ကျန်းမာရေး ဝန်ကြီးဌာန

ကျန်းမာရေး ဝန်ကြီးဌာန သည် မြန်မာနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်သည့် ဝန်ကြီးဌာန ဖြစ်သည်။ သမ္မတဦးထင်ကျော် အစိုးရလက်ထက်တွင် ကျန်းမာရေး ဝန်ကြီးဌာနှင့် အားကစား ဝန်ကြီးဌာန နှစ်ခုကို ပေါင်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
Ministry of Health
ဝန်ကြီးဌာန အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁၉၄၇
ယခင်အဖွဲ့အစည်းကျန်းမာရေးဌာန
ဖျက်သိမ်းခြင်းမေ ၂၅၊ ၂၀၁၆ (၂၀၁၆-၀၅-၂၅)
ဌာနချုပ်နေပြည်တော်
ဝန်ကြီးများဒေါက်တာမြင့်ထွေး
ဌာနခွဲများပြည်သူ့ကျန်းမာရေးဦးစီးဌာန
ကုသရေးဦးစီးဌာန
ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန
ဆေးသုတေသနဦးစီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
ဝက်ဘ်ဆိုက်moh.gov.mm

ဝန်ကြီးများ

လွတ်လပ်ရေးမရမီကာလ

  1. ဦးလှမင်း (၁၉၄၃-၁၉၄၅)
  2. ဦးဘဂျမ်း (၁၉၄၅-၁၉၄၇)

ဖဆပလအစိုးရ (၁၉၄၈ ဇန်နဝါရီ ၄ ရက်မှ ၁၉၅၈ စက်တင်ဘာလထိ)

  1. ဦးအောင်ဇံဝေ
  2. ဦးခင်မောင်လတ်
  3. ဒေါက်တာစိန်ဘန်း
  4. ဦးဘစော
  5. ဦးလှမင်း

အိမ်စောင့်အစိုးရ (၁၉၅၈ နိုဝင်ဘာမှ ၁၉၆၀ ဖေဖော်ဝါရီလ ၆ ရက်ထိ)

  1. ဦးထွန်းတင် (၁၉၅၈-၁၉၆၀)

ပြည်ထောင်စုပါတီအစိုးရ (၁၉၆၀ ဖေဖော်ဝါရီမှ ၁၉၆၂ မတ် ၂ ရက်ထိ)

  1. မစ္စတာစူလတန်မာမွတ် (၁၉၆၀-၁၉၆၂)

တော်လှန်ရေးကောင်စီအစိုးရ (၁၉၆၂ မတ် ၂ ရက်မှ ၁၉၇၄ မတ် ၁ ရက်ထိ)

  1. ဗိုလ်မှူးချုပ်သန်းဖေ (၁၉၆၂)
  2. ဗိုလ်မှူးကြီးလှဟန် (၁၉၆၄-၁၉၇၄)

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ (၁၉၇၄ မတ် ၂ ရက်မှ ၁၉၈၈ စက်တင်ဘာ ၁၇ ရက်ထိ)

  1. ဒေါက်တာလှဟန် (၁၉၇၄)
  2. ဦးကြည်မောင် (၁၉၇၄-၁၉၇၈)
  3. ဦးဝင်းမောင် (၁၉၇၈-၁၉၈၁)
  4. ဦးထွန်းဝေ (၁၉၈၁-၁၉၈၈)

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှ ၁၉၉၇ နိုဝင်ဘာ ၁၄ ရက်ထိ)

  1. ဗိုလ်မှူးကြီးဖေသိန်း (၁၉၈၈-၁၉၉၃)
  2. ဒုတိယဗိုလ်ချုပ်ကြီးသန်းညွန့်(၁၉၉၃-၁၉၉၆)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၉၉၇ နိုဝင်ဘာ ၁၅ ရက်မှ ၂၀၁၁ မတ် ၃၀ ရက်ထိ)

  1. ဦးစောထွန်း (၁၉၉၆-၁၉၉၇)
  2. ဗိုလ်ချုပ်ကတ်စိန် (၁၉၉၇-၂၀၀၃)
  3. ပါမောက္ခဒေါက်တာကျော်မြင့် (၂၀၀၃-၂၀၁၁)[1]

