၉၉၈ ဗီယက်နမ်ဟနွိုင်းမြို့ဝန်ကြီးချုပ် ဖန်ဗန်ခိုင်
၅-၆ နိုဝင်ဘာ ၂၀၀၁ ဘရူနိုင်းဘန်ဒါဆရီဘဂါဝမ်မြို့ဆူတန် ဟန်ဆာနယ် ဘိုကီယာ
၄-၅ နိုဝင်ဘာ ၂၀၀၂ ကမ္ဘောဒီးယားဖနွမ်းပင်မြို့ဝန်ကြီးချုပ် ဟွန်ဆန်
၇-၈ အောက်တိုဘာ ၂၀၀၃ အင်ဒိုနီးရှားဘာလီမြို့သမ္မတ မဂ္ဂဝတီ ဆူခါနော်ပူထရီ
၁၀၂၉-၃၀ နိုဝင်ဘာ ၂၀၀၄ လာအိုဗီယင်ကျန်းမြို့ဝန်ကြီးချုပ် ဘိုဟန် ဗော်ရာချစ်
၁၁၁၂-၁၄ ဒီဇင်ဘာ ၂၀၀၅ မလေးရှားကွာလာလမ်ပူမြို့ဝန်ကြီးချုပ် အဗူဒေါ အမတ် ဘော်ဒဝီ
၁၂၁၁-၁၄ ဇန်နဝါရီ ၂၀၀၇1 ဖိလစ်ပိုင်2မန်ဒေါင်းသမ္မတ ဂလော်ရီယာ မကာပယ်ကယ် အာရိုယို
၁၃၁၈-၂၂ နိုဝင်ဘာ ၂၀၀၇ စင်ကာပူစင်ကာပူမြို့ဝန်ကြီးချုပ် လီရှန်လုံး
၁၄3၂၇ ဖေဖော်ဝါရီ- ၁ မတ် ၂၀၀၉ ထိုင်းချမ်အမ်းမြို့ & ဟွာဟင်းမြို့ဝန်ကြီးချုပ် အဘီစစ် ဝိဇ္ဇာဇီဝ
၁၀-၁၁ ဧပြီ ၂၀၀၉ပတ္တယားမြို့
၁၅၁၃-၂၅ အောက်တိုဘာ ၂၀၁၀ချမ်အမ်းမြို့ & ဟွာဟင်းမြို့
၁၆၈-၉ ဧပြီ ၂၀၁၀ ဗီယက်နမ်ဟနွိုင်းမြို့ဝန်ကြီးချုပ် ငုယင်တန်ဒန်း
၁၇၂၈-၃၁ အောက်တိုဘာ ၂၀၁၀
၁၈၇-၈ မေ ၂၀၁၁ အင်ဒိုနီးရှား4ဂျကာတာမြို့သမ္မတ ဆူဆီလို ဘမ်ဘန် ယော့ဟွိုင်နို
၁၉၁၄- ၁၉ နိုဝင်ဘာ ၂၀၁၁ဘာလီမြို့
၂၀၃-၄ ဧပြီ ၂၀၁၂ ကမ္ဘောဒီးယားဖနွမ်းပင်မြို့ဝန်ကြီးချုပ် ဟွန်ဆန်
၂၁၁၇-၂၀ နိုဝင်ဘာ ၂၀၁၂
၂၂၂၄-၁၅ ဧပြီ ၂၀၁၃ ဘရူနိုင်းဘန်ဒါဆရီဘဂါဝမ်မြို့ဆူတန် ဟန်ဆာနယ် ဘိုကီယာ
၂၃၉-၁၀ အောက်တိုဘာ ၂၀၁၃
၂၄၁၀-၁၁ မေ ၂၀၁၄ မြန်မာနေပြည်တော်မြို့သမ္မတ ဦးသိန်းစိန်
၂၅၁၀-၁၂ နိုဝင်ဘာ ၂၀၁၄
၂၆၂၆-၂၇ ဧပြီ ၂၀၁၅ မလေးရှားကွာလာလမ်ပူမြို့ & လမ်ကဝီမြို့ဝန်ကြီးချုပ် နာဂျစ် ရာဇက်
၂၇၁၈-၂၂ နိုဝင်ဘာ ၂၀၁၅Kuala Lumpur
၂၈၆-၈ စက်တင်ဘာ ၂၀၁၆ လာအိုဗီယင်ကျန်းမြို့ဝန်ကြီးချုပ် သွန်လွန် ဆီဆိုလစ်
၂၉
၃၀၂၈-၂၉ ဧပြီ ၂၀၁၇ ဖိလစ်ပိုင်ပါစီသမ္မတ ရော်ဒရီဂို ဒူတာတေး
၃၁၁၀- ၁၄ နိုဝင်ဘာ ၂၀၁၇
