အောင်နိုင်ဦး
ဦးအောင်နိုင်ဦး သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က ခန့်အပ်သော ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဖြစ်သည်။ [1] သူသည်စစ်တပ်အရာရှိဟောင်းဖြစ်ပြီး ၂၀၀၀ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းအဖြစ် ပြောင်းလဲခဲ့ပြီးအဓိကကျသော ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ရာထူးများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
ဦးအောင်နိုင်ဦး | |
---|---|
ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
သမ္မတ | မြင့်ဆွေ |
ယခင်လူ | ဦးသောင်းထွန်း |
ကိုယ်ရေး အချက်အလက်များ | |
နိုင်ငံသား | မြန်မာ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
အမှုထမ်းကာလ | ၁၉၈၁-၂၀၀၀ |
တာဝန်ထမ်းဆောင်မှု
အောင်နိုင်ဦးသည် ဝိဇ္ဇာဘွဲ့ရ ဖြစ်သည်။ [2] မြန်မာတပ်မတော်တွင် ၁၉၈၁ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[3] ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၅ ခုနှစ်အကြားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် မြန်မာ့စိုက်ပျိုးရေးခြံထွက်ပစ္စည်းရောင်းဝယ်ရေးဌာနတွင် လက်ထောက်အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ [4] ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဝန်ကြီးဌာနများရုံးရှိ ဌာနာများတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနတွင်လည်းကောင်း၊ ၂၀၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၂ မှ ၂၀၁၉ ခုနှစ်အကြာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ဌာနသို့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ခဲ့သည်။ ၂၀၁၉ ခုနှစ် ဧပြီလတွင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
တပ်မတော်ဦးဆောင်သည့် စစ်အာဏာသိမ်းမှု တွင် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ခန့်အပ်ခံခဲ့ရသည်။[5] [6]
ပုဂ္ဂိုလ်ရေးဘဝ
ဦးအောင်နိုင်ဦးသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သမီးနှစ်ယောက်ရှိသည်။
ကိုးကား
- Tatmadaw names new govt officials (2021-02-01)။
- Aung Naing Oo။
- U Aung Naing Oo။
- U Aung Naing Oo leaves DICA for a new role (2019-04-03)။
- Myanmar’s Health Minister Resigns After Military Takeover (in en-US) (2021-02-01)။
- Tatmadaw names new govt officials (2021-02-01)။