ဦးသိန်းစိန် အစိုးရ (၂၀၁၁ မတ် ၃၁ မှ ၂၀၁၆ မတ် ၃၀ ထိ)

  1. ပါမောက္ခဒေါက်တာဖေသက်ခင် (၂၀၁၁-၂၀၁၄)
  2. ဒေါက်တာသန်းအောင် (၂၀၁၄-၂၀၁၆)

ဦးထင်ကျော်/ဦးဝင်းမြင့် အစိုးရ (၂၀၁၆ မတ် ၃၁ မှ -)

  1. ဒေါက်တာမြင့်ထွေး (၂၀၁၆-)


ကျန်းမာရေး ဝန်ကြီးဌာန၏ လက်အောက်တွင်အောက်ပါ ဦးစီးဌာနများကို ထပ်မံခွဲထားပါသည်။ ၎င်းဦးစီးဌာနများမှာ-

  1. ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ယခင် ကျန်းမာရေး ဦးစီးဌာန)
  2. ကုသရေးဦးစီးဌာန (ယခင် ကျန်းမာရေး ဦးစီးဌာန)
  3. ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန
  4. ဆေးသုတေသနဦးစီးဌာန
  5. တိုင်းရင်းဆေးပညာဦးစီးဌာန
  6. အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့ဖြစ်သည်။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာန လုပ်ငန်းများကို ယခင်က ပြည်သူ့ဝန်ထမ်း ဝန်ကြီးဌာန၌ တွဲဖက်ထားရှိသည်။ ၁၉၅၃ ခုနှစ် မတ်လတွင် ကျန်းမာရေး ဝန်ကြီးဌာန သီးခြားဖွဲ့စည်း၍ ကျန်းမာရေးလုပ်ငန်းဆိုင်ရာများကို တိုးချဲ့ကာ အားသွန်ဆောင်ရွက်လျက် ရှိသည်။

ဤဝန်ကြီးဌာနရှိ အတွင်းဝန်များအောက်တွင် ညွှန်ကြားရေးဝန် တစ်ဦးရှိသည်။ ထိုညွှန်ကြားရေးဝန်ကို ကူညီရန် ဒုတိယညွှန်ကြားရေးမှူးဝန် ၄ ဦး၊ အုပ်ချုပ်ရေးအရာရှိတစ်ဦးနှင့် လက်ထောက်ညွှန်ကြားရေးဝန်များ ထားရှိသည်။ မြို့နယ်တစ်ခုလျှင် ဆေးရုံတစ်ခုရှိရမည်ဆိုသော ပြည်တော်သာဆောင်ပုဒ်အရ နိုင်ငံတော်အစိုးရသည် ခရိုင်ဆေးရုံကြီးများ၊ မြို့နယ်ဆေးရုံများ၊ ဆေးပေးခန်းများကို အနှံ့အပြား ဖွင့်လှစ်လျက်ရှိသည်။ ၁၉၅၂ ခုနှစ်တွင် ဆေးရုံပေါင်း ၂၁၄ ရုံရှိ၍ ဆေးပေးခန်းပေါင်း ၁၂၁ ခန်း ရှိလေသည်။ ထိုဆေးရုံများအပြင် စိတ်ကျန်းမာရေးဆေးရုံ၊ ခွေးရူးကိုက်ရောဂါကုဆေးရုံ၊ ကုဋ္ဌနူနာဆိုင်ရာ ရောဂါကုဆေးရုံ၊ ကာလသားရောဂါကုဆေးရုံနှင့် တီဘီရောဂါကု ဆေးရုံများလည်း ရှိသည်။

၁၉၅၃ ခုနှစ်တွင် ပေါ်လီကလင်းနစ် ကျန်းမာရေးအဖွဲ့ ဆေးပေးဌာနများကိုလည်း ဖွင့်လှစ်ခဲ့သည်။

[2]

ကိုးကား

  1. Who's Who in Health and Medicine in Myanmar: a biographical dictionary of men and women who have contributed to the development of health and medicine in Myanmar since independence (1948)။ ရန်ကုန်: Department of Health Planning, Ministry of Health, Myanmar။ ၂၀၀၃။ p. စာမျက်နှာ ၄။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.