တင်အေး

ဦးတင်အေး သည် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် တံတားဦးမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံခဲ့ရသည်။ ထို့နောက်တွင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။[2] သူသည် စစ်တက္ကသိုလ်ကျောင်းဆင်း တစ်ဦးဖြစ်ပြီး စစ်မှုထမ်းကာလအတွင်း ဆုတံဆိပ် ၁၅ ခု ချီးမြှင့်ခြင်း ခံခဲ့ရသည်။[2] ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သေးသည်။[3] ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်မှ အနားယူခဲ့ပါသည်။

ဦးတင်အေး
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁  ၃၀ မတ် ၂၀၁၆
သမ္မတဦးသိန်းစိန်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁  ၁၆ ဖေဖော်ဝါရီ ၂၀၁၁
သမ္မတဦးသိန်းစိန်
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူခင်သန္တာ
မဲဆန္ဒနယ်တံတားဦးမြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1945-10-20) ၂၀ အောက်တိုဘာ၊ ၁၉၄၅[1]
လက်ဆောင်ယူကျေးရွာ၊ တံတားဦးမြို့နယ်မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ဒေါ်ကြည်ကြည်အုန်း
သားသမီးသမီး ၁ ဦး၊ သား ၂ ဦး
မိခင်ကျောင်းစစ်တက္ကသိုလ်
ဆုတံဆိပ်များ၁၅ ခု
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
အမှုထမ်းကာလ? - ဧပြီ ၂၀၁၀
ရာထူးဒုတိယ ဗိုလ်ချုပ်ကြီး
Commandsအမှတ်(၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်

ကိုးကား

  1. "၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်း (Voter list)" (သတင်းထုတ်ပြန်ချက်)။ Union Election Commission။ 14 September 2015။ 29 September 2015 တွင် မူရင်း အား မော်ကွန်းတင်ပြီး15 September 2015 တွင် ပြန်စစ်ပြီး
  2. Ko Wild။ "Tin Aye to be EC chairman; Tun Tun Oo appointed chief justice"၊ Mizzima၊ 17 February 2011 13 April 2012 တွင် ပြန်စစ်ပြီး
  3. Dittmer၊ Lowell (2010)။ Burma Or Myanmar?: The Struggle for National Identity။ World Scientific။ p. 181။ ISBN 9789814313643
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.