မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(အင်္ဂလိပ်: Myanmar Investment Commission; အတိုကောက် MIC)သည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများကို တန်ဖိုးသတ်မှတ်ပေးရန်နှင့် အဓိကကဏ္ဍများ ဖွံ့ဖြိုး တိုးတက်မှုများအတွက် အမိန့်ကြော်ငြာစာများကို ထုတ်ဝေရန်အတွက် ဖွဲ့စည်းထားသောကော်မရှင်အဖွဲ့ဖြစ်သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းပြီးသော ၁၉၉၄ ဧပြီတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။[2] ၂၀၀၀ ခုနှစ်တွင် အဖွဲ့အစည်းတွင်းပြောင်းလဲမှုများစွာ ကြုံတွေ့ခဲ့ရပြီး ကော်မတီအဖွဲ့ဝင် လေးဦးထိ လျော့ချခြင်းခံခဲ့ရသည်။[2] မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ၁၉၈၈ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဥပဒေလည်း အသက်ဝင်သည်။[3] ၂၀၁၁ ခုနှစ်တွင် ရင်းနှီးမြှုပ်မှုအဆိုပြုလွှာများကို သေချာမှန်ကန်စွာ လုပ်ဆောင်နိုင်စေရန်အတွက် အဖွဲ့ဝင် ၁၆ ဦးထိ တိုးမြှင့်ခဲ့သည်။ [4]
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း | |
---|---|
ကော်မရှင် အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ဧပြီ ၁၉၉၄ |
ဌာနချုပ် | အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။[1] |
ဌာနအကြီးအမှူးများ | ဦးသောင်းထွန်း၊ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ အတွင်းရေးမှူး |
မိခင်အဖွဲ့အစည်း | စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန |
မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုဥပဒေအသစ်အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အခန်းကဏ္ဍတွင် ပြောင်းလဲမှုများ ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက် အနည်းငယ်အတွက်သာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့် ရယူရန် လိုအပ်ပါသည်။ အဆိုပြုလွှာများကို လျှင်မြန်စွာ စိစစ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အတည်ပြုသည့် အတည်ပြုမိန့်ကိုလည်း ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လျှောက်ထား နိုင်ပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ အစိုးရ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပညာရှင်များ သင့်လျော်သောပုဂ္ဂိုလ်များအား အဖွဲ့ဝင်များအဖြစ် ပါဝင်စေလျက် ဖွဲ့စည်းထားပါသည်။[1]
ရည်ရွယ်ချက်များ
ကော်မရှင်၏ ရည်ရွယ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
- ရင်းနှီးမြှုပ်နှံသူများအား ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းထားသော ရင်းနှီးမြှုပ်နှံမှု ဥပဒေဖြင့် အကာအကွယ်ပေးရန်
- သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်ရန်
- လူမှုပတ်ဝန်းကျင်ထိခိုက်မှုများအား အလေးအနက်ထားရန်
- နိုင်ငံတကာသတ်မှတ်ချက်များနှင့်အညီ ပွင့်လင်းမြင်သာ၍ တာဝန်ယူမှုရှိသော ဘဏ္ဍာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် စစ်ဆေးမှုအလေ့အကျင့်များဖြစ်စေရန်
- အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်စေရန်
- လက်ရှိအလုပ်သမားဥပဒေများအား လိုက်နာဆောင်ရွက်စေရန်
- လူမှုအကျိုးစီးပွားတာဝန်ယူမှုများ(CSR)ကို ထောက်ပံ့ပေးရန်
- နည်းပညာများလွှဲပြောင်းယူရန်[1]
ရုံးခွဲများ
မန္တလေးရုံးခွဲ
- ၂၆ X ၂၇ လမ်းကြား၊ ၈၄လမ်း၊ ဈေးချိုအရှေ့ဘက်တိုက်တန်း၊ တတိယထပ်၊ချမ်းအေးသာဇံမြို့နယ် ၊မန္တလေးတိုင်းဒေသကြီး။
နေပြည်တော်ရုံးခွဲ
- ရုံးအမှတ် (၃၂)၊ နေပြည်တော်
အဖွဲ့ဝင်များ
လက်ရှိအဖွဲ့ဝင်များကို ၂၀၁၈ခုနှစ် ဇွန်လ၁၆ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်သည်။[5]
စဉ် | အမည် | ရာထူး | တာဝန် |
(က) | ဦးသောင်းထွန်း | ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန |
ဥက္ကဋ္ဌ |
(ခ) | ဒေါက်တာသန်းမြင့် | ပြည်ထောင်စုဝန်ကြီး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
ဒုတိယ ဥက္ကဋ္ဌ |
(ဂ) | ဦးထွန်းထွန်းဦး | ပြည်ထောင်စုရှေ့နေချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး |
အဖွဲ့ဝင် |
(ဃ) | ဦးဆက်အောင် | ဒုတိယဝန်ကြီး
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(င) | ဒေါ်နီလာကျော် | ဝန်ကြီး
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ |
အဖွဲ့ဝင် |
(စ) | ဒေါက်တာအောင်ထွန်းသက် | စီးပွားရေးပညာရှင် | အဖွဲ့ဝင် |
(ဆ) | ဦးခင်မောင်ရီ | အမြဲတမ်းအတွင်းဝန်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဇ) | ဦးတိုးအောင်မြင့် | အမြဲတမ်းအတွင်းဝန်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဈ) | ဦးထိန်လွင် | အမြဲတမ်းအတွင်းဝန်(ငြိမ်း)
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ည) | ဦးဌေးချွန် | ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန |
အဖွဲ့ဝင် |
(ဋ) | ဦးအေးလွင် | ဗဟိုအလုပ်အမှုဆောင်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် |
အဖွဲ့ဝင် |
(ဌ) | ဦးအောင်နိုင်ဦး | ညွှန်ကြားရေးမှူးချုပ်
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန |
အတွင်းရေးမှူး |
(ဍ) | ဒေါ်မြသူဇာ | ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန |
တွဲဖက်အတွင်းရေးမှူး |
ကိုးကား
- "မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်"၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန။
- Kudo, Toshihiro (August 2007). "Toshihiro": 15. Institute of Developing Economies.
- Mya Than; Carolyn Gates (2001)။ ASEAN enlargement: impacts and implications။ Institute of Southeast Asian Studies။ p. 265။ ISBN 9789812300812။
- "Myanmar reforms investment commission to boost foreign investment"၊ Xinhua၊ 8 June 2011။ 10 March 2012 တွင် ပြန်စစ်ပြီး။
- "မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြင်ဆင်ဖွဲ့စည်းခြင်း(အမိန့်ကြော်ငြာစာအမှတ် ၆၁/၂၀၁၈)"၊ နိုင်ငံတော်သမ္မတရုံး။
4.Taipei American Chamber of Commerce; Topics Magazine, Analysis, November 2012. "Myanmar: Southeast Asia's Last Frontier for Investment: