မြန်မာ့ အနုပညာ
မြန်မာ့အနုပညာဆိုသည်မှာ မြန်မာတို့ ဖန်တီးထားသော အနုပညာလက်ရာများကို ဆိုလိုသည်။ အနုပညာဟုဆိုရာ၌ ဘုရား၊ ကျောင်း၊ ကန်၊ တိုက်တာအဆောက်အဦးများရှိ လက်မှုအတတ်ပညာများ၊ ပန်းချီ၊ ပန်းပု၊ စာပေဂီတ၊ အက စသည့် အနုပညာများလည်း ပါဝင်သည်။ ၁၄၀၀ စီအီးကပင် အနုပညာရှင်များက မြန်မာ့ယဉ်ကျေးမှုကို ထင်ဟပ်စေမည့် ပန်းချီ၊ ပန်းပုလက်ရာများကို ဖန်တီးခဲ့ကြသည်။[1] မြန်မာ့အနုပညာများသည် ဗုဒ္ဓဘာသာ အမှတ်အသားများဟုဆိုနိုင်သည့် မုဒြာ၊ ဇာတက စသည်တို့ကို များစွာ ဖန်တီးထားသည်။ ထို့အပြင် ဟိန္ဒူ၊ စကြာဝဠာဆိုင်ရာ၊ နတ် စသည်တို့ကို အခြေခံသော အနုပညာများစွာလည်း ရှိသည်။[2]
ဗုဒ္ဓရုပ်ပွားတော်များမှာ ခေတ်အလိုက်ကွဲပြားမှုများရှိသည်။[3] မြန်မာ့အနုပညာတွင် အရေးပါလှသော ပန်း(၁၀)မျိုးအတတ်ပညာ ရှိပေသည်။[4]
- ပန်းပဲ
- ပန်းပု
- ပန်းထိမ်
- ပန်းတော့
- ပန်းရန်
- ပန်းတမော့
- ပန်းပွတ်
- ပန်းချီ
- ပန်းယွန်း
- ပန်းတဉ်း
နောက်ထပ်အားဖြင့် ရက်ကန်းယက်ခြင်း၊ အိုးလုပ်ခြင်း၊ ရွှေချည်ထိုးခြင်း၊ ကျောက်သွေးခြင်း၊ ရွှေပြားခတ်ခြင်း စသည်တို့မှာလည်း တန်ဖိုးရှိလှသော အနုပညာအမွေများ ဖြစ်သည်။ အဆောက်အဦး၊ ဘုရား၊ ကျောင်း၊ကန်များတွင် အုတ်နှင့်အင်္ဂတေကို အဓိကသုံး၍ ဘုရားများကို ရွှေချထားသည်။ ဘုန်းကြီးကျောင်းအများစုကို သစ်သားများဖြင့် ဆောက်လုပ်သည်။ အချို့ဘုန်းကြီးကျောင်းများ (ဥပမာ-မန္တလေးမြို့ရှိ ယောမင်းကြီးအုတ်ကျောင်း)မှာ အခြားပစ္စည်းများပါ ပါဝင်ဆောက်လုပ်သည်။ အများဆုံးတွေ့နိုင်သော အမိုးမှာ ပြာသာဒ်ဖြစ်သည်။
စာပေ
စာပေတွင် ဗုဒ္ဓဘာသာ၏ လွှမ်းမိုးမှုများစွာရှိသည်။
အက
အကတွင် ဒေသအကနှင့် နတ်အကစသည်ဖြင့်ခွဲခြားနိုင်သည်။[5]
ဂီတ
အမျိုးမျိုးသော တူရိယာအခင်းအကျင်းများဖြင့် ဂီတများကိုဖန်တီးကြသည်။ ပတ္တလား၊ စောင်း၊ ဆိုင်းဝိုင်း စသည့်တူရိယာများမှာ ထင်ရှားလှသည်။
ကိုးကား
- "Shan Buddhist Art on the Market: What, Where and Why?" (1 May 2009). Contemporary Buddhism 10 (1): 141–157. Retrieved on 17 December 2016.
- Introduction and history of Buddhism & Burmese Art in Burma (in en)။
- Buddha Images from Burma, Part I။ L'Asie Exotique။ 18 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- Myanmar Traditional Arts။ 4 January 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- Marshall Cavendish Publishing, ed. (2007)။ World and Its Peoples: Eastern and Southern Asia။ Marshall Cavendish။ pp. 630–640။ ISBN 978-0-7614-7631-3။