သမ္မတအိမ်တော် (နေပြည်တော်)
သမ္မတအိမ်တော်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ဥသျှောင်ဖြစ်သော သမ္မတအတွက် နေအိမ်နှင့် ရုံးစိုက်ရန်အတွက် ရည်ရွယ်၍ ဆောက်လုပ်ထားသော အိမ်တော်ဖြစ်သည်။ သမ္မတအိမ်တော်သည် နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် တည်ရှိသည်။ အိမ်တော်သည် အခန်း ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး အိမ်တော်ပတ်လည်တွင် ကျုံးများဖြင့်ကာရံထားကာ ကျုံးများကို ဖြတ်သန်းရန်အတွက် တံတားများလည်း ပါရှိသည်။[1][2][3]
သမ္မတအိမ်တော် | |
---|---|
သမ္မတအိမ်တော် | |
သမ္မတအိမ်တော် တည်နေရာ | |
အထွေထွေ အချက်အလက်များ | |
လိပ်စာ | ရာဇဌာနီလမ်းမကြီး၊ ဇေယျာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ် |
မြို့ | နေပြည်တော် |
နိုင်ငံ | မြန်မာနိုင်ငံ |
ကိုဩဒိနိတ် | 19.768°N 96.1219°E |
လက်ရှိ အငှားနေထိုင်သူ | ဦးဝင်းမြင့် (မြန်မာနိုင်ငံ၏ သမ္မတ) |
ပြီးစီး | ၂၀၁၀ |
ဓာတ်ပုံပြခန်း
- ဦးသိန်းစိန်နှင့်အတူ ဟီလာရီ ကလင်တန်အား တွေ့ရစဉ်
- ဦးသိန်းစိန်အား ဂျွန်ကယ်ရီနှင့်အတူ ပလ္လင်တော်ရှေ့တွင် တွေ့ရစဉ်
- အရေးကြီးဧည့်သည်တော်များအားတွေ့ဆုံရာ အဓိကဧည့်ခန်းမဆောင်
- သမ္မတဦးထင်ကျော်မှ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ အား သမ္မတအိမ်တော် ၌ တွေ့ဆုံစဉ်
အခြားကြည့်ရန်
ကိုးကား
- Reuters Editorial (17 January 2010)။ As poll looms, Myanmar still building parliament။ Reuters။
- Naypyidaw, An Unconventional Capital။ Google Sightseeing။
- Burma: welcome to Naypyidaw - the home of kings - and the world's weirdest capital city။ Telegraph.co.uk (18 November 2011)။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.