၃၂၂၅-၂၈ ဧပြီ ၂၀၁၈ စင်ကာပူစင်ကာပူမြို့ဝန်ကြီးချုပ် လီရှန်လုံး
၃၃၁၁-၁၅ နိုဝင်ဘာ ၂၀၁၈
၃၄၂၀-၂၃ ဇွန် ၂၀၁၉ ထိုင်းဘန်ကောက်မြို့ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ
၃၅၃၁ အောက်တိုဘာ- ၄ နိုဝင်ဘာ ၂၀၁၉
၃၆ဧပြီ/မေ ၂၀၂၀ ဗီယက်နမ်TBA
၃၇အောက်တိုဘာ/နိုဝင်ဘာ ၂၀၂၀
1 မူလက ၁၀-၁၄ ဒီဇင်ဘာ ၂၀၀၆တွင် ကျင်းပရန်စီစဉ်ထား​သော်လည်း တိုင်ဖွန်းမုန်တိုင်း​ကြောင့် ရက်ရွှေ့လိုက်ရသည်။
2 မူလက အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာကို ​ရွေးချယ်ထား​သော်လည်း အ​မေရိကန်နှင့် ဥ​ရောပသမဂ္ဂတို့၏ ကြီးမားသည့် ဖိအားများ​ကြောင့် ဖိလစ်ပိုင်မှ အလှည့်​ကျော်ခဲ့သည်။
3ထိပ်သီးအစည်းအ​ဝေးမှာ အပိုင်း၂ပိုင်းခွဲ၍ ကျင်းပခဲ့သည်။ပထမအပိုင်းကို ၂၀၀၈ထိုင်းနိုင်ငံ​ရေးအကျပ်အတည်းများ​ကြောင့် ၁၂-၁၇ ဒီဇင်ဘာ ၂၀၀၈မှ ရက်​ရွှေ့ခဲ့သည်။ဆန္ဒပြသူများမှာ အစည်းအ​ဝေးကျင်းပရာ​နေရာအထိ ဝင်​ရောက်လာသဖြင့် ဒုတိယအပိုင်းကိုဧပြီလ ၁၁ရက်​နေ့တွင် ဖျက်သိမ်းလိုက်ရသည်။
4အင်ဒိုနီးရှားသည် အာရှ-ပစိဖိတ်စီးပွား​ရေးပူး​ပေါင်း​ဆောင်ရွက်​ရေးအစည်းအ​ဝေး၊ ဂျီ-၂၀ ထိပ်သီးအစည်းအ​ဝေးတို့နှင့်အတူ အာဆီယံထိပ်သီးအစည်းအ​ဝေးကိုပါကျင်းပရန်အတွက် ဘရူနိုင်းနိုင်ငံနှင့် ကျင်းပရန်အလှည့် လဲလှယ်ခဲ့သည်။သို့​သော် ​နောက်ပိုင်းတွင် ဂျီ-၂၀အစည်းအ​ဝေးကို ရုရှားမှ ကျင်းပခွင့်ရခဲ့သည်။

ဘန်​ကောက်မြို့တွင်ကျင်းပ​သော ၅ကြိမ်​မြောက်အစည်းအ​ဝေးမှစတင်၍ ပုံမှန်အစည်းအ​ဝေးများအတွင်း ပုံမှန်မဟုတ်သည့်အစည်းအ​ဝေးများပါကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။

ASEAN Summit for Public Relations (APRS).
#DatesCountryCity
1st4–7 February 2015 အင်ဒိုနီးရှားBatam

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.