သောင်းထွန်း (ဝန်ကြီး)

ဦးသောင်းထွန်းမှာ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သကဲ့သို့ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဥက္ကဋ္ဌလည်းဖြစ်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ဝန်ကြီးဟောင်းလည်းဖြစ်သည်။

ဒေါက်တာ [1]

သောင်းထွန်း
ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး
တာဝန်သက်တမ်း
၁၉ နိုဝင်ဘာ ၂၀၁၈  ၁ ဖေဖော်ဝါရီ ၂၀၂၁
သမ္မတဦးဝင်းမြင့်
ယခင်လူရာထူးစတင်
ဆက်ခံသူဦးအောင်နိုင်ဦး
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဇန်နဝါရီ ၂၀၁၇
သမ္မတဦးထင်ကျော်
ဦးမြင့်ဆွေ(ယာယီ)
ဦးဝင်းမြင့်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၆ ဇွန် ၂၀၁၈
ယခင်လူဦးကျော်ဝင်း
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝန်ကြီး
တာဝန်သက်တမ်း
၂၃ နိုဝင်ဘာ ၂၀၁၇  ၁၉ နိုဝင်ဘာ ၂၀၁၈
သမ္မတဦးထင်ကျော်
ဦးမြင့်ဆွေ(ယာယီ)
ဦးဝင်းမြင့်
ယခင်လူရာထူးစတင်
ဆက်ခံသူဦးမင်းသူ

နိုင်ငံရေး

အစောပိုင်း

ဦးသောင်းထွန်းသည် ဖိလစ်ပိုင်၊ ဘယ်လဂျီယန်၊ နယ်သာလန်နှင့် ဥရောပ သမဂ္ဂဆိုင်ရာ မြန်မာသံအမတ်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခင်စစ်အစိုးရခေတ်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ နိုင်ငံရေးရာဦးစီဌာနတွင် ညွှန်ကြားရေးမှူးချုပ်ဖြစ်လာသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အတွင်းရာထူးများ

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် သမ္မတဦးထင်ကျော်မှ ခန့်အပ်ခဲ့သည်။[2]၂၀၁၇ခုနှစ် နိုဝင်ဘာလတွင် ဝန်ကြီးဌာနအသစ် ၂ ခု ထပ်မံဖွဲ့စည်းရာ တစ်ခုဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအတွက် ဦးသောင်းထွန်းကို ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။[3]ထိုသို့ခန့်အပ်ခြင်းများကို သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းက ဦးသောင်းထွန်းသည် ဂျော့ဆိုးရော့စ် ဖောင်ဒေးရှင်းတွင် အတိုင်ပင်ခံလုပ်ခဲ့သည်ကို ထုတ်ဖေါ်ကြေညာခြင်းမရှိခဲ့သည်မှာ မရိုးသားကြောင်းနှင့် ထိုသို့အမေရိကန်နှင့် တွဲဖက်လုပ်ကိုင်ခဲ့ရာ နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိကြောင်း စွပ်စွဲခဲ့သည်။[4]

၂၀၁၈ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဦးသောင်းထွန်းမှာ ဥက္ကဋ္ဌဖြစ်လာခဲ့သည်။[5]ထိုနေရာမျိုးကို စီးပွားရေးကဏ္ဍဆိုင်ရာ ဝန်ကြီးကို တာဝန်မပေးအပ်ခဲ့သည့်အတွက် နိုင်ငံရေးလောကအတွင်း ဝေဖန်မှုများခဲ့သည်။ အဂတိလိုက်စားမှုများဖြင့် ဝန်ကြီးဦးကျော်ဝင်း နှုတ်ထွက်သွားပြီးနောက် ဝန်ကြီးအသစ် ဦးစိုးဝင်းကို ဝန်မပိစေရန်အတွက်ဟုလည်း ပြောဆိုခဲ့ကြသည်။ ဦးသောင်းထွန်းတွင် ယခင်ကရာထူး ၂ ခုကို ယူထားရ၍ သူ့ကိုပင် ဥက္ကဋ္ဌခန့်လိုက်ခြင်းက NLDပါတီတွင် အတွေ့အကြုံရှိပြီး လက်တွေ့အသုံးချနိုင်သူ ရှားပါးလာခြင်းကို ပြသရာ ရောက်ကြောင်း ဝေဖန်ခဲ့ကြသည်။ NLD အစိုးရသည် သံအမတ်ဟောင်း တဦးကို MIC ဥက္ကဋ္ဌ တာဝန်ပေးခြင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေး အားထုတ်မှု တစ်ခုဟု ဆိုနိုင်သော်လည်း ကျွမ်းကျင်သည့် စီးပွားရေး ပညာရှင်တစ်ဦး ဖြစ်သင့်ကြောင်း MIC ဥက္ကဋ္ဌ ရာထူးသည် စီမံ/ဘဏ္ဍာ ဝန်ကြီး ဖြစ်လာသူနှင့် ပိုမိုသင့်လျော်မည် ဖြစ်ကြောင်း ဗဟိုဘဏ် ဒု ဥက္ကဋ္ဌဟောင်းက ပြောခဲ့သည်။[6]

ဦးဝင်းမြင့်အစိုးရ၏ ပထမဆုံးအကြိမ် ဝန်ကြီးဌာနအသစ်ဖွဲ့စည်းရာတွင် ဦးသောင်းထွန်းကို ဝန်ကြီးဌာန ပြောင်းလဲတာဝန်ပေးခဲ့သည်။ သူ့ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရာထူးမှနေ၍ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်။[7]

ကိုးကား

  1. "မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင် စိတ်ဝင်စားနေ"၊ irrawady news၊ 22 October 2018။
  2. "ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်တာဝန်ပေးခြင်း (အမိန့်အမှတ်၊ ၁/၂၀၁၇)"၊ နိုင်ငံတော်သမ္မတရုံး။
  3. ပြည်ထောင်စုဝန်ကြီးများခန့်အပ်ခြင်း
  4. အမျိုးသားလုံခြုံရေးအကြံပေးက ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးသစ် ဖြစ်လာ
  5. "မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြင်ဆင်ဖွဲ့စည်းခြင်း(အမိန့်ကြော်ငြာစာအမှတ် ၆၁/၂၀၁၈)"၊ နိုင်ငံတော်သမ္မတရုံး။
  6. "ဦးသောင်းထွန်း MIC ဥက္ကဋ္ဌ ဖြစ်လာမှု အပေါ် ဝေဖန်မှုများ ရှိနေ"။
  7. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၄၀ /၂၀၁၈ ပြည်ထောင်စုဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.