ကိုရီးယားသမ္မတနိုင်ငံ

တောင်ကိုရီးယား (ကိုရီးယား သမ္မတနိုင်ငံ) သည် အရှေ့အာရှတွင် ပါဝင်ပြီး အများအားဖြင့် ကိုရီးယားနိုင်ငံဟုသာ ခေါ်ဝေါ်ကြသည်။ ကိုရီးယားကျွန်းဆွယ်၏ တောင်ဘက်ပိုင်း ဖြစ်ပြီး အနောက်ဘက်တွင် တရုတ် ၊ အရှေ့ဘက်တွင် ဂျပန် ၊ နှင့် မြောက်ဘက်တွင် မြောက်ကိုရီးယား တို့ဖြင့် ဝန်းရံထားသည်။ မြို့တော်မှာ ဆိုးလ် ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယ လူဦး​ရေ အထူထပ်ဆုံး မြို့ဖြစ်သည်။

ကိုရီးယားသမ္မတနိုင်ငံ
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: 널리 인간을 이롭게 하라 (홍익인간) Benefit all humankind
မြို့တော်ဆိုးလ်
အကြီးဆုံးမြို့ဆိုးလ်
ရုံးသုံး ဘာသာစကားများကိုရီးယန်း
လူမျိုးစုကိုရီးယားတရုတ်ဂျပန်
အမျိုးအစားသမ္မတစနစ်
အစိုးရ
 သမ္မတ
မွန်ဂျေအင်း
 ဝန်ကြီးချုပ်
Lee Nak-yeon
တည်ထောင်
 လွတ်လပ်ရေးရခြင်း
၁၉၁၉ မတ်(၁)
 တောင် - မြောက် ခွဲခြားခြင်း
၁၉၄၅ ဩဂုတ် (၁၅)
ဧရိယာ
 စုစုပေါင်း
၁၀၀,၀၃၂ km² (အဆင့်: ၁၀၈)
 ရေထု (%)
၀.၃
လူဦးရေ
 ခန့်မှန်း
၄၉,၀၄၄,၇၉၀ (အဆင့် - ၂၄)
 သိပ်သည်းမှု
၄၉၃/km²(၁,၂၇၄/sq mi) (အဆင့် - ၁၂)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
US $၉၆၉.၈၇၁ သိန်းကုဋေ (အဆင့် - ၁၃)
 Per capita
US $၂၄,၈၀၃ (အဆင့် - ၂၈)
HDI၀.၉၂၈
အလွန်မြင့် · ၂၅
ငွေကြေးဝမ် ("KRW")
တယ်လီဖုန်းကုဒ်+၈၂
Internet TLD.kr

တောင်ကိုရီးယားနိုင်ငံဟု လူသိများသော ကိုရီးယားသမ္မတနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၃၈ဝ၃၁ ခန့် ကျယ်ဝန်းပြီး ၁၉၇၅ ခုနှစ် ကုလသမဂ္ဂအဖွဲ့ကြီး၏ ခန့်မှန်းချက်အရ လူဦးရေ ၃၃,ဝ၉၅,ဝဝဝ ခန့်ရှိသည်။ ၂၀၁၅ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံတော်ရှိ စုစုပေါင်းလူဦးရေ၏ ၅၆.၉% မှာ ဘာသာရေး အဖွဲ့အစည်းနှင့် မပတ်သက်ကြောင်း ဖော်ပြထားသော်လည်း အများစုမှာ နတ်ကိုးကွယ်သူများ ဖြစ်ကြသည်။ နိုင်ငံတော်လူဦး‌ရေ၏ ၂၇.၆% မှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ပြီး၊ ၁၅.၅% မှာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြသူများ ဖြစ်သည်။ အစ္စလမ်ဘာသာဝင်နှင့် အခြားဘာသာဝင်များလည်း ရှိသည်။ မြို့တော်မှာ ဆိုးလ် ဖြစ်သည်။ နိုင်ငံတော်သမ္မတမှာ မွန်ဂျေအင်း ဖြစ်သည်။

ကိုရီးယားသမ္မတနိုင်ငံအား အမေရိကန်အစိုးရက စီးပွားရေးနှင့် စစ်ရေး အကူအညီများ ပေးခဲ့သည်။ ၁၉၇ဝ-၇၁ခုနှစ်မှ အစပြု၍ တောင်ကိုရီးယား နိုင်ငံတွင် အခြေစိုက်ခဲ့သော အမေရိကန် စစ်တပ်များကို တဖြည်းဖြည်းပြန်လည် လျှော့ချပေးခဲ့သည်။ တောင်နှင့်မြောက် ကိုရီးယားနိုင်ငံတို့ ပြန်လည်ပေါင်းစည်းရေးနှင့် ကွဲကွာနေသော မိသားစုများအား ပြန်လည်တွေ့ဆုံနိုင်ရေးအတွက် မြောက်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးနေဆဲ ဖြစ်သည်။

စီးပွားရေး

ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုသည် ပြီးခဲ့သော ဆယ်စုနှစ် လေးခုအတွင်း ကမ္ဘာပေါ်တွင် ဒုတိယ ဖြစ်ခဲ့သည်။ ကိုရီးယား၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပက်သတ်၍ ဟန်မြစ်ဝှမ်းမှ အံ့ဖွယ်ဖြစ်ရပ် ဟု တင်စားကြပြီး နိုင်ငံတကာ ပတ်ဝန်းကျင်၌ အာရှကျားလေးကောင် တွင် အပါအဝင်အဖြစ် လေးစားခြင်း ခံခဲ့ရသည်။ ထို့ကြောင့် တောင်ကိုးရီးယား၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် စံနမူနာပြ ဖြစ်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံသည် သယံဇာတများ နည်းပါး၍ နိုင်ငံပိုင်နက် နယ်နမိတ် ကျဉ်းမြောင်းသော်လည်း ၎င်း၏စီးပွားရေးသည် ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံး အဖြစ် သတ်မှတ်ကြသည်။ တောင်ကိုရီးယား၏ စီးပွားရေးသည် အာရှတွင် စတုတ္ထမြောက်နှင့် ကမ္ဘာပေါ်တွင် (၁၃) ခုမြောက် အင်အား အကြီးဆုံး ဖြစ်သည်။ အမေရိကန်၏ အဓိက ကုန်သွယ်ဘက် နိုင်ငံများတွင်လည်း အပါအဝင် ဖြစ်သည်။

စစ်ရေး

စစ်ရေးအင်အားကိုကြည့်လျှင် တောင်ကိုရီးယားသည် ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် အင်အားအကြီးဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ ဒုတိယမြောက် တိုက်ပွဲဝင် အရံအင်အားများ ရှိကာ စစ်ရေးအသုံးစရိတ်သည် ကမ္ဘာပေါ်တွင် ထိပ်ဆုံး (၁၀) နိုင်ငံ စာရင်းဝင်ဖြစ်သည်။ တောင်ကိုရီးယား၏ စစ်ရေးအင်အားတွင် ကြည်းတပ် (Army)၊ ရေတပ်(Navy)၊ လေတပ် (Air Force) နှင့် ကမ်းတပ်တပ်ဖွဲ့ (Marine Corps) နှင့် အရံတပ်ဖွဲ့များ ပါဝင်သည်။ ၎င်း၏ တပ်ဖွဲ့အများစုကို ကိုရီးယား စစ်မဲ့ဇုံ ၏ အနီးအနားတွင် ချထားလျက် ရှိသည်။ တောင်ကိုရီးယား၏ အရွယ်ရောက်သည့် ယောက်ျားလေးတိုင်းသည် စစ်မှုမထမ်းမနေရ စနစ်ဖြင့် (၂) နှစ်ကြာ စစ်မှုထမ်းရသည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.